ဖျက်ဖို့ခက်တဲ့ဖိုင်တွေအတွက် အစွမ်းထက် Eraser

Posted by Unknown Senin, 25 Maret 2013 0 komentar
တစ်ခါတစ်ခါ .. ကျွန်တော်တို့ဟာ ဗိုင်းရပ်ကြောင့်ပဲဖြစ်ဖြစ် ..
သာမာန်အတိုင်းပဲဖြစ်ဖြစ် ကျွန်တော်တို့သုံးနေတဲ့ ကွန်ပျူတာမှာ
Delete လုပ်လို့မရတဲ့ ဖိုင်တွေကို ကြုံရလေ့ရှိပါတယ် ..
ဘယ်လိုပဲ Delete လုပ်လုပ် ပျက်မသွားတာမျိုး ..
Delete လုပ်ပေမယ့် ၀င်းဒိုးက လက်မခံပဲ Error တက်လာတာမျိုး
အဲဒီလို အစွမ်းထက်တဲ့ ဖိုင်တွေကို ကျွန်ပျူတာသုံးသူတော်တော်များများ
ကြုံဖူးကြပါတယ် ...



အဲဒီအခါ .. စိတ်ထဲမှာ နေမချိထိုင်မချိနဲ့ တော်တော်ခံရခက်ပါတယ် ..
ကိုယ့်ကွန်ပျူတာမှာလည်း လာနေသေးတယ် ..  ကိုယ့်စိတ်ကြိုက်လည်း ဖျက်ချင်တာ ဖျက်လို့မရဘူးဆိုတော့ ..
ကဲ .. အဲဒီလိုဖိုင်မျိုးတွေရှိလာရင် .. အောက်မှာ ကျွန်တော်ပေးထားတဲ့ Eraser ဆိုတဲ့ ဆော့ဝဲလေးကိုသုံးပြီး
ဖျက်ပစ်လိုက်ပါ .. အားလုံးကို ဖျက်နိုင်တယ်လို့ အတင်စားချင်ပေမယ့် .. ဖိုင်တွေကို ဖျက်ပေးတဲ့ တခြားဆော့ဝဲ ကြိုက်တဲ့ဆော့ဝဲနဲ့ယှဉ်လိုက်ရင် ဒီ Eraser ဆော့ဝဲလေးက ပိုပြီး အစွမ်းထက်ထက်နဲ့ ဖျက်နိုင်တာကို တွေ့ရပါလိမ့်မယ် ..

ကဲ ..လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ ..


ဒေါင်းပြီးပြီဆိုရင်တော့ သာမန်အတိုင်းပဲ Install လုပ်လိုက်ရုံပါပဲ ..
Install လုပ်ပြီးပြီဆိုတာနဲ့ ဖျက်ချင်တဲ့ဖိုင်ပေါ်မှာ Right Click နှိပ်လိုက်ရင် Eraser ဆိုတာလေး Contex Menu ထဲမှာ ပေါ်နေပါလိမ့်မယ် .. ချက်ချင်းဖျက်ဖို့နဲ့ Restart ကျပြီးမှ ဖျက်ဖို့ နှစ်မျိုးလုပ်ခွင့်ပေးထားပါတယ် ..
တော်တော်ဖျက်ရခက်တဲ့ဖိုင်တွေကို Restart ချပြီးမှ ဖျက်တာကို ရွေးပေးပြီး ကြိုးစားကြည့်နိုင်ပါတယ် ..
ကဲ .. အဆင်ပြေကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး






TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ဖျက်ဖို့ခက်တဲ့ဖိုင်တွေအတွက် အစွမ်းထက် Eraser
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/03/eraser.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.