ဝင်းဒိုးစနစ်ထဲက လျှို့ဝှက်စွမ်းအားရှင် God Mode အကြောင်း

Posted by Unknown Senin, 31 Desember 2012 0 komentar
Windows စနစ်ထဲမှာ ကျွန်တော်တို့တွေအတွက် မသိသေး မမြင်ဖူးသေးတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေ လုပ်ဆောင်ချက်တွေ အများကြီးရှိပါတယ် .. တကယ်တမ်း အဲဒါတွေကို စုံစုံလင်လင်သိအောင် လေ့လာဖို့ဆိုတာကလည်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး ..
စိတ်ပါဝင်စားမှုလည်း ရှိဖို့လိုအပ်သလို အချိန်လည်း တော်တော်ပေးနိုင်မှသာ အထိုက်အလျောက် သိရှိနားလည်နိုင်မှာဖြစ်ပါတယ် ..
တကယ်တော့ အဲဒါတွေကို အစုံးအလင် သိကျွမ်းနားလည်မှု မရှိရင်လည်း ကျွန်တော်တို့အတွက် ဘာပြဿနာမှ ကြီးကြီကျယ်ကျယ်တက်စရာ အကြောင်းမရှိပါဘူး .. ဘာကြောင့်လဲဆိုတော့ ၀င်းဒိုးဆိုင်ရာ ပြဿနာတစ်ခုတိုင်း တစ်ခုတိုင်းအတွက် ဖြေရှင်းပေးနိုင်မယ် နည်းလမ်းတွေ ဆော့ဝဲတွေ ရှိနေလို့ပါပဲ ..

ဒါပေမယ့် .. လုံးဝ မသိတာထက်စာရင် နည်းနည်းလောက်သိထားတာက ၀ါးလုံးခေါင်းထဲ လ သာနိုင်မှာပါ ..
ဒါကြောင့် .. ကျွန်တော် လေ့လာဖူးတဲ့ ၀င်းဒိုးစနစ်ရဲ့ လည်ပတ်မောင်းနှင်ပုံတွေထဲက တော်တော်လေး စိတ်ဝင်စားစရာကောင်းသလို တော်တော်လည်း အသုံးတည့်မယ့် နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..
ဒီလိုဗျာ ..
ကျွန်တော်တို့က ၀င်းဒိုးစနစ်နဲ့ဆိုင်တဲ့ တစ်ခုခုကို ထည့်သွင်းချင်တယ် .. ပြင်ဆင်ချင်တယ် .. ဖယ်ထုတ်ချင်တယ်ပေါ .. အဲဒါဆိုရင် ကျွန်တော်တို့လုပ်ချင်တဲ့ Mode ရှိတဲ့နေရာကို ရှာဖွေပြီး ၀င်ရပါတယ် .. ဥပမာ .. Font တစ်ခုခုကို ထည့်မယ် .. ဒါမှမဟုတ် ဖြုတ်မယ်ပေါ့ .. ပုံမှန်အားဖြင့်တော့ Control Panel ထဲကိုဝင်ပြီး Font ဆိုတဲ့ ဖိုလ်ဒါကို ထပ်ဝင်ရပါတယ် ..
ဒါကလည်း လုပ်ဖူးတဲ့သူမှသာ တန်းသိတာပါ .. ကွန်ပြူတာကို အသုံးပြုတာမကြာသေးတဲ့လူတွေ အတွက်ကတော့ တော်တော်လေးကို ရှာရဖွေရနဲ့ အလုပ်ရှုပ်ပါတယ် ..
အခုကျွန်တော်ပြောမယ့် နည်းလေးက ၀င်းဒိုးစနစ်ကြီးတစ်ခုလုံးကို ထိန်းချုပ်မောင်းနှင် ပြုပြင်ပေးမယ့် Tool တွေ အားလုံးကို တစ်နေရာထဲမှာပဲ ရှာလိုက်ရုံနဲ့ သေချာပေါက် တွေ့မြင်နိုင်မယ့် Mode တစ်ခုကို ဖန်တီးတဲ့နည်းပါ ..
ဒီ Mode လေးက သူကိုယ်တိုင်ပဲ Tool တွေအားလုံးကို ဖန်တီးတည်ဆောက်ပြီး ၀င်းဒိုးစနစ်ကြီးတစ်ခုလုံးနဲ့ ချိတ်ဆက်လည်ပတ်နိုင်တဲ့ စွမ်းအားရှိတာကြောင့် သူ့ကို God Mode လို့ ခေါ်ပါတယ် .. ဂိမ်းကစားဖူးတဲ့သူတွေအနေနဲ့ကတော့ God Mode ဆိုတာ ဘယ်လို စွမ်းအားမျိုးရှိတယ်ဆိုတာ သိကြမှာပါ ..
ကဲ .. စလိုက်ကြစို့ ..
ပထမဆုံး ကြိုက်တဲ့နေရာမှာ .. ( ဥပမာ - Desktop ပေါ်မှာ .. D ထဲမှာ ... အဲဒီလို ) Folder အသစ်တစ်ခုတည်ဆောက်လိုက်ပါ .. ကျွန်တော်ကတော့ ၀င်းမရှိတဲ့ Partition တွေအားလုံးထဲမှာရော USB ထဲမှာပါ .. ဒီ God Mode ကို လုပ်ထားတယ် ..
အသစ်ရလာတဲ့ ဖိုလ်ဒါလေးကို Right Click နှိပ်ပြီး ကျလာတဲ့ထဲက rename ကိုနှိပ်ပါ ( Left Click ကို တစ်ချက်နဲ့တစ်ချက် ခဏခြားပြီး နှိပ်ရင်လည်း rename အဆင့်ကို ရောက်ပါတယ် )
ကဲ .. rename ကိုနှိပ်လိုက်လို့ နံမည်ပေးစရာ Select ၀င်သွားရင် အဲဒီနံမည်နေရာမှာ အောက်က ကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ ..

GodMode.{ED7BA470-8E54-465E-825C-99712043E01C}





အဲဒီကုဒ်တွေကို Paste လုပ်ပြီးလို့ Enter ကို ခေါက်လိုက်တာနဲ့ အဲဒီဖိုလ်ဒါလေးဟာ မျက်လှည့်ပြလိုက်သလိုပဲ ကျွန်တော်ဒီပို့စ်ရဲ့ အပေါ်ဆုံးမှာပြထားတဲ့ပုံအတိုင်း God Mode လေးဖြစ်သွားတာကို တွေ့ရပါမယ် ..
အဲဒီထက်ပိုပြီး အံ့သြစရာကောင်းတာက အဲဒီ God Mode ကို Double Click နှိပ်ပြီးဖွင့်ကြည့်လိုက်တာနဲ့ အထဲမှာ မြင်ရမယ့် မြင်ကွင်းပါပဲ ..
ဘာတွေလဲဆိုတာကိုတော့ ကျွန်တော် မပြောတော့ပါဘူး ..
သူငယ်ချင်းတို့ လက်တွေ့လုပ်ကြည့်တဲ့အခါမှာ သေချာပေါက် အံ့သြသွားမယ့် မြင်ကွင်းလေးဆိုတာကိုတော့ ကျွန်တော် အာမခံပါတယ် ..
ဒီ God Mode လေးကို အသုံးပြုပြီး ဗိုင်းရပ်ကိုက်လို့ Folder options ပျောက်တဲ့ ပြဿနာလိုမျိုး ကိစ္စတွေကို ဖြေရှင်းလို့ရပါတယ် ..
 ကဲ God Mode လေးနဲ့ ရင်ခုန်အံ့သြနိုင်ပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


   အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ၀င်းဒိုးစနစ်ထဲက လျှို့ဝှက်စွမ်းအားရှင် God Mode အကြောင်း
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2012/12/god-mode.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.