Tampilkan postingan dengan label Android Proxy. Tampilkan semua postingan
Tampilkan postingan dengan label Android Proxy. Tampilkan semua postingan

Android ပေါ်က လိုအပ်တဲ့ apk တွေကိုပဲ IP ပြောင်းပေးမဲ့ Orbot

Posted by Unknown Rabu, 29 Januari 2014 0 komentar
မင်္ဂလာပါဗျာ ဒီပို.စ်လေးကိုတော့ နာမည်ကြီးမြင်ပြီးအထင်မကြီးသွားပါနဲ. ကျွန်တော်တို. ဖုန်းတွေမှာ VPN application တွေ လိုအပ်ချက်တွေအရ အမြဲလိုလိုအသုံးပြုနေကြရပါတယ် ဥပမာ pinger အကောင့် yuilop အကောင့်စတဲ့ apk တွေသုံးကြတဲ့ အခါမှာ code မရောက်တဲ့ပြသနာကျော်လွှားနိုင်ဖို.နဲ. တခြား ရည်ရွယ်ချက်တွေနဲ.အသုံးပြုကြရပါတယ် ဒီလိုအသုံးပြုရတဲ့အခါမျိုးမှာဖုန်းထဲမှာ သုံးနေတဲ့ facebook အကောင့် လို လုံခြုံရေးကောင်းတဲ့ service တွေဟာ attack လုပ်တယ်ထင်ပြီး lock ချပစ်တက်တာကြောင့် VPN တွေသုံးတော့မယ်ဆိုရင် logout လုပ်ပေးထားရပါတယ် အလုပ်ပိုရှုပ်ရပါတယ် ဒီကောင်လေးကတော့ အလုပ်လဲမရှုပ်ပဲ မိမိ proxy ပြောင်းချင်တဲ့ apk ကိုသာရွေးချယ်
နိုင်မှာဖြစ်တာကြောင့် အားလုံးအဆင် ပြေမယ်ထင်ပါတယ် တကယ်တော့ ဒီကောင်လေးက freeware လေးပါ ဒီလို free proxy တွေတော်တော် များများ ကျွန်တော်သုံးဖူးပါတယ် တချို.က အမှန်တကယ် အလုပ်မလုပ်တာတို. ဖုန်းတိုင်းနဲ.ကိုက်ညီမှုမရှိ တာတို. ကြုံရတက်ပါတယ် ဒီကောင်လေးကတော့ ကျွန်တော်စမ်းသပ်မိသလောက်တော့ အဆင်ပြေပါ တယ် ဒီ Orbot လေးက The Onion Router ဆိုတဲ့ Tor ရဲ.ထုတ်ကုန်တစ်ခုဖြစ်တာကြောင့် လုံခြုံ မှုအပိုင်း မှာတော့ လှည်.ကြည်.စရာမလိုပါဘူး အပြည်.အစုံကိုလေ့လာချင် ရင်ပဲဖြစ်ဖြစ် တခြား iso လိုမျိုးတွေအတွက်ဒေါင်းချင်တယ်ဆိုရင်တော့ https://www.torproject.org/ မှာဝင်ရောက်လေ့နိုင်ပါ တယ် ကျွန်တော်ကတော့ Android ဖုန်းနဲ. အသုံးပြုပြထားတာကို အောက်မှာ ပုံလေးတွေနဲ.လေ့လာနိုင်ပါတယ်
ဖုန်းထဲမှာဒေါင်းယူ အင်စတောချပြီးတာနဲ. ပုံမှာပြထားတဲ့အတိုင်း အစိမ်းရောင်စက်ရုပ် ပုံစံလေးဟာ Orbot ပါ
စဖွင့်လိုက်တာနဲ. အသုံးပြုမဲ့ဘာသာစကားရွေးခိုင်းပါတယ် ကျွန်တော်က တော့ တခြား ဘာသာတွေမဖတ် တက်တာကြောင့် english ပဲရွေးလိုက်ပါတယ် ဟီးးးး


                                   ပြီးရင်တော့ Next တွေနဲ.ဆက်သွားလိုက်ပါ


ဒီအပိုင်းကိုရောက်ရင်တော့ root user ကို access လုပ်ခိုင်းပါပြီ အပေါ်မှာပြောခဲ့ဖို.မေ့သွားလို.ပါ အသုံးပြုမဲ့ဖုန်းမှာတော့ Root ဖောက်ထားရပါမယ် ၀ိုင်းထားတဲ့နေရာလေးကို နှိပ်ပြီးရင်တော့ next နဲ.ဆက်သွားလိုက်ပါ

ဒီနေရာမှာအရေးကြီးပါတယ် သင့်ဖုန်းထဲက apk တွေအားလုံးကို proxy ကျော်မယ်ဆိုရင်တော့ ၀ိုင်းထားတဲ့ နေရာလေးကိုနှိပ်ပြီးကျော်လိုက်ပါ ကျွန်တော်ကတော့လက်တွေ.ပြထားတာမို. အားလုံးကျော်လိုက်ပါတယ် သင်တို.ကတော့ ဖုန်းထဲမှာ facebook အကောင့်များဖွင့်ထားတာရှိရင် ဒုတိယ မြောက်စာကြောင်းမှာရွေး ချယ်နိုင်ပါတယ် ပြီးသွားရင်တော့ အောက်ကပုံထဲကလို

ရွေးချင်တာ တစ်မျိုးကိုရွေးပြီးရင်တော့ next ပေါ့နော်............. :D



ကျန်တာတွေလဲ next , finish ပေါ့ စလို.ရပါပြီ.................... :P


သင့်ဖက်က အားလုံးအဆင်သင့်ဖြစ်ရင် အလည်က အ၀ိုင်းလေးကိုသာ နှိပ်လိုက်ပါ......... ^_^


ပုံထဲမှာမြင်ရတဲ့ အတိုင်း စက်ရုပ်လေးက အ၀ါရောင်ပြောင်းသွားပြီး connect လုပ်တဲ့ ရာခိုင်နှုန်းတွေတက် နေမှာဖြစ်ပါတယ် 100% ပြည်.သွားရင်တော့ စက်ရုပ်လေးဟာ အစိမ်းရောင်ပြောင်းသွားပြီး လက်ကလေး ဟာမြှောက်သွားပါလိမ့်မယ် ဒါဆိုရင် အိုကေပါပြီ အင်တာနက် connection ပေါ်မူတည်ပြီး အချိန်ပေးရ တက်ပါတယ် ဒီနေရာမှာ Tor ရဲ.အကြောင်းကြားဖူးသလောက်ပြောရရင်  Google ကိုတောင် encrypted လုပ်ပစ်ပါတယ်။ ဒါကြောင့် Google ကသင့်ဆီက Data တွေနှိက်ယူမှာ မပူပါနဲ့တော့ ......:P ဒါဆိုသင်စိတ်ဝင်စားသွားပြီထင်ပါတယ် စိတ်ဝင်စားလို. ဒေါင်းချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ လင့်တွေထဲက အဆင်ပြေမယ်ထင်တဲ့ လင့် တစ်ခုထဲမှာသာဒေါင်းယူနိုင်ပါတယ် အားလုံးပဲအဆင်ပြေပါစေဗျာ................................................................(မြန်မာပြည်လူငယ်)
                                
                                
                                
 

 

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.