ဘလော့ထဲက Title တွေကို Center မှာ ထားဖို့

Posted by Unknown Sabtu, 01 Juni 2013 0 komentar
ဘလော့တစ်ခုထဲမှာထည့်သွင်းထားတဲ့ အစိပ်အပိုင်းအသီးသီးရဲ့
ခေါင်းစဉ်တွေကို ကိုယ်လိုချင်တဲ့ နေရာမှာ ( ဘယ် .. ညာ .. အလယ် စသည်ဖြင့်)
ပြောင်းလဲနိုင်မယ့် နည်းပညာလေးပါ
အဓိကအသုံပြုရမယ့် Language က CSS ပါ ..
CSS ကုဒ်တွေကို ဘလော့ရဲ့ Template ထဲထည့်သွင်းတော့မယ်ဆိုရင်
နည်းလမ်းနှစ်မျိုးနဲ့ ထည့်သွင်းနိုင်ပါတယ် ..
ပထမနည်းကတော့ Blogger ရဲ့ Dash board ကနေ Template ကိုသွားပါ


အဲဒီမှာ Customize ကိုနှိပ်ပါ
ပြီးရင် ပွင့်လာတဲ့ထဲက အပေါ်ဆုံးအတန်းထဲက Advanced ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲက Add CSS ကိုနှိပ်ပြီး ပွင့်လာတဲ့ ဘယ်ဖက်က အကွက်ရဲ့ အောက်ဆုံးမှာ CSS ကုဒ်တွေကို
Paste လုပ်ပြီး Apply to blogger ကိုနှိပ်လိုက်ပါ ..
applied လုပ်ပြီးကြောင်း စာတမ်းအသေးလေးတက်လာတဲ့အထိ စောင့်ပြီးကြည့်နေပေးပါ ..
ဒါဆိုရင်တော့ အဲဒီ CSS ကုဒ်ကို Template ထဲကို Install လုပ်ခြင်းပြီးဆုံးသွားပါပြီ ..
ဒုတိယနည်းကတော့ ကျွန်တော်အမြဲတမ်းလုပ်နေတဲ့နည်းပါ ..
ဒါကတော့ Template ကိုသွားပါ ..
ပွင့်လာတဲ့ထဲက Edit Template ကိုနှိပ်ပါ
ပွင့်လာတဲ့ ကုဒ်တွေထဲက ]]></b:skin> ကို Ctrl + F ရဲ့အကူအညီနဲ့ ရှာပါ
တွေ့ပြီဆိုရင် အဲဒီကုဒ်ရဲ့အပေါ်မှာ CSS ကုဒ်တွေကို Paste လုပ်ပြီး Save Template ကို နှိပ်လိုက်ရုံပါပဲ ..
ဒီနည်းက ကွန်နက်ရှင်သိပ်မကောင်းတဲ့ ကျွန်တော့်အတွက် အဆင်ပြေလို့ CSS ကုဒ်တွေကို ဒီနည်းနဲ့ပဲထည့်ပါတယ်

ကဲ .. ပို့စ်ကို ဆက်ကြဦးစို့ Title တွေကို အလယ်မှာထားဖို့ အဓိက CSS ကုဒ်က
{text-align:center !important;}  ဖြစ်ပါတယ် ..

ညာဖက်မှာထားချင်ရင်တော့ center အစား right ကို ထားပေးလိုက်ရုံပေါ့

အဲဒီတော့ သူ့ရဲ့ရှေ့မှာတော့ ကိုယ်သတ်မှတ်ချင်တဲ့ Title အမျိုးအစားကို သတ်မှတ်ပေးရပါမယ်
ဥပမာ- ဘလော့ရဲ့ Title ( ဘလော့ရဲ့နံမည် ) ကို အလယ်မှာထားချင်တယ်ပေါ့ ကုဒ်ကိုဒီလိုရေးရပါမယ်

#header-inner {text-align:center !important;}

ဟုတ်ပြီ .. အဲဒါဆိုရင် ..
Blogger ကို Lon In ၀င်မယ်
Template ကိုသွားမယ်
Edit Template ကိုနှိပ်မယ်
]]></b:skin> ကိုရှာမယ်
သူ့ရဲ့အပေါ်မှာ #header-inner {text-align:center !important;}  ကို ကူးပြီးထည့်လိုက်မယ်
ပြီးရင် Save Template ကိုနှိပ်လိုက်မယ် ..
ဒါဆိုရင် ဘလော့ရဲ့ Title လေးဟာ Header ကြီးရဲ့ အလယ်တည့်တည့်ကို ရောက်သွားပြီပေါ့ ..
ဒီနည်းအတိုင်းပဲ အောက်က Title အမျိုးအစားတွေကိုလည်း အလယ်မှာ ထားလိုက်ရုံပါပဲ ..
နမူနာပုံကတော့ အောက်ကအတိုင်း ဖြစ်နေပါမယ်





h3.post-title { text-align:center; }  ကုဒ်ကိုကြည့်လိုက်တာနဲ့ သိသာပါတယ် Post Title တွေကို
အလယ်မှာ ထားတဲ့ကုဒ်ဆိုတာ
.sidebar h2 {text-align:center !important;}  ဒါကတော့ Sidebar မှာရှိတဲ့ Widget တွေရဲ့
title တွေကို အလယ်မှာ ထားတဲ့ကုဒ်ပါ
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ဘလော့ထဲက Title တွေကို Center မှာ ထားဖို့
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2013/06/title-center.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.