ဝင်းဒိုးစနစ်ထဲက လျှို့ဝှက်စွမ်းအားရှင် God Mode အကြောင်း

Posted by Unknown Senin, 31 Desember 2012 0 komentar
Windows စနစ်ထဲမှာ ကျွန်တော်တို့တွေအတွက် မသိသေး မမြင်ဖူးသေးတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေ လုပ်ဆောင်ချက်တွေ အများကြီးရှိပါတယ် .. တကယ်တမ်း အဲဒါတွေကို စုံစုံလင်လင်သိအောင် လေ့လာဖို့ဆိုတာကလည်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး ..
စိတ်ပါဝင်စားမှုလည်း ရှိဖို့လိုအပ်သလို အချိန်လည်း တော်တော်ပေးနိုင်မှသာ အထိုက်အလျောက် သိရှိနားလည်နိုင်မှာဖြစ်ပါတယ် ..
တကယ်တော့ အဲဒါတွေကို အစုံးအလင် သိကျွမ်းနားလည်မှု မရှိရင်လည်း ကျွန်တော်တို့အတွက် ဘာပြဿနာမှ ကြီးကြီကျယ်ကျယ်တက်စရာ အကြောင်းမရှိပါဘူး .. ဘာကြောင့်လဲဆိုတော့ ၀င်းဒိုးဆိုင်ရာ ပြဿနာတစ်ခုတိုင်း တစ်ခုတိုင်းအတွက် ဖြေရှင်းပေးနိုင်မယ် နည်းလမ်းတွေ ဆော့ဝဲတွေ ရှိနေလို့ပါပဲ ..

ဒါပေမယ့် .. လုံးဝ မသိတာထက်စာရင် နည်းနည်းလောက်သိထားတာက ၀ါးလုံးခေါင်းထဲ လ သာနိုင်မှာပါ ..
ဒါကြောင့် .. ကျွန်တော် လေ့လာဖူးတဲ့ ၀င်းဒိုးစနစ်ရဲ့ လည်ပတ်မောင်းနှင်ပုံတွေထဲက တော်တော်လေး စိတ်ဝင်စားစရာကောင်းသလို တော်တော်လည်း အသုံးတည့်မယ့် နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..
ဒီလိုဗျာ ..
ကျွန်တော်တို့က ၀င်းဒိုးစနစ်နဲ့ဆိုင်တဲ့ တစ်ခုခုကို ထည့်သွင်းချင်တယ် .. ပြင်ဆင်ချင်တယ် .. ဖယ်ထုတ်ချင်တယ်ပေါ .. အဲဒါဆိုရင် ကျွန်တော်တို့လုပ်ချင်တဲ့ Mode ရှိတဲ့နေရာကို ရှာဖွေပြီး ၀င်ရပါတယ် .. ဥပမာ .. Font တစ်ခုခုကို ထည့်မယ် .. ဒါမှမဟုတ် ဖြုတ်မယ်ပေါ့ .. ပုံမှန်အားဖြင့်တော့ Control Panel ထဲကိုဝင်ပြီး Font ဆိုတဲ့ ဖိုလ်ဒါကို ထပ်ဝင်ရပါတယ် ..
ဒါကလည်း လုပ်ဖူးတဲ့သူမှသာ တန်းသိတာပါ .. ကွန်ပြူတာကို အသုံးပြုတာမကြာသေးတဲ့လူတွေ အတွက်ကတော့ တော်တော်လေးကို ရှာရဖွေရနဲ့ အလုပ်ရှုပ်ပါတယ် ..
အခုကျွန်တော်ပြောမယ့် နည်းလေးက ၀င်းဒိုးစနစ်ကြီးတစ်ခုလုံးကို ထိန်းချုပ်မောင်းနှင် ပြုပြင်ပေးမယ့် Tool တွေ အားလုံးကို တစ်နေရာထဲမှာပဲ ရှာလိုက်ရုံနဲ့ သေချာပေါက် တွေ့မြင်နိုင်မယ့် Mode တစ်ခုကို ဖန်တီးတဲ့နည်းပါ ..
ဒီ Mode လေးက သူကိုယ်တိုင်ပဲ Tool တွေအားလုံးကို ဖန်တီးတည်ဆောက်ပြီး ၀င်းဒိုးစနစ်ကြီးတစ်ခုလုံးနဲ့ ချိတ်ဆက်လည်ပတ်နိုင်တဲ့ စွမ်းအားရှိတာကြောင့် သူ့ကို God Mode လို့ ခေါ်ပါတယ် .. ဂိမ်းကစားဖူးတဲ့သူတွေအနေနဲ့ကတော့ God Mode ဆိုတာ ဘယ်လို စွမ်းအားမျိုးရှိတယ်ဆိုတာ သိကြမှာပါ ..
ကဲ .. စလိုက်ကြစို့ ..
ပထမဆုံး ကြိုက်တဲ့နေရာမှာ .. ( ဥပမာ - Desktop ပေါ်မှာ .. D ထဲမှာ ... အဲဒီလို ) Folder အသစ်တစ်ခုတည်ဆောက်လိုက်ပါ .. ကျွန်တော်ကတော့ ၀င်းမရှိတဲ့ Partition တွေအားလုံးထဲမှာရော USB ထဲမှာပါ .. ဒီ God Mode ကို လုပ်ထားတယ် ..
အသစ်ရလာတဲ့ ဖိုလ်ဒါလေးကို Right Click နှိပ်ပြီး ကျလာတဲ့ထဲက rename ကိုနှိပ်ပါ ( Left Click ကို တစ်ချက်နဲ့တစ်ချက် ခဏခြားပြီး နှိပ်ရင်လည်း rename အဆင့်ကို ရောက်ပါတယ် )
ကဲ .. rename ကိုနှိပ်လိုက်လို့ နံမည်ပေးစရာ Select ၀င်သွားရင် အဲဒီနံမည်နေရာမှာ အောက်က ကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ ..

GodMode.{ED7BA470-8E54-465E-825C-99712043E01C}





အဲဒီကုဒ်တွေကို Paste လုပ်ပြီးလို့ Enter ကို ခေါက်လိုက်တာနဲ့ အဲဒီဖိုလ်ဒါလေးဟာ မျက်လှည့်ပြလိုက်သလိုပဲ ကျွန်တော်ဒီပို့စ်ရဲ့ အပေါ်ဆုံးမှာပြထားတဲ့ပုံအတိုင်း God Mode လေးဖြစ်သွားတာကို တွေ့ရပါမယ် ..
အဲဒီထက်ပိုပြီး အံ့သြစရာကောင်းတာက အဲဒီ God Mode ကို Double Click နှိပ်ပြီးဖွင့်ကြည့်လိုက်တာနဲ့ အထဲမှာ မြင်ရမယ့် မြင်ကွင်းပါပဲ ..
ဘာတွေလဲဆိုတာကိုတော့ ကျွန်တော် မပြောတော့ပါဘူး ..
သူငယ်ချင်းတို့ လက်တွေ့လုပ်ကြည့်တဲ့အခါမှာ သေချာပေါက် အံ့သြသွားမယ့် မြင်ကွင်းလေးဆိုတာကိုတော့ ကျွန်တော် အာမခံပါတယ် ..
ဒီ God Mode လေးကို အသုံးပြုပြီး ဗိုင်းရပ်ကိုက်လို့ Folder options ပျောက်တဲ့ ပြဿနာလိုမျိုး ကိစ္စတွေကို ဖြေရှင်းလို့ရပါတယ် ..
 ကဲ God Mode လေးနဲ့ ရင်ခုန်အံ့သြနိုင်ပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


   အိုင်တီမုဆိုး

Baca Selengkapnya ....

gmail အကောင့် free ဖွင့်ကြဦးစို့

Posted by Unknown Kamis, 20 Desember 2012 0 komentar


 ကျွန်တော် ဒီနည်းလမ်းကိုConfirm ဖြစ်ဖို့
 တော်တော်လေးကြိုးစားခဲ့ရသလို Confirm ဖြစ်တဲ့အချိန်မှာလည်း
 ရေးသင့်မရေးသင့် တော်တော်လေးစဉ်းစားခဲ့ပါတယ် .. ဘာကြောင့်လဲဆိုတော့ဒီနည်းလမ်းဟာ
 သေချာပေါက် အောင်မြင်တဲ့နည်းလမ်းတစ်ခုဆိုတာကိုတော့ ကျွန်တော်နမူနာလုပ်ပြထားတဲ့ ပုံတွေကိုက သက်သေခံနေပါလိမ့်မယ်
ဒါပေမယ့် .. ဒီနည်းက ကွန်နက်ရှင် တော်တော်ကောင်းတဲ့ အချိန်မျိုးမှာလုပ်မှ
အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် .. ကျွန်တော်ကိုယ်တိုင် ဒီအကောင့်တစ်ခုကို ဒီနည်းနဲ့ရဖို့ အကြိမ် သုံးဆယ်ကျော် စမ်းသပ်ခဲ့ရပါတယ် ..
သဘောတရားအရ သေချာပေါက်ရနိုင်တဲ့နည်းလမ်းဖြစ်မှန်းသိလျက်နဲ့ .. ဒီထဲမှာ နမူနာပြထားတဲ့ အကောင့်လေးတစ်ခုရဖို့ကို အကြိမ်သုံးဆယ်ကျော် လုပ်ကြည့်ခဲ့ရပါတယ် ..
ဘယ်လိုအခက်အခဲတွေကြုံတာလဲဆိုတာကိုတော့ ဒီနည်းလမ်းကို ရှင်းပြနေဆဲမှာပဲ ပြောသွားပါတယ် ..
ဒါကြောင့် .. ဒီနည်းလမ်းကို စမ်းသပ်လို့ အဆင်မပြေတာတွေရှိခဲ့ရင်လည်း ကိုယ့်ညီလေးတစ်ယောက်ရဲ့ သုတေသနပြုညံ့ဖျင်းမှုပဲလို့ နားလည်ပေးစေလိုပါတယ် ..

ကဲ .. ဒီနည်းရဲ့ အကျဉ်းချုပ်ကို အရင်ပြောပါမယ် .. ဒီနည်းကလည်း ကျွန်တော်ရေးခဲ့တဲ့ ပထမနည်းတုန်းကလိုပဲ Website တစ်ခုကနေ နံပါတ်တစ်ခုသွားယူပြီး အကောင့်ဖွင့်မှာပါ .. ဒါပေမယ့် ဒီနည်းမှာတော့ အရင်နည်းလို Google ကို Fake လုပ်တာမဟုတ်ပဲ .. တစ်ကယ် နံပါတ်ကို အသုံးချပြီး အဲဒီနံပါတ်ကို google ကပို့ခဲ့တဲ့ Verification Code ကို ရိုက်ထည့်ပြီးမှ Gmail အကောင့်သစ်တစ်ခု ဖွင့်တဲ့နည်းပါ ..
ဒီနည်းမှာသုံးမယ် Message အမျိုးအစားကတော့ Voice mail ပါ .. google က ချစ်မမကြီးရဲ့ အသံကို ကြားနိုင်မယ့်နည်းပေါ့ ..
ကဲ .. စကြစို့
ပထမဆုံး Browser ရဲ့ Address Bar မှာ http://voicemail.k7.net/signup/ လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ( မရရင် .. အဲဒီစာလုံးမှာ ကျွန်တော် လင့်ချိတ်ပေးထားပါတယ် .. အဲဒါကို နှိပ်လိုက်ရင် အဲဒီ Page ကို တိုက်ရိုက်ရောက်သွားပါမယ် )
အဲဒီိကိုရောက်တဲ့အခါ .. အောက်ကပုံအတိုင်း ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ .


ဒီနေရာမှာ email address ကို ကြိုက်တာထည့်ပေးလို့ရပါတယ် .. ကျွန်တော်လုပ်ပြတဲ့ထဲမှာ masteraeiou@gmail.com လို့ ထည့်ပြထားပါတယ် .. (အမှန်အကန် gmail အကောင့်နဲ့ သုံးမယ်ဆိုရင်လည်း ကိုယ့်ရဲ့ gmail address ထည့်ပေးလို့ရပါတယ် .. ဖုန်း အလကားပြောလို့ ရတာပေါ့)နောက်ပြီး gmail အကောင့်တစ်ခုတည်းနဲ့လည်း နံပါတ်တွေကြိုက်သလောက် ယူလို့ရတာကို တွေ့ရပါတယ် ..

security code နေရာမှာတော့ ကြိုက်တဲ့ဂဏန်း လေးလုံး ရိုက်ထည့်ပေးပါ .. (လေးလုံးပဲ ဖြစ်ရပါမယ်)

ကိုယ်ပိုင်နံပါတ်အဖြစ်သုံးချင်လို့ gmail address ကို အမှန်အကန်ဖြည့်မယ့်ဆိုရင် အပေါ်ဆုံးမှာ မှတ်ထားတဲ့ ဒုတိယစာကြောင်းက အမှတ်အစား ပထမစာကြောင်း  Send my messages to me email and .. ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်ပေးရမှာပါ (ကျွန်တော်က ကိုယ်ပိုင် gmail လိပ်စာထည့်ထားတာမဟုတ်လို့ ဒုတိယစာကြောင်း Do not send them to my email ... ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်လိုက်တာပါ ..

ကျန်တဲ့နေရာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပဲ တပ်ပေးလိုက်ပါ ..ဘာကြောင့်ဆိုတာကိုတော့ သက်ဆိုင်ရာစာကြောင်းတွေကို ဖတ်ကြည့်ရင် သဘောပေါက်မှာပါ ..

သူရေးခိုင်းတဲ့ စာလုံးနှစ်လုံးကို မှန်အောင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ရင် အောက်ကအတိုင်း ပွင့်သွားပါမယ်


အဲဒီထဲကကျွန်တော် အနီရောင်နဲ့ မျဉ်းသားပြထားတဲ့နံပါတ်တွေကို Select ပေးပြီး ကော်ပီယူပါ (နောက်ကို ကိုယ့်ရဲ့ ဒီအကောင့်ထဲပြန်ဝင်ချင်ရင် အဲဒီနံပါတ်တွေထဲက Hyphen (မျဉ်းတို) လေးတွေကိုဖြုတ်ပြီး ဂဏန်းချည်းပဲရိုက်ထည့် .. ကိုယ့်ထည့်ထားတဲ့ Security code လေးလုံးကို ရိုက်ထည့်ပြီး Sign In ၀င်ရမှာပါ)
ကဲ .. ကော်ပီကူးလာတဲ့ နံပါတ်တွေကို Notepad လေးဖွင့်ပြီး Paste လုပ် .. ပြီးရင် အဲဒီနံပါတ်တွေကို အောက်မှာပြထားသလို အသွင်ပြောင်းလိုက်ပါ ..
အဲဒါ .. United States က ဖုန်းနံပါတ်တစ်ခု ဖြစ်သွားရော .. အဲဒီ အသွင်ပြောင်းလိုက်တဲ့ နံပါတ်ကို ကော်ပီကူးယူလိုက်ပါ ..


 .. အကောင့်ကို Sign In ၀င်ဖို့ အပေါ်ဆုံးမှာ ရှိတဲ့ My K7 ဆိုတာကိုနှိပ်လိုက်ပါ ..


 ပွင့်လာတဲ့ထဲက ဖြည့်ရမယ့်နေရာမှာ အောက်ကပုံအတိုင်း ကိုယ့်ရဲ့နံပါတ်တွေကို Hyphen တွေဖြုတ်ပြီး ဂဏန်းတွေချည်းပဲထည့် Security code နေရာမှာ ကိုယ်ထည့်ခဲ့တဲ့ ဂဏန်းလေးလုံးကို ဖြည့်ပေးပြီး submit ကိုနှိပ်လိုက်ပါ..

လောလောဆည် ကိုယ့်အကောင့်ထဲမှာ ဘာ Mail မှ မရှိသေးလို့ အခုလိုပဲ မြင်ရပါမယ်

Browser မှာ Tab အသစ်ခေါ်ပြီး www.gmail.com ကို အကောင့်ဖွင့်သလိုပဲ သွားပြီး Create a new account ကိုနှိပ်ပါမယ် ..
အကောင့်သစ်အတွက် ဖြည့်ရမယ်နေရာတွေကို အတတ်နိုင်ဆုံး အမှားအယွင်းမရှိအောင် ဖြည့်ပေးပါ ..
mobile phone ထည့်ရမယ့်နေရာမှာ နိုင်ငံကို United States ကိုရွေးပြီး +1 ရဲ့ နောက်မှာ ကော်ပီကူးလာတဲ့ နံပါတ်တွေကို Paste လုပ်လိုက်ပါ .. Location နေရာမှာလည်း United States ကိုရွေးပြီး သူရိုက်ခိုင်းတဲ့ စာလုံးနှစ်လုံးကိုမှန်အောင်ရိုက်ထည့်ပါ .. I agree ...ရဲ့ရှေ့မှာ အမှန်ခြစ်တပ်ပါ .. အားလုံးကို သေချာအောင် ပြန်စစ်ပြီးပြီဆိုရင် Next Step ကိုနှပ်လိုက်ပါ ..



(ဒီနေရာမှာ အမှားအယွင်းမရှိအောင်လည်း ဖြည့်နိုင်ခဲ့မယ် .. ကံလေးလည်းကောင်းမယ်ဆိုရင် Verification code တောင်းတဲ့အဆင့်ကို ကျော်လွန်ပြီး အကောင့်သစ်တစ်ခု တစ်ခါတည်း ရသွားပါမယ် )
ရသွားရင်လည်း နောက်ထပ်တစ်ခုထပ်လုပ်ဖို့ ပြင်တာပေါ့ .. မရရင်လည်း အောက်ကအဆင့်ကို ရောက်လာပါမယ် ..

အဲဒီအဆင့်မှာ Voice mail ရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Continue ကိုနှိပ်လိုက်ရင်ကုဒ်ထည့်ရမယ့် အဆင့်ကိုရောက်ပါမယ်
ဒီအဆင့်မှာ သူ့ကို ခဏထားခဲ့ပြီး K7 အကောင့်ဖက်ကို ပြန်သွားပါမယ် .. အဲဒီမှာ  5 မိနစ်လောက်   စောင့်ပေးလိုက်ပါ .. My K7 ကိုနှိပ် .. Sign In ၀င်တဲ့အဆင့်အတိုင်းဖြစ်သွားပြီး ကိုယ့်ရဲ့ နံပါတ်ချည်းပဲ ( Hyphen မပါပဲ ) ရိုက်ထည့် .. Security code လေးလုံးကို ရိုက်ထည့်ပြီး Submit ကိုနှိပ် .. ကိုယ့်မေးထဲမှာ ဘာမှမရောက်သေးရင် .. gmail ကိုပြန်သွားပြီး Try again ကိုပြန်နှိပ် Voice mail မှာ အမှတ်တပ် Continue ကိုနှိပ် K7 ကိုပြန်လာ အရင်အဆင့်တွေအတိုင်းပဲ My K7 ကနေ ကိုယ့်အကောင့်ကိုဝင် (စိတ်ရှည်ရှည်စောင့်ရင် ပထမတစ်ကြိမ်တည်းနဲ့ ကိုယ့် K7 အကောင့်ထဲကို Google ကိုပို့တဲ့ Voice Mail ရောက်ပါတယ် .. )
ကိုယ့်မေးလ်ထဲမှာ google က Voice Mail ရောက်နေပြီဆိုရင်တော့ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ် ..


အဲဒီထဲက Voice Mail ရဲ့ Size ကိုကြည့်လိုက်ပါ .. ပျမ်းမျှအားဖြင့် 30KB နဲ့ 45KB အတွင်းမဟုတ်ပဲ အဲဒီထက်နည်းနေမယ်ဆိုရင် ဒေတာအပြည့်အ၀ မရောက်လို့ပါ ..
ဒီနည်းလမ်းရဲ့ အဓိက ပြဿနာက အဲဒါပါ .. ကွန်နက်ရှင်ကြောင့် ဒေတာတွေ အပြည့်မရောက်ပဲ google က ပို့လိုက်တဲ့ နံပါတ်ကို 6 လုံးလုံး အပြည့် မရလိုက်တဲ့အတွက် Verification code ဖြည့်တဲ့နေရာမှာတင် လက်လျှော့လိုက်ရတဲ့အကြိမ်တွေ မနည်းမနော ဖြစ်သွားတာပါ .. ကွန်နက်ရှင်ကောင်းနေရင်တော့ သေချာပေါက် အဆင်ပြေမှာပါ ..
ကဲ .. အဲဒီထဲက Save to Disk ကိုနှိပ်လိုက်ရင် အသံဖိုင်ကို ဒေါင်းယူပြီး သိမ်းဖို့ပါ .. Message ရဲ့အောက်က လင့်ကိုနှိပ်လိုက်ရင်လည်း အသံဖိုင်ကို ဒေါင်းသွားမှာပါ ..
ကဲ .. ရလာတဲ့အသံဖိုင်ကိုဖွင့်ပြီး နားထောင်လိုက်ပါ .. google က ချစ်မမကြီးရဲ့ အသံချိုချိုလေးကို ကြားရပါမယ် .. သာယာမနေပါနဲ့ နံပါတ်တွေကို လိုက်မှတ်ပါ .. အားလုံးပေါင်း 6 လုံးဖြစ်ရပါမယ် .. ဒီနေရာမှာ 6 လုံးမပြည့်ပဲ .. ပြတ်တောက်သွားတယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက ကွန်နက်ရှင်ကိုသာ အော်ဆဲပေတော့ဗျို့ .. ( ကျွန်တော်တောင် အကြိမ် သုံးဆယ်ကျော်မှရတာလို့ ပြောပြီးပြီနော် .. )
ကဲ .. ရလာတဲ့ ကုဒ် 6 လုံးကို အောက်မှာပြထားသလို ဖြည့်ပေးလိုက်ပါ ..


ပြီးရင် Continue ကိုနှိပ်လိုက်ပါ ..


အောင်မြင်သွားပါပြီ ..
ကဲ .. အားလုံးပဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


အိုင်တီမုဆိုး

Baca Selengkapnya ....

Gmail အကောင့်ဟောင်းထဲကမေးလ်တွေကို အကောင့်သစ်ဆီရွှေ့မယ်

Posted by Unknown 0 komentar
Facebook Group ထဲမှာမေးထားတာတွေ့လို့ ရိုးရိုးရှင်းပြဖို့လည်း ခက်လို့ ဒီပို့စ်ကို ရေးလိုက်တာပါ ..
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ Gmail အကောင့်အသစ်တစ်ခုကိုဖွင့်ပြီး အကောင့်ဟောင်းကို လုံးဝမသုံးချင်တော့ဘူးဆိုရင် အကောင့်ဟောင်းထဲက မေးလ်တွေကို နှမြောတတ်ကြပါတယ် .. အဲဒီမေးလ်တွေထဲမှာ ကိုယ့်သူငယ်ချင်းတွေရဲ့ စာတွေပါမယ် .. ကိုယ့်အတွက်အရေးကြီးတဲ့ သတင်းအချက်အလက်တွေပါ .. ဟိုဒင်းတွေပါမယ် .. ဒီဒင်းတွေပါမယ် .. ( ဟိဟိ )
ထားပါတော့ .. အခုကျွန်တော်က maungpinger@gmail.com ဆိုတဲ့အကောင့်ဟောင်းထဲက Mail တွေကို pingermaung@gmail.com ဆိုတဲ့အကောင့်သစ်ဆီကို ရွှေ့ပြပါမယ် ..

ကဲ .. ပထမဆုံး အကောင့်ဟောင်းဖြစ်တဲ့ maungpinger@gmail.com ဆိုတဲ့အကောင့်ကို Sign In ၀င်လိုက်ပါတယ် ..
ပြီးရင် ညာဖက်အပေါ်ဒေါင့်နားလေးက စက်သွားပုံလေးကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက Settings ကိုနှိပ်လိုက်ပါတယ် .. (ပုံတွေနဲ့ရှင်းပြထားပါတယ် .. ပုံတွေသေးနေရင် ၀ါးနေရင် ပုံပေါ်ကို မောက်စ်လေး တင်ပေးလိုက်ပါ )


အဲဒီလို Setting ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..


အဲဒီထဲကမှ Forwarding And POP/IMAP ကိုနှိပ်လိုက်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက ကျွန်တော်အနီရောင်နဲ့ ၀ိုင်းပြထားတဲ့နေရှာမှာ ကလစ်ပေးပြီး အမှတ်တပ်ပေးလိုက်ပါတယ် ..
ပြီးတော့ Save Changes ကိုနှိပ်လိုက်ပါတယ် ..
ပြီးတော့ အဲဒီအကောင့် ( maungpinger@gmail.com ) ကို Sign Out ထွက်လိုက်ပြီး အကောင့်အသစ် pingermaung@gmail.com ကို Sign In ၀င်လိုက်ပါတယ် ..
ပြီးတော့ အစပိုင်းတုန်းကလိုပဲ စက်သွားပုံကိုနှိပ် ... ကျလာတဲ့ထဲက Settings ကိုနှိပ်လိုက်ပါတယ် ..


ပြီးရင် အရင်အဆင့်အတိုင်းပဲ Forwarding And POP/IMAP ကိုနှိပ်လိုက်ပါတယ် .. ပုံထဲမှာ ပြထားတဲ့အတိုင်း အမှတ်လေးတွေတပ်ပြီး Save Changes ကိုနှိပ်လိုက်ပါတယ် ..


ပြီးတော့ အောက်မှာပြထားတဲ့ပုံအတိုင်း Accounts and Import ကိုနှပ်လိုက်ပါတယ်


Accounts and Import ကိုနှိပ်လိုက်တဲ့အခါ ကျလာတဲ့ထဲက Add a POP3 mail account you own ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Window အသစ်တစ်ခုနဲ့ ပွင့်လာပါတယ်


အဲဒီထဲက Email address ဆိုတဲ့နေရာမှာ ကျွန်တော့်ရဲ့ အကောင့်ဟောင်း maungpinger@gmail.com ကိုထည့်ပြီး Next Step ကို နှိပ်လိုက်ပါတယ် .. အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါတယ်..


အဲဒီထဲက User Name နေရာမှာ သူပေးတဲ့အတိုင်းထားပြီး Password နေရာမှာ အကောင့်ဟောင်းရဲ့ Password ကိုထည့်ပေးလိုက်ပါတယ် .. ပြီတော့ ကျွန်တော်အနီရောင်ဝိုင်းပြထားတဲ့နေရာတွေမှာ အမှန်ခြစ်တပ်ပေးလိုက်ပါတယ် .. ပြီးသွားတော့ Add account ကိုနှိပ်ပေးလိုက်ပါတယ် .. အဲဒီအခါမှာ အောက်ကပုံအတိုင်းပွင့်လာပါတယ် ..


အဲဒီထဲက No .... ဆိုတာရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Finish ကိုနှိပ်လိုက်ပါတယ် ..


ခဏလောက်စောင့်ပြီးရင် Browser ကို Refresh လုပ်ပေးလိုက်ရင် maungpinger@gmail.com ဆိုတဲ့ အကောင့်ဟောင်းထဲက Mail တွေ လက်ရှိရောက်နေတဲ့အကောင့် ( pingermaung@gmail.com ) ရဲ့ Inbox ထဲရောက်လာပါမယ် ..
ဒါဆိုရင်တော့ အဆင်ပြေပါပြီ .. အကောင့်ဟောင်းကိုတော့ ထားလိုထား ဖျက်လိုဖျက် .. ကိုယ်သဘောပဲ ဖြစ်သွားပါပြီ ...
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


   အိုင်တီမုဆိုး

Baca Selengkapnya ....

Blog Post မှာတင်လိုက်တဲ့ပုံတွေ သေးနေရင်

Posted by Unknown Rabu, 19 Desember 2012 0 komentar
ကျွန်တော်တို့ဟာ ဘလော့မှာ ပို့စ်တွေရေးတဲ့အခါ လိုအပ်ရင် ပုံလေးတွေနဲ့ ပြရတဲ့အခါမျိုးတွေရှိပါတယ် .. ဒါပေမယ့် ပုံတွေကို သာမာန်အတိုင်းတင်လိုက်ရင် Blogger က Fix လုပ်ပစ်လိုက်တဲ့အတွက် ကျွန်တော်တို့ရဲ့ပုံတွေဟာ ကိုယ်တင်ပြချင်သလောက် ထင်ရှားမှု .. ကြီးမားမှုမရှိတော့တဲ့အခါ စာဖတ်တဲ့ Visitor တွေအတွက် ပုံကို ကလစ်ပေးပြီးမှ ကြည့်နေရတာ အလုပ်ပိုသွားပါတယ် ..
အဲဒီတော့ ကျွန်တော်တို့တင်ချင်တဲ့ပုံကို အမှန်ကန်ဆုံးအရွယ်အစားအတိုင်း ကြည်ကြည်လင်ပြတ်ပြတ်သားသားမြင်နိုင်အောင် Edit HTML ကနေ ပြင်ရမယ့် ကုဒ်လေးတွေကို မျှဝေပေးလိုက်ပါတယ် ..

နမူနာကြည့်ချင်ရင်တော့ အောက်ကပုံပေါ်မှာ မောက်စ်လေးသာ တင်ကြည့်လိုက်ပေတော့ဗျို့ ..



Template ရဲ့ HTML မှာသွားပြင်ရမှာမို့ အရင်ဆုံး Template ကို Backup လုပ်ထားဖို့တော့ သတိရစေချင်ပါတယ် ..
ကဲ .. စကြစို့ ..
အရင်ဆုံး Template >> Edit HTML >> Proceed ဆိုပြီး အဆင့်ဆင့် ၀င်သွားပါ .. Expand ရဲ့ရှေ့မှာ အမှန်ခြစ်တပ်ပေးလိုက်ပါ ..
ပြီးရင်တော့  အောက်က ကုဒ်ကို လိုက်ရှာပါ ..

]]></b:skin>

အဲဒီကုဒ်ရဲ့ အပေါ်တည့်တည့်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီးထည့်လိုက်ပါ

.zoom_img img{

height:50px;
width:50px;
-moz-transition:-moz-transform 0.1s ease-in;
-webkit-transition:-webkit-transform 0.1s ease-in;
-o-transition:-o-transform 0.1s ease-in;
}

.zoom_img img:hover{
-moz-transform:scale(2);
-webkit-transform:scale(2);
-o-transform:scale(2);
}




ပြီးရင်တော့ Save Template လုပ်လိုက်ပါ .. Error မတက်ရင် အဆင်ပြေသလောက်ဖြစ်သွားပါပြီ .. (ကျွန်တော် စမ်းကြည့်တာတော့ Template Platform အမျိုးအစားအားလုံးနီးပါးမှာ Error တက်တာ မတွေ့ရပါဘူး)
ကဲ .. ပို့စ်ထဲက ဒီကုဒ်တွေရဲ့ Effect ကိုထည့်သုံးချင်တဲ့ပုံအတွက် HTML mode ကနေ အောက်ကကုဒ်ပုံစံအတိုင်း ထည့်ပေးရပါမယ်

<div class="zoom_img" >
<img src="ဒါက ကိုယ့်ပုံရဲ့လင့်"  title="ဒါကရေးချင်တဲ့စာရေး" />
</div>
ဥပမာ .. ကျွန်တော် နမူနာပြထားတဲ့ပုံရဲ့လင့်က

http://i1340.photobucket.com/albums/o733/itmotesoee/Fix%20It/1_zpsef4f982e.png ဗျာ

အဲဒီတော့ ကျွန်တော်က  Edit Post ရဲ့ HTML mode ဖက်ကနေ ဒီလိုထည့်လိုက်တာပေါ့

<div class="zoom_img" >
<img src="http://i1340.photobucket.com/albums/o733/itmotesoee/Fix%20It/1_zpsef4f982e.png"  title="Magnify image on mouse hover using CSS" />
</div>
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


    အိုင်တီမုဆိုး

Baca Selengkapnya ....

Folder အိုင်ကွန်လှလှလေးတွေပါ

Posted by Unknown 0 komentar
ဘာရယ်ဟုတ်ပါဘူး .. ကိုယ့်ရဲ့ Desktop ကို အလှဆင်ရတာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ပါ
ကိုယ့်မှာရှိတဲ့ Folder လေးတွေကို ၀င်းဒိုးမှာပါပြီးသား အိုင်ကွန်ပုံတွေအစား တခြားအိုင်ကွန်လှလှလေးတွေနဲ့ အစာထိုးချင်ရင် အရင်ဆုံးကိုယ့်ဆီမှာ .ico ဆိုတဲ့ Extension နဲ့ အိုင်ကွန်ဖိုင်လေးတွေအရင်ဆုံးရှိထားရပါမယ် .. အဲဒီလို အိုင်ကွန်ဖိုင်အမျိုးအစားလေးတွေကို စုစည်းပြီး ဖိုလ်ဒါတစ်ခုထဲမှာထည့် .. ၀င်းဒိုးရှိတဲ့ Partition (ဥပမာ- C ပေါ့) အဲဒါကိုဖွင့်လိုက်ပါ .. ပွင့်လာတဲ့ထဲက Windows ဆိုတဲ့ ဖိုလ်ဒါကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Administrator Prompt တက်လာခဲ့ရင် Ok တို့ Continue တို့ကို နှိပ်ပေးလိုက်ပါ ..
အဲဒီ Windows ဆိုတဲ့ဖိုလ်ဒါပွင့်သွားရင် အဲဒီထဲက System 32 ဆိုတဲ့ဖိုလ်ဒါကို ထပ်ဖွင့်ပါ ..

အဲဒီ System 32 ဆိုတဲ့ဖိုလ်ဒါထဲကို အစောပိုင်းက အိုင်ကွန်တွေစုထည့်ထားတဲ့ ဖိုလ်ဒါကို ကော်ပီကူးပြီး ထည့်လိုက်ပါ .. ဒီနေရာမှာလည်း Administrator Prompt တက်လာရင် Continue ကိုနှိပ်ပေးလိုက်ပါ ..
တကယ်တော့ အိုင်ကွန်ဖိုလ်ဒါကို အဲဒီထဲသွားမထားလည်း ရပါတယ် .. တခြားနေရာမှာထားရင် မတော်တဆ မှားဖျက်မိမှာရယ် .. အိုင်ကွန်ပြောင်းဖို့ ၀င်းဒိုးက Search လုပ်မယ်ဆိုရင် System 32 ကို ပထမဦးစားပေးပြီး ရှာတာကြောင့်ရယ် .. System 32 ထဲကို အိုင်ကွန်ဖိုလ်ဒါ ထည့်ခိုင်းတာပဲဖြစ်ပါတယ် .. ကိုယ့်စိတ်ကြိုက် ထားချင်တဲ့နေရာမှာထားနိုင်ပါတယ် ..
လောလောဆည် ကိုယ်တိုင် အိုင်ကွန်ဖိုင် မလုပ်တတ်သေးရင်ပဲဖြစ်ဖြစ် လုပ်ဖို့ အချိန်မပေးနိုင်သေးရင်ပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာရှိထားပြီးသား အိုင်ကွန်ဖိုင်တချို့ကို တင်ပေးလိုက်ပါတယ် .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ



ကဲ .. သိပ်မကျွမ်းကျင်သေးသူတွေအတွက် လုပ်ပုံလုပ်နည်းကို ပြောပြပါမယ် .. ဒေါင်းလို့ရလာတဲ့ ဖိုင်ကိုဖြည်ပြီး အထဲက icons folder ကို C >> Windows >> System 32 ဆိုပြီး အဆင့်ဆင့်ဖွင့်ဝင်ပြီး ထည့်ပေးလိုက်ပါ .. (ကိုယ်ကြိုက်တဲ့နေရာမှာ သွားထားလို့ရတယ်နော်)
ပြီးရင်တော့ ကိုယ်အိုင်ကွန်ပြောချင်တဲ့ဖိုလ်ဒါကို အောက်မှာ ပြထားတဲ့အတိုင်း Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက အောက်ဆုံးမှာရှိတဲ့ Properties ကိုနှိပ်ပေးလိုက်ပါ ..


အဲဒီလို Properties ကိုနှိပ်ပေးလိုက်ရင် ပွင့်လာတဲ့ထဲက Customize ကိုနှိပ်ပြီး အောက်ဆုံးမှာရှိတဲ့ Change Icon ဆိုတာကိုနှိပ်ပေးလိုက်ပါ


အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Browse ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း System 32 ဖိုလ်ဒါပွင့်လာပါမယ် ..


အဲဒီထဲကမှ ကိုယ်ထည့်ထားတဲ့ အိုင်ကွန်ဖိုလ်ဒါကိုရှာပြီး Double Click နှိပ်ပြီးဖွင့်လိုက်ပါ ..


ပွင့်လာတဲ့ထဲက ကိုယ်ကြိုက်တဲ့အိုင်ကွန်ကို ကလစ်ပေးပြီး အောက်မှာရှိတဲ့ Open ကိုနှိပ်လိုက်ရင် အောက်ကနေရာကို ရောက်လာပါမယ် ..


အဲဒီထဲက Ok ကိုနှိပ်ပေးလိုက်ရင် အောက်ကနေရာကို ပြန်ရောက်လာပါမယ် ..


အဲဒီထဲကမှ Apply ကိုနှိပ် .. ပြီးရင် Ok ကိုနှိပ်ပေးလိုက်တာနဲ့ သူငယ်ချင်းတို့ရဲ့ ဖိုလ်ဒါလေးဟာ ကိုယ်ရွေးချယ်လိုက်တဲ့ အိုင်ကွန်ပုံလေးအဖြစ်ပြောင်းသွားပါမယ် .. ချက်ချင်းမပြောင်းဘူးဆိုရင် Refresh လုပ်ပေးလိုက်ပါ ..
ကဲ .. ဖိုလ်ဒါလှလှလေးတွေနဲ့ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


     အိုင်တီမုဆိုး

Baca Selengkapnya ....

ဝင်းဒိုးပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော်

Posted by Unknown Selasa, 18 Desember 2012 0 komentar
ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် ..
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် ..
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် ..
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...

ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ ..
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် ..
ကျွန်တော် .. ဒီဆော့ဝဲလေးကို Microsoft Forum ထဲက ရလာတာခင်ဗျ ..
ရလာပုံကိုပြောပြဦးမယ် ..
ကျွန်တော်က ၀င်းဒိုးရဲ့ အရေးပါတဲ့အပိုင်းတွေဖြစ်တဲ့ System 32 တို့ Registry ပိုင်းတို့ကို ကလိရတာ စိတ်ဝင်စားပါတယ် ..
ဒါနဲ့ .. တစ်နေ့တော့ Registry ပိုင်းထဲက တစ်ခုကို ၀င်ပြီး ကလိထည့်လိုက်တာ .. Restart ကျပြီးလို့ ၀င်းဒိုးလည်း ပြန်တက်လာရော
ကျွန်တော့်ရဲ့ Desktop ပေါ်က အိုင်ကွန်တွေအားလုံး Notped ဖိုင်ရဲ့ ပုံစံတွေဖြစ်နေရော ..
Photoshop ဆိုတဲ့ အိုင်ကွန်ကိုဖွင့်ရင် Firefox ကြီးပွင့်လာတယ် ..
Firefox ကိုဖွင့်လိုက်တော့ my computer ကြီးပွင့်လာတယ် ..
အဲဒီလိုပဲ .. တခြား အိုင်ကွန်တွေကို ဖွင့်လိုက်ရင်လည်း မဆိုင်တဲ့ Program တွေပဲပွင့်လာတယ် ..
အဲ .. ပိုဆိုးတာက .. Photoshop အိုင်ကွန်ကိုဖွင့်ရင် Firefox ပွင့်တယ်လို့မှတ်ထားပြီး နောက်တစ်ခါ Firefox ဖွင့်ချင်လို့ Photoshop အိုင်ကွန်ကိုဖွင့်လိုက်ရင်
Control Panel ကြီး ထပွင့်လာပြန်ရောဗျို့ ..
အဲဒါနဲ့ ကျွန်တော့မှာရှိတဲ့ Registry Cleaner တို့လို ဆော့ဝဲမျိုးတွေကို Run လိုက်ပြန်တော့လည်း Shutdown ပဲကျကျသွားတယ် .. Repaired က ဖြစ်မသွားဘူး
အဲဒါနဲ့ .. Miscrospot Forum ထဲမှာ လှည့်ပတ်ပြီးမွှေလိုက်တော့ အခုဆော့ဝဲလေးကို တွေ့တာနဲ့ ဒေါင်းပြီး စမ်းလိုက်တာ .. မိုက်တယ်ဗျို့ ..
သူ့ဖာသာသူ Error ကိုရှာတယ် .. လိုတဲ့ဖိုင် ပျောက်နေတဲ့ဖိုင်ကို သူ့ဖာသာသူ ချိတ်ဆက်ပြီး ဒေါင်းယူတယ် ပြန်ပြင်တယ် ..
ဟိဟိ .. နောက်ပိုင်းတော့ ကျွန်တော်လည်း ၀င်းဒိုးမှာဘာဖြစ်ဖြစ် .. သူ့ကိုပဲ ပြင်ခိုင်းလိုက်တာ .. အခုအချိန်ထိ သူမပြင်ပေးနိုင်တဲ့ error မကြုံဖူးသေးဘူး ..
တစ်ခုတော့ရှိတာပေါ့ .. သူက ၀င်းဒိုးပိုင်း (၀င်းဒိုးမှာမှ Miscrosoft ၀င်းဒိုးမျိုး) ကိုပဲ ပြင်ပေးနိုင်တယ် .. ဗိုင်းရပ်ကြောင့် ၀င်းဒိုးဖိုင်တွေပျက်သွားတယ် ..
သူက အဲဒီပျက်သွားတဲ့ဖိုင်ကို ရှာပြီးဒေါင်းယူပေးတယ် .. စက်ထဲမှာ Install ပြန်လုပ်ပေးတယ် .. (ဗိုင်းရပ်စ်ကိုတော့ သူ ရှင်းမပေးနိုင်ဘူး)
နောက်တစ်ခုရှိသေးတယ် .. Miscrosoft ကထုတ်တဲ့ ဆော့ဝဲတွေမှာတက်တဲ့ Error တွေကိုလည်း သူက ပြုပြင်ပေးတယ်ဗျ ..
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ၀င်းဒိုးပြဿနာတွေကို ပြုပြင်ခိုင်းမယ်ဆိုရင်တော့ အရင်ဆုံး ဗိုင်းရပ်ကို ရှင်းပြီးမှ ဒီဆော့ဝဲကိုသုံးပေါ့ဗျာ ..
ကဲ .. စမ်းကြည့်ချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူလိုက်ပါ ..



ဒေါင်းလို့ပြီးသွားပြီဆိုရင် အသုံးပြုနည်းကို ကျွန်တော်သုံးကြည့်တုန်းက ပုံတွေနဲ့ အသေးစိပ်ပြောပြပါမယ် .. တကယ်လို့ ပုံတွေ ၀ါးနေရင် သေးနေရင် ပုံပေါ်ကို မောက်စ်လေးတင်လိုက်ပါ ..
ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ရင် အထဲမှာပါတဲ့ Fix it portable ဆိုတဲ့ ဂွလေးကိုင်ထားတဲ့ လူပုံ Application ဖိုင်လေးကို Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Run as administrator
ဆိုတာလေးကို နှိပ်လိုက်ပါ .. Administrator Prompt တက်လာရင် Ok တို့ Yes တို့ နှိပ်ပေးလိုက်ပါ ..


အဲဒီအခါ အောက်ကပုံအတိုင်း Configure လုပ်နေပါလိမ့်မယ် ..


တစ်ကယ်လို့ ကိုယ့်ဆီမှာရှိတဲ့ဝင်းဒိုးအတွက် Fix it ဖိုင်တွေလိုသေးတယ်ဆိုရင် အောက်ကပုံအတိုင်း ဒေါင်းခိုင်းတဲ့ပုံ တက်လာပါမယ် ..


accept ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံလေးတက်လာပါမယ် ..



အဲဒီထဲက Browse ဆိုတာကိုနှိပ်ပြီး အခုဒေါင်းမယ့် Fix it ဖိုင်ကို သိမ်းဆည်းမယ့်နေရာကို ရွေးပေးလိုက်ပါ .. ပုံထဲမှာ ကျွန်တော်က F ဆိုတဲ့ Partition ထဲမှာ သိမ်းဖို့ ရွေးထားပါတယ် .
ပြီးရင် The computer already ... ဆိုတဲ့ရှေ့မှာ အမှန်ခြစ်တပ်ပေးလိုက်ပါ .. (မတပ်ရင် သူညွှန်းထားတဲ့ Shell ဖိုင်ကိုပါ ရှာပြီးဒေါင်းမှာမို့ တော်တော်ကို ကြာသွားပါမယ်)
ပြီးရင် Save ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း လိုအပ်တဲ့ဖိုင်တွေကို ဒေါင်းနေပါလိမ့်မယ် .. ဒေါင်းမယ့် ဖိုင်ဆိုဒ်က အနည်းဆုံး 10mb ကနေ အများဆုံး 42mb လောက်ထိရှိပါတယ်
ဝင်းဒိုး Platform အမျိုးအစားနဲ့ Error အရေအတွက်ပေါ်မူတည်ပြီး ကွဲပြားပါတယ် .. 40mb ဒေါင်းမယ်ဆိုပြီး ပြထားပေမယ့် .. 11mb လောက်ပဲဒေါင်းပြီး ပြီးသွားတာမျိုးတွေလည်း ရှိပါတယ်


ဒေါင်းတဲ့အဆင့်ပြီးသွားရင် အောက်ကပုံတက်လာပါမယ် ..


ဒီအဆင့်ရောက်ရင်တော့ Finish ကိုနှိပ်ပေးလိုက်ပါ ..
ကဲ .. လိုတာဒေါင်းတဲ့အဆင့်ပြီးရင် .. ပြင်မယ့်အဆင့်ကို စပါမယ် ..
ဒီအဆင့်ရောက်ပြီဆိုရင် ကျွန်တော့်ဆီက ဒေါင်းယူထားတဲ့ ဆော့ဝဲကို Delete လုပ်ပစ်မယ်ဆိုလည်းရပါပြီ ..
ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဆော့ဝဲက အခုလို ပြည့်စုံတဲ့ Fix It Portable ကိုဒေါင်းနိုင်အောင်ပဲ ကူညီပေးတာမို့ပါ ..
ဒါပေမယ့် ၀င်ဒိုးမှာလိုတဲ့ ဖိုင်တွေက ကျွန်တော့်ဆီကဖိုင်နဲ့တင်လုံလောက်တယ်ဆိုရင်လည်း အပေါ်မှာပြောခဲ့တဲ့ လိုအပ်တာကိုဒေါင်းတဲ့အဆင့်တွေ
တက်လာမှာမဟုတ်တော့ပါဘူး .. ကျွန်တော်ကလည်း နောက်ဆုံး Update အဖြစ်ဆုံးဖိုင်တွေကိုဒေါင်းပြီး Portable အဖြစ် Offline သုံးနိုင်အောင်
လုပ်ပေးထားလို့ပါ .. ( အင်တာနက်ချိတ်ဆက်မထားတဲ့အချိန်မှာလည်း ကျွန်တော့်ရဲ့ဖိုင်ကိုပဲ သုံးလို့ရပါတယ် )
ကဲ .. ပြင်တဲ့အပိုင်းကို ဆက်ကြစို့ ..
ဒေါင်းလို့ရလာတဲ့ဖိုင် (ဒေါင်းဖို့လိုလို့ ဒေါင်းလိုက်ရတယ်ဆိုရင် အဲဒီထဲကဖိုင် .. ဒေါင်းစရာမလိုရင် အခုလာမယ့်အဆင့်ကို ချက်ချင်းရောက်ပါမယ်)
Fix It Portable ဆိုတဲ့ ဂွကိုင်ထားတဲ့ လူပုံလေးကို Right Click နှိပ်ပြီး ကျလာတဲ့ထဲက Run as administrator ကိုနှိပ်လိုက်ပါ
Administrator Prompt တက်လာရင် OK ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံလေးတက်လာပါမယ် ..


အဲဒီထဲက .. Run now ဆိုတဲ့ အစိမ်းရောင်လေးတွေထဲက တစ်ခုကိုနှိပ်လိုက်ပါ .. ၀င်းဒိုးရဲ့ ဘယ်အပိုင်းက Error တက်တာလို့ နားလည်ရင်လည်း
အဲဒီထဲမှာ Error တက်တဲ့အပိုင်းကိုပဲရွေးပြီး Run now ကိုနှိပ်ပေးလိုက်ရင် အချိန်ကုန်သက်သာတာပေါ့ .. ဥပမာ - အပေါ်ဆုံး tool က Desktop ပေါ်မှာရှိတဲ့
အိုင်ကွန်တွေ Error တက်နေတာတွေ အိုင်ကွန်အောက်ကစာတွေနောက်မှာ အပြာရောင် Hightlight ဖြစ်နေတာတွေ .. အဲဒါမျိုး error တွေကို ပြုပြင်ပေးမယ့်
နေရာပါ .. ကျွန်တော် အဲဒီတစ်ခုကို Run now လုပ်ပြထားပါတယ် .. Run now ကိုနှိပ်လိုက်တဲ့အခါ .. ခဏလောက်စစ်ဆေးပြီးတာနဲ့ အောက်ကပုံလေးတက်လာပါမယ်


အပေါ်ကဟာက သူ့ကိုအလိုလိုပြင်ခိုင်းတာဖြစ်ပြီး အောက်ကဟာကတော့ ကိုယ်ပြင်ချင်တာကိုပဲ ရွေးပြင်ခိုင်းဖို့ပါ .. ကျွန်တော်ကတော့ သူ့ကိုပဲပြင်ခိုင်းမှာမို့
အပေါ်ကတစ်ခုကိုနှိပ်လိုက်ပါတယ် .. ပြင်စရာရှိတာတွေပြင်ပြီးရင် ဖိုင်တွေဒေါင်းစရာလိုလာရင်လည်း သူကဒေါင်းခိုင်းပါလိမ့်မယ်
ကိုယ်က accept လုပ်ပေးရုံပါပဲ . ( Updated ကို Run နေတာမို့ ဒေါင်းစရာမလိုတာက များပါတယ် .. ) ပြီးရင်တော့ အောက်ကပုံလေးတက်လာပါမယ်


အဲဒီထဲက View report details ဆိုတာကိုနှိပ်ပြီးကြည့်လိုက်ရင် သူ Check လုပ်ပြီးခဲ့တာတွေ .. သူပြင်ပေးသွားတဲ့နေရာတွေကို အစိမ်းရောင်အမှန်ခြစ်လေးနဲ့ ပြပေးထားမှာဖြစ်ပါတယ်


နောက်တစ်ဆင့်သွားဖို့ Next  ကိုနှိပ်ပေးလိုက်ပါ .. နောက်တက်လာမှာက အခုပုံရဲ့ အပေါ်ကပုံပါပဲ .. Cancel ကိုနှိပ်ပေးလိုက်ပါ
နောက်ထပ် Error တွေကို ဆက်ရှင်းဖို့တော့ Task Bar ပေါ်မှာ Fix It ရဲ့ အိုင်ကွန်လေးရှိနေတာကို နှိပ်ပေးလိုက်ရုံပါပဲ .. နောက်ထပ် Run now တစ်ခုကိုထပ်နှိပ် .. ကျန်တဲ့အဆင့်တွေအကုန်လုံး အတူတူတွေချည်းမို့ ဒီတစ်ဆင့်နဲ့ပဲ တော်လိုက်ပါရစေ ..
ကဲ .. ဒေါင်ဒေါင်မြည်ကျန်းမာတဲ့ ၀င်းဒိုးတစ်ခုနဲ့ ပျော်ရွှင်နိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


   အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.