Expert PDF pro 8.0.350

Posted by Unknown Kamis, 31 Januari 2013 0 komentar
PDF ဖိုင်တွေ ဖန်တီးဖို့ ရှိထားပြီးသား PDF ဖိုင်တွေကို Edit လုပ်ဖို့အတွက် လွယ်ကူတဲ့ ဆော့ဝဲလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ် ..
လောလောဆည်တော့ ဆော့ဝဲလေးကိုပဲ မျှဝေပေးလိုက်ပါမယ် ..
တခြားဆော့ဝဲတွေတင်ပေးတုန်းကတော့ အသုံးပြုနည်းနဲ့တကွ အသေးစိပ်တင်ပြပေးနိုင်ခဲ့ပါတယ် ..

ဒါပေမယ့် . .ဒီဆော့ဝဲနဲ့ပတ်သက်ပြီး အသုံးပြုနည်းကို အသေးစိပ်ရေးပြချင်ပေမယ့် ကွန်နက်ရှင်တွေ

ပိန်းလွန်းနေတဲ့အတွက်ရယ် အသုံးပြုရတာလည်း သိပ်ကို


လွယ်ကူလွန်းတာရယ်ကြောင့် မရေးပြတော့ပါဘူး


ဒါင်းယူပြီးရင် ... ရလာတဲ့ဖိုင်ကို ဖြည်လိုက်ရင် exe ဖိုင်တစ်ဖိုင်နဲ့ ဖိုလ်ဒါတစ်ခုထွက်လာပါမယ် ..
အဲဒီ ... ထဲက exe ဖိုင်ကို run ပြီး Install လုပ်လိုက်ပါ ..
Install လုပ်ပြီးပြီဆိုရင် ပရိုဂရမ်ကို မ run သေးပဲ ပိတ်လိုက်ပါ ..
ပြီးရင် ဒေါင်းတုန်းကရလာတဲ့ထဲက Crack ဆိုတဲ့ဖိုလ်ဒါကိုဖွင့်ပြီး အထဲက Snapu.dll ဆိုတဲ့ဖိုင်ကို ကော်ပီကူးယူပါ ..
ပြီးရင် Desktop ပေါ်မှာရောက်နေတဲ့ Expert PDF 8 Professional ဆိုတဲ့ အိုင်ကွန်ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Open file location ကို နှိပ်ပေးလိုက်ပါ ..
ပွင့်လာတဲ့ Expert PDF 8 ဖိုလ်ဒါထဲမှာ ကူးယူလာတဲ့ Snapu.dll ဖိုင်ကို Paste လုပ်လိုက်ပါ ..
Box တစ်ခုတက်လာရင် Replace ပါတာကို ရွေးပေးလိုက်ပါ ..
နောက်ထပ်တက်လာတဲ့ Box တွေကိုတော့ Continue တို့ Yes တို့ကိုသာ နှိပ်ပေးလိုက်ပါ ..
အဲဒါဆိုရင် Expert PDF 8 ပရိုဂရမ်ဟာ Full Version ဖြစ်သွားပါပြီ ..
ကဲ .. အားလုံး အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Sansung ဖုန်းတွေအတွက် Odin Megapack

Posted by Unknown Selasa, 29 Januari 2013 0 komentar
mail ထဲမှာ တောင်းထားလို့ တင်ပေးလိုက်တာပါ ..အသုံးပြုပုံကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဖုန်းအကြောင်း နားမလည်သလို Samsung ဖုန်းကို မကိုင်နိုင်တဲ့အတွက် ရေးမပြနိုင်တာ နားလည်ပေးပါ
ဖုန်းနဲ့ ဆော့ဝဲနဲ့ပတ်သက်ရင်တော့ တင်ပေးဖို့ခက်ခဲတဲ့ ကွန်နက်ရှင်ကြောင့်သာ မတင်ပေးပဲ နေရင်နေမယ်
ကျွန်တော့ဆီမှာ မရှိဘူးဆိုတဲ့ ဆော့ဝဲတော့ မရှိသလောက်ပါပဲ ..
(ကြွားမပြောဘူး .. သွားခေါပြီး သေရစေရဲ့ .... :D )

တစ်ကယ်လို့ အသုံးပြုဖို့ အခက်အခဲရှိတယ်ဆိုရင်တော့ mail ထဲကို စာပို့ပြီးဖြစ်ဖြစ် ဒီပို့စ်အောက်မှာ Comment ရေးပြီးဖြစ်ဖြစ် ပြောခဲ့ပါ .. ကျွန်တော့်သူငယ်ချင်းတွေကို တောင်းပန်ပြီး သူတို့စက်ကို ကိုယ်တိုင်ကိုယ်ကျကလိပြီးတဲ့အခါ အသုံးပြုနည်းကို အသေးစိပ် တင်ပေးပါ့မယ် ..


လောလောဆည်တော့ ဆော့ဝဲလေးကိုပဲ တင်ပေးလိုက်ပါရစေ ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ ..


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ဝါသနာပါရင် ဗေဒင်မေးမယ် ယတြာချေမယ်

Posted by Unknown Senin, 28 Januari 2013 0 komentar
ကဲ .. အပြင်းပြေပဲဖြစ်ဖြစ် .. ယုံကြည်လို့ပဲဖြစ်ဖြစ် ဗေဒင်မေးချင်တဲ့သူငယ်ချင်းတွေအတွက်


Facebookမှာလည်း တောင်းနေတာတွေ့လို့
 ဗေဒင်မေးလို့ရတဲ့ ဆော့ဝဲလေး တင်ပေးလိုက်ပါတယ်

 ဒီဆော့ဝဲလေးက Install လုပ်စရာမလိုပဲ Double Click နှိပ်ပြီး Run လိုက်ရုံပါပဲ .. ဘာပဲပြောပြော ဗေဒင်မေးခတော့ သက်သာတာပေါ့နော်




ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ


ဒေါင်းပြီးပြီဆိုရင်တော့ ဒေါင်းလို့ရလာတဲ့ဖိုင်ကိုဖြည်လိုက်ရင်
အထဲမှာ ဗေဒင်ဆိုတဲ့ Application ဖိုင်လေးကို Double Click ပြီး Run လိုက်ပါ
အောက်ကပုံအတိုင်းကျလာပါမယ် ..



အဲဒီထဲမှာ ကိုယ့်ရဲ့နံမည်ကို ရိုက်ထည့်ပြီး Go ကို နှိပ်ပေးလိုက်ပါ
ကျန်တာတွေကတော့ သူညွှန်ကြားထားတဲ့အတိုင်းပဲ
နှစ်သက်ရာဖဲတစ်ချပ်ကို ရွေးပေးလိုက်ပါ ..

 အဲဒီဖဲချပ်ရဲ့အဖြေကိုသိဖို့ အဲဒီဖဲချပ်ပုံကို ကလစ်လိုက်တာနဲ့
သက်ဆိုင်ရာအဟောတွေ ပေါ်လာပါမယ် ..
အောက်ကပုံအတိုင်းကျလာပါမယ် ..




အခြေအနေမကောင်းလို့ ယတြာလေးဘာလေး ချေချင်တယ်ဆိုရင်တော့
ယတြာဆိုတာလေးကို နှိပ်ပေးလိုက်ပါ ..


ကျွန်တော်တော့ ဒီပို့စ်လေးအတွက် စမ်းသုံးပြရင်း မြင်ကြတဲ့အတိုင်း
အခြေအနေသိပ်မကောင်းလို့ .. ညစ်သွားပြီ ..

ကဲ .. သိန်း ၁၅၀၀ ဆုကို လစဉ်ပေါက် .. အိမ်ထောင်တွေအခေါက်ခေါက်ကျပြီး
အားရအောင်ကဲပြီးသကာလ နိဗ္ဗာန်ရောက်နိုင်ကြပါစေဗျာ .. :D

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 Manager

Posted by Unknown 0 komentar

ဒီပို့စ်ကိုရေးမယ်ဆိုတော့ ကျွန်တော် စဉ်းစားမိတယ် ..
Windows 8 ဘလော့လို့ ကျွန်တော့်ဘလော့ကို နံမည်ပေးခံရတော့မလားပေါ့ ..
ကျွန်တော်ကလည်း ဒီရက်ပိုင်းတွေမှာ Windows 8 နဲ့ပါတ်သက်တဲ့ ကိစ္စတွေကို
တော်တော်များများ လေ့လာနေမိသလို Windows 8 အကြောင်းပို့စ်တွေပဲ
ဆက်တိုက်နီးပါး တင်ဖြစ်နေလို့ပါ ..
တစ်ကယ်တမ်းလည်း ကျွန်တော် Windows 8 ကို တော်တော်နှစ်သက်နေမိတာ
ဖြစ်တဲ့အတွက် အခုလို Windows 8 အကြောင်းကို စပ်စပ်စုစုနဲ့ လေ့လာရင်း
ပြန်လည်မျှဝေပေးနေမိတာပါ ..
Windows 8 နဲ့ ပတ်သက်ပြီး ကျွန်တော်စိတ်ဝင်စားတဲ့ အဓိကအချက်ကတော့
တစ်ချက်တည်းပါ ..

အဲဒါက ဘာလဲဆိုတော့ နည်းပညာလောကမှာ မြန်မာစာကို အသိအမှတ်ပြုပြီး
Built In အဖြစ်ထည့်သွင်း ရေးဆွဲပေးခဲ့တဲ့ ပထဆုံးသော Operation System
ဟာ Windows 8 ဖြစ်နေလို့ပါ ..
ဒါကြောင့်လည်း သူတို့က အသိအမှတ်ပြုသလို ကိုယ်တွေကလည်း အကောင်းဆုံး
အသုံးချတတ်အောင် လေ့လာကိုင်တွယ်ပြနိုင်သင့်တယ်လို့ ယူဆပြီး အခုလို
Windows 8 ကို တတ်နိုင်သလောက် လေ့လာရင်း သိလာသလောက် ပြန်လည်မျှဝေ
ပေးနေမိတာပါ ..
ကဲ .. ဒီနေ့တော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပို့ပေးခဲ့တဲ့ Windows 8 အတွက်
သီးသန့်ရေးဆွဲပေးထားတဲ့ Windows 8 Manager ဆိုတဲ့ ဆော့ဝဲလေးကို မျှဝေပေးမှာ
ဖြစ်ပါတယ် ..
ထူးဆန်းတဲ့ ဆော့ဝဲတော့လည်း မဟုတ်ပါဘူး ..
အရင်ဝင်းဒိုးတွေတုန်းက ကျွန်တော်တို့သုံးခဲ့တဲ့ Tune Up Ultilities လို ၀င်းဒိုးရဲ့
ကျန်းမာရေး သန့်ရှင်းရေး စတာတွေကို ကူညီမြှင့်တင်ပေးမယ့် ဆော့ဝဲလေးပါ ..
Windows 8 အတွက်ရယ်လို့ တစ်သီးတစ်သန့် ရည်ရွယ်ပြီး ရေးသားထားတဲ့ ဆော့ဝဲလေးမို့
တခြားဆော့ဝဲတွေနဲ့ယှဉ်ရင် Windows 8 ရဲ့ စနစ်တွေကို ပိုမိုထရောက်အောင်
ကူညီမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ် ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ




ဒေါင်းလို့ပြီးသွားပြီဆိုရင်တော့ Setup ဖိုင်လေးကို Run ပြီး Install လုပ်လိုက်ပါ
Install လုပ်လို့ ပြီးသွားရင် Full Version ဖြစ်အောင် Crack ဖို့ Key Generator
ထည့်ပေးထားပါတယ် ..
သူ့ကို မ Run ခင်မှာ အင်တာနက် ကွန်နက်ရှင်ကို တော့ ပိတ်ထားပေးဖို့ လိုပါမယ်
ပထမဆုံး Install လုပ်ပြီးသွားတဲ့ Desktop ပေါ်က Windows 8 Manager ရဲ့
အိုင်ကွန်လေးကို Double Click နှိပ်ပြီး Run လိုက်ပါ ..
လိုင်စင်တောင်းပါလိမ့်မယ် ..
တက်လာတဲ့ Box ထဲက Puschase and Regiser ကို နှိပ်ပေးလိုက်ပါ ..
လိုင်စင်ကီးထည့်စရာ အကွက်တွေနဲ့ Box တက်လာရင် သူ့ကို ခဏထားခဲ့ပြီး
ဒေါင်းတုန်းက ပါလာတဲ့ kg ဆိုတဲ့ ဖိုင်လေးကို Run လိုက်ပါ
ပွင့်လာတဲ့ Box ထဲက Generate ဆိုတာလေးကို နှိပ်လိုက်ရင် လိုင်စင်ကီးလေး
ပေါ်လာပါမယ် ..
အဲဒါလေးကို ကော်ပီယူပြီး အစောပိုင်းက ထားခဲ့တဲ့ Key ထည့်ရမယ့် အကွက်ထဲမှာ
Paste လုပ်ပေးလိုက်ပါ .. ပြီးရင် Activate ဆိုတာကို နှိပ်ပေးလိုက်တာနဲ့
Full Version ဖြစ်သွားပါပြီ
ဒီဆော့ဝဲလေးထဲမှာ .. Function တွေ အများကြီးပါတာကို တွေ့ရပါလိမ့်မယ်
Mode တစ်ခုမှာတင် Function ပေါင်း လေးငါးဆယ်ခုလောက် ပါဝင်နေပါတယ် .
အဲ .. တစ်ခုတော့ ပြောထားဦးမယ်ဗျ ..
Registry Clean တော့ သွားမလုပ်နဲ့ဗျ .. ၀င်းဒိုးကို Crack ထားတာတွေကိုပါ
ပြန်ပြင်သွားတဲ့အတွက် Active မဖြစ်တော့ပဲ ပြန်ပြီး Activater နဲ့ ပြန် Run ပေးနေရလိမ့်မယ်
Virus ၀င်တယ်ထင်လို့ Registry ပိုင်းကိုပါ Clean လုပ်ချင်ရင်တော့ လုပ်ပေါ့ ..
Windows Activater လေးတော့ ပြန် Run ပေးဖို့ အသင့်ပြင်ထားပါ ..
ကဲဗျာ .. ကျန်တဲ့ Function တွေကတော့ အများကြီးပဲမို့ ဆက်မပြောတော့ပါဘူး ..
ကျွန်တော်လည်း ကွန်နက်ရှင်တွေ ပိန်းနေတဲ့ကြားက ပို့စ်တင်နေရတာဆိုတော့
ဒီလောက်ပဲ ရေးပါရစေ ..
သေချာတာတစ်ခုကတော့ .. ဒီဆော့ဝဲလေး တစ်ခုတည်းနဲ့တင်
Windows 8 ဟာ တော်တော် ပြည့်စုံသွားပြီ ဆိုတာပါပဲ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Baca Selengkapnya ....

Windows 8 ခဏခဏ Shutdown ကျနေသလား

Posted by Unknown Minggu, 27 Januari 2013 0 komentar
Windows 8 ရဲ့ ပြဿနာတွေက မငြိမ်သေးပါဘူး .. တစ်ကယ်တော့ Windows 8 က မငြိမ်သေးတာမဟုတ်ပါဘူး .. ကျွန်တော်တို့လို့ Crack ပြီးမှ သုံးနေရတဲ့သူတွေအတွက် Crack ထားတဲ့ Activator တွေ Loader တွေက မငြိမ်နိုင်သေးတာပါ ..
အခုလည်း Windows 8 နဲ့ ပတ်သက်တဲ့ Activator တွေ အမျိုးမျိုးထွက်လာနေပြီ ဖြစ်ပါတယ် ..
အဲဒီထဲကမှ တစ်ချို့ Activator တွေက နည်းနည်း ပြဿနာရှိပါတယ် ..
ဘာပြဿနာလဲဆိုတော့ Activator ကို Run လိုက်လို့ ၀င်းဒိုးကတော့ Active တော့ ဖြစ်သွားပါရဲ့ .. ဒါပေမယ့် တစ်နာရီခြား .. ဒါမှမဟုတ် လေးဆယ်ငါးမိနစ်ဝန်းကျင်လောက်ဆိုသလို ..
Setting your system .. ဘာညာဆိုပြီး .. အပြာရောင်ကြီး တက်လာပြီး .. Shutdown ကျကျသွားတတ်ပါတယ် .. Shutdown မကျစေချင်ရင် အဲဒီလို ဖြစ်ဖြစ်ချင်းမှာ Desktop ပြန်ဖော်နိုင်ရင် အဆင်ပြေသွားတတ်ပေမယ့် .. မထင်မှတ်ပဲ ပေါ်လာတတ်တာဖြစ်လို့ Shutdown ကျသွားတာက များပါတယ် ..

အဲဒီတော့ .. လုပ်နေဆဲ ဒေတာတွေ .. ဆုံးရှုံးတာ မဆုံးရှုံးတာ အပ ထား .. စိတ်အနှောင့်အယှက်တော့ ဖြစ်ရတာပါပဲ ...
အဲဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ .. Windows 8 ရဲ့ System ထဲမှာ Run နေတဲ့ Setting ဆိုတဲ့ ပရိုဂရမ်ငယ်လေးကြောင့်ဖြစ်တာပါ ...
အဲဒီ ပရိုဂရမ်ငယ်လေးဟာ ၀င်းဒိုးစတက်ပြီဆိုကတည်းက နောက်ဆုံး ၀င်းဒိုးကြီး Shutdown ကျပြီးသွားတဲ့အထိတောင် မနားသေးပဲ .. လက်ကျန်အားလေးနဲ့ ဆက်ပြီး Run နေသေးတယ်လို့ ဆိုပါတယ် ..
ဒါကြောင့်လည်း Windows 8 ကို Shutdown ချပြီးသွားရင် ကီးဘုဒ်တွေ (များသောအားဖြင့်) မောက်တွေမှာ မီးလေးတွေ တော်တော်ကြာကြာထိ မပိတ်သေးပဲ .. ဆက်ပြီး လင်းနေသေးတာပါ ..
ကဲ .. ထားပါတော့ ..
အဲဒီပြဿနာကို ဘယ်လိုရှင်းမလဲ ..
ဟုတ်ကဲ့ .. လွယ်ပါတယ် ..
Activator ပြောင်းပြီး Run ပေးရပါမယ် ...

အရင်ဆုံး .. လိုအပ်တဲ့ Activator ကို ဒီမှာ ဒေါင်းယူလိုက်ပါ ..


ပြီးရင် ..Control Panel ကိုဝင်ပါ ..
Action Center ကိုနှိပ်ပါ .. အဲဒီထဲက Security အကွက်ထဲက Clean System ကိုနှိပ်ပြီး အဆင့်ဆင့် ဆက်လုပ်သွားပါ ...



System 32 ထဲမှာရှိနေတဲ့ ၀င်းဒိုးကို ဟက်ထားတဲ့ tool တွေကို ရှင်းပေးသွားပါလိမ့်မယ် ..
ရှင်းပြီးသွားလို့ အစိမ်းရောင်ပြောင်သွားပြီဆိုရင် ကွန်ပြူတာကို Restart ချပေးလိုက်ပါ ..
ဝင်းဒိုးပြန်တက်လာတဲ့အခါမှာ များသောအားဖြင့် .. Active မဖြစ်သေးတဲ့ပုံနဲ့ ၀င်းဒိုးကို တွေ့ရပါလိမ့်မယ် ..
အဲဒီအခါ .. အပေါ်က ဒေါင်းယူထားတဲ့ ဖိုင်ကို ဖြည်ပြီး Desktop ပေါ်မှာ ထားလိုက်ပါ
သော့ပုံ exe ဖိုင်လေး ရလာမှာပါ ..
အဲဒါလေးကို Right Click နှိပ်ပြီး ကျလာတဲ့ထဲက run as administrator ကိုနှိပ် .. Administrator Prompt တက်လာရင် Yes ကိုနှိပ် ..
ကျန်တာကို သူ့အလိုလို လုပ်သွားပါလိမ့်မယ် ..
ပြီးရင် .. Restart လည်း အလိုလို ကျသွားပါမယ် ..
ဝင်ဒိုးပြန်တက်လာတဲ့အခါမှာတော့ ဘာကီးနဲ့ ဘယ်လို Active ဖြစ်သွားတဲ့အကြောင်း Box တွေ အဆင့်ဆင့် တက်လာပါလိမ့်မယ် ..
OK , Yes , .. အဆင်ပြေတာကိုသာ နှိပ်ပေးလိုက် ...
ကဲ .. အခုကစပြီး သူငယ်ချင်းတို့ရဲ့ ၀င်းဒိုးဟာ .. လုံးဝ Shutdown မကျတော့ပါဘူး ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 မှာဖြစ်နေတဲ့ ပြဿနာတော်တော်များများရဲ့ တရားခံ

Posted by Unknown Kamis, 24 Januari 2013 0 komentar
Windows 8 ဟာ မထွက်ခင်က နံမည်ကြီးခဲ့သလိုပဲ တစ်ကယ်ထွက်လာတဲ့အခါမှာလည်း
အံ့သြစရာကောင်းလောက်တဲ့ Feature တွေ လုပ်ဆောင်ချက်တွေနဲ့ User တွေကို
ကျေနပ်နှစ်သက်မှု ပေးနိုင်တာတွေ့ရပါတယ် ..
သူ့ရဲ့ အားသာချက်တွေအများကြီး ရှိပါတယ် .. အဲဒီအားသားချက်တွေထဲကမှ အံ့သြစရာလည်းကောင်းသလို Windows 8 User တွေကို ကျေနပ်စေတဲ့ Function ပိုင်းဆိုင်ရာ အားသာချက်တွေကတော့


(၁) Boot တက်တာ .. Shutdown ကျတာကအစ အခြားလုပ်ဆောင်ချက်အားလုံးနီးပါးမှာ သွက်လက်မြန်ဆန်တာ
(၂) အင်တာနက်အသုံးပြုတဲ့အခါ တခြားသော ၀င်းဒိုးအမျိုးအစားတွေထက် ပိုမိုသွက်လက်ပြီး Network ချိတ်ဆက်မှု တည်ငြိမ်အားကောင်းတာ
(၃) Hardware တော်တော်များများရဲ့ Driver တွေကို Built In အဖြစ်ထည့်သွင်းထားတာကြောင့် တပ်ဆင်ချိတ်ဆက်လိုက်တဲ့ Hardware အားလုံးနီးပါးလောက်ကို Driver Install လုပ်စရာမလိုပဲ သိနေတာ (တစ်ကယ်လို့ သူ့ထဲမှာ Built In မပါလာတဲ့ Driver မျိုးဖြစ်နေရင်လည်း Online ချိတ်ဆက်ထားမယ်ဆိုရင် ရှာဖွေဒေါင်းလုဒ်လုပ်ပေးနိုင်တာ (ဥပမာ - ISO ဖိုင်လေးတစ်ဖိုင်ကို Mount လုပ်ဖို့အတွက် Power ISO လို ဆော့ဝဲမျိုးကို Install လုပ်စရာမလိုပဲ ၀င်းဒိုးမှာပဲ Mount လုပ်ပေးနိုင်တဲ့ Built In တွေ ပါလာပါတယ် .. အဲ .. သက်ဆိုင်ရာ ပရိုဂရမ်ကို Install လုပ်ပြီးသွားရင်တော့ အဲဒီ ၀င်းဒိုးထဲက Mount လုပ်ပေးတဲ့ ပရိုဂရမ်ဟာ ပင်စင်ယူသွားပါတယ် )
(၄) Antivirus တောင် မလိုလောက်အောင် Firewall စနစ် လုံခြုံတာ
(၅) Microsoft အကောင့်လေးလုပ်ပြီး ကိုယ့်ကွန်ပြူတာကို Sync လုပ်ထားရုံနဲ့ တစ်ခြားစက်တွေကနေ ကိုယ့်အကောင့်ကိုဖွင့်ဝင် အသုံးပြုမယ်ဆိုရင် ကိုယ့်ရဲ့အသုံးပြုနေကျ ကွန်ပြူတာကို အသုံးပြုနေရသလိုပဲ Program တွေကအစ ထပ်တူထပ်မျှသုံးနိုင်တာ
ဆက်ပြောနေမယ်ဆိုရင် အများကြီးပေါ့ .. ငါးစိမ်းမြင်လို့ ငါးကင်ပစ်တယ်ဆိုပြီး အပြောခံထိမှာလည်း စိုးရသေးတယ်လေ ..
ကဲ .. ထားပါတော့ .. Windows 8 ရဲ့ အားနည်းချက်လေးတွေကိုလည်း ပြောပါဦးမယ် ..
Windows 8 ရဲ့ အားနည်းချက်တွေထဲက ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့ အဓိက သက်ဆိုင်တဲ့ အားနည်းချက်တွေကိုပဲ ပြောပါ့မယ် ..
(၁) Windows 8 ဟာ Microsoft ရဲ့ Future plan ဖြစ်တဲ့ Entire Cloud Program ဆိုတဲ့ ပရိုဂရမ် ( ဆော့ဝဲ ) မှန်သမျှကို Online ကပဲ ၀ယ်ပြီ Online ကနေပဲ Customer ရဲ့ စက်ထဲကို Install လှမ်းလုပ်ပေးတဲ့ Cracker တွေရဲ့ ရန်ကို ရှောင်ရှားမယ်နည်းစနစ်ကို စတင်စမ်းသပ်ထားတဲ့ ပထမဆုံး ခြေလှမ်းဖြစ်တတ်ကြောင့် ၀င်းဒိုးကို ဈေးကွက်ထဲသာ ဖြန့်ချိလိုက်တာ သူ့ရဲ့ Installer Coding တွေမှာ ကုဒ်လိုင်းတစ်ချို့ကို ချန်လှပ်ထားခဲ့ပါတယ် .. Online ကနေ License ကို ၀ယ်ယူသုံးစွဲပြီဆိုတော့မှ လိုအပ်တဲ့ Coding ကို ၀ယ်ယူသူရဲ့ စက်ထဲကို Online ကနေပဲ Install လှမ်းလုပ်ပေးလိုက်တာပါ .. ( ဒါကိုတော့ Programmer တွေပဲ နားလည်မယ့်ကိစ္စဖြစ်တာမို့ အကျယ်မရေးတော့ပါဘူး)
ဒီစနစ်ရဲ့ အားသာချက် အားနည်းချက်တွေကို ပြင်ဆင်ဖြည့်စွက်ပြီး Microsoft နဲ့တကွ ဆော့ဝဲကုမ္မဏီတွေ တော်တော်များများဟာ Online မှာဝယ် Online ကပဲ Install လုပ်ပေးတဲ့ Entire Cloud Program စနစ်ကို အသုံးပြုတော့မှာဖြစ်လို့ ဆော့ဝဲအားလုံးနီးပါးကို Crack ပေးမှ Full အဖြစ် သုံးနိုင်တဲ့ ( Cracked မဟုတ်ရင် Trail လောက်သာသုံးနေရတဲ့ ) ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့တော့ Trail ဆော့ဝဲလေးကိုတောင် ကိုင်နိုင်တော့မှာမဟုတ်တဲ့အတွက် Update ဆော့ဝဲတွေကို သတင်းတွေမှာသာ မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ် .. (ဒါပေမယ့် ... မြန်မာတွေက သိပ်ဥာဏ်ကောင်းတယ် .. ဒါလေးတစ်ချက်တော့ မျှော်လင့်ချက်ရှိသေးတယ် .. :D  )
(၂) အဲဒီလို Installer Coding တစ်ချို့ချန်လှပ်ထားခဲ့တာကြောင့် Cracked တွေ Loader တွေ Activator တွေနဲ့ Full ဟန်ဆောင်နေရတဲ့ ကျွန်တော်တို့အတွက်တော့ Windows 8 ဟာ Activated သာ ဖြစ်သွားတယ် .. တစ်ချို့သောပရိုဂရမ်တွေကို Install လုပ်တဲ့အခါမှာ Error တွေ တက်တက်လာတတ်ပါတယ် ..
ကဲ .. ဒီပို့စ်ရဲ့ အဓိကဦးတည်ချက်က Windows 8 နဲ့ပတ်သက်တဲ့ Error တွေကို ဖြေရှင်းနည်းဖြစ်တဲ့အတွက် နောက်ထပ် အားနည်းချက်တွေကို ဆက်မပြောတော့ပါဘူး ..
Windows 8 ကို အဆင်ပြေပြေနဲ့သုံးချင်တယ်ဆိုရင် အောက်မှာပြောထားနည်းလေးတွေအတိုင်း စနစ်တကျဆောင်ရွက်ပြီး အသုံးပြုကြည့်ပါလို့ အကြံပေးချင်ပါတယ် ..

(1) Edition Selecting

Windows 8 ကို Install လုပ်တော့မယ်ဆိုရင် ဘယ် Edition ကို အသုံးပြုသင့်သလဲဆိုတာကို ရွေးချယ်ရပါမယ် ..
ကျွန်တော်အကြံပြုချင်တာကတော့ Windows 8 pro ကိုအသုံးပြုစေချင်ပါတယ် .. ( ဘာကြောင့်ဆိုတာကို တစ်နေရာမှာ ထည့်ရှင်းသွားပါ့မယ် )

(2) Updating Windows

Windows 8 ကို Install လုပ်ပြီးပြီဆိုရင် တခြားဘာဆော့ဝဲမှ Install မလုပ်ခင် Windows update ကို အရင်ဆုံးလုပ်သင့်ပါတယ် ..
ဘယ်လိုလုပ်မလဲဆိုတော့ Windows ကို Install လုပ်ပြီးပြီဆိုရင် Control Panel ထဲကနေ System ကိုနှိပ်
ပွင့်လာတဲ့ထဲက ဘယ်ဖက်အခြမ်းထဲမှာ ရှိတဲ့ Windows Update ဆိုတာကိုနှိပ် ..
အဲဒီကနေမှ အဆင့်ဆင့် Update file တွေကို Download လုပ်ပြီး Install လုပ်ပါ .. ( Update ဖိုင်တွေကို ဒေါင်းတာချည်းပဲ 103 MB လောက် ရှိတာကို တွေ့ရပါမယ် .. အခြေအနေအရ 200MB နဲ့ အထက်တွေလည်း ကြုံရမှာဖြစ်ပါတယ် .. တစ်ခေါက်ဆို ကျွန်တော် စုစုပေါင်း 500MB ကျော်သွားတယ် . .တစ်ခါ Check update လုပ်လိုက် ဒေါင်းစရာပေါ်လာလိုက်နဲ့လေ)


ဒီအဆင့်ပြီးရင်ပဲ ၀င်းဒိုးဟာ တော်တော်လေး အဆင်ပြေလာပါမယ် ..
ဒီလို Windows Update လုပ်တာဟာ ဒီတစ်ကြိမ်နောက်ဆုံးလုပ်ခြင်းလို့ နားလည်ထားပါ ..
နောက်ပိုင်း ၀င်းဒိုးကို Loader တို့ Activator တို့ နဲ့ Crack ပြီးပြီဆိုမှ ဒီအဆင့်ကို ထပ်လုပ်မယ်ဆိုရင် ၀င်းဒိုးဟာ Trail ပြန်ဖြစ်သွားပါမယ်
ဒါပေမယ့် Update လုပ်လိုက် Activator နဲ့ ပြန် Crack လိုက်လုပ်ပြီး သုံးမယ်ဆိုရင်လည်း ရပါတယ် ..

(3) Fake Installing .Net Framework Program

ဒါက အဓိကပြဿနာပါ .. .Net Framework ဆိုတာ ၀င်းဒိုးအတွက် အရေးမကြီးပေမယ့် အဲဒီဝင်းဒိုးပေါ်မှာ ထည့်သွင်းအသုံးပြုမယ် ဆော့ဝဲတွေအတွက် တော်တော် အရေးပါပါတယ် ..
Microsoft က အဓိကချန်လှပ်ထားခဲ့တဲ့ Installer Coding ထဲမှာ .Net Framework အတွက် အဓိက ဦးတည်ထားပါတယ် ..
ဆော့ဝဲထဲမှာတော့ ပါတယ် .. ဒါပေမယ့် ၀င်းဒိုးကို တင်တဲ့အခါ Net Framework ကိုပါ Install လုပ်ဖို့ coding ထည့်မထားတဲ့အတွက် နောက်ပိုင်း ဆော့ဝဲတွေ သုံးဖို့ Install လုပ်တဲ့အခါမှာ
ဝင်းဒိုးက .net framework 3. ဘာညာတို့ လိုနေပါတယ် .. ဆိုပြီး Error တွေတက်လာပါတယ် ..
Online ကနေ Search လုပ်ပြီး Install လုပ်ကြည့်ပြန်တော့တော့ တစ်ဝက်ကျော်ကျော်လောက်မှာ ရှေ့မဆက်တော့ပဲ ရပ်နေပါတော့တယ် .. မယုံရင် ဆက်စောင့်နေကြည့် ဘယ်တော့မှ ပြီးဆုံးသည်အထိ ဒေါင်းယူလို့ မရတာကို တွေ့ရလိမ့်မယ် ..
အဲဒီတော့ .. တခြားတစ်နေရာကနေ ရှာဖွေပြီး ဒေါင်းယူ ... Install လုပ်ပြီးမှ သုံးရပါတော့တယ် .. ဒါပေမယ့် .. Windows 8 ရဲ့ Platform ပေါ်မှာ အဲဒီ Online မှာရှိတဲ့ net framework ပရိုဂရမ်တော်တော် များများဟာ လိုလျောညီထွေ မဖြစ်တာက များပါတယ် ..
အဲဒီတော့ .. Error တွေ တက်လာမြဲ တက်လာမြဲပဲ ဖြစ်နေတာ တွေ့ရပါတယ် ..
အဲဒီလိုမဖြစ်ဖို့ Windows 8 နဲ့ အဆင်အပြေဆုံး net framework ကို Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..
အဲဒါကလည်း ဘယ်မှာမှ ရှာစရာမလိုပါဘူး .. Windows 8 ရဲ့ ဆော့ဝဲခွေထဲပါပဲ အဆင်သင့်ပါပြီးသားပါ ..
သူ့ကို Install လုပ်ဖို့ အမိန့်ပေးမထားလို့သာ ဒီအတိုင်းကျန်နေခဲ့တာပါ ..
ကဲ .. အဲဒီပရိုဂရမ်က ၀င်းဒိုးခွေရဲ့ ဘယ်နားမှာရှိတာလဲ ..
ဟုတ်ကဲ့ .. ၀င်းဒိုးခွေကို စက်ထဲထည့်ပြီး ဖွင့်ကြည့်လိုက်ပါ .. ၀င်းဒိုးဆိုင်ရာဖိုလ်ဒါတွေထဲမှာ Sources ဆိုတဲ့ဖိုလ်ဒါကို ဖွင့်ကြည့်လိုက်ရင် အထဲမှာ sxs ဆိုတဲ့ ဖိုလ်ဒါလေးတစ်ခုကို တွေ့မယ်ဆိုရင် အဲဒါ ကျွန်တော်တို့လိုချင်တဲ့ ပရိုဂရမ်အစစ်ပဲဖြစ်ပါတယ်





ဒါပေမယ့် Windows 8 pro မဟုတ်တဲ့ Edition တော်တော်များများမှာ အဲဒီဖိုလ်ဒါ မပါတာတွေ့ရပါတယ် .. ဒါကြောင့် Windows 8 pro ဆိုတဲ့ Edition ကို အသုံးပြုခိုင်းတာပါ ..
တစ်ကယ်လို့ ၀င်းဒိုးခွေလည်း ၀ယ်ဖို့အခက်အခဲရှိမယ် .. ဒါမှမဟုတ် ၀ယ်ထားပြီးသား ခွေထဲမှာလည်း

အဲဒီ sxs ဖိုလ်ဒါက ပါမလာလို့ ရချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းယူချင်ယူနိုင်ပါတယ် ..(32bit)

64bit သမားတွေအတွက် ဒီမှာ ဒေါင်းပါ

အဲဒီ sxs  ဆိုတဲ့ဖိုင်ကိုဖြည်လိုက်ပါ
ပြီးရင် အထဲ sxs ဆိုတဲ့ ဖိုဒါတစ်ခုလုံးကို Partition C ထဲကို ကူးထည့်ပေးလိုက်ပါ
ကဲ .. အဲဒီ sxs ဆိုတဲ့ဖိုလ်ဒါကို ကိုယ်ပိုင်ကုဒ်နဲ့ Install လုပ်ပေးဖို့ ပထမဆုံး အဲဒီ sxs ဖိုလ်ဒါကို partition C ထဲကို ကူးယူလိုက်ပါ ..
ပြီးရင် ဒီကုဒ်တွေကို ကော်ပီကူးယူပါ .. (ရိုထည့်ရင် Space Bar ခြားတဲ့နေရာတွေဘာတွေ မှားမှာစိုးလို့ ကော်ပီကူးယူခိုင်းတာပါ .. coding ပိုင်းနားလည်တယ်ဆိုရင်တော့ ကိုယ့်ဖာသာ ရိုက်ထည့်နိုင်ပါတယ် .. )

 dism /online /enable-feature /featurename:NetFx3 /All /Source:C:\sxs /LimitAccess

အဲဒီလို ကူးယူပြီးပြီဆိုရင် မောက်စ်ကို Desktop Screen ရဲ့ ဘယ်ဖက်အောက်ဒေါင့်နားလေးကို သွားထားလိုက်ရင် Start ဆိုတာလေး ပေါ်လာတဲ့နေရာမှာ Right click နှိပ်ပေးလိုက်ပါ ..
ပွင့်လာတဲ့ထဲက Command Prompt ( Admin ) ဆိုတာကို နှိပ်ပေးလိုက်ပါ .. (ဒါလေး အရေးကြီးပါတယ်)



နောက်ထပ်ပွင့်လာတဲ့ Administrator Prompt ကို Yes နှိပ်ပေးလိုက်ရင် Command Prompt ပွင့်လာပါမယ်
အဲဒီ Command Prompt ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Paste ကို နှိပ်ပေးလိုက်ရင် အပေါ်မှာ ကျွန်တော်တို့ ကော်ပီယူခဲ့တဲ့ ကုဒ်တွေ CMD ထဲမှာ Paste အဖြစ် ရေးပြီးသား ဖြစ်သွားပါမယ်


အဲဒီကုဒ်တွေ CMD ထဲ ရောက်လာပြီဆိုရင်တော့ Enter ကီးလေးကို နှိပ်ပေးလိုက်ပါ ..
အချိန်တော်တော်ကြာစောင့်ပေးလိုက်ရင် 100% ပြည့်တဲ့အခါ Install လုပ်တာ အောင်မြင်တဲ့အကြောင်း စာတမ်းတွေ တက်လာပါလိမ့်မယ် ..


အဲဒီလို တက်လာပြီဆိုရင်တော့ Windows 8 ဘယ်လို net framework မျိုးကိုမှ Install လုပ်စရာ မလိုတော့ပါဘူး
ဒီနည်းလေးကို လုပ်ပြီးပြီဆိုရင်တော့ Windows 8 ကို  Activator တစ်ခုခုနဲ့ activate လုပ်လိုက်ပါတော့ .. ( activate လုပ်ပြီးမှ ဒီနည်းကို လုပ်ရင်လည်း ရပါတယ် .. )
ဒါလေးလုပ်ပြီးသွားရင် အရင်က တက်ခဲ့ဖူးတဲ့ Error တော်တော်များများကို ကျော်လွှားသွားနိုင်တာကို တွေ့ရပါလိမ့်မယ် ..

ကဲ .. တခြား error တွေကိုဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ အလွယ်တကူ ပြောပြလိုက်ရုံနဲ့ အဆင်ပြေနိုင်တာကြောင့် ဒီနည်းလမ်းလေးကိုပဲ မျှဝေပေးပါရစေ ..
Windows 8 နဲ့ပါတ်သက်ပြီး တခြား error တွေ ကြုံလာရင်လည်း ဒီပို့စ်ရဲ့အောက်မှာ comment ရေးပြီး မေးနိုင်ပါတယ် .. ( သိတာဆိုရင် ဖြေပေးပါ့မယ် )
Facebook comment မှာ ရေးမယ်ဆိုရင်လည်း ဘယ်ပို့စ်အတွက် ဘယ်ဆော့ဝဲအတွက် အဲဒီလို ညွှန်းပြီးရေးစေချင်ပါတယ် .. ဘာကြောင့်လဲဆိုတော့ Facebook comment က ဒီဘလော့ထဲက Post တွေ အားလုံးရဲ့အောက်မှာရောက်နေမှာမို့ ဘယ်ပို့စ်ကို ပြောချင်တာလဲဆိုတာကို မသိနိုင်ပါဘူး ..
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ဖျက်ပြီးမှ ပြန်လိုချင်တဲ့ဖိုင်တွေကို အမိအရပြန်ရှာပေးမယ့် Pandora

Posted by Unknown Selasa, 22 Januari 2013 0 komentar
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ ဖိုင်တွေကို မှားဖျက်မိတာမျိုး .. ဖျက်ထားပြီးမှ အသုံးလိုလို့ ပြန်ယူချင်တာမျိုးတွေ ကြုံလာတဲ့အခါ Recovery Tool ကောင်းကောင်းလေးတစ်ခုလောက်တော့ လိုအပ်လာမှာဖြစ်ပါတယ် .. တစ်ကယ်တော့ Recovery ဆော့ဝဲဆိုတာ ကွန်ပြူတာတစ်လုံးမှာ မရှိမဖြစ် ထည့်သွင်းထားရမယ့် ဆော့ဝဲတစ်မျိုးလည်းဖြစ်ပါတယ် .. အစ်ကိုတစ်ယောက်ကလည်း email ထဲကနေ လှမ်းတောင်းတာနဲ့ ( ကျွန်တော်လည်း ဘာပို့စ်တင်ရမလဲ စဉ်းစားမရဖြစ်နေတာနဲ့ ) ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ် .. အသုံးပြုနည်းကိုလည်း ကွန်ကောင်းတုန်းက တင်ထားတဲ့ Video ဖိုင်လေးနဲ့ ပြထားတဲ့အတွက် ပိုပြီး အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်


... ကဲ .. ဆော့ဝဲ လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ ..


ဒေါင်းပြီးသွားရင်တော့ Install လုပ်ပုံနဲ့ အသုံးပြုပုံကို (အကြမ်းဖျဉ်း) တင်ပေးထားပါတယ် ..
အောက်မှာ လေ့လာကြည့်နိုင်ပါတယ် ..



နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

စိတ်ရှိမှ လိပ်စပိလောက်ပဲသွက်တဲ့ Connection ကို ကဆုန်ပေါက်ပြီး ယုန်လောက်ပြေးခိုင်းရအောင်

Posted by Unknown Senin, 21 Januari 2013 0 komentar
Internet Speed တွေ နှေးလို့ စိတ်ညစ်နေတဲ့ ကျွန်တော့်လို သူငယ်ချင်းတွေအတွက်
လှအိုးကွဲကွန်နက်ရှင်အဆင့်ကနေ ရွက်ကြမ်းရေကျိုကွန်နက်ရှင်အဆင့်လောက်တော့
သေချာပေါက် မြှင့်တင်ပေးနိုင်မယ့်
 ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် ..
တစ်ကယ်တော့  ဒီဆော့ဝဲရဲ့လုပ်ဆောင်ချက်က အင်တာနက်
ကွန်နက်ရှင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး Setting မှန်သမျှကို အကောင်းအနေအထားဖြစ်အောင်
ပြင်ဆင်ချိန်ညှိပေးတဲ့အပြင် CPU ရဲ့လုပ်ဆောင်ချက်ကို ဒီပရိုဂရမ်လေးအတွက် ဦးစားပေးအောင်ထိန်းချုပ်စေခိုင်းထားတာဖြစ်တဲ့အတွက်
ရှိနိုင်တဲ့အင်တာနက်အမြန်နှုန်းရဲ့ အဆုံးစွန်အမြင့်ဆုံး
အခြေအနေအထိ ပြင်ဆင်ချိန်ညှိပေးတဲ့ လုပ်ဆောင်ချက်တွေ ပါတာကြောင့် သီအိုရီအရဆိုရင်
အင်တာနက်ကွန်နက်ရှင်ဟာ အမြင့်ဆုံး အမြန်နှုန်းကို ရရှိစေနိုင်မှာ ဖြစ်ပါတယ် ..

ဒါပေမယ့် “၀” မရှိပဲ “၀ိ” လုပ်လို့မရ တဲ့အတွက် ရနိုင်သမျှ အမြန်နှုန်းကိုတော့ အကန့်အသတ်တစ်ခုအတွင်းရရှိမှာဖြစ်ပါတယ် ..
“၀” မရှိပေမယ့် “ထ” ကို 90ဒီဂရီ လှည့်ထောင်ပြီး “၀ိ” လုပ်ကြည့်တဲ့သဘောပေါ့ဗျာ ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ ...





ဒေါင်းလို့ပြီးသွားပြီးသွားပြီဆိုရင် ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ ..
အထဲမှာ ဖိုင်နှစ်ဖိုင်တွေ့ရပါလိမ့်မယ် ...
အပေါ်က netscream.exe ဆိုတဲ့ဖိုင်လေးကို Double Click နှိပ်ပြီး Install လုပ်ပေးလိုက်ပါ ..
Install လုပ်ပြီးသွားရင် ပရိုဂရမ်ကို Lunch မလုပ်ပဲ ပိတ်လိုက်ပါ ..
ဆော့ဝဲကို Crack လုပ်ဖို့ အင်တာနက်ကွန်ရှင်နဲ့ Antivirus တွေကို ပိတ်ထားလိုက်ပါ ..
အဆင်သင့်ဖြစ်ပြီဆိုရင် C >> Program files >> Net Scream ဆိုပြီး အဆင့်ဆင့် ဖွင့်ဝင်သွားပါ
(Desktop ပေါ်က Net Scream အိုင်ကွန်ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက
Open file location ကိုနှိပ်လိုက်ရင်လည်း ရပါတယ် .. )
Net Scream ရဲ့ ဖိုလ်ဒါလေးပွင့်လာပြီဆိုရင် ဒေါင်းလို့ရလာတဲ့ထဲက Patch.exe ဆိုတဲ့ဖိုင်လေးကို
Net Scream ဖိုလ်ဒါထဲကို ကူးထည့်ပေးလိုက်ပါ .. တက်လာတဲ့ Box တွေကို
Continue / Yes တွေပဲ နှိပ်ပေးလိုက်ပါ ..
Net Scream ဖိုလ်ဒါထဲကို Patch ဖိုင်လေးရောက်သွားပြီဆိုရင် အဲဒီဖိုင်လေးပေါ်မှာ Right Click
နှိပ်ပြီး ကျလာတဲ့ထဲက run as administrator ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက Crack ကိုနှိပ်ပေးလိုက်ရင် User name ထည့်ခိုင်းတဲ့ Box လေးတက်လာပါမယ် ..
ကိုယ်ထည့်ချင်တဲ့နံမည်ကို ထည့်ပေးလိုက်ပြီး Ok နှိပ်ပေးလိုက်ပါ ..
Crack အောင်မြင်သွားကြောင်း စာတမ်းတွေတက်လာပါလိမ့်မယ် .. exit ကိုနှိပ်ပြီး ထွက်လိုက်ပါ ..
အင်တာနက်ကွန်နက်ရှင်တွေ Antivirus တွေကို ပြန်ဖွင့်လိုက်ပါ ..
Desktop ပေါ်က Net Scream အိုင်ကွန်ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက run as administrator
ကိုနှိပ်ပေးလိုက်ပါ .. Administrator Prompt တက်လာရင် Yes ကို နှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက Operation System မှာ ကိုယ့်သုံးနေတဲ့ ၀င်းဒိုးအမျိုးအစားကို ရွေးပေးပါ .. ( Windows 7 အထိပဲပါပေမယ့် .. Windows 8 မှာလည်း အလုပ်လုပ်တာကို တွေ့ရပါတယ် .. Windows 8 သမားတွေကတော့ Windows 7 ကိုပဲ ရွေးပေးလိုက်ပါ ..
Moderm Type နေရာမှာ ကိုယ့်ရဲ့ အင်တာနက်ချိတ်ဆက်မှုအမျိုးအစားကို ရွေးပေးပါ .. ( များသောအားဖြင့်တော့
Wireless Netword ( Phone ) ကိုပဲ ရွေးလေ့ရှိပါတယ် ..
ပြီးရင် Fast ဖက်မှာရှိနေတဲ့ မြှားအတုံးလေးကို Fastest ရှိတဲ့ဖက်ကို မောက်လေးနဲ့ ဆွဲရွှေ့ပေးလိုက်ပြီး
Go ကို နှိပ်ပေးလိုက်ပါ ...
 အောက်ကပုံအတိုင်း အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မယ် ..



အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင် Restart တောင်းတဲ့ Box လေးတက်လာပါမယ် ..
Yes ကိုနှိပ်ပေးလိုက်ပါ ..



ဝင်ဒိုးပြန်တက်လာတဲ့အခါမှာ အရင်ကထက် ပိုမြန်တဲ့ အင်တာနက်စပိကို လက်တွေ့မြင်ရမှာ ဖြစ်ပါတယ် ..
တစ်ခုတော့ရှိတယ် .. အင်တာနက်သုံးတော့မယ်ဆိုတိုင်း အပေါ်ကအဆင့်အတိုင်း Setting
တွေကို ပြန်ချိန် Fastest ကိုရွှေ့ Go ကိုနှိပ် Restart ပေး .. ၀င်းဒိုးပြန်တက်လာမှ ဆက်သုံး ..
အဲဒီလို လုပ်ပေးနေရတာလေးတစ်ခုတော့ နည်းနည်း အလုပ်ရှုပ်သွားတာပေါ့ .. ဒါပေမယ့် ..
ကျွန်တော်ကတော့ ဘယ်လောက်အလုပ်ရှုပ်ရှုပ် ကွန်နက်ရှင် ပိုကောင်းလာမယ်ဆိုရင် လုပ်မှာပဲ ..


ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ဆော့ဝဲတွေ Free ပေးနေလိုက်တာများ ဆော့ဝဲစတုဒီသာအလားပဲဗျို့

Posted by Unknown Minggu, 20 Januari 2013 0 komentar
တစ်ကယ်ပါဗျာ .. ကျွန်တော် .. ရှားပါးဆော့ဝဲလေးတစ်မျိုးကိုလိုချင်လို့ Online ပေါ်မှာ လှည့်ပတ်ရှာနေလိုက်တာ 5 ညလောက် မိုးလင်းသွားတယ် .. ဟော .. အခုတော့ ကျွန်တော်လိုချင်တဲ့ ဆော့ဝဲလေးအပြင် တခြားအသုံးဝင်ပြီး ရှာရခက်တဲ့ ဆော့ဝဲတွေကိုပါ တစ်နေရာတည်းမှာပဲ အစုလိုက်အပြုံလိုက်ကို အလကားပေးနေတာ တွေ့လိုက်ရတယ်ဗျို့ ..
ဒါနဲ့ .. ကျွန်တော်လည်း စမ်းကြည့်တာပေါ့ ..
အလကားပေးတာကိုများ ဘာကို စမ်းကြည့်တာလဲလို့ တွေးမိမလားမသိဘူး
သူငယ်ချင်းတို့လည်း သိကြမှာပါ ..
Online ပေါ်မှာ ဆော့ဝဲလေးတစ်ခုကို Free အဖြစ်နဲ့ ယူမိပြီဆိုရင် အဲဒီ ဆော့ဝဲနဲ့အတူ ချိတ်ဆက်ထားတဲ့ Tool Bar တို့ Search Engine Program တို့ Junk File တို့ ... ပါလာတတ်စမြဲပဲ .. ပြန်ရှင်းထုတ်ရခက် .. သူတို့ကိုမလိုချင်လို့ Uncheck လုပ်လိုက်တော့လည်း ကိုယ်လိုချင်တဲ့ ဆော့ဝဲက ဒေါင်းလို့ မရတော့ဘူး ..
နည်းပညာတွေများ ဆန်းပြားလွန်းပါရဲ့ ..

ဒီကြားထဲ Virus ကပ်ပါလာတဲ့ ဆော့ဝဲတွေကလည်း ရှိသေးတယ် ...
ကဲ .. အခု ကျွန်တော် သူငယ်ချင်းတို့ကို မျှဝေပေးမယ် .. Website လေးကတော့ ..
အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ ပြဿနာတွေ ဘာတစ်ခုဆို ဘာတစ်ခုမှ ကြုံရမှာမဟုတ်ပဲ .. စိတ်ချမ်းသာစွာနဲ့ ကိုယ်လိုချင်တဲ့ ဆော့ဝဲကို ဒေါင်းယူနိုင်မှာမယ့် Website လေးပဲ ဖြစ်ပါတယ် ..
ဆော့ဝဲတွေမှ အများကြီးပဲဗျို့ .
Freeware မှန်သမျှကို Free အတိုင်း ဒေါင်းယူနိုင်သလို Freeware မဟုတ်တဲ့ဆော့ဝဲတွေကိုလည်း Trail အဖြစ်ဒေါင်းယူ အသုံးပြုနိုင်အောင် စုစည်းပေးထားတာကို တွေ့ရတယ်ဗျ ..
သိပ်ကို အသုံးဝင်တဲ့ ဆော့ဝဲတွေလည်း အများကြီးတွေ့ရတယ် ..
ကျွန်တော်တော့ လောလောဆည် အဲဒီဆိုဒ်ထဲမှာ အမုန်းဆွဲနေတယ်ဗျာ ..
အဲဒီဆိုဒ်ကိုရောက်တာနဲ့ ကိုယ်လိုချင်တဲ့ဆော့ဝဲတွေကို ကလစ်ပေးပြီး အောက်ဆုံးမှာရှိတဲ့ အစိမ်းရောင်လေးနဲ့ Get Installer ဆိုတဲ့ Mode လေးကိုနှိပ်ပေးလိုက်ပါ ..
သူငယ်ချင်းတို့လိုချင်တဲ့ ဆော့ဝဲတွေကို Virus ကင်းကင်း .. တခြား Tool Bar ဘာညာပြဿနာ အရှင်း Premium User ဘာညာတွေ တွေ့နေရမှာမဟုတ်ပဲ တစ်ကယ်ကို အဆင်ပြေပြေနဲ့ ဒေါင်းယူနိုင်တာ တွေ့ရမှာပါ ..
ကျွန်တော်လည်း ဒီဆိုဒ်လေးကို ပြန်လည်မျှဝေခွင့်ရတာ တော်တော်ကြည်နူးမိပါတယ် ..

ကဲ .. စိတ်ဝင်စားလို့အခုပဲသွားချင်ရင်တော့ ဒီမှာ ကလစ်ပြီး သွားလိုက်ပါဗျာ ..

အဲဒီကိုရောက်တဲ့အခါ .. တစ်ကယ်ပဲ ဆော့ဝဲစတုဒီသာပွဲတော်ထဲ ရောက်သွားသလို ၀မ်းသာသွားစေရမယ်လို့ အာမခံလိုက်ပါတယ် ..
ကဲ .. အားရပါးရ ဒေါင်းနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်အားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Android ဖုန်းပိုင်ရှင် ဘောပွဲဝါသနာအိုးတွေအတွက်

Posted by Unknown 0 komentar
Root ဖောက်ထားပြီးသား Android ဖုန်းတစ်လုံးကိုလည်း ပိုင်ဆိုင်ထားတယ် ..
ဘောလုံးကိုလည်း ၀ါသနာကြီးတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်
ကမ္ဘာပေါ်က နံမည်ကြီး ဘောပွဲတွေအားလုံးရဲ့ ဂိုးရလာဒ်တွေကို အချိန်နဲ့တစ်ပြေးညီ
သိရှိနိုင်မယ့် Application လေးတစ်ခုကို လိုအပ်နေတယ်ဆိုရင်တော့
အောက်မှာ ဒေါင်းယူလိုက်ပေတော့ ..
အသုံးပြုပုံကတော့ သိပ်ပြီး ခက်ခက်ခဲခဲ မရှိတဲ့အတွက် ရေးမပြတော့ပါဘူး ..
Apk ဖိုင်လေးကို Install လုပ်ပြီး Open လုပ်လိုက်တာနဲ့
ဘာဆက်လုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ် ..
တစ်ခုတော့ကြိုပြောထားမယ် ..

ကိုယ့်ဝါသနာနဲ့ကိုယ် ဘောပွဲလောင်းလို့ ရှုံးတာနိုင်တာက
ကျွန်တော့် Application လေးနဲ့ ဘာမှ မဆိုင်ဘူးနော် .. :D




ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ဘယ်လို Android ဖုန်းမျိုးကို အမြစ်တူးချင်ပါသလဲ

Posted by Unknown Sabtu, 19 Januari 2013 0 komentar
ဒီပို့လေးကတော့ Android ဖုန်းပိုင်ရှင်တွေ စိတ်ဝင်စားမှာပါ ..
Android ဖုန်းတစ်လုံးဟာ သူ့ချည်းပဲ သုံးနေမယ်ဆိုရင် မူလထည့်ပေးထားတဲ့ Application တွေနဲ့
Support လုပ်ခွင့်ပေးထားတဲ့ Application တွေလောက်ပဲ ဖုန်းထဲမှာ ထည့်သုံးနိုင်ခွင့်ရှိပါတယ် ..
ဒါကြောင့် အခြားသော Application တွေကို Android ဖုန်းတွေထဲ ထည့်သုံးနိုင်ဖို့ Android ဖုန်းတွေရဲ့
လုံခြုံရေးကို ချိုးဖောက် ( Rootaccess ) လုပ်ပေးဖို့လိုပါတယ် ..
Android ဖုန်းတွေကို Root ဖောက်တဲ့နေရာမှာရာလည်း Brand အမျိုးအစားပေါ်မူတည်ပြီး အသုံးပြုရတဲ့
Rooting ပရိုဂရမ်တွေ ကွဲပြားသလို လုပ်နည်းကိုင်နည်းတွေလည်း ကွဲပြားပါတယ် ...
တစ်ကယ်တော့ ကျွန်တော်က ကွန်ပြူတာဆိုင်ရာ Hardware / Software ပိုင်းနဲ့ Networking ပိုင်းလောက်ကိုသာထဲထဲဝင်ဝင်လေ့လာထားပြီး ဖုန်းနဲ့ပတ်သက်ရင်တော့ တော်တော်ကို အလှမ်းဝေးသူတစ်ယောက်ပါ ..

ဒါဆို .. ဘာဖြစ်လို့ ဒီပို့စ်ကိုရေးတာလဲလို့ မေးစရာရှိလာပါမယ် ..
ဟုတ်ကဲ့ .. ကျွန်တော်ဒီပို့စ်ကိုရေးတာက ကျွန်တော် ၀ယ်ယူစုဆောင်းထားတဲ့ Rooting ဆိုင်ရာ ပရိုဂရမ်တွေကိုအသုံးချတတ်တဲ့သူတွေ ဒါမှမဟုတ်ရင်လည်း စမ်းသပ်ချင်တဲ့လူတွေအတွက် ပြန်လည်မျှဝေပေးချင်လို့ဒီပို့စ်ကို တင်လိုက်တာပါပဲ ..
သေချာတာနှစ်ခုတော့ ရှိပါတယ် ..
ဒီထဲမှာ ကျွန်တော်မျှဝေပေးထားတဲ့ ပရိုဂရမ်တွေဟာ Android ဖုန်းတွေကို Root ဖောက်တဲ့နေရာမှာ လုံးဝအသုံးဝင်တဲ့ Rooting program တွေဖြစ်တယ်ဆိုတာနဲ့ ... ဒီပရိုဂရမ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုအသုံးချရတယ်ဆိုတာကို ကျွန်တော်လုံးဝ မသိပါဘူးဆိုတာပါပဲ .. :D
တစ်ကယ်ပြောတာပါ .. ဖုန်းနဲ့ပတ်သက်ရင်တော့ .. ကျွန်တော် .. ဆော့ဝဲတွေ မျှဝေပေးနိုင်ရုံကလွဲပြီး
ဘာမှ မသိပါဘူး ..
ကဲ .. ကျွန်တော် .. တင်ထားတဲ့ ပရိုဂရမ်တွေအကြောင်း ပြောပါဦးမယ် ..
Rooting program တွေ အားလုံးပေါင်း 131MB လောက် ရှိပါတယ် ..
အထဲမှာပါတဲ့ Program တွေကတော့

(၁) Sony ဖုန်းတွေကို Rooting လုပ်တဲ့နေရာမှာ အသုံးဝင်တဲ့ DooMLoRD_v4_ROOT
(၂) သုံးတတ်ရင် သူတစ်ခုတည်းနဲ့ပြီးတယ်လို့ ပြောကြတဲ့ Gingerberak
(၃) Samsung Glaxy ဖုန်းတွေကို Rooting လုပ်ပေးနိုင်တဲ့ Glaxy Tab7.7 rooting နဲ့ Samsung ဖုန်းကို ကွန်ပြူတာနဲ့ချိတ်ဆက် အသုံးပြုတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ Samsung Kies
(၄) HTC ဖုန်းတွေကို Rooting လုပ်လို့ရတဲ့ htcsupertoolv3
(၅)Pro သမားများအတွက် ODIN Application
(၆) S2 ဖုန်းတွေအတွက် Rooting ဆိုင်ရာ ဆော့ဝဲတွေ စုပေါင်းထားတဲ့ S2Root_1.5.1_Release
(၇) Rooting Android လောကမှာ မသိသူမရှိတဲ့ SuperOneClickv2.2-ShortFuse
(၈) လူသိနည်းသလောက် Rooting မှာ အစွမ်းထက်တဲ့ Z4Root
(၉) ကွန်ပြူတာထဲမှာ Install လုပ်ထားလိုက်ရုံနဲ့ Android ဖုန်း အမျိုးအစားတော်တော်များများကို Rooting လုပ်နိုင်တဲ့ unlockroot.exe

ကဲ .. သက်ဆိုင်ရာဖိုလ်ဒါတွေထဲမှာလည်း တခြား အသုံးဝင် Application တွေကို သူ့ Brand နဲ့ သူ ထည့်သွင်းပေးထားပါတယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ ..
Mediafire မှာ တင်ဖို့ မလွယ်လို့ Box မှာပဲ တင်ပေးလိုက်ပါတယ် ..
Monthly Bandwidth ပြည့်သွားလို့ ဒေါင်းလုဒ်လင့် သေသွားခဲ့ရင်တော့ ဒီပို့စ်ရဲ့အောက်မှာပဲ
Comment ရေးပေးထားခဲ့ပါ .. ပြန်တင်ပေးပါမယ် ( စောင့်တော့စောင့်ပေးပေါ့နော် )



ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Winrar ရဲ့ ကော်မဲန့်တွေကို အရောင်ခြယ်နည်း

Posted by Unknown 0 komentar
C-box ထဲမှာတစ်မျိုး email ပို့လိုတစ်ဖုံ မေးမေးနေတဲ့ နည်းပညာလေးတစ်ခုကို
မျှဝေပေးလိုက်ပါတယ် ..
Winrar ဆိုတဲ့ပရိုဂရမ်ကိုတော့ Online ပေါ်မှာ ဗဟုသုတရှာမှီးနေတဲ့ ဘယ်သူမဆို သိပြီးသားပါ ..
အဲဒီပရိုဂရမ်လေးက ဖိုင်တွေကို အရွယ်အစားသေးငယ်သွားအောင် ချုံ့ပေးနိုင်တယ် ..
အဲဒီလိုပဲ ချုံ့ထားတဲ့ဖိုင်တွေကိုလည်း မူလအခြေအနေရောက်အောင် ပြန်ဖြည်ပေးနိုင်တယ် ..
အဲဒီလို ချုံ့/ဖြည် ဆော့ဝဲလေး တစ်မျိုးလောက်မှ စက်ထဲမှာ Install လုပ်မထားရင်လည်း
အွန်းလိုင်းကနေ ဒေါင်းယူထားတဲ့ ချုံ့ဖိုင်တွေကို ဖြည်နိုင်မှာမဟုတ်တော့ပါဘူး ..

အဲဒီတော့ မထူးပါဘူး အလျဉ်းသင့်တုန်းလေးမှာ Winrar ဆော့ဝဲမရှိသေးတဲ့ သူငယ်ချင်းတွေလည်း
တစ်ခါတည်းအဆင်ပြေသွားအောင် လိုချင်တဲ့သူငယ်ချင်းတွေက Winrar ဆော့ဝဲကို အောက်မှာ
ဒေါင်းယူနိုင်ပါတယ် .. စက်ထဲမှာ ဖြည်စရာဆော့ဝဲ သွင်းမထားရသေးရင်တော့ ဒေါင်းလို့ရလာတဲ့ဖိုင်ကို
ဖြည်လို့ရတဲ့ တခြားကွန်ပြူတာမှာ သွားဖြည်ပေါ့နော် ..




ဒေါင်းလို့ပြီးသွားရင်တော့ .. 32 bit ဆိုရင် winrar 420 .. ဆိုတဲ့ဖိုင်ကို Double Click နှိပ်ပြီး Install လုပ်ဗျာ
64 bit သမားဆိုရင်တော့ အပေါ်က 64 ပါတဲ့ဖိုင်ကို Install လုပ်ပေါ့ ..
Install လုပ်ပြီးသွားရင် အင်တာနက်ကွန်နက်ရှင်ကို ခဏလောက်ပိတ်ထား
Reg ဆိုတဲ့ ဖိုလ်ဒါထဲက ဖိုင်လေးကို ကော်ပီယူပြီး C >> Program files >> Winrar ဆိုပြီး
အဆင့်ဆင့်ဖွင့်ဝင်သွားပြီး Paste လုပ်ပေးလိုက် Box တစ်ခုတက်လာရင် Replace ပါတာကို
ရွေးနှိပ် . ကျန်တဲ့ Box တွေ တက်လာရင် Yes တို့ Continue တို့ နှိပ်ပေးလိုက် ..
Winrar လည်း Full Version ဖြစ်သွားရော ..

ကဲ .. အခုမှ ဒီပို့စ်ရဲ့ တစ်ကယ်နေရာကို ရောက်မယ် ..
ကိုယ်က rar ကိုသုံးပြီး ဖိုင်တစ်ဖိုင်ကို ချုံ့ထားလိုက်တယ်ဆိုပါတော့ .. အဲဒီဖိုင်ကို ဖွင့်လိုက်တဲ့အခါမှာ
ညာဖက်အခြမ်းမှာ ( ထည့်ထားတယ်ဆိုရင် ) Comment လေးတွေပါအောင် လုပ်တဲ့နည်းကို အရင်ပြောပါမယ့် ..
လွယ်လွယ်လေးပါ .. ကိုယ်ချုံ့ချင်တဲ့ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Add to Archieve ကို နှိပ်ပေးလိုက်(ကျန်တာတွေလည်း နှိပ်လို့ရတယ်နော် .. )
အဲဒီအခါ .. အောက်ကပုံအတိုင်း ပွင့်လာမယ်



အဲဒီထဲက Comment ကိုနှိပ်ပေးလိုက်ရင် အောက်ကအတိုင်းပွင့်လာမယ်



အဲဒီထဲက အောက်ကအကွက်ထဲမှာ ကိုယ်ရေးချင်တဲ့စာ ရေးထည့်ပေးပြီး Ok နှိပ်ပေးလိုက်ရင်
Rar နဲ့ချုံ့ထားတဲ့ ဖိုင်တစ်ဖိုင်ပေါ်လာမယ် ..
သူ့ကိုဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း တွေ့ရမယ် ..



ဒါပေမယ့် Comment တွေကို ရိုးရှင်းကြီးတွေ ဖြစ်နေတော့ နောက်ခံအရောင်လေးနဲ့
စာလုံးတွေကို အရောင်လေးတွေနဲ့ ပေါ်စေချင်မှာပေါ့ ...
အဲဒါဆိုရင်တော့ နည်းပညာတစ်ခု လိုလာပြီ ..
ကဲ .. စလိုက်ကြစို့
cmd ကိုဖွင့်လိုက်ပါ .. ( run box ထဲမှာ cmd.exe လို့ ရိုက်ထည့်ပြီး Ok ကိုနှိပ် ပေါ်လာတဲ့ box ကို Yes လို့နှိပ်လိုက်ရင် cmd ပွင်လာမယ်ဆိုတာကိုတော့ ပြောမပြတော့ဘူးနော် .. :D )
ကဲ .. cmd ပွင့်လာပြီဆိုရင် copy con d:\rar.txt လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်
အောက်တစ်ကြောင်းကို ရောက်သွားလိမ့်မယ် .. ဘာမှတော့ မပေါ်သေးဘူး ..



ပြီးရင် Alt ကီးလေးကို နှိပ်ထားရင်း ကီးဘုဒ်ရဲ့ ညာဖက်အခြမ်း Number pad ထဲက 27 ကိုရိုက် ( ကီးဘုဒ်ရဲ့အပေါ်ဖက် အလယ်က
နံပါတ်ကီးတွေကို သုံးရင် တစ်ခါတစ်ခါ Error တက်တတ်တယ် )
27 ကို ရိုက်ပြီးသွားရင် cmd ထဲမှာ မြှားအသေးလေးပွင့်လာမယ် ...
Ctrl ကီးလေးနဲ့ Z ကီးကို တွဲပြီး နှိပ်ပေးလိုက် .. ပြီးရင် Enter ကီးကို နှိပ်ပေးလိုက် ..
ဖိုင်တစ်ဖိုင်ကို partition D ထဲမှာ copy လုပ်ပြီးကြောင်း စာတမ်းလေးပေါ်လာမယ် ..


cmd ကို ပိတ်လိုက်လို့ရပြီ ..
partition D ကိုဖွင့်ကြည့်လိုက်ရင် rar ဆိုတဲ့ နံမည်နဲ့ notepad ဖိုင်လေးတစ်ဖိုင် ရောက်နေတာ တွေ့ရလိမ့်မယ် ..
သူ့ကိုဖွင့်ကြည့်လိုက်ရင် မြှားအသေးလေးတစ်ခုကို တွေ့ရလိမ့်မယ် ..
အဲဒါ .. ၀င်းဒိုးတိုင်းက နားလည်တဲ့ အရောင်နဲ့ဆိုင်ရာ ကုဒ်တွေကို ပြောင်းလဲပေးမယ့် အဓိက Character ပဲ
အဲဒီမြှားအသေးလေးရဲ့နောက်မှာ ကိုယ်လိုချင်တဲ့ အရောင်ကုဒ်တွေကိုထည့်ပေးပြီး
အဲဒီအတွဲရဲ့နောက်မှာမှ ကိုယ်ရေးချင်တဲ့ Comment ကိုရေးပေးပြီး rar ရဲ့ comment ထည့်ရမယ့်အကွက်မှာထည့်ပေးလိုက်ရင် နောက်ခံ အနက်ရောင်နဲ့ စာလုံးတွေကို အရောင်တွေခြယ်ပြီး တွေ့နိုင်မှာဖြစ်ပါတယ် ..
ဒါက ကျွန်တော် Comment အကွက်မှာ ထည့်လိုက်တဲ့ပုံပါ ..





ဒါ က.. အဲဒီကုဒ်တွေနဲ့ ချုံ့ထားတဲ့ဖိုင်ကို ဖွင့်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ ပုံပါ ..


ကဲ .. ချဲ့ထွင်တွေးပြီး လုပ်ကြည့်တော့နော် ..


မြှားအသေးလေးရဲ့နောက်မှာထည့်ရမယ့် အရောင်ကုဒ်အချို့ကို ထည့်ပေးလိုက်ပါတယ် ..

[0;1;37m
အနက်နောက်ခံ စာသားအဖြူ
[0;1;37;30m
အနက်နောက်ခံ စာသားမီးခိုးရောင်
[0;1;37;31m
အနက်နောက်ခံ စာသားအနီ
[0;1;37;32m
အနက်နောက်ခံ စာသားအစိမ်း
[0;1;37;33m
အနက်နောက်ခံ စာသားအ၀ါ
[0;1;37;34m
အနက်နောက်ခံ စာသားအပြာ

===================================================
အောက်ကကုဒ်တွေက အပေါ်ကအရောင်တွေအတိုင်းပဲ .. ဒါပေမယ့် ပိုပြီး အရောင်ရင့် သွားမယ်
===================================================

[0;2;37m

[0;2;37;31m

[0;2;37;32m

[0;2;37;33m

[0;2;37;34m

[0;2;37;35m

[0;2;37;36m

[0;1;37;30m
====================================
အောက်ကကုဒ်တွေက စာလုံးတွေကှိုSelect ခြယ်ပေးမယ့်ကုဒ်တွေ
====================================

[0;1;37;41m
အနက်နောက်ခံ စာသားအဖြူကို အနီရောင် Select လုပ်ပေးမယ်

[0;1;37;42m
အနက်နောက်ခံ စာသားအဖြူကို အစိမ်းရောင် Select လုပ်ပေးမယ်

[0;3;37;43m <<--- But this is better, with Grey Text
အနက်နောက်ခံ စာသားအဖြူကို အ၀ါရောင် Select လုပ်ပေးမယ်

[0;1;37;44m
အနက်နောက်ခံ စာသားအဖြူကို အပြာရောင် Select လုပ်ပေးမယ်

[0;1;37;45m
အနက်နောက်ခံ စာသားအဖြူကို နှင်းဆီရောင် Select လုပ်ပေးမယ်


=====================================================
ကဲ .. ပြောနေရင် အများကြီးဗျာ .. စမ်းသာကြည့်ကြပေတော့ .. ဘယ်ကုဒ်က ဘာရောင်လဲသိချင်ရင်
cmd ဖွင့်ပြီး color 1 လို့ ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ကြည့်လိုက် 1 နေရာမှာ ဂဏာန်းတွေ ပြောင်း
ထည့်ပြီးကြည့်သွားလိုက်ပေါ့ဗျာ
=====================================================


[0;2;37;41m


[0;2;37;42m


[0;2;37;44m


[0;2;37;45m


[0;2;37;46m


ကဲ .. cmd ကနေခိုင်းဖို့ အဆင်မပြေမယ့် သူငယ်ချင်းတွေအတွက် အဆင်သင့် Copy to Paste လုပ်ပြီး သုံးနိုင်အောင် Notepad ဖိုင်လေးလည်း တင်ပေးထားတယ် ..

လိုချင်ရင် ဒီမှာ ဒေါင်းယူလိုက်ပါ ..

(ကျွန်တော့်သဘောကတော့ ကိုယ်တိုင်လုပ်ယူစေချင်တာပါပဲ ...)
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ဓာတ်ပုံတွေကို အသက်သွင်းမယ် Talking တွေလည်း ပွားခိုင်းမယ်

Posted by Unknown Jumat, 18 Januari 2013 0 komentar
Crazy Talk ဆိုတဲ့ ပရိုဂရမ်ဟာ ဓာတ်ပုံတွေကို အမူအရာအမျိုးမျိုး ပြောင်းလဲလို့ရတဲ့အပြင်
အဲဒီ ဓာတ်ပုံ တွေကိုပဲ စကားတွေ ပြောခိုင်းမယ် .. အသံတွေထွက်ခိုင်းမယ် ...
အဲဒီလို Editing လုပ်နိုင်တဲ့ ဆော့ဝဲလေးပါဖြစ်ပါတယ် ..
ကာတွန်းကားတွေကို ကြည့်ဖူးမှာပါ .. အရင်က ကာတွန်းကားတွေကတော့
ကာတွန်းကွက်တွေ အများကြီးဆွဲပြီး ဖလင်မှာ တွဲယှက်ခဲ့တာ ဖြစ်ပေမယ့်
အခုနောက်ပိုင်း ကာတွန်းကားတွေက အခုကျွန်တော်ပြောတဲ့ Crazy Talk လို
ဆော့ဝဲမျိုးတွေကို အသုံးပြုပြီး Edit လုပ်ထားတာပါ ..
တိရစ္ဆာန်တွေ စကားပြောတဲ့ ဇာတ်ကားတော်တော်များများကိုလည်း ဒီလိုပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ် ..
ဆော့ဝဲလေးလိုချင်ရင်တော့ အောက်မှာ ဒေါင်းယူလိုက်ပါ ..


ဖိုင်ဆိုဒ်က 121MB လောက်ရှိနေတာမို့ပါ .. ပထမ Box မှာတင်ထားတာ Monthly Bandwidth က နှစ်ရက်တည်းနဲ့ ပြည့်သွားလို့ Mediafire မှာ ပြန်တင်ပေးလိုက်ပါတယ်





ကဲ .. ဒေါင်းပြီးပြီဆိုရင်တော့ Install လုပ်ဖို့အတွက် အထဲမှာရှိတဲ့ဖိုင်တွေထဲက
Serial ဆိုတဲ့ text ဖိုင်ကို အရင်ဖွင့်ပြီး အဲဒီထဲက Serial key တွေကို ကော်ပီကူးယူထားလိုက်ပါ ..
ပြီးရင် အင်တာနက် ကွန်နက်ရှင်ကို ပိတ်ထားပါ ..
အားလုံးပြင်ဆင်ပြီးပြီဆိုရင် ဒေါင်းလို့ရလာတဲ့ထဲက Setup ဆိုတဲ့ Application ဖိုင်ကို Run ပြီး Install
လုပ်လိုက်ပါ .. ( Application ဖိုင်နော် .. Configyration settings ဆိုတဲ့ ဖိုင်မဟုတ်ဘူး )
Install လုပ်လို့ပြီးတာနဲ့ Serial ဖြည့်ခိုင်းပါလိမ့်မယ် ..
အစောပိုင်းက ကော်ပီကူးယူထားတဲ့ Serial ကို ဖြည့်ပေးလိုက်ရုံပါပဲ ..
အဲဒါဆိုရင် Full Version ဖြစ်သွားပါပြီ ..
နောက်ထပ်တက်လာတဲ့ Crazy Talk Member အဖြစ် Sign Up လုပ်ခိုင်းတဲ့ Box တွေကတော့
အလုပ်ရှုပ်ခံမနေနဲ့ .. ပိတ်သာပိတ်ပစ်လိုက်ပါ .. ( စိတ်ဝင်စားရင်လည်း နိုင်ငံခြားက Crazy Talk
ပညာရှင်တွေနဲ့ ဆွေးနွေးချင်စိတ်ရှိရင် Sign Up လုပ်နိုင်ပါသေးတယ် )
ကဲ .. ဆော့ဝဲကိုတော့ Install လုပ်ပြီးသွားပြီ ..
ဘယ်လိုသုံးရမလဲ သိချင်မှာပေါ့ ..
ဟုတ်ကဲ့ .. ရှင်းပြနေမယ်ဆိုရင် အများကြီးမို့ သူ့ကို အသုံးပြုတဲ့နည်းတွေကို
အသေးစိပ်ရေးပေးထားတဲ့ စာအုပ်လေး တင်ပေးထားတယ်ဗျ ..
အဲဒီစာအုပ်ကိုတော့ အောက်မှာ ဒေါင်းယူလိုက်ပါ ..




ကဲ .. ဒါဆို .. အဆင်ပြေပြီနော် ..
သက်ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေနဲ့အတူ သူငယ်ချင်းများ ပျော်ရွှင်နိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.