Windows Media Player ရဲ့ လက်တွဲဖော်လေး K-lite Codec Pack

Posted by Unknown Selasa, 25 Juni 2013 0 komentar


တစ်ကယ်ပဲ Windows Media Player ရဲ့ လိုအပ်ချက်တွေကို
ကူညီဖြည့်ဆည်းပေးနိုင်သလို သူကိုယ်တိုင်လည်း Player
တစ်ခုအဖြစ် Video နဲ့ Audio ဖိုင်ပုံစံ Format အားလုံးနီးပါးကို
ဖွင့်ပေးနိုင်တဲ့ ဆော့ဝဲလေးတစ်ခုဖြစ်ပါတယ်

ကျွန်တော်တို့တွေရဲ့ ၀င်းဒိုးမှာ Built In ပါလာတဲ့
Window Media Player ဟာ ၀င်းဒိုးတော်တော်များများမှာ
Error မကင်းပဲ သုံးမရသလို ဖြစ်နေလေ့ရှိပါတယ်

ဒီပြဿနာကို ဖြေရှင်းတဲ့နည်းကို ဒီပို့စ် မှာ တင်ပေးထားပါတယ်
ဒါပေမယ့် အဲဒီနည်းနဲ့ဖြေရှင်းလိုက်ပေမယ့် အချို့သော ၀င်းဒိုးတွေမှာတော့
နောက်တစ်ကြိမ် ၀င်းဒိုးကို ပြန်ဖွင့်တဲ့အခါ Error ပြန်တက်သွားပြီး
နောက်တစ်ကြိမ် အဲဒီနည်းအတိုင်း ပြန်ပြင်ပေးနေရတာမျိုးတွေ ကြုံရတတ်ပြန်ပါတယ်




ဒါပေမယ့် .. အခုတင်ပေးတဲ့ ဆော့ဝဲကို Install လုပ်ထားလိုက်ရင်တော့
Windows Media Player ထဲက Error ဖြစ်နေတဲ့အပိုင်းတွေကို Decoding လုပ်ပေးခြင်းအားဖြင့်
Windows Media Player နဲ့ ဖိုင်တွေကို ဖွင့်နိုင်သလို Windows Media Player မှာ Support မလုပ်လို့
မဖွင့်နိုင်တဲ့ဖိုင်တွေကိုလည်း Right Click နှိပ်ပြီး Open with ဆိုပြီး media player classic ကနေ ဖွင့်နိုင်ပါတယ်
ဒါကြောင့် သူငယ်ချင်းတို့ရဲ့ကွန်ပျူတာထဲမှာ အခြားသော Player တွေ မရှိထားရင်ပဲဖြစ်ဖြစ် Window Media Player က ခဏခဏ Error တက်နေရင်ပဲဖြစ်ဖြစ် အခြာသော Player တွေမှာ ရုပ်ထွက်အဆင်မပြေတာ အသံထွက်မပြတ်သားတာမျိုးတွေ ဖြစ်နေရင်ပဲဖြစ်ဖြစ်
ဗီဒီယိုဖိုင်တွေ အသံဖိုင်တွေ အားလုံးနီးပါးကို အဆင်ပြေပြေဖွင့်နိုင်တဲ့ Player ကောင်းတစ်ခုကို
Install လုပ်ထားချင်တယ်ဆိုရင်ဖြစ်ဖြစ် ဒီဆော့ဝဲလေးကို Install လုပ်ထားလိုက်ပါလို့ အကြံပေးချင်ပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့ဝင်းဒိုးထဲမှာ Window Media Player နဲ့ အခု Player နှစ်မျိုးတည်းကိုပဲ Install လုပ်ပြီး အသုံးပြုနေတာဖြစ်ပါတယ်
Player အချို့မှာဖြစ်တတ်တဲ့  ၀င်းဒိုးအချို့ကို Support မလုပ်တဲ့ပြဿနာမျိုး ဒီ Player မှာမရှိပါဘူး
ကျွန်တော်စမ်းသုံးကြည့်ဖူးသလောက်တော့ Windows xp ကနေ Windows 8 အထိ 32bit .. 64bit မရွေး အဆင်ပြေတဲ့ Player လေးတစ်ခုပဲဖြစ်ပါတယ်
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်






ဒေါင်းလို့ Install လုပ်တဲ့အခါမှာ အောက်ကပုံကို ရောက်ရင်တော့ ပုံထဲမှာပြထားတဲ့အတိုင်း အမှန်ခြစ်လေး ပြောင်းတပ်ပေးပါ






အဲဒီလို လုပ်ပေးလိုက်မှ ဆော့ဝဲနဲ့အတူပါလာတဲ့ Search Bar တွေ ကျွန်တော်တို့ရဲ့ Browser တွေမှာ ခိုးကြောင်ခိုးဝှက် မကပ်နိုင်မှာ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Windows Media Player ရဲ့ လက်တွဲဖော်လေး K-lite Codec Pack
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/06/windows-media-player-k-lite-codec-pack.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.