ကျွန်တော့် Windows လေး ဖျားခဲ့တုန်းက

Posted by Unknown Jumat, 07 Desember 2012 0 komentar
ကွန်ပြူတာကို သုံးစွဲနေရင်းနဲ့ တစ်နေ့တော့ ၀င်းဒိုးကို ဖွင့်လိုက်တာနဲ့ Error Box လေး တက်လာပါတယ် ..
ဖတ်ကြည့်လိုက်တော့လည်း ဘာမှ နားလည်လှတယ်မဟုတ်ဘူး ..
ဒါနဲ့ .. ၀င်းဒိုးကို Restart ချလိုက်တယ် ..
ဝင်းဒိုးပြန်တက်လာတော့လည်း နောက်ထပ် တစ်မျိုး Error Box သာ ပြောင်းသွားတယ် .. စာတွေက ခပ်ဆင်ဆင်တွေချည်းပဲ .. ကိုယ်လည်း ဘာမှ နားလည်ဘူး .. စိတ်ညစ်သွားတာပဲရှိတယ် ..
အသုံးပြုနေရတာက အရင်လို သာမာန်ပဲ ဆိုပေမယ့် တစ်ခါတစ်ခါ အဲဒီလို Error Box က တက်တက်လာတော့ ဒေါသထွက်စရာကောင်းတယ် ..



ဗိုင်းရပ်စ်များလားလို့ Antivirus တွေနဲ့ Scan လုပ်ကြည့်တော့ ထူးမခြားနားပါပဲ ..
ဘယ်လိုမှ ဖြေရှင်းမရတဲ့အခါကျတော့ .. စိတ်ညစ်လာတာရော တင်းလာတာရောပေါင်းပြီး ဒီလိုလုပ်ပစ်ရမလားလို့ တွေးမိလာတယ် ..


ဒါပေမယ့် .. အဲဒီလိုလုပ်ဖို့ကလည်း ကိုယ်က ကွန်ပြူတာမသုံးပဲလည်း မနေနိုင်တော့ မဖြစ်ပြန်ဘူး .. အဲဒီတော့ ဘယ်လိုလုပ်ရမလဲ ..


အင်း .. ဒီလိုပဲ .. ကျန်းမာရေးမကောင်းတော့တဲ့ ကိုယ့်ရဲ့ကွန်ပြူတာလေးကို တတ်စွမ်းသမျှ ကုသပြုပြင် ပေးရတော့မှာပေါ့ .. တစ်ကယ်တော့ သူခင်ဗျာလည်း သနားစရာပါ .. ကိုယ်ခိုင်းသမျှ သူကတတ်နိုင်သမျှ လိုက်လုပ်ပေးနေရတာ ကြာတော့လည်း သူ့မှာ ကိုယ်ခံစွမ်းအားတွေကျပြီး ချူချာလာတာပဲပေါ့ ..


အားမငယ်နဲ့ .. တိတ်တိတ် ..
အဲဒါနဲ့ ကျွန်တော်လည်း Run box ထဲမှာ msconfig  လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်တယ်


Enter လည်း ခေါက်လိုက်ရော Administrator Prompt တက်လာလို့ Yes (ဒါမှမဟုတ်) Ok ကို နှိပ်ပေးလိုက်တာ အောက်ကပုံလေးတက်လာပါရော ..


အဲဒါနဲ့ ကျွန်တော်က ပထမဆုံးတွေ့ရတဲ့ General tab ထဲကို အပေါ်က ပုံမှာပြထားတဲ့အတိုင်းဖြစ်အောင် အမှတ်တွေဖြုတ်တာ တပ်တာတွေလုပ်လိုက်တယ် ..
ပြီးတော့ Services ဆိုတဲ့ tab ကိုနှိပ်လိုက်တော့ အောက်ကပုံလေးဖြစ်သွားတယ်


အဲဒီထဲက အောက်ဆုံးမှာရှိတဲ့ Hide all microsoft services ရဲ့ရှေ့မှာ အမှတ်လေးခြစ်ပေးပြီး ညာဖက်မှာရှိတဲ့ Disable all ကိုနှိပ်ပေးလိုက်တယ် .. ပြီးတော့ Apply နှိပ်တယ် Ok နှိပ်တယ် ..
Restart တောင်းလို Restart ချပေးလိုက်တယ် ..
ဝင်းဒိုးတက်အလာကို စိတ်တထင့်ထင့် စောင့်ကြည့်နေလိုက်တာ .. ၀င်းဒိုးလည်း တက်လာရော


ဟား .. အဆင်ပြေသွားပြီ .. ဘာ Error Box မှ တက်မလာတော့ဘူး .. Antivirus တွေကိုတော့ တစ်ဆင့် ပြန်ဖွင့်ရတာပေါ့ .. သူက ခါတိုင်းဝင်းဒိုးစနစ်နဲ့အတူ တက်လာနေကျဆိုပေမယ့် အခုကျွန်တော်လုပ်လိုက်တာက ၀င်းဒိုးစနစ်တစ်ခုကိုပဲ ပွင့်ခိုင်းလိုက်တာလေ .. တစ်ကယ်လို့ အဲဒီလို လုပ်လိုက်တာမှ Error Box တက်လာသေးတယ်ဆိုရင် ဒါဟာ ၀င်းဒိုးထဲက File တစ်ခုခု ပျက်တာ ပျောက်တာဖြစ်နေလို့ပါ .. အဲဒါဆိုရင်တော့ Windows Repair လုပ်ပေးဖို့လိုအပ်နေပါပြီ ..
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


  အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ကျွန်တော့် Windows လေး ဖျားခဲ့တုန်းက
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2012/12/windows.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.