ကွန်ပျူတာကို Screen Lock ချချင်တယ်ဆိုသူတွေအတွက်

Posted by Unknown Selasa, 19 Maret 2013 0 komentar
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ ကွန်ပျူတာကို ဖွင့်သုံးနေရင်းနဲ့ အရေးပေါ်ကိစ္စတစ်ခုခုကြောင့် မနီးမဝေး
တစ်နေရာကို ခဏတဖြုတ်လောက် ထသွားရတော့မယ်ဆိုရင် ... ကွန်ပြူတာကို ပိတ်ထားခဲ့ရအောင်လည်း မဟုတ်တတ် .. ဒီအတိုင်းထားခဲ့ပြန်မယ်ဆိုရင်လည်း ကိုယ်လုပ်နေတဲ့ တ၀က်တစ်ပျက်အလုပ်တွေ ( ဥပမာ
ဗွီဒီယိုဖိုင်လေးတစ်ဖိုင်ကို အသံတိုးတိုးလေးနဲ့ ဖွင့်ကြည့်နေတာမျိုး .. :D ) အဲဒါတွေကိုလည်း
တခြားလူလာပြီး မြင်သွား ကြည့်သွားမှာကို မလိုလား ... အဲဒီလို ဆုံးဖြတ်ရခက်တဲ့ ပြဿနာ သေးသေးလေးတွေ
မကြာခဏဆိုသလို ကြုံရလေ့ရှိပါတယ် ..
အဲဒီအခါမျိုးမှာ ဖုန်းတွေလိုဆိုရင် Screen Lock ချသလိုမျိုး လုပ်ဆောင်ပေးနိုင်တဲ့ ကွန်ပျူတာသုံး ဆော့ဝဲလေးရှိရင် ဒီပြဿနာကိုအလွယ်တကူ   ကျော်ဖြတ်နိုင်မှာပါ ...

အဲဒါဆိုရင်တော့ ကွန်ပျူတာကိုလည်း Shutdown ချထားခဲ့စရာမလို .. ကိုယ့်အလုပ်တွေကိုလည်း
တစ်ပါးသူမြင်မှာ မစိုးရိမ်ရတော့ပဲ ကိုယ်လိုရာကို စိတ်အေးအေး ထွက်သွားနိုင်မှာဖြစ်ပါတယ် ..

ကဲ .. ဒီနေ့ သူငယ်ချင်းတို့ကို ကျွန်တော်က ဆော့ဝဲငယ်လေးတစ်ခု မျှဝေပေးပါမယ် ..
ဒီဆော့ဝဲလေးက ကွန်ပျူတာ Screen ကြီးတစ်ခုလုံးကို Lock ချပစ်တာ မဟုတ်ပဲ ..
ကိုယ့်အနေနဲ့ သူတစ်ပါးမကြည့်စေချင်တဲ့ ကိုယ့်ရဲ့ အလုပ်တစ်ချို့ကို ကိုယ်ကလွဲပြီး
တခြားဘယ်သူမှ ဖွင့်ကြည့်လို့မရအောင် Lock ချပေးမယ့်ဆော့ဝဲလေးပါ ..

ဥပမာဗျာ .. ကျွန်တော်က Facebook မှာ Status တစ်ခုကို ရေးနေတယ်ဆိုပါဆို့
Chat Box မှာလည်း မိန်းကလေးလို့ထင်ရတဲ့ အကောင့်ပိုင်ရှင်တစ်ယောက်ကို ကြူနေတယ်ဆိုပါစို့ ..
ရုတ်တစ်ရက် ဖုန်းဝင်လာလို့ ဖုန်းကိုင်လိုက်တယ် .. " အရမ်းသတိရလို့ လာတွေ့တာ အဆောင်ရှေ့ကို
ခဏလောက်ထွက်တွေ့ပေးပါ "
တောင်းပန်သံလေးကြောင့် တစ်အံ့တသြနဲ့ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ "နန်းခင်ဇေယျာ" ....

အင်း .. ဟုတ်ရှာမှာပေါ့ .. သူ့ကိုလည်း အဆက်အသွယ်ဖြတ်ထားတာ တော်တော်ကြာပြီဆိုတော့
ကိုယ့်ကိုတွေ့ချင်ရှာမှာပေါ့ ...
ခဏတဖြုတ်ထွက်တွေ့ပေးလိုက်ပါဦးမယ် ..
အယ် .. ဒါဆို အခုဖွင့်ထားတဲ့ Facebook က Log Out လုပ်ခဲ့ရမှာလား .. ဒီတိုင်းထားခဲ့ပြန်ရင်လည်း
တစ်ခန်းတည်းအတူနေတဲ့ သူငယ်ချင်းတွေ ဆေးဝင်ထိုးလို့ ကြူထားသမျှတွေ သဲထဲရေသွန်ဖြစ်ကုန်မယ် ..
ပိတ်ခဲ့လိုက်ရအောင်ကလည်း Status ရေးနေတာက တစ်ဝက်တစ်ပျက် .. နောက်ပြီး အင်တာနက်လိုင်း
ပြန်ချိတ်ဖို့ဆိုတာကလည်း .. ပဋိစ္စသမ္မပ္ပတ် စက်ဝိုင်းကြည့်နေတာက အာသဝေါအရင်ကုန်လောက်တယ် ..
အဲဒီတော့ ... ကွန်ပျူတာကိုလည်း မပိတ်ဘူး .. လက်ရှိဖွင့်ထားတဲ့ Facebook ၀င်းဒိုးကိုလည်း တခြားလူတွေ
ကြည့်လို့မရအောင် .. ကျွန်တော်ပြောတဲ့ ဆော့ဝဲလေးနဲ့ Lock ချလိုက်ပါမယ် ..
ကြည့်ချင်လို့ ဖွင့်မယ်ဆိုရင် ကျွန်တော်ပေးထားတဲ့ Password ကို သိမှ အဆင်ပြေလိမ့်မယ်ပေါ့ ..
ကဲ .. အဲဒီလိုဆော့ဝဲမျိုးလေးကို အခုမျှဝေပေးမှာပါ .. Windows အားလုံးအတွက်လည်း Support ဖြစ်ပါတယ်


လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ


ဒေါင်းပြီးရင်တော့ သာမန်အတိုင်းပဲ Install လုပ်လိုက်ရုံပါပဲ .. Crack စရာ Patch ပေးစရာမလိုပါဘူး ..
Install လုပ်ပြီးတာနဲ့ ပရိုဂရမ်က စ Run ပါလိမ့်မယ် .. အဲဒီအခါမှာ အောက်ကပုံအတိုင်းပွင့်လာပါမယ်



အဲဒီထဲက Password အကွက်မှာ ကိုယ်ထည့်ချင်တဲ့ Password ကိုထည့်ပါ ... ပြီးရင်
အောက်နားလေးက Hide WinLock to taskbar tray ဆိုတာကိုနှိပ်လိုက်ရင်
Tray icon တွေထဲကို ပရိုဂရမ်ရောက်သွားပါမယ် .. ( Desktop Screen ရဲ့ ညာဖက်အောက်ဒေါင့်
အလံဖြူလေးရဲ့ ဘယ်ဖက်မှာရှိတဲ့ အပေါ်မြှားလေးထဲကို ရောက်သွားတာပါ )

ကဲ .. ဖွင့်ထားတဲ့ ၀င်းဒိုးကို ဘယ်လို Lock ချမလဲ ..
Lock ချချင်တဲ့ ၀င်းဒိုးကို ကလစ်နှိပ်လိုက်ပါ .. ဥပမာ ဖွင့်ထားတဲ့ ဗွီဒီယိုကို Lock ချမယ်ဆိုရင် Video ရဲ့ ၀င်းဒိုးကို
ကလစ်နှိပ်လိုက်ပေါ့ဗျာ .. စာရိုက်နေတဲ့ Notepad ၀င်းဒိုးလေးကို Lock ချမယ်ဆိုရင်လည်း အဲဒီ Notepad
ရဲ့ ၀င်းဒိုးကို ကလစ်နှိပ်တာပေါ့ ...
ပြီးရင်တော့ ကီးဘုဒ်ပေါ်မှာရှိတဲ့ Ctrl ကီးနဲ့ Space Bar ကီးလေးကို ပြိုင်တူတွဲပြီး နှိပ်လိုက်တာနဲ့ .. ကိုယ်ကလစ်ပေးထားတဲ့ ၀င်းဒိုးလေးဟာ Tray Icon ထဲကို ၀င်သွားပါလိမ့်မယ် ..



ပြန်ဖွင့်ချင်တဲ့ အခါ အဲဒီ Tray Icon တွေထဲက ဖွင့်ချင်တဲ့ ပရိုရမ်ရဲ့ .. အိုင်ကွန်လေးပေါ်မှာ Double Click နှိပ်လိုက်ရင်အောက်ကပုံအတိုင်း Password တောင်းလာပါမယ် ...



ကိုယ်ပေးထားတဲ့ Password အတိုင်းမှန်အောင် ထည့်ပေးပြီး အောက်နားက Ok ကိုနှိပ်ပေးလိုက်ရင်
ကိုယ်ဖွင့်ချင်တဲ့ ဖိုင် ( ဒါမှမဟုတ် ပရိုဂရမ် ) လေး ပွင့်လာပါ့မယ် .. Password မမှန်လို့ကတော့ ဘယ်လို့မှ ဖွင့်ကြည့်လို့  ရမှာမဟုတ်ပါဘူး ...
Password ပြောင်းချင်ရင်လည်း Trail Icon တွေထဲက WinLock ရဲ့ အိုင်ကွန်လေးကို Double Click နှိပ်ပေလိုက်ပြီး
ပွင်လာတဲ့ထဲမှာ လက်ရှိပေးထားတဲ့ Password ကို ထည့်ပြီး Ok ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ Install လုပ်ပြီးစကလို
Password ထည့်ရမယ့် အဆင့်ကို ပြန်ရောက်သွားပါမယ် ..
ကဲ .. ဒီလောက်ဆို လုပ်တတ်လောက်မယ် ထင်ပါတယ် ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ကွန်ပျူတာကို Screen Lock ချချင်တယ်ဆိုသူတွေအတွက်
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/03/screen-lock.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.