Windows 7 ကို Ubuntu ဖြစ်အောင်ပြောင်းသုံးချင်တယ်ဆိုလို့

Posted by Unknown Selasa, 23 April 2013 0 komentar
Mail ထဲကို စာပို့ပြီး မေးလာတဲ့ထဲက အမေးများတဲ့ ကိစ္စလေးတစ်ခုပါ
အရင်က ပို့စ်တစ်ခုမှာ Windows xp ကို Windows Vista ဖြစ်အောင်
ပြောင်းပေးတဲ့ Skin လေးတစ်ခုတင်ခဲ့ဖူးပါတယ် ...
Ubuntu ဖြစ်အောင်လုပ်တဲ့ဆော့ဝဲရောမရှိဘူးလားလို့
တော်တော်များများမေးလာပါတယ် ..
ရှိတော့ရှိပါတယ် .. ဒါပေမယ့် တင်သင့်မတင်သင့်
ကျွန်တော် စဉ်းစားပါဦးမယ်လို့ပဲ ပြန်ဖြေပေးခဲ့ပါတယ် ..
ဘာကို စဉ်းစားမှာလဲဆိုတော့ .. ဒီလိုပါ
တခြား Microsoft ၀င်းဒိုးတွေက အသုံးပြုတဲ့သူတွေအတွက်
ရင်းနှီးပြီးသားမို့ ပြဿနာမရှိပေမယ့် ..


Ubuntu လို Open Source ၀င်းဒိုးမျိုးတွေကျတော့ .. အခုမှ စသုံးမယ်ဆိုရင်
ဘယ်လို ဖွင့်ရမယ်ဆိုတာတောင် တော်တော်ခက်ပါတယ် ..
ဒါကြောင့် .. အခု ကျွန်တော်တင်ပေးတဲ့ Ubuntu Skin နဲ့ ပတ်သက်ပြီး နှစ်ခု ကြိုပြောထားချင်ပါတယ်
ဒီ Skin ကို Install မလုပ်ခင် အရင်ဆုံး Restore Point လေး ကြိုလုပ်ထားဖို့နဲ့
ဒီ Ubuntu Skin ဟာ Windows 7 တစ်ခုတည်းမှာပဲ သုံးလို့ရတယ် ဆိုတဲ့ အချက်ပါပဲ
Restore Point ထားခိုင်းတာက မနှစ်သက်ဘူးဆိုရင် မူရင်းအခြေအနေအတိုင်း ပြန်ပြောင်းရာမှာ လွယ်ကူအောင်လို့ပါ
တကယ်လို့ မနှစ်သက်ဘူးဆိုရင် ဒီ Ubuntu Skin ကိုပဲ Uninstall လုပ်လိုရင်လည်း ရနိုင်ပေမယ့် တစ်ချို့လူတွေအတွက်တော့
Ubuntu မှာ ပရိုဂရမ်တစ်ခုကို Install / Uninstall လုပ်ဖို့တောင် အဆင်မပြေ ဖြစ်တတ်လို့ပါ ..
ကဲ .. စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ .. အောက်မှာ 32bit .... 64bit ရွေးပြီး ဒေါင်းယူနိုင်ပါတယ်

32bit အတွက် ဒီမှာ ဒေါင်းပါ

64bit အတွက် ဒီမှာ ဒေါင်းပါ

Skin ကို Install လုပ်ပြီး Restart ကျသွားတာနဲ့ ၀င်းဒိုးပြန်တက်လာတဲ့အခါ Ubuntu ၀င်းဒိုးဖြစ်နေတာကို
တွေ့ရပါလိမ့်မယ် ..
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Windows 7 ကို Ubuntu ဖြစ်အောင်ပြောင်းသုံးချင်တယ်ဆိုလို့
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/04/windows-7-ubuntu.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.