ဘလော့မှာ Chat Box လေးထည့်နည်း

Posted by Unknown Kamis, 30 Mei 2013 0 komentar
ဘလော့ရေးစ သူငယ်ချင်းတွေအတွက် အဆင်ပြေအောင်ရည်ရွယ်ပါတယ် ..

နောက်ပြီး ကျွန်တော့်ဘလော့မှာ သုံးထားတဲ့ Widget မှာသမျှကိုလည်း တောင်းနိုင်ပါတယ် ..

ကျွန်တော့်ရဲ့ကိုယ်ပိုင်လည်း တစ်ခုမှမဟုတ်တဲ့အတွက် ပညာကို သေရွာယူမသွားပါဘူး ..

အကြောင်းမတိုက်ဆိုင်လို့သာ တင်မပေးဖြစ်တာမျိုး ရှိချင်ရှိပါမယ် ... ပညာလျှိုရတာလည်း ၀ါသနာမပါပါဘူး ..




ကျွန်တော်တို့နိုင်ငံကို သူများနိုင်ငံတွေရဲ့အောက်ကနေ အထက်ကိုဆွဲတင်ဖို့ သူများနိုင်ငံတွေရဲ့ နောက်ကနေ ရှေ့တန်းကို ဆွဲထုတ်ဖို့အတွက် နည်းပညာပိုင်းဟာ တော်တော်ကြီးအရေးပါတယ်လို့လည်း ယူဆထားတာကြောင့်ပါ
ကဲ .. စလိုက်ကြစို့ ...

အရင်ဆုံး www.cbox.ws ကိုသွားပြီး ပွင့်လာတဲ့ Page ထဲက Sign Up ကိုနှိပ်လိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ( ပုံတွေသေးနေရင် ပုံပေါ်ကို မောက်စ်တင်လိုက်ပါဗျို့)




အဲဒီထဲကပုံမှာ ပြထားတဲ့အတိုင်း သေချာဖြည့်ပါ ..
Code name မှာ အင်္ဂလိပ်စာလုံး အသေး နဲ့ ကိုယ်ကြိုက်တဲ့နံမည်ကို ထည့်ပါ
email address အကွက်မှာ ကိုယ်ဘလော့လုပ်ထားတဲ့ email ကိုရေးပါ
Password နှစ်ကွက်ကို တူအောင်ထည့်ပါ
အောက်ကအကွက်မှာ ကိုယ်နှစ်သက်တဲ့အရောင်ကို ရွေးနိုင်ပါတယ် ..
I have read .. ဘာညာဆိုတဲ့ စာတမ်းရှေ့မှာ အမှန်ခြစ်တပ်ဖို့ မမေ့ပါနဲ့ ..
အားလုံးပြီးသွားပြီဆိုရင် Create my account ကိုနှိပ်လိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီကိုရောက်တဲ့အခါ နံမည်က ဖြည့်ပြီးသားဖြစ်နေမှာဖြစ်ပြီး Password အကွက်မှာ ကိုယ်ပေးခဲ့ Password ကို မှန်အောင်ပြန်ထည့်ပါ
ပြီးရင် အောက်ကို စောင်းစောင်းလေးညွှန်နေတဲ့ အ၀ါရောင်မြှားလေးကို နှိပ်လိုက်ပါ ..
အဲဒါဆိုရင် Log in ၀င်သွားပြီး အောက်ကပုံအတိုင်း ပွင့်လာပါမယ်




ဒီ Page ကိုရောက်တဲ့အခါ Look & feel ကို နှိပ်ပြီး Layout options ကနေ ကိုယ်လိုချင်တဲ့အပြင်အဆင်တွေကို ပြုပြင်နိုင်ပါတယ် ..
Layout options ကိုနှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်




ကိုယ်ဘလော့မှာ ထားမယ့်နေရာရဲ့အကျယ်အ၀န်းကို တွက်ဆပြီး Width တွေ height တွေရဲ့ ပမာဏကို ပြောင်းလို့ရပါတယ် ...
ကိုယ်ပြင်စရာရှိတာကို ပြင်ပြီးပြီဆိုရင်တော့ Save ကိုနှိပ်ပေးလိုက်ပါ ..
ပြီးရင် အပေါ်ဘားတန်းထဲမှာရှိတဲ့ Publish ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲမှာ ပေးထားတဲ့ ကုဒ်ကိုကော်ပီကူးဖို့ Copy to clipboard ကိုနှီပ်လိုက်ပါ ..
ကုဒ်တွေဟာ Select ၀င်ပြီး အပြာရောင်ခြယ်သွားပါမယ် ..
Box တစ်ခုတက်လာတတ်ပါတယ် အဲဒါကို OK နှီပ်လိုက်ပါ ..
ပြီးရင်တော့ ကီးဘုဒ်ပေါ်က Ctrl ကီးနဲ့ C ကီးကိုတွဲနှိပ်ပြီးပဲဖြစ်ဖြစ် Right Click ကနေ copy ကိုနှိပ်ပြီးဖြစ်ဖြစ် ကုဒ်တွေကို ကော်ပီကူးယူလိုက်ပါ ..
ကုဒ်တွေက အောက်ကပုံအတိုင်း ဖြစ်နေပါမယ် .. ( နမူနာနော် .. ဒါကို ယူသုံးလို့ မရဘူး )


<!-- BEGIN CBOX - www.cbox.ws - v001 --> <div id="cboxdiv" style="text-align: center; line-height: 0"> <div><iframe frameborder="0" width="200" height="305" src="http://www4.cbox.ws/box/?boxid=4155405&amp;boxtag=w6m4me&amp;sec=main" marginheight="2" marginwidth="2" scrolling="auto" allowtransparency="yes" name="cboxmain4-4155405" style="border:#ababab 1px solid;" id="cboxmain4-4155405"></iframe></div> <div><iframe frameborder="0" width="200" height="75" src="http://www4.cbox.ws/box/?boxid=4155405&amp;boxtag=w6m4me&amp;sec=form" marginheight="2" marginwidth="2" scrolling="no" allowtransparency="yes" name="cboxform4-4155405" style="border:#ababab 1px solid;border-top:0px" id="cboxform4-4155405"></iframe></div> </div> <!-- END CBOX -->




အဲဒီထဲမှာပါတဲ့ Width တွေ Height တွေကို ဘလော့ထဲရောက်မှ လိုအပ်သလို ပြန်ပြောင်းနိုင်ပါသေးတယ်
ပြီးရင်တော့ Blogger မှာ Log in ၀င်ပေါ့ ..
Widget တစ်ခုထည့်တိုင်း လုပ်နေကျလို Layout ကိုနှိပ်
ပွင့်လာတဲ့ထဲက ကိုယ်ထားချင်တဲ့နေရာက Add a widget ကိုနှိပ် ..
ပွင့်လာတဲ့ထဲက Title ကို ကိုယ်ပေးချင်တာပေး .. ဥပမာ “ပြောစရာရှိတာ ပြောထားခဲ့ပါ ” တို့ ဘာတို့ပေါ့
ပြီးရင် Content အကွက်မှာ ကုဒ်တွေကိုထည့် ..
ပြီးရင် Save ကိုနှိပ်လိုက် ...
ဒါဆိုရင် ဘလော့ထဲမှာ Chat Box လေး ရောက်သွားပါပြီ
Chat Box လေးရောက်သွားပြီဆိုတော့ Chat Box ထဲမှာ ရေးသွားတဲ့ အလည်လာသွားတဲ့ သူငယ်ချင်းတွေရဲ့ စာသားလေးတွေကို တလေးတစားပြန်ဖြေပေးတဲ့အကျင့်လေး ထားပေးဖို့ အကြံပြုချင်ပါတယ် ...
Blogger ရဲ့ ပြည့်ဝတဲ့လူမှုရေးစိတ်ဓာတ်တွေကို သူတင်လိုက်တဲ့ပို့စ်တွေရယ် Comment တွေနဲ့ Chat Box တွေမှာ ပြန်လည်တုန့်ပြန်မှုတွေနဲ့ တိုင်းတာတယ်လို့ Blogger နောင်တော်ကြီးတွေဆီက သင်ကြားမှတ်သားခဲ့ဖူးလို့ပါ ..
ကဲ .. အဆင်ပြေစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ဘလော့မှာ Chat Box လေးထည့်နည်း
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/05/chat-box.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.