Dot Net Framework ဆိုင်ရာ ပြဿနာများအတွက်

Posted by Unknown Rabu, 31 Juli 2013 0 komentar
.Net Framework ဆိုတာ နားလည်လွယ်အောင် ပြောရရင် ပရိုဂရမတစ်ခု လှုပ်ရှားရမယ် လမ်းကြောင်းလို့ ဆိုရမှာပါ

ဆော့ဝဲတစ်ခုအတွက် သူလှုပ်ရှားရမယ့်လမ်းကြောင်းမရှိရင် အဲဒီစက်ထဲမှာ ဘာမှသုံးလို့မရတော့ပဲ Error တွေနဲ့ပဲ ရပ်တည်နေမှာဖြစ်ပါတယ်
ဥပမာ- ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ရထားသံလမ်းတွေပေါ်မှာ ကျည်ဆံရထားတစ်စင်းလောက်
ခုတ်မောင်းသွားလို့ ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားကြည့်ရအောင်

ရထားသံလမ်းတွေ တဖြောင်းဖြောင်းနဲ့ ပြုတ်ထွက်ပြီ အဲဒီ ကျည်ဆံရထား တိမ်းမှောက်လွင့်စင်သွားမှာပေါ့


ကျည်ဆံရထားဟာ ဆော့ဝဲတစ်ခုဖြစ်မယ်ဆိုရင် ရထားသံလမ်းကတော့ .net framework လို့ ဆိုရမှာဖြစ်ပါတယ်
ကျည်ဆံရထားခုတ်မောင်းနိုင်တဲ့ ရထားသံလမ်းမျိုး မတည်ဆောက်ထားသရွေ့ အဲဒီကျည်ဆံရထားကို အလကားရခဲ့လည်း ကျွန်တော်တို့နိုင်ငံမှာ အသုံးပြုနိုင်မှာမဟုတ်ပါဘူး ..
ကဲ .. အဲဒီတော့ ဒီဖက်နှစ်တွေမှာ အသစ်ထွက်ရှိလာတဲ့ ဆော့ဝဲတွေကို Install လုပ်တဲ့အခါမှာ
ပြဿနာတက်တက်နေတဲ့ Framework တွေကို အလွယ်တကူ Download ယူနိုင်မယ့် လင့်လေးတွေကို
ရှာဖွေစုစည်းပြီး မျှဝေပေးလိုက်ပါတယ် ...
သက်ဆိုင်ရာ ဗားရှင်းအလိုက် ဒေါင်းယူ Install လုပ်လိုက်ရုံပါပဲ ...

1..net framework 4.5 (32bit and 64bit)

ကျွန်တော့်ဘလော့ထဲက ဒီပို့စ် မှာလည်း ဒေါင်းယူနိုင်ပါတယ်

2. .net framework 3.5 (32bit and 64bit)

3. .net framework 3.5 Service Part 1

4. .net framework 3.0 ( 32bit)
   
    .net framework 3.0 (64bit)


5. .net framework 2.0 (32bit)

    .net framework 2.0 (64bit)





ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Baca Selengkapnya ....

Blogger နှင့် Jump Break ( Read More Link) ဆိုင်ရာ နည်းပညာများ

Posted by Unknown 0 komentar
Blog တစ်ခုမှာပဲဖြစ်ဖြစ် Website တစ်ခုမှာပဲဖြစ်ဖြစ် Jump Break လို့ခေါ်တဲ့ Read More Link ဟာ မရှိမဖြစ်အရေးပါတဲ့ Function တစ်ခုဖြစ်ပါတယ် ..

Jump Link ဟာ Post တွေကို အမြင်ရှင်းရှင်းနဲ့ စုစည်းဖော်ပြပေးစေနိုင်သလို အလည်လာသူတွေအတွက်
Loading time ကိုလည်း သက်သာစေပါတယ်

သာမာန် Template တော်တော်များများအတွက် Jump Break ထည့်တယ်ဆိုတာ သိပ်ခက်ခက်ခဲခဲ မလုပ်ရပါဘူး ..


ကိုယ် Jump Link ထည့်ချင်တဲ့နေရာမှာ ကလစ်တစ်ချက်ပေးပြီး အပေါ်မှာရှိတဲ့ Tool တွေထဲက Insert Jump Break ဆိုတာလေးကို နှိပ်ပေးလိုက်ရုံနဲ့ Read More Link လေး ၀င်သွားပြီဖြစ်ပါတယ်






ဒီလိုမှမဟုတ်ရင်လည်း HTML mode ကနေ၀င်ပြီး ကိုယ် Jump Break ထည့်ချင်တဲ့နေရာမှာ
<!-- more -->   ဆိုတဲ့ကုဒ်လေးကို ထည့်ပေးလိုက်ရင် Read More Link လေး ၀င်သွားမှာဖြစ်ပါတယ်





အဲ .. အချို့သော Template တွေမှာတော့ အပေါ်ကနည်းတွေနဲ့ အဆင်မပြေတဲ့အခါ အကြမ်းနည်းသုံးပြီး
Jump Break ထည့်ရပါတယ် ..

<div> ဒါက ပို့စ်အပေါ်ပိုင်းနည်းနည်း </div>
<!-- more -->
<div>ဒါက ကျန်နေတဲ့ပို့စ်အောက်ပိုင်းအားလုံး</div>

အဲဒီလို HTML mode ကနေ၀င်ပြီး ပို့စ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို <div> .. </div> တွေနဲ့ အလုံပိတ်ပြီး <!-- more --> နဲ့ ခြားပေးလိုက်မှ Jump Break ပေါ်လာတဲ့ Template အချို့လည်း ရှိပါသေးတယ် ..

Template အချို့မှာတော့ Jump Break ကို Function အနေနဲ့ပါ ရေးမထားတာမျိုးတွေ ရှိတတ်ပြန်ပါသေးတယ် ..
အဲဒီလို Template မျိုးကိုတော့ နည်းနည်းလေး ပြင်ရတာ လက်ဝင်ပါတယ် ..
အပေါ်ကနည်းတွေနဲ့မှ အဆင်မပြေတဲ့ Template မျိုးကို ပြင်မယ်ဆိုရင်တော့ Blogger Dashboard ကနေ
Template ကို သွားပါ ( အရင်ဆုံး အမှားအယွင်းဖြစ်သွားခဲ့ရင် Restore ပြန်လုပ်နိုင်အောင် Template တစ်ခုလုံးကို Download ယူပြီး Backup လုပ်ထားပါ)

Edit HTML ကိုနှိပ်ပြီး  <data:post.body/> ကို လိုက်ရှာပါ

တွေ့ပြီဆိုရင် အဲဒီ <data:post.body/> ရဲ့ အနောက်မှာအာက်ကကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးပါ

<b:if cond='data:post.hasJumpLink'>
    <div class='jump-link'>
    <a expr:href='data:post.url + "#more"'><data:post.jumpText/></a>
    </div>
    </b:if >


ပြီးရင် Preview template ကိုနှိပ်ပြီး ကြည့်ပါ Error မတက်ရင် အဆင်ပြေပါပြီ .. Save template ကို နှိပ်လိုက်ပါ
တကယ်လို့ Error တက်တယ်ဆိုရင်တော့ အဲဒီကုဒ်တွေကို ပြန်ဖျက်ပြီး Save template ကို နှိပ်ပါ

အပေါ်ကနည်းကတော့ Template ရဲ့ Post Editor မှာ Jump Break Function ထည့်တဲ့နည်းမို့ အလုပ်သင့်ဆုံးနည်းဖြစ်ပါတယ် ( Jump Break မပါတဲ့ Template တွေအတွက်ပါ)

အဲဒီလို အဆင်မပြေရင်တော့ Template ကနေ Edit template ကို သွားပါ
Advanced ကနေ Add CSS ကို နှိပ်ပါ ..
ပွင့်လာတဲ့ထဲက CSS ကုဒ်ထည့်ရမယ့် အကွက်မှာ အောက်က CSS ကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ

.jump-link a {
    background: #ffff00;
    padding: 3px;
    color: #fff;
    }


#ffff00 နဲ့ #fff ကတော့ Read More ရဲ့ အောက်ခံအရောင်နဲ့ စာလုံးအရောင်တွေပါ
ကိုယ်နှစ်သက်ရာ အရောင်ကုဒ်ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်

များသောအားဖြင့်လည်း အပေါ်မှာပြောခဲ့တဲ့နည်းတွေက error မတက်ပဲ အောင်မြင်လေ့ရှိပါတယ်
တကယ်လို့ ဘယ်နည်းနဲ့ မှ အဆင်မပြေဘူးဆိုရင် အဲဒီ template ရဲ့ .xml ဖိုင်ကို ကျွန်တော့် mail ထဲပို့ပေးခဲ့ပါ ကျွန်တော်ကုဒ်တွေကို ပြန်စစ်ကြည့်ပြီး Jump Break ထည့်ပြီး ပြန်ပို့ပေးပါ့မယ်
ကဲ .. Jump Break မပါတဲ့ Template ကို Jump Break ထည့်တဲ့နည်းတော့ ဒီနေရာမှာ နားလိုက်ကြစို့
အောက်မှာ Jump Break နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ဖြေရှင်းပေးထားပါတယ်

၁။ Read More Link ကို ညာဖက်မှာထားနည်း

Edit HTML ကနေ Template ကုဒ်ကိုဖွင့်ပါ
ပွင့်လာတဲ့ထဲမှာ <div class='jump-link'> ဆိုတာကို လိုက်ရှာပါ

တွေ့ပြီဆိုရင် အဲဒီကုဒ်နေရာမှာ <div class='jump-link' align='right'> ကို အစားထိုး ပေးလိုက်ပါ

ပြီးရင် Save Template ကိုနှိပ်ပါ  ( တစ်ခါတစ်ခါမှာ <div class='jump-link' align='left'> လို့လည်း
တွေ့တတ်ပါတယ် .. အဲဒါဆိုရင် အဲဒီ left ဆိုတဲ့နေရာမှာ right လို့ ပြောင်းပေးလိုက်ရုံပါပဲ)


၂။ Read More Link ကို ပုံနဲ့ အစားထိုးနည်း


Edit HTML ကနေ Template ကုဒ်ကို ဖွင့်ပါ
ပွင့်လာတဲ့ထဲမှာ <data:post.jumpText/>  ကို လိုက်ရှာပါ
တွေ့ပြီဆိုရင် အဲဒီကုဒ်တွေနေရာမှာ အောက်ကကုဒ်တွေကို အစားထိုးပေးလိုက်ပါ

<b:if cond='data:post.hasJumpLink'>
    <div class='jump-link'>
    <a expr:href='data:post.url + "#more"'><img src="url of image" border="0" alt="Alternative text" /></a>
    </div>
    </b:if >


အဲဒီကုဒ်တွေထဲက url of image ဆိုတဲ့နေရာမှာ ကိုယ်သုံးချင်တဲ့ ပုံရဲ့ လင့်ကို ထည့်ပေးပါ
ပြီးရင်တော့ Preview Template ကိုနှိပ်ပြီး အဆင်ပြေပြီဆိုရင် Save Template ကို နှိပ်လိုက်ပါ
ကဲ .. ကျွန်တော့်ကို မေးထားတဲ့ Read More Link နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ ကျွန်တော့် လေ့လာဖူးသလောက် ဖြေပြီးသွားပါပြီ ..

တကယ်လို့ အခက်အခဲထပ်ရှိနေသေးတယ်ဆိုရင်လည်း အဲဒီ Template ကို ကျွန်တော့်ရဲ့ Mail ထဲကို ပို့ပြီး ဖြစ်နေတဲ့ပြဿနာကို မေးနိုင်ပါတယ် ..
template ထဲက ကုဒ်တွေကိုကြည့်ပြီး ဆုံးဖြတ်တော့ Error ကို ကွက်တိဖြေရှင်းပေးနိုင်တာပေါ့ ...
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး




Baca Selengkapnya ....

Wifi ကို သေချာပေါက်ဟက်လို့ရတဲ့နည်းလေးပါ

Posted by Unknown Selasa, 30 Juli 2013 0 komentar
Wifi ကို သေချာပေါက်
ဟက်လို့ရတဲ့နည်းလေး
တင်ပေးစမ်းပါဆိုပြီး
email ထဲကို စာပို့တဲ့
mail ပေါင်းလည်း
တော်တော်ကို များနေပါပြီ

ကျွန်တော်ကလည်း
ကိုယ်တိုင်း မစမ်းသပ်မအောင်မြင်တဲ့
နည်းပညာဆိုရင် မမျှဝေပေးချင်တော့ ဒီနည်းလမ်းလေးကို ရေးဖို့တော်တော်လေး ကြာသွားခဲ့ပါတယ်


အခုတော့ နည်းလမ်းပေါင်းစုံနဲ့
စမ်းသပ်ပြီးပြီမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်

ဒီနည်းပညာမှာအသုံးပြုမယ့် BEINI Minidwep gtk ဆိုတဲ့ iso ဖိုင်ကို အဆင်သင့်
ဒေါင်းယူနိုင်အောင် ဒီနေရာ မှာ တင်ပေးထားပါတယ်

USB ကို အသုံးပြုပြီး ဟက်မယ်ဆိုရင် USB ကို Bootable လုပ်ဖို့လိုအပ်တဲ့ဆော့ဝဲကို
ဒီမှာ ဒေါင်းယူပါ

CD နဲ့ပဲ ဟက်မယ်ဆိုရင်တော့ Bootable CD လုပ်ဖို့ လိုအပ်တဲ့ ဆော့ဝဲကို
ဒီမှာ ဒေါင်းယူပါ ( တခြား ISO ကို Burn စရာဆော့ဝဲရှိထားရင်လည်း ရပါတယ်)

Bootable လုပ်ယူနည်းကိုတော့ ဒီပို့စ် မှာပြထားတဲ့နည်းအတိုင်း ဆောင်ရွက်နိုင်ပါတယ်

အဲဒီပို့စ်ထဲက Windows ISO အစား အပေါ်ဆုံးမှာတင်ပေးထားတဲ့ BEINI Minidwep gtk ဆိုတဲ့
ISO ဖိုင်ကို ရွေးပေးရတာပဲ ကွာတာပါ

ဘယ်လိုဟက်ရမယ်ဆိုတာကိုတော့ pdf လေးလုပ်ပြီ ဒီနေရာ မှာ တင်ပေးထားပါတယ်

ကဲ ... စမ်းသပ်လိုက်ကြပါဦး

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

CCleaner Professional Edition v4.04.4197 Full Version

Posted by Unknown Minggu, 28 Juli 2013 0 komentar
CCleaner ကို Professional Edition
လေးရလာလို့ တင်ပေးလိုက်ပါတယ်


CCleaner ဆိုတာလည်း ကွန်ပျူတာ
သုံးသူတိုင်းနီးပါး ရင်းနှီးပြီးသား
ဆော့ဝဲတစ်ခု ဖြစ်တာမို့ သိပ်အကျယ်တ၀င့်
ပြောနေစရာ လိုမယ်မထင်ပါဘူး







 အသုံးပြုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်


အရင်ဗားရှင်းအဟောင်းရှိထားပြီးသားဆိုရင် အဲဒီဗားရှင်းကို
Uninstall အရင်လုပ်ပေးရပါမယ်

ပြီးမှ အခုဗားရှင်းကို Install လုပ်ပါ

Install လုပ်ပြီးရင် ပရိုဂရမ်ကို မ Run ပဲ ပိတ်လိုက်ပါ

ပိတ်ပြီးပြီဆိုရင် Crack ဆိုတဲ့ဖိုဒါထဲက branding.dill ဆိုတဲ့ဖိုင်ကို ကော်ပီကူးယူပြီး
C >> Program files >> CCleaner ဆိုတဲ့ဖိုဒါထဲကို ထည့်ပေးလိုက်ပါ

အင်တာနက်ကွန်နက်ရှင်ကို ပိတ်လိုက်ပါ
ပြီးရင် ပရိုဂရမ်ကို Run လိုက်ပါ
Register လုပ်ခိုင်းတဲ့ Box ကလေး ပွင့်လာပါမယ်

အဲဒီထဲမှာထည့်ပေးရမယ့် Name နဲ့ Serial ကိုတော့ Notepad ထဲမှာ ထည့်ပေးထားပါတယ်
အဲဒါလေးတွေ ထည့်ပြီး Register ဆိုတာကို နှိပ်ပေးလိုက်ရင် Full Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Your Uninstaller Pro 7.5.2013.02.DC.21.07.2013

Posted by Unknown Sabtu, 27 Juli 2013 0 komentar
စက်ထဲမှာရှိနေတဲ့
ပရိုဂရမ်တစ်ခုကို
မသုံးချင်တော့တဲ့အခါ
အဲဒီပရိုရရမ်ကို Uninstall
လုပ်ပစ်ရပါတယ် ..

ပရိုဂရမ်တစ်ခုကို Uninstall
လုပ်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စ
တစ်ခုတော့ မဟုတ်ပါဘူး ..

ဝင်းဒိုးစနစ်ထဲမှာပဲ Uninstall စနစ်တွေ
ပါနေတာကြောင့် အလွယ်တကူပဲ
ဆောင်ရွက်နိုင်ပါတယ် ...



ဒါပေမယ့် အချို့သော ပရိုဂရမ်တွေကို
Uninstall လုပ်လိုက်တဲ့အခါ
အဲဒီ ပရိုဂရမ်နဲ့ ပတ်သက်တဲ့ ဖိုင်အားလုံး
ပျက်မသွားပဲ ကြွင်းကျန်နေခဲ့တာမျိုးတွေ
ရှိတတ်ပါတယ် ...

အဲဒီလို ဖိုင်အကြွင်းအကျန်တွေက Registry ပိုင်းရဲ့ လုပ်ဆောင်ချက်တွေ
Program Loading, Page Loading  စတာတွေကို အဟန့်အတားဖြစ်စေပြီး စက်ကို
နှေးကွေးလေးလံစေပါတယ် ...

ဒါကြောင့် User တွေဟာ ပရိုဂရမ်တွေကို Uninstall လုပ်တဲ့အခါမှာ စနစ်တကျနဲ့
ရှင်းလင်းပေးနိုင်မယ့် Uninstaller ဆော့ဝဲတွေကို သုံးလေ့ရှိပါတယ် ..
အခု ကျွန်တော်မျှဝေပေးမှာကတော့ ကွန်ပျူတာသမားတော်တော်များများ သိထားပြီးဖြစ်တဲ့
Your Uninstaller ဆိုတဲ့ဆော့ဝဲလေးပါ ..
ဒီဆော့ဝဲကိုသုံးပြီး စက်ထဲမှာ မထားချင်တော့တဲ့ ပရိုဂရမ်တွေကို စနစ်တကျနဲ့
ရှင်းလင်းပစ်နိုင်ပါတယ် ..

လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ပရိုဂရမ်ကို Install လုပ်ပြီးတဲ့အခါမှာ Full Version အဖြစ် အသုံးပြုနိုင်ဖို့
User name နဲ့ Serial အကွက်တွေမှာထည့်ရမှာကို notepad လေးနဲ့ ရေးပေးထားပါတယ်
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

SpeedyPC Pro 3.1.6

Posted by Unknown Selasa, 23 Juli 2013 0 komentar
ဝင်းဒိုးစနစ်ရဲ့
ကျန်းမာမြန်ဆန်
သွက်လက်ရေးအတွက်
လိုအပ်တဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ
အနှောက်အယှက်ပရိုဂရမ်တွေကို
တားဆီးဖယ်ရှားရေးတွေ
ဝင်းဒိုးအတက်မြန်စေရေးတွေ
Registry Error တွေကို စစ်ဆေး
ဖြေရှင်းပေးတာတွေ
စတဲ့ ၀င်းဒိုးစနစ်ရဲ့ ကျန်းမာရေးဆိုင်ရာကို အထောက်အကူပြုတဲ့ လုပ်ငန်းစဉ်တော်တော်များများကို ဆောင်ရွက်ပေးပါတယ် ...





လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ...

ဒေါင်းပြီးရင်တော့ Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ

Install လုပ်ပြီးလို့ Program Run လာတာကို ပိတ်လိုက်ပါ

ပြီးရင် Crack ဆိုတဲ့ဖိုဒါထဲက ဖိုင်နှစ်ဖိုင်ကို C >> Program files >> SpeedyPC Software >> SpeedyPc ဆိုတဲ့ ဖိုဒါအဆင့်ဆင့်ကို ဖွင့်ဝင်ပြီး ထည့်ပေးလိုက်ပါ

တက်လာတဲ့ Message Box ထဲက Replace ပါတာကို ရွေးပေးလိုက်ပါ

ဒါဆိုရင် Full Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


SpeedyPC Pro 3.1.6

SpeedyPC Pro - is tools very help solve your computer problems to fix any error. SpeedyPC Pro can make to Cleans ActiveX and registry errors, Kicks out active malware, Stops unwanted processes, Cleans up clutter, Wipes away privacy files to protect your info, Improves PC startup times, Optimizes memory, Removes unneeded browser add-ons, Finds programs to open unknown file extensions, Manages restore points.

Some kinds of malware try to grab your confidential data, such as banking information or passwords, while others aim to turn your PC into a zombie member of its botnet. Spyware, Trojan downloaders, keyloggers, dialers, adware and rogueware are just some of the kinds of threats that try to download onto your computer. SpeedyPC Pro's scan is designed to find these malware types - and many others - running in Active Processes. SpeedyPC Pro finds and removes malware to make your PC safe and stable.

Feature SpeedyPC Pro:

• Cleans ArctiveX and Registry Errors
• Kicks Out arcive Malware
• Syops Unwanted Processes
• Cleans Up Clutter
• Wipe Away privacy File To Protect Your Info
• Improves Pc Startup Times
• Optimizes Memory
• Removes Unneeded Browser Add On
• Finds Program To Open Unknow File Extensions
• Manage Restore Points
Download the program HERE .


Baca Selengkapnya ....

Windows 7 Manager 4.2.9 Full Version

Posted by Unknown Senin, 22 Juli 2013 0 komentar
ကျွန်တော်လည်း
အမေဆုံးသွားလို့
အလုပ်မအားတတ်ဘူး
ဖြစ်နေတာနဲ့ ၃/၄ ရက်လောက်
ပို့စ်တွေမတင်နိုင်ဘူး ဖြစ်သွားတယ်
အခုတော့ ရက်လည်ဆွမ်းမရောက်ခင်လေး
အလုပ်အားတာနဲ့
Windows 7 သုံးတဲ့
သူငယ်ချင်းတွေအတွက် Windows 7 Manager
Update Version လေး တင်ပေးလိုက်ပါတယ်



Windows 7 တစ်ခုလုံးရဲ့
မြန်ဆန်သွက်လက်ရေး
သန့်ရှင်းကျန်းမာရေး
စတာတွေအတွက်
လိုအပ်တဲ့ Feature တွေနဲ့ ကူညီဖြေရှင်းပေးမယ့်
ဆော့ဝဲလေးတစ်ခု ဖြစ်ပါတယ်

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

Full Version အဖြစ် အသုံးပြုနိုင်အောင် keygen ဖိုင်လေး ထည့်ပေးထားပါတယ်

အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Mozilla Firefox 22.0 Portable

Posted by Unknown Rabu, 17 Juli 2013 0 komentar
Facebook Page မှာ
လာတောင်းထားလို့
Mozilla Firefox ရဲ့
နောက်ဆုံးဗားရှင်းဖြစ်တဲ့
22.0 ကို Portable လုပ်ပြီး
တင်ပေးလိုက်ပါတယ်

Portable ဆိုတော့ Install လုပ်စရာမလိုပဲ အလွယ်တကူ
ဖွင့်သုံးလိုက်ရုံပဲပေါ့ ...



Registry ထဲမှာ စာရင်းမရှိထားတဲ့ ပရိုဂရမ်တစ်ခုကို Run မှာမို့
Message Box တွေတော့ တက်လာမှာပေါ့ ..

Yes, OK , Continue တွေကို အဆင်ပြေတာ နှိပ်ပေးလိုက်တာနဲ့
အသုံးပြုလို့ ရသွားပါပြီ

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူပါ






အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Crack For All Adobe CC ( Creative Cloud ) Versions

Posted by Unknown 0 komentar
Facebook Page မှာ
လာတောင်းထားလို့
တင်ပေးလိုက်တာပါ

Adobe CC ရဲ့
ဗားရှင်းအားလုံးအတွက်
Crack ဖိုင်ပါ ...

Adobe CC ရဲ့ Trail ဗားရှင်း မရှိသေးလို့ ဒေါင်းချင်တဲ့ သူငယ်ချင်းတွေအနေနဲ့  သူ့ရဲ့ Website ဖြစ်တဲ့


https://creative.adobe.com/products/ မှာ သွားရောက်ဒေါင်းယူနိုင်ပါတယ်

ဒေါင်းပြီးရင်တော့ သာမာန်အတိုင်းပဲ Install လုပ်လိုက်ပါ ..

Install လုပ်တဲ့နေရာမှာ Just run as a trail ဆိုပြီး Trail Version အဖြစ်ပဲ Install လုပ်ပါ ..
Install လုပ်ပြီးရင်တော့ ပွင့်လာသမျှ ပရိုဂရမ်တွေကို ပိတ်လိုက်ပါ

Tool Bar ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Task Manager ကို ဖွင့်ပါ ..

ပွင့်လာတဲ့ Task Manager ထဲက Adobe CC နဲ့ ပတ်သက်တဲ့ ပရိုဂရမ်တွေကိုလည်း
ကလစ်ပေးပြီး End Task ကိုနှိပ်ပြီး ပိတ်ပေးပါ ...

ပရိုဂရမ် Run နေရင် ဒီ Crack ဖိုင်ကို သုံးလို့ရမှာ မဟုတ်ပါဘူး
အားလုံးပိတ်ပြီးသွားရင်တော့ သက်ဆိုင်ရာ ဖိုဒါထဲက ( 32bit/64bit) ဖိုင်ကို ကော်ပီကူးယူပြီး
C >> Program files >> Adobe >> သက်ဆိုင်ရာ ဆော့ဝဲနံမည် ...ဆိုပြီး
ဖိုဒါအဆင့်ဆင့်ဖွင့်ဝင်သွားပြီး ကော်ပီကူးယူလာတဲ့ ဖိုင်ကို ထည့်ပေးလိုက်ပါ ..
Box တစ်ခုတက်လာတဲ့ အခါ Replace ပါတာကို ရွေးပေးလိုက်ပါ
( Box တက်မလာရင် Crack ဖိုင်ထည့်တဲ့ လမ်းကြောင်း မှားပါတယ်)
အပေါ်မှာပြောခဲ့တဲ့ အဆင့်တွေ အဆင်ပြေပြေပြီးသွားရင်တော့
Adobe CC ဗားရှင်းအားလုံး Full Version ဖြစ်သွားပါပြီ
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူပါ

Windows သမားတွေက ဒီမှာ ဒေါင်းပါ

Mac Os သမားတွေက ဒီမှာ ဒေါင်းပါ

အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Crack For Adobe CC For All Versions





1. Download trial version of any Adobe CC product from https://creative.adobe.com/products/

2. Install the product with Adobe Application Manager (just install it normally, you'll be forced to use the App Manager).

3. Launch the product to open a dialog asking whether you have a serial key, would like to buy the program, or just try it as a trial version.

4. Select to run it as a trial version.

5. Close the program and make sure it's not open when applying this crack.

6. Download the crack for windows: HERE

6. Download the crack for mac: HERE

7. Extract the corresponding amtlib.dll file to your Adobe CC product's directory. (more detailed instructions in crack's readme.txt)

8. Have fun with your free full version of Adobe CC products!
Be Enjoy! :)

Baca Selengkapnya ....

Adobe CS6 အားလုံးအတွက် Crack ဖိုင်လေးပါ

Posted by Unknown Selasa, 16 Juli 2013 0 komentar
Adobe ရဲ့ ထုတ်ကုန်တွေထဲက
CS6 နဲ့ ပတ်သက်တဲ့ ဆော့ဝဲတွေ
အားလုံးအတွက် Serial ထည့်စရာမလို
Keygen ရှာစရာမလိုပဲ Full Version
အဖြစ် အသုံးပြုနိုင်မယ့် Crack ဖိုင်လေးကို
မျှဝေပေးလိုက်ပါတယ် ...

32bit နဲ့ 64bit နှစ်မျိုးလုံးအတွက်
ထည့်ပေးထားပါတယ် ..


32bit သမားတွေက 32bit ဆိုတဲ့
ဖိုဒါထဲက ဖိုင်ကို ကော်ပီကူးယူ
64bit သမားတွေကလည်း 64bit ဆိုတဲ့
ဖိုဒါထဲကဖိုင်ကို ကော်ပီကူးယူပြီး
C >> Program files >> Adobe ဆိုတဲ့ဖိုဒါထဲကို အဆင့်ဆင့်ဖွင့်ဝင်သွားပြီး
Adobe Photoshop CS6 ဆိုရင်လည်း အဲဒီဖိုဒါကိုဖွင့်ပြီး အပေါ်မှာ ကူးယူလာတဲ့ဖိုင်ကို
ထည့်ပေးလိုက်ပါ ..
တက်လာတဲ့ Box မှာ Replace ပါတာကို ရွေးပေးလိုက်ပါ
ဒါဆိုရင် သူငယ်ချင်းတို့ရဲ့ CS6 ဟာ Full Version အဖြစ်နဲ့ အသုံးပြုနိုင်သွားပြီ ဖြစ်ပါတယ် ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ





အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

DLL-files Fixer 3.0.1. 2643 Full Version

Posted by Unknown 0 komentar
Dll File Error တွေကို
ဖြေရှင်းပေးနိုင်တဲ့
ဆော့ဝဲလေး
တင်ပေးလိုက်ပါတယ်

အရင်က DLL Suite ဆိုတဲ့
ဆော့ဝဲကို တင်ပေးခဲ့ပေမယ့်
တချို့သော နိုင်ငံတွေကနေ
DLL Suite ကိုသုံးပြီး လိုအပ်တဲ့
DLL ဖိုင်တွေကို ဒေါင်းယူတဲ့အခါမှာ
Error တွေပြပြီး အဆင်မပြေတာမျိုး
ဒေါင်းတော့ဒေါင်းပေးနိုင်ပေမယ့် အချိန်ကြာမြင့်မှုရှိတာမျိုးတွေ ကြုံရတာကို ပြန်သိရပါတယ် ..


တကယ်တော့ DLL ဖိုင်တွေကို ဒေါင်းယူတဲ့နေရာမှာ
အမှန်အကန် Update ဖိုင်ကိုသာ ဒေါင်းယူမယ်ဆိုရင်
တော်တော်ကြီး အချိန်ကြာမြင့်လေ့ရှိပါတယ် ..
ဒါဟာ သက်ဆိုင်ရာ Website ရဲက Bandwidth Control နဲ့
ကွန်ပျူတာရဲ့ Firewall က စစ်ဆေးကာကွယ်နေမှုတွေနဲ့ သက်ဆိုင်တဲ့အတွက်
ဖြေရှင်းရခက်ပါတယ် ..
DLL ဖိုင် ပြဿနာနဲ့ ပတ်သက်လာရင် အကောင်းဆုံးသော ဖြေရှင်းမှုက
အဲဒီ Error တက်နေတဲ့ ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ DLL ဖိုင်နဲ့ သက်ဆိုင်တဲ့
ဆော့ဝဲကို Uninstall လုပ်ပြီး အသစ်ပြန် Install လုပ်လိုက်တာက အကောင်းဆုံးသော
ဖြေရှင်းမှုပဲ ဖြစ်ပါတယ် ...
ခက်တာက သာမာန် User တွေအနေနဲ့ Error ရှိနေတဲ့ DLL ဖိုင်ရဲ့ သက်ဆိုင်ရာ ပရိုဂရမ်ကို
သိနိုင်ဖို့ဆိုတာ တော်တော်ခက်ခဲတတ်ပြန်ပါတယ် .. ( ဒီအကြောင်းကို အလျဉ်းသင့်တဲ့နေ့မှာ
ပို့စ်တစ်ခု တင်ပေးပါဦးမယ် )
အဲဒီတော့ ဆော့ဝဲအကူအညီကို ယူပြီး DLL ဖိုင် ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရပြန်ပါတယ်
DLL ဖိုင်ပြဿနာကို ဖြေရှင်းရာမှာ လူသုံးအများဆုံးဖြစ်တဲ့ Dll-files.com Fixer ကို
Update ဗားရှင်းလေး ရလာလို့ တင်ပေးလိုက်ပါတယ်
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်








ဒေါင်းပြီးရင်တော့ Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ
ပြီးရင် ပရိုဂရမ် Run တာကို ဆက်မ Run စေပဲ ပိတ်ပစ်လိုက်ပါ
ပြီးရင် Crack ဆိုတဲ့ဖိုဒါထဲက ဖိုင်ကို ကော်ပီကူးယူပြီး C >> Program files >> Dll-files.com fixer ဆိုတဲ့
ဖိုဒါထဲကို ထည့်ပေးလိုက်ပါ ..
တက်လာတဲ့ Box ထဲက Replace ပါတာကို ရွေးပေးလိုက်ပါ ..
ဒါဆိုရင် Full Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ
ပရိုဂရမ်ကို Run ပြီး Scan လုပ်လိုက်တာနဲ့ DLL Error တွေကို ပြပေးပါလိမ့်မယ် ..





အားလုံးကို Scan လုပ်ပြီးပြီဆိုရင်တော့ Fix Errors ကို နှိပ်ပေးလိုက်တာနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ပေးသွားပါလိမ့်မယ် ..





ပြင်ဆင်မှုအတွင်း အဆင်မပြေတဲ့ DLL ဖိုင်တွေ့ရင်လည်း အဲဒီဖိုင်ရဲ့ နံမည်ကို ဖော်ပြပေးပါလိမ့်မယ်
အဲဒီ ဖိုင်ရဲ့နံမည်ကို မှတ်ထားပြီး ဆော့ဝဲနဲ့အတူ လင့်ချိတ်ထားတဲ့ DLL.com ကိုသွားပြီး ကိုယ်လိုချင်တဲ့ DLL ဖိုင်ကို ရှာပြီး ဒေါင်းယူနိုင်ပါတယ် ..
DLL ဖိုင် Error ပြဿနာ အားလုံးကို ဖြေရှင်းပေးနိုင်တယ်လို့ မဆိုနိုင်ပေမယ့် တော်တော်လေးအဆင်ပြေအောင်တော့ ပြုပြင်ပေးနိုင်ပါတယ်
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Advanced SystemCare Ultimate 6.1.0.296

Posted by Unknown 0 komentar
Advanced System Care Ultimate
ဗားရှင်း အလန်းလေးရလာလို့
တင်ပေးလိုက်ပါတယ် ..

Ultimate ဗားရှင်းလေးမှာတော့
အရင်ဗားရှင်း တစ်ခုစီမှာ ပါဝင်ခဲ့တဲ့
Feature တွေ အကုန်ပါဝင်နေတာကို
တွေ့ရပါတယ် ..

ဗိုင်းရပ်ပိုင်းဆိုင်ရာကို ကာကွယ်ပေးတာ
Browser တွေမှာ Add-on အဖြစ်နဲ့
ဝင်ရောက်ပြီး Webstie တွေရဲ့ စိတ်ချရမှု
ရှိမရှိကို စစ်ဆေးကာကွယ်ပေးတာ
ကွန်ပျူတာရဲ့ မြန်ဆန်သွက်လက်ရေးနဲ့ Setting Error တွေကို စစ်ဆေးပြုပြင်ပေးတာ


စတာတွေအပြင် အခြားသော အသုံးဝင်အဖိုးတန် Feature တွေပါဝင်နေပြီး
IObit ရဲ့ ထုတ်ကုန်တစ်ခုချင်းစီရဲ့ Feature တွေကို စုပေါင်းထားတာ
တွေ့ရပါတယ် ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ် .. (File Size - 57.2 MB)






ဒေါင်းပြီးရင်တော့ Setup ဖိုင်ကို Install လုပ်လိုက်ပါ ..
Install လုပ်ပြီးလို့ ပရိုဂရမ် Run ပြီဆိုရင် တက်လာသမျှကို Next .. Next နဲ့ နှိပ်သွားပြီး
Start Now ကို နှိပ်ပြီးတဲ့အဆင့်မှာ အောက်ကပုံအတိုင်း ပွင်လာပါမယ် ..





ကီးထည့်ဖို့ အင်တာနက်ကို ပိတ်လိုက်ပါ
ပြီးရင် Register ကို နှိပ်လိုက်ပါ ..အောက်ကပုံအတိုင်း ပွင့်လာပါမယ်




အဲဒီ ထဲမှာ notepad ထဲမှာ ပေးထားတဲ့ ကီးကိုကူးထည့်ပြီး Activate ကို နှိပ်လိုက်ပါ
အင်တာနက်မချိတ်ထားတဲ့အတွက် Error Box တက်လာပါမယ် .. အဲဒါကိုပိတ်လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်





အဲဒီထဲက Manage Lisence ကို နှိပ်ကြည့်လိုက်ရင် 365 ရက် လိုင်စင်ရထားတာကို
တွေ့ရပါမယ် ..
ပုံထဲက Fix now ဆိုတာကို နှိပ်ပေးလိုက်ရင် Date Out နေတဲ့ Database ကိုတွေကို
အောက်ကပုံအတိုင်း Download ယူဖို့ ပြင်ဆင်ပါလိမ့်မယ် ..





Download ယူမယ့် Database ရဲ့ ဖိုင်ဆိုဒ်က 150 MB ၀န်းကျင်ပြမှာဖြစ်ပေမယ့်
တကယ်လိုအပ်တဲ့ Database ကိုပဲဒေါင်းမှာမို့ ခဏလေးနဲ့ ပြီးသွားပါလိမ့်မယ်
Database တွေ Update ဖြစ်သွားတဲ့အခါ Manage License ကို ပြန်ဝင်ကြည့်ပါ
365 ရက် လိုင်စင်မဟုတ်တော့ပဲ Free ဖြစ်နေတယ်ဆိုရင် အင်တာနက်ကို ခဏပြန်ပိတ်ပါ
Free ရဲ့ဘေးက refresh ဆိုတာကိုနှိပ်ပေးလိုက်ရင် ကီးထည့်စရာ ပြန်ပေါ်လာပါမယ်
ကျွန်တော်ထည့်ပေးထားတဲ့ keygen ဖိုင်ကို Run ပြီး ရလာတဲ့ကီးကို အဲဒီထဲမှာ ပြန်ထည့်ပေးလိုက်ပါ ..
Error Box တက်လာတာကို ပိတ်လိုက်ပါ

ပြီးရင် C:\Windows\System32\drivers\etc\hosts ဆိုပြီး ဖိုဒါအဆင့်ဆင့်ဖွင့်ဝင်သွားပြီး

hosts ဖိုင်ထဲမှာ  127.0.0.1 www.iobit.com ထည့်ပြီး Save လုပ်လိုက်ပါ

hosts ဖိုင်ကို Modify လုပ်တဲ့နည်းကို ဒီပို့စ် မှာ သွားဖတ်နိုင်ပါတယ်

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြေင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Advanced SystemCare Ultimate 6.1.0.296


Advanced SystemCare Ultimate 6 is a powerful anti-virus and system optimization tool. Apart from protecting your PC from malware, viruses and similar threats, it can also boost your PC's performance by applying various registry and shortcut fixes, removing junk files, scanning local disk volumes for system vulnerabilities, etc.

Based on #1 ranked BitDefender antivirus technology and IObit anti-malware engine, Advanced SystemCare Ultimate 6 incorporates top anti-virus capabilities, as well as the already proven comprehensive PC tune-up ability. With real-time protection against viruses and spyware, Advanced SystemCare Ultimate 6 provides protection against all kinds of security threats, system slow down, freeze and crash without slowing down your system. Advanced SystemCare Ultimate 6 is compatible with other security softwares like anti-virus, anti-malware, firewall, etc.

Advanced SystemCare Ultimate 6 is a stand-alone product. Besides the newly built-in antivirus functionality, it includes all the features of Advanced SystemCare PRO. PRO users who uninstalled Advanced SystemCare during the trial can easily revert it back at any time.

Unrivaled Detection Rate and Maximum Protection
No more worries about virus, spyware, adware, hijackers or any other E-threats. Your PC security is guaranteed with the combination of #1 ranked BitDefender antivirus technogly and IObit anti-malware engine. Unmatched detection rate assures you TOP PC security.

Enjoy Confident Security without System Slowdown
No more performance lag while conducting antivirus scanning and repairing. Unlike most of security suites that consume too much system resources, Advanced SystemCare Ultimate 6 does not affect system speed with the industry-leading security technology.

Safe Surf, Search, Download and Share with Confidence
The newly introduced Surfing Protection detects risky websites, while Proactive Virus Control technology monitors processes behavior in real-time, scans files shared with email and blocks possible threats that may harm your PC, ensuring you top online environment.

Get Highly-tuned Performance and 300% Internet Speedup
Already proven PC tune-up ability fully optimizes your Windows by unleashing the built-in power of your system. New Internet Boost technology accelerates internet downloading, web surfing, online gaming, youtube viewing up to 300% faster.

Performance Monitor Gives You Peace of Mind New performance monitoring technology makes you remain confident with your PC, by presenting you a dashboard to update your system performance in real time. It also provides a quick launch option to fix your problems faster.

Uninterrupted Gaming or Working Experience
Turbo Boost, technology that terminates unnecessary services and applications, provides you a more efficient working and superb gaming experience. In addition, you can customize the configuration of different modes according to needs.

Over 20 dedicated Smart Tools for Daily PC Maintenance
Advanced SystemCare Ultimate 6 integrates the latest IObit Toolbox for daily PC maintenance and advanced needs. 26 dedicated smart tools are included for system cleaning, optimizing and repairing, and security enhancement, providing you an all-in-one solution to fully control your system.

Automatically Runs in the Background
Advanced SystemCare Ultimate 6 works continuously, automatically and quietly in the background on your PC. You can set the program on regular schedule or just let it run automatically when your PC is idle.

OS : Windows XP, Vista, 7 and 8
Language : Multilingual
Download the program included serial key from the link below;






Be enjoy! :)

Baca Selengkapnya ....

Google Chrome 28.0.1500.72

Posted by Unknown Senin, 15 Juli 2013 0 komentar
Google Chrome Browser လေး
Update ထွက်လာလို့
တင်ပေးလိုက်ပါတယ် ...

Google.Chrome.28.0.1500.72
ဖြစ်ပါတယ် ...

Web Browsing လုပ်ရာမှာ
မြန်ဆန်တဲ့အပြင် ကိုယ်ရေးကိုယ်တာပိုင်း
လုံခြုံမှုအားကောင်းတဲ့ Browser
တစ်ခုအဖြစ်လည်း သုံးဖူးတဲ့သူငယ်ချင်းတွေ
သိကြပါတယ် ...



ကဲ ... လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်






ဒေါင်းပြီးရင်တော့ သာမာန်အတိုင်း Install လုပ်ပြီး အသုံးပြုလိုက်ရုံပါပဲ ..
Chrome Browser မှာ မြန်မာစာပေါ်အောင် ဘယ်လိုမှ Setting လုပ်လို့ အဆင်မပြေတဲ့ ၀င်းဒိုးအချို့ ရှိပါတယ် ..
အဲဒီလို ဖြစ်လာခဲ့တယ်ဆိုရင် Chrome Browser မှာ မြန်မာစာအဆင်ပြေအောင် လုပ်တဲ့နည်းကို
ဒီပို့စ် မှာ ရေးထားပါတယ် ..

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြေင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Kaspersky Keys All version 15.07.2013

Posted by Unknown 0 komentar
Kaspersky သုံးတဲ့ သူငယ်ချင်းတွေအတွက်
ဗားရှင်းအားလုံးအတွက် key pack လေး
တင်ပေးလိုက်ပါတယ် ...

Trail ဗားရှင်းလေး ရှိထားရင်ပဲ အခုတင်ပေးတဲ့
key ဖိုင်လေးတွေကိုအသုံးပြုပြီး Activate လုပ်
ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ...

Trail Version မရှိသေးလို့ ရချင်တဲ့
သူငယ်ချင်းတွေကလည်း သူ့ရဲ့ Home Page
ဖြစ်တဲ့ www.kaspersky.com မှာ စိတ်ချလက်ချ
သွားရောက်ဒေါင်းယူပြီး Install လုပ်နိုင်ပါတယ်
ဒီ key pack လေးထဲမှာ ပါဝင်တဲ့ key ဖိုင်တွေ Support လုပ်တဲ့ ဗားရှင်းတွေကတော့


၁။ Kaspersky Anti-Virus (KAV) 2013 နဲ့ 2012 ဗားရှင်းတွေအတွက်
Activation key ဖိုင်ပေါင်း ၆၅ ဖိုင်

၂။ Kaspersky Internet Secutity (KIS) 2013 နဲ့ 2012 ဗားရှင်းတွေအတွက်
Activation key ဖိုင်ပေါင်း ၈၉ ဖိုင်

၃။ Kaspersky Workstation/Server Edition အတွက် Activation key ဖိုင်ပေါင်း
၁၆ ဖိုင်နဲ့

၎။ Pure Key ဖိုင်တွေ ပါဝင်ပါတယ်

အချို့သောဗားရှင်းတွေအတွက် ၁၀ လပိုင်းအထိ လိုင်စင်ရမှာဖြစ်ပြီး
အချို့သောဗားရှင်းတွေအတွက်တော့ ၂၀၁၄ အထိ လိုင်စင်ရမှာ ဖြစ်ပါတယ်
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ် ..








အသုံးပြုနည်းကလည်း မခက်ပါဘူး ...
ပထမဆုံး အင်တာနက် ကွန်နက်ရှင်ကို ပိတ်လိုက်ပါ
Kaspersky ကို ဖွင့်လိုက်ပြီး Manage Lisence ကိုနှိပ်ပါ
Activate the Application ကိုနှိပ်ပါ
key ထည့်ရမယ့်အကွက်မှာ ကြိုက်တာ တစ်ခုခုထည့်ပါ
(အများအားဖြင့် AAAAA-AAAAA-AAAAA-AAAA3 ကို ထည့်လေ့ရှိကြပါတယ်
Next ကို နှိပ်ပါ ..
ကီးမှာနေကြောင်း ကီးဖိုင်ကို ရှာမလားဆိုတဲ့ Box တက်လာတဲ့အခါမှာ
Browse ကိုနှိပ်ပြီး အခုဒေါင်းယူထားတဲ့ ကီးဖိုင်တွေရှိတဲ့ သက်ဆိုင်ရာဖိုဒါထဲက
ကီးဖိုင်တစ်ခုခုကို ရွေးပြီး Next ကို နှိပ်ပေးလိုက်ရိုပါပဲ ..
ပြီးရင်တော့ အင်တာနက်ကို ပြန်ဖွင့်နိုင်ပါပြီ ..
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြေင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Kaspersky Keys All version 15.07.2013 | 1.16 MB

Collections of Kaspersky Keys All version Daily Update.

This Kaspersky Key Pack contain

1. Kaspersky Anti-Virus(KAV) 2013 and 2012 Activation Key File (65 Key Files)
2. Kaspersky Internet Security(KIS) 2013 and 2012 Activation Key File (89 Key Files)
3. Kaspersky Workstation/Server Edition Activation Key File (16 Key Files)
4. More! PURE Key and Instructions.
Download the key pack from the link below;






Be enjoy! :)

Baca Selengkapnya ....

Internet Download Manager ဗားရှင်းမှန်သမျှကို Full Version ဖြစ်စေနိုင်တဲ့ Patch ဖိုင်

Posted by Unknown Minggu, 14 Juli 2013 0 komentar
Internet Download Manager နဲ့
ပတ်သက်ပြီး ခဏခဏ မေးကြလွန်း
လို့ပါ ...

IDM ကလည်း ဗားရှင်းအသစ်တွေ
ခဏခဏထွက်နိုင်လွန်းတော့
Crack ဗားရှင်းသုံးနေကြတဲ့
ကျွန်တော်တို့တွေအတွက်
အလုပ် ရှုပ်ပါတယ် ...

ဗားရှင်းအသစ်ကို မဒေါင်းပြန်ရင်လည်း
Noti တွေက ခဏခဏတက် ..
ဒေါင်းပြီး Install လုပ်လိုက်ပြန်ရင်လည်း Trail ဗားရှင်းပြန်ဖြစ်နဲ့ ..
စိတ်ညစ်စရာပါ ...



ဒီတော့ IDM က ထွက်သမျှ ဗားရှင်းတိုင်းကို Full Version ဖြစ်အောင်
သေချာပေါက် လုပ်ပေးနိုင်တဲ့ Patch ဖိုင်လေးကို မျှဝေပေးချင်ပါတယ်
ဒီ Patch ဖိုင်လေးကို ဒေါင်းယူထားပြီး သိမ်းထားလိုက်ပါ ..

IDM က ထွက်လာသမျှ ဗားရှင်းအသစ်တွေကို ဒေါင်းယူပြီး Install လုပ်
ပြီးတာနဲ့ ဒီ Patch ဖိုင်လေးနဲ့ Full Version ဖြစ်အောင် ပြန်လုပ် ..
ဒါဆိုရင်အဆင်ပြေပါပြီ ...

ဒီ Patch ဖိုင်လေးက IDM ဗားရှင်း အားလုံးအတွက် အဆင်ပြေအောင်
ကူညီပေးပါလိမ့်မယ် ...

လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ
Download the patch file for all IDM versions form the link below:

Download from Sharebeast


Download from Dropbox


ဘယ်လို Patch လုပ်ရမယ်ဆိုတာကိုတော့ ဗွီဒီယိုဖိုင်နဲ့ လုပ်ပြထားပါတယ်











ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Winrar 5.00 Beta 7 Full Version

Posted by Unknown 0 komentar
ကွန်ပျူတာထဲမှာ မရှိမဖြစ်
Install လုပ်ထားသင့်တဲ့
ဆော့ဝဲလေးတစ်မျိုးဖြစ်ပါတယ်

Winrar ဆိုတာကလည်း
ဖိုင်တွေ ချုံ့တဲ့အခါ ဒါမှမဟုတ်
ချုံ့ထားတဲ့ဖိုင်တွေကို ဖြည်တဲ့အခါမှာ
မရှိမဖြစ် အသုံးပြုနေရတဲ့ ဆော့ဝဲ
ဖြစ်ပါတယ် ..

အင်တာနက်ကနေ ဒေါင်းယူလိုက်သမျှ
ဆော့ဝဲနဲ့ ဖိုင်အားလုံးနီးပါးဟာ ချုံ့ဖိုင်တွေသာ ဖြစ်နေတတ်တာမို့
အဲဒီဖိုင်တွေကို ဖွင့်ဖို့နဲ့ အသုံးပြုနိုင်ဖို့အတွက် Wirrar လို ချုံ့ဖြည်ဆော့ဝဲလေးတစ်ခုတော့
ကွန်ပျူတာထဲမှာ ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ် ...



ကဲ .. Winrar 5.00 Beta 7 ဆိုတဲ့ နောက်ဆုံးဗားရှင်းလေး တင်ပေးလိုက်ပါတယ်
အောက်မှာ ကိုယ့်ကွန်ပျူတာနဲ့ ပတ်သက်တာကို ဒေါင်းယူနိုင်ပါတယ် ..

32bit သမားတွေအတွက် ဒီမှာ ဒေါင်းပါ

64bit သမားတွေအတွက် ဒီမှာ ဒေါင်းပါ

အပေါ်ကဖိုင်နှစ်ဖိုင်ကို မချုံ့ပဲနဲ့ တင်ပေးထားပါတယ် ..
တကယ်လို့ စက်ထဲမှာ Winrar မရှိထားသေးတဲ့သူငယ်ချင်းတွေအတွက် အဆင်သင့်ပဲ
ဒေါင်းယူပြီး Install လုပ်နိုင်အောင်လို့ပါ ..

စက်ထဲမှာ Winrar ကို Install လုပ်ပြီးသွားမှ ချုံ့ဖိုင်တွေကို ဖြည့်နိုင်မှာဖြစ်ပါတယ် ..
ကဲ .. Winrar ကို Install လုပ်ပြီးသွားရင်တော့ Full Version အဖြစ် သုံးနိုင်ဖို့

Keygen ဖိုင်ကို ဒီမှာ ဒေါင်းယူပါ

ဒေါင်းလို့ပြီးရင် keygen ဖိုင်ကို ဖွင့်လိုက်ပြီး အထဲက keygen ဆိုတဲ့ exe ဖိုင်လေးကို
Run လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်





အဲဒီက Name အကွက်မှာ ကိုယ်ကြိုက်တဲ့နံမည် ( ကိုယ့်နံမည်လည်းရတယ်) ကိုထည့်ပြီး
အောက်နားက generate ကိုနှိပ်လိုက်ပါ ..
အောက်ကပုံအတိုင်း Message Box လေး ပွင့်လာပါမယ် ..






key ဖိုင်ကို သိမ်းဆည်းရမယ့်နေရာကို မေးတာပါ ...
Yes ကို နှိပ်ပေးလိုက်ပြီး  နောက်ထပ်ပွင့်လာတဲ့ထဲက Desktop ကိုရွေးပေးပြီး Save ကို နှိပ်လိုက်ပါ






အဲဒီအခါ Desktop ပေါ်မှာ rarreg.reg ဆိုတဲ့ဖိုင်လေး ရောက်လာပါမယ်
အဲဒီဖိုင်လေးကို C >> Program Files >> Winrar ဆိုတဲ့ဖိုဒါအဆင့်ဆင့်ကို ဖွင့်ဝင်ပြီး ထည့်ပေးလိုက်ပါ
တက်လာသမျှ Box တွေကို Replace တို့ Yes တို့ OK တို့ Continue တို့ အဆင်ပြေရာကို နှိပ်ပေးလိုက်ပါ
ဒါဆိုရင်တော့ Winrar ကို ဖွင့်ပြီး Help ရဲ့အောက်က About WinRAR ကိုဖွင့်ကြည့်လိုက်ရင် Coyp Version မဟုတ်တော့ပဲ ကိုယ်ထည့်ထားတဲ့ နံမည်နဲ့ အမည်ပေါက် Registered Version  ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်





ကျွန်တော့်ရဲ့ mail ထဲကို သူငယ်ချင်းတစ်ယောက် စာပို့ပြီး မေးထားတဲ့ ကျွန်တော်တင်လိုက်တဲ့ ချုံ့ဖိုင်တွေမှာညာဖက်ဘေးက ရောင်စုံပုံလေးတွေ စာလေးတွေ ထည့်တဲ့နည်းကိုတော့ ဒီပို့စ် မှာ သွားဖတ်လိုက်ပါ
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

USB တွေမှာ Write Protect ဖြစ်နေတဲ့ပြဿနာ ဖြေရှင်းနည်းများ

Posted by Unknown Sabtu, 13 Juli 2013 0 komentar
USB Drive တွေဟာ
တစ်ခါတစ်ခါမှာ Format
လုံးချလို့မရတာမျိုးတွေကို
ကွန်ပျူတာသုံးတွေ အားလုံးနီးပါး
ကြုံဖူးကြပါတယ် ..

အဲဒီအခါ .. Format လည်း
ချလို့မရ .. အထဲမှာရှိနေတဲ့ ဖိုင်တွေကိုလည်း
ဘာဆိုဘာမှ ဖွင့်ယူသုံးစွဲလို့ မရနဲ့ တော်တော် စိတ်လေဖို့ ကောင်းပါတယ်
အဲဒီလို Format ချလို့မရ ဖွင့်သုံးလို့မရ ဖြစ်တတ်တာကတော့ များသောအားဖြင့်
Write Protect ဖြစ်နေတဲ့ ပြဿနာက အများဆုံးပါ ..


Write Protect လည်း မဟုတ်ပဲ format ချလို့မရ ..
အဲဒီ USB ကို Lock ချထားတာလည်း မဟုတ်ဆိုရင်တော့ အဲဒီ USB ဟာ ပျက်နေပြီလို့
အကြမ်းဖျဉ်း သုံးသပ်ရတော့မှာပါ ...

ဒီပို့စ်လေးမှာတော့ အဲဒီလို USB တွေ Format ချလို့ မရတော့တဲ့ Write Protect ဖြစ်ခြင်း
ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စုစည်းပြီး
ဖော်ပြပေးလိုက်ပါတယ်

နည်းလမ်း (၁)

ဆော့ဝဲသုံးပြီး ဖြေရှင်းတဲ့နည်းပါ ..
အောက်က ဆော့ဝဲလေးကို ဒေါင်းယူပါ ..






ဒေါင်းပြီးရင် အထဲမှာပါတဲ့ exe ဖိုင်ကို Double Click နှိပ်ပြီး Run လိုက်ပါ
ဘာဆက်လုပ်ရမယ်ဆိုတာ ပြောစရာမလိုအောင် လွယ်တာမို့ ဆက်လုပ်ကြည့်လိုက်ဖို့ပဲ
တိုက်တွန်းပါရစေ ..

ဒါပေမယ် ဒီဆော့ဝဲလေးက အချို့သော ၀င်းဒိုးတွေပေါ်မှာ အလုပ်မလုပ်ပါဘူး ..
IC နဲ့ မကိုက်ညီဘူးဆိုတဲ့ Message Box လေးတက်လာရင် အဲဒီဝင်းဒိုးပေါ်မှာ အလုပ်မလုပ်လို့ပါ
အဲဒီလိုဆိုရင်တော့ နည်းလမ်း (၂) ကို လုပ်ကြည့်ပါ

နည်းလမ်း (၂)

Registry ကို ပြင်ပေးရတဲ့နည်းပါ ..
အလုပ်လည်း မရှုပ်ချင်ဘူး  အလွယ်တကူပဲ လုပ်ချင်တယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်
အောက်ကဖိုင်လေးကို ဒေါင်းယူလိုက်ပါ







ဒေါင်းလို့ပြီးသွားရင် အဲဒီဖိုင်ကို ဖြည်လိုက်တဲ့အခါ အထဲမှာ disable write protect နဲ့
enable write protect ဆိုတဲ့ Registry ဖိုင်နှစ်ခုကို တွေ့ရပါလိမ့်မယ် ..

Write Protect ဖြစ်နေပြီး Format ချမရတဲ့ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့
ပထမဆုံး အဲဒီ Write Protect ဖြစ်နေတဲ့ USB ကို ကွန်ပျူတာမှာ အရင်တပ်လိုက်ပါ
disable write protect ဆိုတဲ့ဖိုင်ကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ ..
Box နှစ်ခုတက်လာပါမယ် ..
ပထမ Box ကို Yes နှိပ်ပေးပြီး ဒုတိယ Box ကိုတော့ Ok နှိပ်ပေးလိုက်ပါ
ပြီးရင်တော့ အဲဒီ USB ကို Format ချကြည့်လိုက်ပါ
( အဆင်ပြေသွားလေ့ရှိပါတယ် .. ဒါမှ အဆင်မပြေရင် ကွန်ပျူတာကို Restart ချပြီးမှ USB ကို
Format ပြန်ချက်ကြည့်ပါ)
enable write protect ကိုတော့ ကိုယ့်ရဲ့ USB ထဲက ဖိုင်တွေကို ကူးယူတာ ပြုပြင်ဖြည်စွက်တာမျိုး
ဖျက်ဆီးသွားတာမျိုး မလုပ်နိုင်အောင် ကာကွယ်ထားချင်တဲ့အခါမှာ သုံးပါတယ်

အဲ .. Pro ဆန်ဆန်နဲ့ ကိုယ်တိုင် ဖြေရှင်းချင်တယ် ဒါမှမဟုတ် Registry ပြင်တာလေး
အတွေ့အကြုံရချင်တယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်တော့ အပေါ်မှာ ပေးထားတဲ့
ဖိုင်ကို မသုံးပဲ ကိုယ်တိုင် ပြင်နိုင်ပါတယ် ...

အောက်ကအဆင့်တွေအတိုင်း သေသေချာချာ ၀င်ပြင်လိုက်ပါ

Run Box ထဲမှာ regedit လို့ ရိုက်ထည့်ပြီး Ok နှိပ် ဒါမှမဟုတ် Enter နှိပ်လိုက်ပါ





HKEY_LOCAL_MACHINE ရဲ့ရှေ့က မြှားအသေးလေးကို နှိပ်လိုက်ပါ






အောက်ကိုကျလာတဲ့ထဲက SYSTEM ရဲ့ရှေ့က မြှားလေးကိုနှိပ်လိုက်ပါ
အောက်ကို ကျလာတဲ့ထဲ CurrentControlSet ရဲ့ရှေ့က မြှားလေးကိုနှိပ်ပါ
အောက်ကို ကျလာတဲ့ထဲက Control ရဲ့ရှေ့က မြှားလေးကို နှိပ်ပါ






အောက်ကိုကျလာတဲ့ထဲက StorageDevicePolicies ကိုလိုက်ရှာပြီး အဲဒီ
StorageDevicePolicies ပေါ်မှာ ကလစ်တစ်ချက်နှိပ်လိုက်ပါ





ညာဖက်ဘေးမှာပေါ်လာတဲ့ထဲက WriteProtect ဆိုတဲ့ပေါ်မှာ Double Click နှိပ်လိုက်ပါ





Box တစ်ခု ပွင့်လာပါမယ် ..





အဲဒီထဲက 1 ဖြစ်နေတဲ့နေရာမှာ 0 လို့ ပြောင်းပေးပြီး Ok ကို နှိပ်ပေးလိုက်ပါ
ပြီးရင် စက်ကို Restart ချလိုက်ပါ ..
ဝင်းဒိုးပြန်တက်လာတဲ့အခါ USB ကို Format ချကြည့်ပါ
ကဲ .. အချို့သော USB ရဲ့ Write Protect ပြဿနာတွေမှာတော့ အပေါ်ကနည်းနဲ့
အဆင်မပြေတာတွေရှိပါတယ် ..
အဲဒီလိုဆိုရင်တော့ အောက်က နည်းလမ်း (၃) ကို လုပ်ကြည့်ပါ

နည်းလမ်း (၃)

များသောအားဖြင့် အဲဒီလိုဖြစ်တတ်တာက ဗိုင်းရပ်ထိထားတဲ့ USB တွေပါပဲ ..
အဲဒီလို ဖြစ်နေတဲ့ USB တွေအတွက် နောက်ဆုံး နည်းလမ်းကို ပြောပြပါ့မယ်
အရင်ဆုံး အဲဒီ USB ကို ကွန်ပျူတာမှာ တပ်ဆင်လိုက်ပါ
ပြီးရင် My computer ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Manage ကိုနှိပ်လိုက်ပါ





အဲဒီအခါ အောက်ကပုံတိုင်း ပွင့်လာပါမယ် ..





အဲဒီထဲက Storage ရဲ့အောက်မှာရှိတဲ့ Storage Devices ကိုနှိပ်လိုက်ပါ
ခဏလောက်စောင့်လိုက်ရင် ညာဖက်အခြမ်းထဲမှာ Storage Device တွေ ပေါ်လာပါမယ် ..





အဲဒီထဲက USB ရဲ့ အပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Change Drive Letter And Patchs
ဆိုတာကို နှိပ်ပေးလိုက်ပါ




နောက်ပွင့်လာတဲ့ထဲက Change ဆိုတာကို နှိပ်ပေးလိုက်ပါ
နောက်ပွင့်လာတဲ့ထဲက သူပေးထားတဲ့ အက္ခရာတွေထဲကနေ ကိုယ်ကြိုက်တာကို ရွေးပြီး Ok ကို နှိပ်ပေးလိုက်ပါ





ပြီးရင်တော့ Format ချကြည့်လိုက်ပါတော့
ဒီနည်းက နောက်ဆုံးနည်းလည်းဖြစ်တဲ့အပြင် Write Protect အားလုံးကိုလည်း ဖြေရှင်းနိုင်တဲ့နည်းပါ
ဒီနည်းနဲ့မှ အဆင်မပြေတော့ရင် ... နှမြောတသ သုံးကြိမ်ရွတ်ဆိုပြီး အဲဒီ USB ကို ၀ဲလိုက်ပါတော့ .. :D
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.