Blog ကို Submit လုပ်ခြင်း အကြောင်း

Posted by Unknown Sabtu, 15 Juni 2013 0 komentar

post-image

Blogger နောင်တော်ကြီးတွေအတွက်မဟုတ်ပဲ ဘလော့ရေးစသူငယ်ချင်းတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်

ကျွန်တော်တို့ဟာ ဘလော့တစ်ခုကို ရေးသားပြီဆိုရင် အချိန်တော်တော်ကြာကြာထိ အလေးမထားမိတဲ့ကိစ္စဟာ အခုပြောမယ့် ကိုယ့်ဘလော့ကို Submit လုပ်ခြင်းကိစ္စပါ ..

Submit လုပ်တယ်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ဘလော့ရှိနေကြောင်း Google လို Search Engine တွေကို အသိပေးတာ .. တင်ပြတာ လို့ အလွယ်ပြောနိုင်ပါတယ်

အဲဒီလို Submit မလုပ်ထားမိတဲ့ ဘလော့တစ်ခု Website တစ်ခုဟာ Search Result မှာ နောက်ကျမှ ရှာဖွေတွေ့ရှိခြင်းခံရမှာ ဖြစ်ပါတယ်
တစ်ခါတစ်ခါတော့ ကိုယ့်ဘလော့ကိုယ် google မှာ ရိုက်ရှာတာတောင် Error Link တွေ ထုတ်ပေးတတ်ပြန်ပါသေးတယ်


ကျွန်တော့်ကို C-box ထဲမှာ သူငယ်ချင်းတစ်ယောက်က မေးထားပါတယ်
Google မှာ လိုချင်တာတစ်ခုခုကို ရိုက်ရှာတဲ့အခါ ကျွန်တော့်ဘလော့ရဲ့လင့် ပါလာရင် အဲဒီလင့်နဲ့အတူ
ကျွန်တော့်ရဲ့ပုံပါ တွဲပြီးပါလာအောင် လုပ်တဲ့နည်းကို ပြောပြပါလို့ ပြောထားပါတယ် ..
အဲဒီလို Google Search Result မှာ ကိုယ့်လင့်နဲ့အတူ ကိုယ့်ရဲ့ပုံပါ တွဲပြီး ပေါ်လာဖို့အတွက် လုပ်တဲ့နည်းတွေထဲမှာ အခုပြောပြမယ့် ဘလော့ကို Submit လုပ်တဲ့ ကိစ္စလည်း တစ်ခုအပါအ၀င်မို့ အဲဒီပုံပေါ်အောင်လုပ်တဲ့နည်းအကြောင်းပို့စ်တင်တဲ့အခါ ဒီပို့စ်ကို လင့်လှမ်းပြီး ချိတ်ဦးမှာ ဖြစ်ပါတယ်
ကဲ .. စလိုက်ကြစို့ ဘလော့ကို Submit လုပ်တဲ့နည်းအကြောင်း

အရင်ဆုံး http://www.google.com/webmasters/ ကို သွားလိုက်ပါ

အောက်ကပုံအတိုင်း ပွင့်လာပါမယ် (ပုံတွေမထင်ရှားရင် ပုံပေါ်ကို မောက်စ်တင်ပေးလိုက်ပါဗျို့)





အဲဒီထဲက Sign In to Webmaster Tools ကို နှိပ်လိုက်ပါ
နောက်တစ်ဆင့်မှာ ကိုယ့်ဘလော့ကိုရေးထားတဲ့ email လိပ်စာနဲ့ Password ကိုသုံးပြီး Log in ၀င်လိုက်ရင် အောက်ကပုံအတိုင်း ကိုယ်ရေးထားတဲ့ ဘလော့ရှိသလောက်ရဲ့ စာရင်းတွေနဲ့အတူ ပွင့်လာပါမယ်





အဲဒီထဲက ကိုယ် Submit လုပ်မယ့် ဘလော့ရဲ့နံမည်ပေါ်ကို ကလစ်နှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်







အဲဒီထဲက ဘယ်ဖက်အခြမ်းထဲမှာရှိတဲ့ Optimizations ကိုနှိပ်ပြီး ကျလာတဲ့ထဲက Sitemap ကိုနှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်










အဲဒီထဲက ADD/TEST SITEMAP ကိုနှိပ်လိုက်ပါ
ကိုယ့်ဘလော့လင့်နဲ့အတူ လွတ်နေတဲ့ အကွက်လွတ်လေးပေါ်လာပါမယ်
အဲဒီထဲက လွတ်နေတဲ့ အကွက်လေးထဲမှာ အောက်ကကုဒ်လေးတွေကို ကော်ပီကူးပြီးထည့်ပေးလိုက်ပါ

atom.xml?redirect=false&start-index=1&max-results=500

 





အဲဒီလိုထည့်လိုက်တဲ့အခါ လင့်တစ်ခုလုံးရဲ့အပြည့်အစုံက အောက်ကပုံစံမျိုး ဖြစ်သွားပါမယ်

http://ကိုယ့်ဘလော့နံမည်.blogspot.com/atom.xml?redirect=false&start-index=1&max-results=500

အဲဒီလို အဆင်သင့်ဖြစ်သွားရင်တော့ အောက်နားက အပြာရောင် Submit Sitemap ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်





အဲဒီထဲက Refresh the page ဆိုတဲ့အပြာရောင် စာသားလေးကို ကလစ်နှိပ်လိုက်ရင် Page ဟာ Reload လုပ်ပြီး ပြန်ငြိမ်သွားတဲ့အခါ သင့်ရဲ့ဘလော့ကို Submitted လုပ်ပြီးကြောင်း Google က Crawl လုပ်တာကို စောင့်ဆိုင်းနေကြောင်း စာတမ်းလေးတက်လာပါမယ်
ဒါဆိုရင် ဘလော့ကို Submit လုပ်ခြင်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်
နောက် ရက်အနည်းငယ်အကြာမှာ အဲဒီ Page ကို ၀င်ကြည့်တဲ့အခါမှာ ကိုယ့်ဘလော့ရဲ့ Sitemap ကို Submit လုပ်ထားပြီဖြစ်ကြောင်း မြင်တွေ့ရပါလိမ့်မယ်
နောက်ထပ် ဖြည့်စွက်ပြောချင်တာက အဲဒီ Webmaster Page လေးဟာ ဘလော့ကာတစ်ယောက်အနေနဲ့ ပုံမှန် သွားရောက် လည်ပတ်သင့်တဲ့ Page လေးပါ
အဲဒီ Page လေးမှာ ကိုယ့်ဘလော့ရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံရေးဆိုင်ရာ စတဲ့ သတင်းအချက်အချက်တွေ Message တွေ Error တွေကို ဖော်ပြပေးနေမှာဖြစ်လို့ပါပဲ ..
ကဲ .. ကိုယ့်ဘလော့ကို Submit မလုပ်ရသေးတဲ့ဘော်ဘော်များ အလုပ်နည်းနည်းရှုပ်လိုက်ကြပါဦး

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Blog ကို Submit လုပ်ခြင်း အကြောင်း
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/06/blog-submit.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.