မေးလာလို့ ဖြေလိုက်တယ် ဒါပေမယ့် မလုပ်စေချင်ဘူး ( Technique But Shouldn't Do )

Posted by Unknown Selasa, 06 Agustus 2013 0 komentar
mail ထဲကို ၁၃ ယောက်လောက် စာပို့ပြီး မေးထားတဲ့ ကိစ္စလေးမို့
ဖြေပေးလိုက်ပါတယ် ...
ဒါပေမယ့် ... နည်းပညာတစ်ခုအဖြစ်သာ ဖြေဆိုပေးတာဖြစ်ပြီး
ဒီပို့စ်လေးကို ဆုံးအောင်ဖတ်ပြီးမှ အခုနည်းကို သုံးသင့်မသုံးသင့်
ဆုံးဖြတ်စေချင်ပါတယ် ..
မေးထားတဲ့ စာတွေအားလုံးရဲ့ အနှစ်ချုပ်က .....


အခုနောက်ပိုင်းမှာ ဘလော့ကာအချို့က သူတို့တင်ပေးထားတဲ့
ဖိုင်တွေကို တိုက်ရိုက်လင့်မပေးပဲ adfly လို short link တွေနဲ့တစ်ဆင့်ခံပြီး
ပေးလာတာကြောင့် Download ဆွဲတဲ့အခါမှာ အချိန်ကြန့်ကြာတာမျိုး
စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးတွေ ရှိလာတာကြောင့် အဲဒီ short link ကို
ကျော်နိုင်တဲ့နည်းလေးရှိရင် ပြောပြပေးဖို့ပါ .......


ဟုတ်ကဲ့ .. နည်းလမ်းက လွယ်လွယ်လေးမှ တကယ်ကို လွယ်လွယ်လေးပါ
အဲဒီနည်းကို မပြောပြခင် အရင်ဆုံး ကျွန်တော် လျှာနည်းနည်းရှည်ပါရစေ ..

ဒီတစ်ကမ္ဘာလုံးမှာရှိနေတဲ့ ဘလော့ကာတွေ အားလုံးထဲမှာ မြန်မာနိုင်ငံသား
ဘလော့ကာတွေဟာ ... တော်တော်ကြီး ဆင်းရဲဒုက္ခကြီးစွာနဲ့ ဘလော့ကာဘ၀ကို
ဖြတ်သန်းနေရတယ်ဆိုတာကို ဘလော့ကာအချင်းချင်းပဲ သိပါတယ် ...

မြန်မာဘလော့ကာတစ်ယောက်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက အများကြီးပါ ..
အဲဒီထဲက .. နားလည်လွယ်တဲ့ အချက်တစ်ချက်တည်းကိုပဲ ပြောပြပါရစေ

 အဲဒါကတော့ အင်တာနက်ကွန်နက်ရှင် နှေးကွေးမှုပါ

ဒါကတော့ မြန်မာနိုင်ငံသားအားလုံး လက်ခံမှာပါ .....
နိုင်ငံခြားက ဘလော့တွေက ဖိုင်တွေကို Upload တင်တဲ့အခါမှာ အနည်းဆုံး အသုံးပြုနေရတဲ့
နိုင်ငံက upload speed ဟာ 100kb/sec နှုန်းရှိပါတယ် ..
ကျွန်တော်တို့နိုင်ငံရဲ့ အများဆုံး upload speed ဟာ ကျွန်တော်အသုံးပြုဖူးသလောက်ဆိုရင်
50kb/sec ဖြစ်ပါတယ် ... ဒါတောင် ဟော်တယ်ကြီးတစ်ခုမှာ တစ်ခါပဲ အသုံးပြုခဲ့ဖူးတာပါ

ကျွန်တော်နေတဲ့မြို့မှာတော့ အများဆုံး upload speed ဟာ 8kb/sec ပဲ ဖြစ်ပါတယ် ..

အဲဒီနှုန်းဟာ တစ်လမှာ နှစ်ရက်သုံးရက်လောက်ပဲ ကြုံခွင့်ရတာဖြစ်ပြီး ကြုံခွင့်ရတဲ့တစ်ရက်လုံးမှာလည်း
၃ နာရီဝန်းကျင်ပဲ အဲဒီလိုရတာဖြစ်ပြီး .. .ကျန်တဲ့အချိန်တွေနဲ့ ကျန်တဲ့ရက်တွေမှာတော့ ပုံမှန်အားဖြင့်
3kb/sec နှုန်းနဲ့ပဲ ဖိုင်တွေကို upload တင်နေရတာပါ ...

အဲဒီတော့ 10Mb ရှိတဲ့ဖိုင်တစ်ဖိုင်ကို နိုင်ငံခြားသား ဘလော့ကာတစ်ယောက် upload တင်မယ်ဆိုရင်
စက္ကန့် ၄၀ ၀န်းကျင်ကြာမှာဖြစ်ပြီး အင်တာနက်အသုံးပြုခကို ကျွန်တော်တို့ မြန်မာနိုင်ငံနှုန်းထားမျိုးနဲ့
တွက်မယ်ဆိုရင်တောင် ၂ကျပ်နီးပါးပဲ ကျပါတယ် ...

အဲဒီ 10Mb လောက်ဖိုင်တစ်ဖိုင်ကို ကျွန်တော် upload တင်မယ်ဆိုရင်တော့ ၅၅ မိနစ်နဲ့အထက်
ကြာမှာဖြစ်ပြီး အင်တာနက်အသုံးပြုခကတော့ ၁၁၀ ကျပ်နဲ့အထက် ကုန်ကျမှာဖြစ်ပါတယ် ...

ဒါတောင် အဲဒီဖိုင်ကို ရှာဖွေဖို့ကြာချိန် အဲဒီဖိုင်ကို Download ယူတုန်းကကြာချိန် ..
အဲဒီဖိုင်အတွက် ပို့စ်ရေးတဲ့အခါကြာချိန်တွေကို ထည့်တွက်မပြသေးပါဘူး ...

ကဲ ... 10Mb လောက်ရှိတဲ့ ဖိုင်လေးတစ်ဖိုင်အတွက်တောင် အဲဒီလောက် ပေးဆပ်ရမှု ကွာဟပါတယ်
နိုင်ငံခြားကဘလော့ကာတွေက ဘလော့ရေးပြီး အဆင်ပြေပြေ အသက်မွေးဝမ်းကျောင်းပြုပါတယ် ..

ကျွန်တော်တို့မြန်မာဘလော့ကာတွေကတော့ အဆင်ပြေသလိုအသက်မွေးဝမ်းကျောင်းပြုရင်း ဘလော့ရေးပါတယ်

အဲ .. အခုတော့ Paypal သုံးနိုင်ခွင့်ရှိလာတဲ့ ဘလော့တွေက သူတို့ရဲ့ အင်တာနက်အသုံးပြုခလေး ကာမိအောင် သူတို့ upload တင်ပေးထားတဲ့ ဖိုင်လေးတွေကို Short link လေးတွေနဲ့ ချိတ်ပြီး ငွေရှာဖို့ ကြိုးစားလာပါပြီ

သူတို့ချိတ်ထားတဲ့ short link လေးကိုတစ်ဆင့်ခံနှိပ်လိုက်လို့ ကြန်ကြာသွားတဲ့အချိန်အတွက် ကုန်ကျသွားမယ့် အင်တာနက်အသုံးပြုခနဲ့ အဲဒီဖိုင်ရဲ့တန်ဖိုး ... တင်ပေးထားတဲ့ ဘလော့ကာရဲ့ ပေးဆပ်ထားရမှုတွေကို နှိုင်းယှဉ်ကြည့်ပါ ... ကျွန်တော်တို့ အဲဒီ short link ကို ကလစ်တစ်ချက်ပေးသင့်မပေးသင့် အဖြေထွက်လာပါမယ်

နိုင်ငံခြားကဘလော့ကာတွေတင်ထားတဲ့ဖိုင်တွေကို တစ်ခါလေ့လာကြည့်မယ်ဆိုရင် .. သာမာန်ဖိုင်တွေကို
short link နဲ့ ချိတ်ထားလေ့ရှိကြပြီး အဖိုးတန်နံမည်ကြီးအသုံးများတဲ့ ဆော့ဝဲတွေ ဖိုင်တွေမျိုးဆိုရင်တော့
Survey တွေခံထားပြီး ငွေရပေါက်ကြီးကြီးကြံထားကြတာကို တွေ့ရပါလိမ့်မယ် ...

ဒါကြောင့် ... ဖြစ်နိုင်ရင် မြန်မာ ဘလော့ကာတွေရဲ့ short link လေးလောက်ကိုတော့ မကျော်စေချင်ပါဘူး
ကျွန်တော်ဆိုရင် ဘယ်နိုင်ငံကဘလော့ထဲကိုပဲဝင်ဝင် ... တကယ်နှစ်သက်တဲ့ဆော့ဝဲကို အမှန်အကန်လည်း တင်ပေးထားတယ် Full Version လည်းပေးထားတယ်ဆိုရင် အဲဒီဆော့ဝဲကို စမ်းသုံးကြည့်ပြီးတာနဲ့ အဲဒီဘလော့ကာ ချိတ်ထားတဲ့ short link ကို စိတ်ကူးပေါက်တိုင်း သွားသွားပြီး ကလစ်ပေးလေ့ရှိပါတယ် ...

ဒါက .. ဆော့ဝဲတင်ပေးထားတဲ့ ဘလော့ကာကို ကျွန်တော်တတ်နိုင်သလောက်ပြန်ပြီး ကျေးဇူးဆပ်တဲ့သဘောလို့ ကျွန်တော်ခံယူထားလို့ပါ ...

အဲ ... short link ကို နှစ်ဆင့်သုံးဆင့်ခံထားတာတွေ့ရင်တော့ အောက်မှာပြောထားတဲ့နည်းနဲ့ပဲ သိနိုင်ပြီး အဲဒီနည်းနဲ့ပဲ ကျော်သွားပါတယ်


မြန်မာဘလော့ကာတွေဟာ အခုမှ သူတို့ရေးတဲ့ပို့စ်တွေအပေါ် ငွေပြန်ရအောင် ကြိုးစားနိုင်ခွင့်လမ်းစလေး စရလာတာပါ
ဒါကြောင့် ... တတ်နိုင်သလောက် အင်တာနက်အသုံးပြုခလေးပဲဖာဖာဆိုပြီး လုပ်ခွင့်ရလာတဲ့သူတွေ လုပ်ကြတာဖြစ်ပါတယ်

ကျွန်တော်လည်း visa ကဒ်ဝယ်ဖို့အခြေအနေ မပေးသေးလို့ short link ချိတ်ပြီး ငွေမရှာသေးတာပါ ...
ကျွန်တော်က ကျွန်တော်တို့မြို့မှာရှိတဲ့ မိဘမဲ့ကလေးတွေကိုစာသင်ပေးတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ တတ်နိုင်သလောက် လုပ်အားဒါန ငွေဒါန ပြုနေတဲ့ ကိုယ်ပိုင်ကျောင်းဆရာတစ်ယောက်ဖြစ်ပါတယ် ...

ကျွန်တော် ဒီဘလော့ကို ရေးဖြစ်တဲ့ရည်ရွယ်ချက်ကလည်း နောက်ပိုင်း ဘလော့ရေးပြီး ငွေရှာနိုင်တဲ့အချိန်ရောက်ရင် အဲဒီဘလော့က၀င်တဲ့ ငွေကို မိဘမဲ့ကလေးတွေရဲ့ ပညာရေးမှာ ထောက်ပံ့သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးနေတာ ဖြစ်ပါတယ် ...

ကျွန်တော့်အကြောင်းကိုသိတဲ့ ထိုင်းနဲ့ စင်္ကာပူက ကျွန်တော့်ရဲ့ သူငယ်ချင်းဟောင်းတွေဆို ကျွန်တော့်ဆီကို လစဉ်နီးပါး ငွေလှမ်းပို့ပြီး လှူနေကြတာတွေရှိပါတယ် ...

ဒါပေမယ့် ကျွန်တော် မတင်းတိမ်သေးပါဘူး ... ကျွန်တော့်မျက်စိရှေ့မှာ နေ့စဉ်တွေမြင်နေရတဲ့ မိဘမဲ့ကလေးတွေရဲ့ပညာရေးအတွက် ကျွန်တော်ဒီထက်မက ရှာဖို့ကြိုးစားရပါဦးမယ် ...

ဒါကြောင့် .. ကျွန်တော့်ဘလော့ကိုလည်း ၀င်ရောက်ဖတ်ရှုသူတွေအတွက် တတ်နိုင်သလောက် အဆိပ်အတောက်ကင်းကင်းနဲ့ အထောက်အပံ့ကောင်းကောင်းရအောင် အားထုတ်နေတာဖြစ်ပါတယ် ...

တစ်နေ့ ... ကျွန်တော် visa ကဒ်လေးရှိလာလို့ Paypal သုံးနိုင်လာတဲ့အခါ ကျွန်တော် upload တင်တဲ့ဖိုင်မှန်သမျှကို short link ချိတ်ပြီး ငွေရှာမှာဖြစ်ပါတယ် ... အဲဒီအခါ .. ဒီပို့စ်လေးကို သတိပြန်ရမယ်ဆိုရင် ...

သူငယ်ချင်းအယောက်တစ်ထောင်ရဲ့ ကလစ်အချက်ပေါင်းတစ်ထောင်ဟာ မိဘမဲ့ကလေး ၁၀ယောက်လောက်ကို ထမင်းတစ်နပ်ကျွေးလိုက်သလို ကုသိုလ်ရမယ်ဆိုတာကို ပြန်တွေးပေးစေချင်ပါတယ် ....

ကဲ ... မေးထားတဲ့ကိစ္စကို ဖြေပေးပါ့မယ် ...

ကျွန်တော်တို့ဟာ ဘလော့ကာ တင်ပေးထားတဲ့ဖိုင်တစ်ခုကိုဒေါင်းဖို့ သူချိတ်ထားတဲ့ short link ကိုနှိပ်လိုက်မယ်ပေါ့ ..
ဥပမာ ... adf.ly ပေါ့ဗျာ ...

၅ စက္ကန့်စောင့်အပြီးမှာ ညာဖက်အပေါ်ဒေါင့်မှာ Skip Add ဆိုတာလေးပေါ်လာမယ် ...
အဲဒါကို အချက်တစ်ထောင် နှိပ်ရင် ၇ ဒေါ်လာတို့ အချက်တစ်သောင်းနှိပ်ရင် ၅ဒေါ်လာတို့ .. အမျိုးမျိုးရကြတာဖြစ်ပါတယ်

အဲဒီတော့ .. အဲဒီကလစ်ကို မနှိပ်ချင်ရင် အဲဒီ Skip Add ရဲ့အပေါ်မှာ Right Click လေးနှိပ်လိုက်ပါ
ကျလာတဲ့ Contect menu ထဲက copy link location ဆိုတာလေးကိုနှိပ်ပေးပြီး အဲဒါကို ပိတ်လိုက်လို့ရပါပြီ






ပြီးရင် Browser ရဲ့ Address bar မှာ Paste လုပ်လိုက်ရင် သက်ဆိုင်ရာဖိုင်ရဲ့ တိုက်ရိုက်လင့်လေးကျလာမှာဖြစ်ပြီး Enter နှိပ်ချင်နှိပ် Go နှိပ်ချင်နှိပ် .. အဲဒီဖိုင်ရှိတဲ့ဆီကို ရောက်သွားပါလိမ့်မယ် ...

ကဲ .. အမေးရှိလို့ ဖြေပြီးပြီ .....
Short link တစ်ခုတွေ့တိုင်း ကျွန်တော် အပေါ်မှာပြောခဲ့တာလေးတွေကို ပြန်သတိရပေးပါလို့ ....

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: မေးလာလို့ ဖြေလိုက်တယ် ဒါပေမယ့် မလုပ်စေချင်ဘူး ( Technique But Shouldn't Do )
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke https://androidthemes7.blogspot.com/2013/08/technique-but-shouldn-do.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.