G-mail အကောင့် Free ဖွင့်တာကို လက်တွေ့လုပ်ပြပါဆိုလို့

Posted by Unknown Sabtu, 13 April 2013 0 komentar
တစ်ချို့က gmail အကောင့်သစ်ဖွင့်တဲ့နေရာမှာ ဖုန်းနံပါတ် အတွက် ရှေ့ဆက်ရခက်နေတတ်ကြပါတယ်

ဒါကြောင့်လည်း gmail အကောင့်ကို Free ဖွင့်လို့ရမယ့်နည်းလမ်းနှစ်ခုကို ရှေ့ပိုင်းမှာ တင်ပေးခဲ့ဖူးပါတယ်
ဒီကြားထဲကမှ တစ်ချို့အတွက် နားလည်ရခက်လို့ ဖြစ်နိုင်ရင် ဗွီဒီယိုဖိုင်လေးနဲ့ တင်ပေးပါဆိုပြီး mail ထဲမှာတစ်မျိုး Facebook မှာတစ်ဖုံ အကူအညီတောင်းလာလို့ ဒီပို့လေးကို တင်ပေးလိုက်တာပါ


ဒီပို့လေးမှာ Gmail အကောင့်အတွက် လိုအပ်တဲ့ ဖုန်းနံပါတ်ကို www.k7.net မှာ သွားယူတဲ့နည်းကို သုံးပြထားပါတယ် ..
ဒီနည်းကတော့ သေချာပေါက် ရနိုင်တဲ့နည်းလေးလည်း ဖြစ်လို့ပါ

လုပ်ပုံလုပ်နည်းအသေးစိပ်ကိုတော့ ဒီနေရာ မှာ သွားဖတ်နိုင်ပါတယ်

အဲဒီပို့စ်လေးနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာက
အဲဒီဖုန်းနံပါတ်ယူတဲ့နေရာမှာ Sign Up လုပ်ရင် ထည့်ပေးရမယ့် email ဟာ ကြိုက်တာထည့်လို့ ရပါတယ် .. ကျွန်တော်ဆိုရင် ကခဂ@gmail.com လို့ထည့်ပြီးတောင် လုပ်ကြည့်ဖူးပါတယ် . တကယ်လည်း ရတယ်ဆိုတာကို လက်တွေ့လုပ်ကြည့်ရင် သိလာမှာပါ
နောက်ပြီး .. ကွန်နက်ရှင်အရမ်းကျနေတဲ့အချိန်မျိုးမှာ မလုပ်ပါနဲ့လို့ အကြံပေးချင်ပါတယ်
Google က ပို့လိုက်တဲ့ Voice message ဟာ အနည်းဆုံး 40Mb နဲ့အထက်ရှိမှ ကုဒ်အပြည့်အ၀ကို ရနိုင်မှာဖြစ်ပါတယ် ..
တစ်ချို့သောဖုန်းနံပါတ်တွေဟာ email အကောင့်ဖွင့်တဲ့နေရာမှာ အသုံးပြုပြီးသားမျိုးတွေလည်း ရံဖန်ရံခါ ကြုံရတတ်ပါတယ် .. အဲဒီလို ဖြစ်ခဲ့ရင်လည်း k7 အကောင့်ကို နောက်ထပ်အသစ်ပြန်လုပ်ပြီး ဖုန်းနံပါတ်ပြောင်းယူနိုင်ပါတယ် .. ( email က ကိုယ့်မှာမရှိလည်း ကြိုက်တာထည့်လိုက် ရနေတာပဲကို)
နောက်တစ်ချက်က google က ကုဒ်ပို့ပေးတဲ့အခါ ချက်ခြင်းရောက်မလာရင် နည်းနည်းလောက် စိတ်ရှည်ရှည်ထားပြီး စောင့်ပေးစေချင်ပါတယ် ..

ကဲ .. ဒီတိုင်းပြောနေလို့တော့ သိပ်သဘောပေါက်မှာ မဟုတ်ဘူး ..
အောက်ကဗွီဒီယိုဖိုင်လေးကိုသာ ကြည့်ပြီး လုပ်ပေတော့ ...



အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: G-mail အကောင့် Free ဖွင့်တာကို လက်တွေ့လုပ်ပြပါဆိုလို့
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/04/g-mail-free.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.