Gmail အကောင့်ဟောင်းထဲကမေးလ်တွေကို အကောင့်သစ်ဆီရွှေ့မယ်

Posted by Unknown Kamis, 20 Desember 2012 0 komentar
Facebook Group ထဲမှာမေးထားတာတွေ့လို့ ရိုးရိုးရှင်းပြဖို့လည်း ခက်လို့ ဒီပို့စ်ကို ရေးလိုက်တာပါ ..
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ Gmail အကောင့်အသစ်တစ်ခုကိုဖွင့်ပြီး အကောင့်ဟောင်းကို လုံးဝမသုံးချင်တော့ဘူးဆိုရင် အကောင့်ဟောင်းထဲက မေးလ်တွေကို နှမြောတတ်ကြပါတယ် .. အဲဒီမေးလ်တွေထဲမှာ ကိုယ့်သူငယ်ချင်းတွေရဲ့ စာတွေပါမယ် .. ကိုယ့်အတွက်အရေးကြီးတဲ့ သတင်းအချက်အလက်တွေပါ .. ဟိုဒင်းတွေပါမယ် .. ဒီဒင်းတွေပါမယ် .. ( ဟိဟိ )
ထားပါတော့ .. အခုကျွန်တော်က maungpinger@gmail.com ဆိုတဲ့အကောင့်ဟောင်းထဲက Mail တွေကို pingermaung@gmail.com ဆိုတဲ့အကောင့်သစ်ဆီကို ရွှေ့ပြပါမယ် ..

ကဲ .. ပထမဆုံး အကောင့်ဟောင်းဖြစ်တဲ့ maungpinger@gmail.com ဆိုတဲ့အကောင့်ကို Sign In ၀င်လိုက်ပါတယ် ..
ပြီးရင် ညာဖက်အပေါ်ဒေါင့်နားလေးက စက်သွားပုံလေးကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက Settings ကိုနှိပ်လိုက်ပါတယ် .. (ပုံတွေနဲ့ရှင်းပြထားပါတယ် .. ပုံတွေသေးနေရင် ၀ါးနေရင် ပုံပေါ်ကို မောက်စ်လေး တင်ပေးလိုက်ပါ )


အဲဒီလို Setting ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..


အဲဒီထဲကမှ Forwarding And POP/IMAP ကိုနှိပ်လိုက်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက ကျွန်တော်အနီရောင်နဲ့ ၀ိုင်းပြထားတဲ့နေရှာမှာ ကလစ်ပေးပြီး အမှတ်တပ်ပေးလိုက်ပါတယ် ..
ပြီးတော့ Save Changes ကိုနှိပ်လိုက်ပါတယ် ..
ပြီးတော့ အဲဒီအကောင့် ( maungpinger@gmail.com ) ကို Sign Out ထွက်လိုက်ပြီး အကောင့်အသစ် pingermaung@gmail.com ကို Sign In ၀င်လိုက်ပါတယ် ..
ပြီးတော့ အစပိုင်းတုန်းကလိုပဲ စက်သွားပုံကိုနှိပ် ... ကျလာတဲ့ထဲက Settings ကိုနှိပ်လိုက်ပါတယ် ..


ပြီးရင် အရင်အဆင့်အတိုင်းပဲ Forwarding And POP/IMAP ကိုနှိပ်လိုက်ပါတယ် .. ပုံထဲမှာ ပြထားတဲ့အတိုင်း အမှတ်လေးတွေတပ်ပြီး Save Changes ကိုနှိပ်လိုက်ပါတယ် ..


ပြီးတော့ အောက်မှာပြထားတဲ့ပုံအတိုင်း Accounts and Import ကိုနှပ်လိုက်ပါတယ်


Accounts and Import ကိုနှိပ်လိုက်တဲ့အခါ ကျလာတဲ့ထဲက Add a POP3 mail account you own ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Window အသစ်တစ်ခုနဲ့ ပွင့်လာပါတယ်


အဲဒီထဲက Email address ဆိုတဲ့နေရာမှာ ကျွန်တော့်ရဲ့ အကောင့်ဟောင်း maungpinger@gmail.com ကိုထည့်ပြီး Next Step ကို နှိပ်လိုက်ပါတယ် .. အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါတယ်..


အဲဒီထဲက User Name နေရာမှာ သူပေးတဲ့အတိုင်းထားပြီး Password နေရာမှာ အကောင့်ဟောင်းရဲ့ Password ကိုထည့်ပေးလိုက်ပါတယ် .. ပြီတော့ ကျွန်တော်အနီရောင်ဝိုင်းပြထားတဲ့နေရာတွေမှာ အမှန်ခြစ်တပ်ပေးလိုက်ပါတယ် .. ပြီးသွားတော့ Add account ကိုနှိပ်ပေးလိုက်ပါတယ် .. အဲဒီအခါမှာ အောက်ကပုံအတိုင်းပွင့်လာပါတယ် ..


အဲဒီထဲက No .... ဆိုတာရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Finish ကိုနှိပ်လိုက်ပါတယ် ..


ခဏလောက်စောင့်ပြီးရင် Browser ကို Refresh လုပ်ပေးလိုက်ရင် maungpinger@gmail.com ဆိုတဲ့ အကောင့်ဟောင်းထဲက Mail တွေ လက်ရှိရောက်နေတဲ့အကောင့် ( pingermaung@gmail.com ) ရဲ့ Inbox ထဲရောက်လာပါမယ် ..
ဒါဆိုရင်တော့ အဆင်ပြေပါပြီ .. အကောင့်ဟောင်းကိုတော့ ထားလိုထား ဖျက်လိုဖျက် .. ကိုယ်သဘောပဲ ဖြစ်သွားပါပြီ ...
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


   အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Gmail အကောင့်ဟောင်းထဲကမေးလ်တွေကို အကောင့်သစ်ဆီရွှေ့မယ်
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke https://androidthemes7.blogspot.com/2012/12/gmail.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.