USB တွေမှာ Write Protect ဖြစ်နေတဲ့ပြဿနာ ဖြေရှင်းနည်းများ

Posted by Unknown Sabtu, 13 Juli 2013 0 komentar
USB Drive တွေဟာ
တစ်ခါတစ်ခါမှာ Format
လုံးချလို့မရတာမျိုးတွေကို
ကွန်ပျူတာသုံးတွေ အားလုံးနီးပါး
ကြုံဖူးကြပါတယ် ..

အဲဒီအခါ .. Format လည်း
ချလို့မရ .. အထဲမှာရှိနေတဲ့ ဖိုင်တွေကိုလည်း
ဘာဆိုဘာမှ ဖွင့်ယူသုံးစွဲလို့ မရနဲ့ တော်တော် စိတ်လေဖို့ ကောင်းပါတယ်
အဲဒီလို Format ချလို့မရ ဖွင့်သုံးလို့မရ ဖြစ်တတ်တာကတော့ များသောအားဖြင့်
Write Protect ဖြစ်နေတဲ့ ပြဿနာက အများဆုံးပါ ..


Write Protect လည်း မဟုတ်ပဲ format ချလို့မရ ..
အဲဒီ USB ကို Lock ချထားတာလည်း မဟုတ်ဆိုရင်တော့ အဲဒီ USB ဟာ ပျက်နေပြီလို့
အကြမ်းဖျဉ်း သုံးသပ်ရတော့မှာပါ ...

ဒီပို့စ်လေးမှာတော့ အဲဒီလို USB တွေ Format ချလို့ မရတော့တဲ့ Write Protect ဖြစ်ခြင်း
ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စုစည်းပြီး
ဖော်ပြပေးလိုက်ပါတယ်

နည်းလမ်း (၁)

ဆော့ဝဲသုံးပြီး ဖြေရှင်းတဲ့နည်းပါ ..
အောက်က ဆော့ဝဲလေးကို ဒေါင်းယူပါ ..






ဒေါင်းပြီးရင် အထဲမှာပါတဲ့ exe ဖိုင်ကို Double Click နှိပ်ပြီး Run လိုက်ပါ
ဘာဆက်လုပ်ရမယ်ဆိုတာ ပြောစရာမလိုအောင် လွယ်တာမို့ ဆက်လုပ်ကြည့်လိုက်ဖို့ပဲ
တိုက်တွန်းပါရစေ ..

ဒါပေမယ် ဒီဆော့ဝဲလေးက အချို့သော ၀င်းဒိုးတွေပေါ်မှာ အလုပ်မလုပ်ပါဘူး ..
IC နဲ့ မကိုက်ညီဘူးဆိုတဲ့ Message Box လေးတက်လာရင် အဲဒီဝင်းဒိုးပေါ်မှာ အလုပ်မလုပ်လို့ပါ
အဲဒီလိုဆိုရင်တော့ နည်းလမ်း (၂) ကို လုပ်ကြည့်ပါ

နည်းလမ်း (၂)

Registry ကို ပြင်ပေးရတဲ့နည်းပါ ..
အလုပ်လည်း မရှုပ်ချင်ဘူး  အလွယ်တကူပဲ လုပ်ချင်တယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်
အောက်ကဖိုင်လေးကို ဒေါင်းယူလိုက်ပါ







ဒေါင်းလို့ပြီးသွားရင် အဲဒီဖိုင်ကို ဖြည်လိုက်တဲ့အခါ အထဲမှာ disable write protect နဲ့
enable write protect ဆိုတဲ့ Registry ဖိုင်နှစ်ခုကို တွေ့ရပါလိမ့်မယ် ..

Write Protect ဖြစ်နေပြီး Format ချမရတဲ့ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့
ပထမဆုံး အဲဒီ Write Protect ဖြစ်နေတဲ့ USB ကို ကွန်ပျူတာမှာ အရင်တပ်လိုက်ပါ
disable write protect ဆိုတဲ့ဖိုင်ကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ ..
Box နှစ်ခုတက်လာပါမယ် ..
ပထမ Box ကို Yes နှိပ်ပေးပြီး ဒုတိယ Box ကိုတော့ Ok နှိပ်ပေးလိုက်ပါ
ပြီးရင်တော့ အဲဒီ USB ကို Format ချကြည့်လိုက်ပါ
( အဆင်ပြေသွားလေ့ရှိပါတယ် .. ဒါမှ အဆင်မပြေရင် ကွန်ပျူတာကို Restart ချပြီးမှ USB ကို
Format ပြန်ချက်ကြည့်ပါ)
enable write protect ကိုတော့ ကိုယ့်ရဲ့ USB ထဲက ဖိုင်တွေကို ကူးယူတာ ပြုပြင်ဖြည်စွက်တာမျိုး
ဖျက်ဆီးသွားတာမျိုး မလုပ်နိုင်အောင် ကာကွယ်ထားချင်တဲ့အခါမှာ သုံးပါတယ်

အဲ .. Pro ဆန်ဆန်နဲ့ ကိုယ်တိုင် ဖြေရှင်းချင်တယ် ဒါမှမဟုတ် Registry ပြင်တာလေး
အတွေ့အကြုံရချင်တယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်တော့ အပေါ်မှာ ပေးထားတဲ့
ဖိုင်ကို မသုံးပဲ ကိုယ်တိုင် ပြင်နိုင်ပါတယ် ...

အောက်ကအဆင့်တွေအတိုင်း သေသေချာချာ ၀င်ပြင်လိုက်ပါ

Run Box ထဲမှာ regedit လို့ ရိုက်ထည့်ပြီး Ok နှိပ် ဒါမှမဟုတ် Enter နှိပ်လိုက်ပါ





HKEY_LOCAL_MACHINE ရဲ့ရှေ့က မြှားအသေးလေးကို နှိပ်လိုက်ပါ






အောက်ကိုကျလာတဲ့ထဲက SYSTEM ရဲ့ရှေ့က မြှားလေးကိုနှိပ်လိုက်ပါ
အောက်ကို ကျလာတဲ့ထဲ CurrentControlSet ရဲ့ရှေ့က မြှားလေးကိုနှိပ်ပါ
အောက်ကို ကျလာတဲ့ထဲက Control ရဲ့ရှေ့က မြှားလေးကို နှိပ်ပါ






အောက်ကိုကျလာတဲ့ထဲက StorageDevicePolicies ကိုလိုက်ရှာပြီး အဲဒီ
StorageDevicePolicies ပေါ်မှာ ကလစ်တစ်ချက်နှိပ်လိုက်ပါ





ညာဖက်ဘေးမှာပေါ်လာတဲ့ထဲက WriteProtect ဆိုတဲ့ပေါ်မှာ Double Click နှိပ်လိုက်ပါ





Box တစ်ခု ပွင့်လာပါမယ် ..





အဲဒီထဲက 1 ဖြစ်နေတဲ့နေရာမှာ 0 လို့ ပြောင်းပေးပြီး Ok ကို နှိပ်ပေးလိုက်ပါ
ပြီးရင် စက်ကို Restart ချလိုက်ပါ ..
ဝင်းဒိုးပြန်တက်လာတဲ့အခါ USB ကို Format ချကြည့်ပါ
ကဲ .. အချို့သော USB ရဲ့ Write Protect ပြဿနာတွေမှာတော့ အပေါ်ကနည်းနဲ့
အဆင်မပြေတာတွေရှိပါတယ် ..
အဲဒီလိုဆိုရင်တော့ အောက်က နည်းလမ်း (၃) ကို လုပ်ကြည့်ပါ

နည်းလမ်း (၃)

များသောအားဖြင့် အဲဒီလိုဖြစ်တတ်တာက ဗိုင်းရပ်ထိထားတဲ့ USB တွေပါပဲ ..
အဲဒီလို ဖြစ်နေတဲ့ USB တွေအတွက် နောက်ဆုံး နည်းလမ်းကို ပြောပြပါ့မယ်
အရင်ဆုံး အဲဒီ USB ကို ကွန်ပျူတာမှာ တပ်ဆင်လိုက်ပါ
ပြီးရင် My computer ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Manage ကိုနှိပ်လိုက်ပါ





အဲဒီအခါ အောက်ကပုံတိုင်း ပွင့်လာပါမယ် ..





အဲဒီထဲက Storage ရဲ့အောက်မှာရှိတဲ့ Storage Devices ကိုနှိပ်လိုက်ပါ
ခဏလောက်စောင့်လိုက်ရင် ညာဖက်အခြမ်းထဲမှာ Storage Device တွေ ပေါ်လာပါမယ် ..





အဲဒီထဲက USB ရဲ့ အပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Change Drive Letter And Patchs
ဆိုတာကို နှိပ်ပေးလိုက်ပါ




နောက်ပွင့်လာတဲ့ထဲက Change ဆိုတာကို နှိပ်ပေးလိုက်ပါ
နောက်ပွင့်လာတဲ့ထဲက သူပေးထားတဲ့ အက္ခရာတွေထဲကနေ ကိုယ်ကြိုက်တာကို ရွေးပြီး Ok ကို နှိပ်ပေးလိုက်ပါ





ပြီးရင်တော့ Format ချကြည့်လိုက်ပါတော့
ဒီနည်းက နောက်ဆုံးနည်းလည်းဖြစ်တဲ့အပြင် Write Protect အားလုံးကိုလည်း ဖြေရှင်းနိုင်တဲ့နည်းပါ
ဒီနည်းနဲ့မှ အဆင်မပြေတော့ရင် ... နှမြောတသ သုံးကြိမ်ရွတ်ဆိုပြီး အဲဒီ USB ကို ၀ဲလိုက်ပါတော့ .. :D
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: USB တွေမှာ Write Protect ဖြစ်နေတဲ့ပြဿနာ ဖြေရှင်းနည်းများ
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/07/usb-write-protect.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.