ဝင်းဒိုးရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို မပြောင်းလည်းအောင် ကာကွယ်ပေးထားမယ့် Deep Freeze 7

Posted by Unknown Senin, 15 April 2013 0 komentar
Defreeze ဆိုတဲ့ဆော့ဝဲလေးကိုတော့ အားလုံးလည်း ကြားဖူးပြီးသားဖြစ်မှာပါ
ဒီဆော့ဝဲလေးက သတ်မှတ်ထားတဲ့ Partition ထဲကဖိုင်တွေကို ပုံစံလုံးဝမပျက်အောင်
ကာကွယ်ပေးထားနိုင်ပါတယ် ..
စမ်းကြည့်ချင်သပဆိုရင် ဒီဆော့ဝဲလေးနဲ့ Partition C ကို ကာကွယ်ထားပြီး ၀င်းဒိုးစနစ်ထဲမှာ ရှိနေတဲ့ အရေးကြီးဖိုင်တစ်ခုခုကို Delete လုပ်ကြည့်လိုက်ပါ ..
ဝင်းဒိုးကို Restart ချလိုက်ပြီး ၀င်းဒိုးပြန်တက်လာတာနဲ့ အဲဒီ Delete လုပ်ထားတဲ့ဖိုင်ဟာ ပြန်ရောက်နေတာကို တွေ့ရပါလိမ့်မယ် ..

ဒီဆော့ဝဲလေးဟာ သုံးတတ်ရင် အစွမ်းအထက်ဆုံးသော ကာကွယ်ဆေးဖြစ်ပြီး မသုံးတတ်ရင်တော့ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဆော့ဝဲလေးပါ


ဘာကြောင့်လဲဆိုတော့ ဒီဆော့ဝဲလေးနဲ့ ကာကွယ်ထားပြီးတဲ့ကွန်ပျူတာမှာ Desktop ပေါ်မှာ ဖိုင်လေးတစ်ဖိုင်လောက် တင်ထားမိရင်တောင် ၀င်းဒိုး နောက်တစ်ကြိမ်ပြန်အတက်မှာ အဲဒီဖိုင်ဟာ လုံးဝရှိနေတော့မှာ မဟုတ်ပါဘူး ..
ကဲ .. ဒါဆိုရင် ဒီဆော့ဝဲကို ဘာအတွက်သုံးတာလဲ ...
သူ့ရဲ့ အလုပ်လုပ်ပုံကဒီလိုပါ ..
ဥပမာ - ဒီဆော့ဝဲလေးကို သုံးပြီး Partition C ကို Freeze လုပ်ထားတယ်ဆိုပါတော့ ..
အဲဒီ Partition C ထဲမှာ စုစုပေါင်း ABCDEF ဆိုတဲ့ ဖိုင် ခြောက်ဖိုင် ရှိတယ်ဆိုပါစို့ ..
အဲဒီ ခြောက်ဖိုင်ကိုပဲ ဆော့ဝဲက အသေမှတ်ထားလိုက်ပြီး နောက်ထပ်ရောက်လာတဲ့ ဘယ်လိုဖိုင်မျိုးကိုမှ
လက်မခံတော့ပဲ .. နောက်တစ်ကြိမ် ၀င်းဒိုး အတက်မှာ ABCDEF ဆိုတဲ့ဖိုင်တွေပဲ ချန်ထားခဲ့ပြီး တခြားသော ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်မှာဖြစ်ပါတယ် ..
အဲဒီတော့ ....
ကြိုက်တဲ့ဆော့ဝဲကို စမ်းသုံးကြည့် .. နောက်ဆုံး ကိုယ်စမ်းကြည့်မိလိုက်တဲ့ ဆော့ဝဲမှာ ဗိုင်းရပ်ပါလာခဲ့ရင်တောင် နောက်တစ်ကြိမ် ၀င်းဒိုးပြန်တက်လာတဲ့အခါ Freeze လုပ်စဉ်ကအတိုင်း
ပြန်ဖြစ်သွားတာမို့ .. Antivirus တောင် ထည့်ထားစရာမလိုအောင် လုံခြုံမှုစွမ်းအား မြင့်မားပါတယ်
ကဲပါဗျာ .. ပြောနေရင် အများကြီးဖြစ်နေလိမ့်မယ် ..
ဆော့ဝဲရော အသုံးပြုနည်းစာအုပ်ပါ တင်ထားပေးတယ် ..
ဆော့ဝဲထဲမှာ 32bit အတွက် 64bit အတွက်ဆိုပြီး နှစ်ခုပါတယ် .. ရွေးပြီး Install လုပ်ပေါ့
Install လုပ်ရင်း Serial တောင်းလာရင်ထည့်ဖို့ကတော့ Notepad လေးနဲ့ ရေးပေးလိုက်ပါတယ်
အသုံးပြုနည်းစာအုပ်ကတော့ အခုကျွန်တော်တင်ပေးတဲ့ Deep Freeze 7 အတွက်မရှိသေးတာနဲ့ Deep Freeze 6 အတွက် အသုံးပြုနည်းလေးကို တင်ပေးလိုက်ပါတယ် ..
အသုံးပြုနည်းကတော့ သိပ်ကွာဟမှုမရှိပါဘူး ..
Install လုပ်တဲ့အခါမှာသာ Deep Freeze 7 က ပိုပြီးလွယ်ကူသွားတာပါ
အဲ .. တစ်ခုမှာထားချင်တာက Install လုပ်တဲ့အဆင့်တွေထဲက အဆင့်တစ်ဆင့်ကို ရောက်တဲ့အခါမှာ ကွန်ပျူတာထဲမှာ ရှိနေသမျှ Partition တွေအားလုံးကို အမှန်ခြစ်လေး တပ်ထားတာတွေ့ရပါလိမ့်မယ်
အဲဒီအဆင့်မှာ ဘယ် Partition ကို Deep Freeze အုပ်မလဲဆိုတာကို သေချာစဉ်းစားပြီးမှ မလိုတာတွေကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ ( Partition C ကိုပဲ အမှန်ခြစ်တပ်ပေးထားပါလို့ အကြံပြုပါရစေ .. ဒါမှ C ထဲမှာရောက်လာတဲ့ သိမ်းဆည်းထားရမယ့် ဖိုင်တွေကို Partition D တို့ E တို့ထဲကို ရွှေ့သိမ်းထားလို့ ရမှာပါ)
ကျွန်တော်ရေးထားတာတော့ မဟုတ်ပါဘူး .. အစ်ကိုတစ်ယောက်ရဲ့ ဆိုဒ်မှာရေးထားတဲ့ ပို့စ်ကို Pdf လုပ်ပြီး သိမ်းထားတာလေး ပြန်တင်ပေးလိုက်တာပါ .. ဘယ်ဆိုဒ်မှန်း မမှတ်မိတော့လို့ Credit မပေးတာကို နားလည်ပေးပါ

ဆော့ဝဲကို ဒီမှာ ဒေါင်းပါ

အသုံးပြုနည်းစာအုပ်ကို ဒီမှာ ဒေါင်းပါ

ကဲ . .အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ၀င်းဒိုးရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို မပြောင်းလည်းအောင် ကာကွယ်ပေးထားမယ့် Deep Freeze 7
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/04/deep-freeze-7.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.