သင့်ကွန်ပြူတာနဲ့ သင့်ရဲ့လုံခြုံရေးဆိုင်ရာ အနှောက်အယှက်တွေကို တားဆီးကာကွယ်ရှင်းလင်းပေးမယ့် Software ကောင်းလေးတစ်ခု

Posted by Unknown Senin, 18 Februari 2013 0 komentar
ဒီနေ့ .. သူငယ်ချင်းတို့ကို ပေးချင်တာကတော့ Spy Emergency ဆိုတဲ့ ဆော့ဝဲလေးပါ ..
Spyware ဆိုတာကိုတော့ သူငယ်ချင်းတို့လည်း ကြားဖူးမှာပါ .. ကိုယ့်စက်ထဲကို Spyware ရောက်လာပြီဆိုရင်
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေအားလုံးကို အဲဒီ Spyware က မှတ်သားပြီး သူ့ရဲ့ သခင်ဆီကို
အရောက်ပြန်ပို့ပေးပါတယ် ..
အနောက်နိုင်ငံတွေမှာကတော့ အကောင့်တစ်ခုကို ဟက်လိုက်နိုင်ပြီဆိုတာနဲ့ သူတို့ရဲ့ ဘဏ်အကောင့်တွေထဲကနေ ငွေကြေးအနည်းနဲ့ အများဆိုသလို
ရနိုင်တာကြောင့် ဟက်ကာအချို့ဟာ ဒီ Spyware ဆိုတဲ့ ဗိုင်းရပ်မျိုးကို ရေးသားပြီး အကောင့်တွေကို
အလွယ်တကူနဲ့ ဟက်တတ်ကြပါတယ် ..

Spyware ဆိုတာကလည်း Website တွေအ၀င်အထွက်များတဲ့သူ လင့်တွေကို ကလစ်တာများတဲ့လူ
ဒါတွေတောင်မကပဲ အင်တာနက်ကနေ ဒေါင်းပြီးရထားတဲ့ ဆော့ဝဲတွေကို အသုံးများတဲ့လူ အဲဒီလိုလူတွေရဲ့ စက်ထဲတွေထဲကို အလွယ်တကူဝင်ရောက်နိုင်တဲ့ ဗိုင်းရပ်တစ်မျိုးပါပဲ ..
ကျွန်တော်တို့နိုင်ငံသားတွေအတွက်ကတော့ Spyware ၀င်လည်း ဘဏ်အကောင့်ဆိုတာ မတွင်ကျယ်သေးတဲ့အတွက် အကောင့်တစ်ခုဆုံးရှုံးသွားရင်တောင် ဂုဏ်သိက္ခာထိခိုက်တာကလွဲပြီး ဆုံးရှုံးမှုသိပ်မရှိပါဘူး ..
အဲ .. ဒါပေမယ့် .. Spyware ဆိုတာလည်း ဗိုင်းရပ်တစ်မျိုးပဲ ဖြစ်တာကြောင့် Spyware ကြောင့် ကွန်ပျူတာမှာတော့ Error တွေ များသည်ထက် များလာတတ်ပါတယ် ..
ဒီ Spy Emergency ဆော့ဝဲလေးက အဲဒီလို Spyware တွေအပြင် Adware တွေ Malware တွေ Trojan ကိုပါ  ထောက်လှမ်းရှင်းလင်းပေးနိုင်တဲ့အပြင် အင်တာနက်ဘရောက်ဇာတွေနဲ့ပါ တွဲဖက်ပြီး Website တွေကနေ ကပ်ငြိပါလာမယ့် ဗိုင်းရပ်တွေကို ထောက်လှမ်းကာကွယ်ဖယ်ရှားပေးနိုင်ပါတယ်
Spam တွေကို တားဆီးဖယ်ရှားပေးနိုင်ပါတယ်
System နဲ့ဆိုင်တဲ့ memory, registry,တွေအပြင် ကိုယ်စစ်ဆေးချင်တဲ့ ဖိုဒါတွေဖိုင်တွေကိုလည်း
Scan ဖတ်ပြီး စစ်ဆေးပေးနိုင်ပါတယ်
အဲဒီလို စစ်ဆေးပေးပြီးတဲ့အခါမှာလည်း ရရှိလာတဲ့ Scan Result တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်
User က ဘယ်အရာတွေကိုတော့ Remove လုပ်မယ် .. ဘယ်အရာတွေကိုတော့ Ignore (လျစ်လျူရှုမယ်) လို့ ရွေးချယ်ပြီး စေခိုင်းပေးရုံပါပဲ .. ( System 32 ထဲမှာ ကျွန်တော်တို့ရဲ့ ၀င်းဒိုးနဲ့ တခြားပရိုဂရမ်အချို့ကို Crack လုပ်ထားတဲ့ Hack tool တွေရှိပါတယ် .. အဲဒါတွေကိုလည်း သူက Scan Result ထဲမှာ ဖော်ပြပေးလာမှာဖြစ်ပါတယ် .. အဲဒါတွေကိုပါ Remove လုပ်ခိုင်းလိုက်မိရင်တော့ အဲဒီဝင်းဒိုးနဲ့ ပရိုဂရမ်တွေအတွက် Full Version ဖြစ်အောင် ပြန်လုပ်ပေးရတတ်ပါတယ် .. ဒါကြောင့် Remove လုပ်ခိုင်းမယ့်နေရာမှာမှာ သူ့ရဲ့ Scan Result ကို သေသေချာချာ ရွေးချယ်ပြီးမှ Remove လုပ်ပေးပါ .. မှားသွားလည်း ပြဿနာမရှိပေမယ့် အလုပ်ရှုပ်မှာစိုးလို့ပါ .. )
ဒီဆော့ဝဲလေးကို ကျွန်တော်သဘောကျတဲ့အချက်ကတော့ စက်ရဲ့ CPU သုံးစွဲမှုနည်းပါးတာ .. ဗိုင်းရပ်အဖြစ် သူတွေ့ရှိတဲ့ဖိုင်တွေကို အလိုအလျောက် ဖယ်ရှားခြင်းမလုပ်ပဲ User ကို ရွေးချယ်ခွင့်ပေးတာ .. နေ့စဉ်အသစ်ထွက်နေတဲ့ Virus Definition တွေကို Update လုပ်နေတာကြောင့် ဗိုင်းရပ်အားလုံးနီးပါးကို သိရှိရှာဖွေနိုင်တာ .. လူသုံးအများဆုံး အင်တာနက်ဘရောက်ဇာတွေနဲ့ပါ တွဲဖက်ပြီး အလုပ်လုပ်ပေးနိုင်တာတွေကြောင့်ပါပဲ ...
ဒီဆော့ဝဲလေး တွဲဖက်အလုပ်လုပ်နိုင်တဲ့ အင်တာနက်ဘရောက်ဇာတွေကလည်း လူသုံးများတဲ့
Internet Explorer, Mozilla Firefox, Opera ဆိုတဲ့ ဘရောက်ဇာတွေပဲ ဖြစ်ပါတယ် ..
သူ Support လုပ်တဲ့ဘရောက်ဇာတွေနဲ့ အင်တာနက်ကို အသုံးပြုမယ်ဆိုရင်
သက်ဆိုင်ရာ Browser ရဲ့ Home Page ကို ကာကွယ်ပေးပါတယ် ..
သူ့အတွက်သာမကပဲ အဲဒီဘရောက်ဇာတွေရဲ့ Database တွေကိုလည်း Automatic Update လုပ်ပေးနေတာကြာင့် Browser တွေမှာ Crash ဖြစ်တဲ့ပြဿနာကိုလည်း အတော်အတန်  လျော့နည်းသွားစေပါတယ် ..
နောက်ပြီး Website တွေနဲ့ Hacker တွေရဲ့ User တော်တော်များများကို ခြေရာခံနိုင်အောင် ကူညီပေးနေတဲ့ Cookies တွေ Host file တွေလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ် ..
အိုဗျာ .. ညွန်းလွန်းတယ်လို့ အပြောခံထိနေဦးမယ် .. သာမန် User တွေအတွက်တင်မဟုတ်ပဲ အင်တာနက်သုံးသူတွေအတွက် သိပ်ကို အသုံးတည့်တဲ့ ဆော့ဝဲလေးပါလို့ပဲ .. ပြောလိုက်တော့မယ် ..

ကဲ ... လိုချင်ရင်တော့ ဒီမှာ ဒေါင်းယူပါ ...


ဒေါင်းပြီးရင်တော့ သာမာန်အတိုင်း Install လုပ်ရုံပါပဲ ..Install လုပ်ပြီးရင်တော့ သူ့ကို ချက်ချင်း မ Run ခိုင်းပဲ ပိတ်လိုက်ပါ ..
Full Version ဖြစ်အောင် Crack ရပါဦးမယ် ..
အင်တာနက်ကွန်နက်ရှင်နဲ့ တခြား Antivirus တွေကို ပိတ်လိုက်ပါ ..
Desktop ပေါ်က Spy Emergency ရဲ့ အိုင်ကွန်ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Open file location ကို နှိပ်လိုက်ရင် Spy Emergency ရဲ့ ဖိုဒါပွင့်လာပါမယ် .. သူ့ကို ဒီတိုင်းပဲ ခဏထားခဲ့ပါ
ပြီးရင် ဒေါင်းလို့ရလာတဲ့ထဲက keygen ဆိုတဲ့ဖိုင်ကို ဖြည်လိုက်ပါ
အထဲမှာ ဖိုင် 5 ဖိုင်တွေ့ရပါလိမ့်မယ် ..
အဲဒီထဲက ကိုယ့်ရဲ့ ၀င်းဒိုးနဲ့မဆိုင်တဲ့ 64bit(patch x64 exe ) ဒါမှမဟုတ် 32bit (patch x86 exe ) ဆိုတဲ့ဖိုင်တစ်ဖိုင်ကိုချန်ထားခဲ့ပြီး ကျန်တဲ့ဖိုင် 4 ဖိုင်ကို စောနက ဖွင့်ထားတဲ့ Spy Emergency ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ ..
တက်လာတဲ့ Box တွေကို Replace .. နှိပ် Continue နှိပ် .. လိုအပ်ရင် Ok နှိပ်ပေးလိုက်ပါ
ပြီးရင် အဲဒီထဲကိုရောက်သွားတဲ့ဖိုင်တွေထဲက keygen ဆိုတဲ့ဖိုင်ကို Right Click နှိပ်ပြီး ကျလာတဲ့ထဲက Run as administrator ကိုနှိပ်လိုက်ပါ ( Patch ဆိုတဲ့ဖိုင်မဟုတ်ဘူးနော်) .. Administrator Prompt တက်လာရင် Ok / Yes ကို နှိပ်ပေးလိုက်ပါ ..


တက်လာတဲ့ Form ထဲမှာ User Name မှာ ကိုယ်ကြိုက်တာထည့်ပါ
Email မှာ ကိုယ့်ရဲ့ email address (ဒါမှမဟုတ် ကိုယ်ထည့်ချင်တဲ့ email ပဲဖြစ်ဖြစ် အဲဒီထဲကအတိုင်းပဲဖြစ်ဖြစ် ထားလို့ရပါတယ် )
ပြီးရင် Generate ကိုနှိပ်လိုက်ပါ ..
လိုင်စင်ကီး ထွက်လာပါမယ် ..
အဲဒီထဲက User Name, Email address နဲ့ Key တွေကို မှတ်ထားပါ ( ဒါမှမဟုတ်သူ့ကို ဖွင့်ထားခဲ့ရင်လည်း ရပါတယ် )
ပြီးရင်Desktop ပေါ်က Spy Emergency အိုင်ကွန်ကို Double Click နှိပ်ပြီး Run လိုက်ပါ
သူရဲ့ Process တွေပြီးရင် တက်လာတဲ့ထဲက အပေါ်ဆုံးမှာ Trail Version ဖြစ်တဲ့အကြောင်း စာတမ်းလေးပေါ်နေပါလိမ့်မယ်
 ဘယ်ဖက်အခြမ်းထဲက Register ဒါမှမဟုတ် Buy ကိုနှိပ်ပါ ( ၀င်းဒိုးပေါ်မူတည်ပြီး ကွဲပါတယ် )
နောက်တက်လာတဲ့ထဲမှာတော့ Enter Serial ( Enter License Key ) ကိုနှိပ်ပါ
နောက်တက်လာတဲ့ထဲက User Name နဲ့ Old email address မှာ keygen ထဲမှာ ဖြည့်ခဲ့တာတွေကိုထည့်ပါ ...
Serial ထည့်ရမယ့်နေရာမှာတော့ keygen ထဲက ရခဲ့တဲ့ ကီးတွေကို တစ်ဖြတ်ချင်း ( မျဉ်းတိုလေးတွေ မပါပဲ ) ကူးထည့်ပေးပါ ..
ပြီးရင် Activate ( ဒါမှမဟုတ် ) Register ဆိုတာမျိုးကို နှိပ်ပေးလိုက်ပါ ..
Trail Version ဖြစ်ကြောင်းပြနေတဲ့ စာကြောင်းလေး ပျောက်သွားပါပြီး ကိုယ့်ရဲ့ User Name နဲ့ email အတိုင်း Register Version ဖြစ်သွားပါလိမ့်မယ် ..
ကဲ .. ကျန်တာတွေကတော့ တခြား Antivirus တွေကို သုံးသလိုပဲ .. Scan ဖတ်တာတွေ .. ဗိုင်းရပ်ရှင်းတာတွေကို စိတ်ကြိုက် ဆက်လုပ်ရုံပါပဲ ..
အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: သင့်ကွန်ပြူတာနဲ့ သင့်ရဲ့လုံခြုံရေးဆိုင်ရာ အနှောက်အယှက်တွေကို တားဆီးကာကွယ်ရှင်းလင်းပေးမယ့် Software ကောင်းလေးတစ်ခု
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/02/software.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.