DLL-files Fixer 3.0.1. 2643 Full Version
Selasa, 16 Juli 2013
0
komentar
Dll File Error တွေကို
ဖြေရှင်းပေးနိုင်တဲ့
ဆော့ဝဲလေး
တင်ပေးလိုက်ပါတယ်
အရင်က DLL Suite ဆိုတဲ့
ဆော့ဝဲကို တင်ပေးခဲ့ပေမယ့်
တချို့သော နိုင်ငံတွေကနေ
DLL Suite ကိုသုံးပြီး လိုအပ်တဲ့
DLL ဖိုင်တွေကို ဒေါင်းယူတဲ့အခါမှာ
Error တွေပြပြီး အဆင်မပြေတာမျိုး
ဒေါင်းတော့ဒေါင်းပေးနိုင်ပေမယ့် အချိန်ကြာမြင့်မှုရှိတာမျိုးတွေ ကြုံရတာကို ပြန်သိရပါတယ် ..
တကယ်တော့ DLL ဖိုင်တွေကို ဒေါင်းယူတဲ့နေရာမှာ
အမှန်အကန် Update ဖိုင်ကိုသာ ဒေါင်းယူမယ်ဆိုရင်
တော်တော်ကြီး အချိန်ကြာမြင့်လေ့ရှိပါတယ် ..
ဒါဟာ သက်ဆိုင်ရာ Website ရဲက Bandwidth Control နဲ့
ကွန်ပျူတာရဲ့ Firewall က စစ်ဆေးကာကွယ်နေမှုတွေနဲ့ သက်ဆိုင်တဲ့အတွက်
ဖြေရှင်းရခက်ပါတယ် ..
DLL ဖိုင် ပြဿနာနဲ့ ပတ်သက်လာရင် အကောင်းဆုံးသော ဖြေရှင်းမှုက
အဲဒီ Error တက်နေတဲ့ ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ DLL ဖိုင်နဲ့ သက်ဆိုင်တဲ့
ဆော့ဝဲကို Uninstall လုပ်ပြီး အသစ်ပြန် Install လုပ်လိုက်တာက အကောင်းဆုံးသော
ဖြေရှင်းမှုပဲ ဖြစ်ပါတယ် ...
ခက်တာက သာမာန် User တွေအနေနဲ့ Error ရှိနေတဲ့ DLL ဖိုင်ရဲ့ သက်ဆိုင်ရာ ပရိုဂရမ်ကို
သိနိုင်ဖို့ဆိုတာ တော်တော်ခက်ခဲတတ်ပြန်ပါတယ် .. ( ဒီအကြောင်းကို အလျဉ်းသင့်တဲ့နေ့မှာ
ပို့စ်တစ်ခု တင်ပေးပါဦးမယ် )
အဲဒီတော့ ဆော့ဝဲအကူအညီကို ယူပြီး DLL ဖိုင် ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရပြန်ပါတယ်
DLL ဖိုင်ပြဿနာကို ဖြေရှင်းရာမှာ လူသုံးအများဆုံးဖြစ်တဲ့ Dll-files.com Fixer ကို
Update ဗားရှင်းလေး ရလာလို့ တင်ပေးလိုက်ပါတယ်
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်

ဒေါင်းပြီးရင်တော့ Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ
ပြီးရင် ပရိုဂရမ် Run တာကို ဆက်မ Run စေပဲ ပိတ်ပစ်လိုက်ပါ
ပြီးရင် Crack ဆိုတဲ့ဖိုဒါထဲက ဖိုင်ကို ကော်ပီကူးယူပြီး C >> Program files >> Dll-files.com fixer ဆိုတဲ့
ဖိုဒါထဲကို ထည့်ပေးလိုက်ပါ ..
တက်လာတဲ့ Box ထဲက Replace ပါတာကို ရွေးပေးလိုက်ပါ ..
ဒါဆိုရင် Full Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ
ပရိုဂရမ်ကို Run ပြီး Scan လုပ်လိုက်တာနဲ့ DLL Error တွေကို ပြပေးပါလိမ့်မယ် ..

အားလုံးကို Scan လုပ်ပြီးပြီဆိုရင်တော့ Fix Errors ကို နှိပ်ပေးလိုက်တာနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ပေးသွားပါလိမ့်မယ် ..

ပြင်ဆင်မှုအတွင်း အဆင်မပြေတဲ့ DLL ဖိုင်တွေ့ရင်လည်း အဲဒီဖိုင်ရဲ့ နံမည်ကို ဖော်ပြပေးပါလိမ့်မယ်
အဲဒီ ဖိုင်ရဲ့နံမည်ကို မှတ်ထားပြီး ဆော့ဝဲနဲ့အတူ လင့်ချိတ်ထားတဲ့ DLL.com ကိုသွားပြီး ကိုယ်လိုချင်တဲ့ DLL ဖိုင်ကို ရှာပြီး ဒေါင်းယူနိုင်ပါတယ် ..
DLL ဖိုင် Error ပြဿနာ အားလုံးကို ဖြေရှင်းပေးနိုင်တယ်လို့ မဆိုနိုင်ပေမယ့် တော်တော်လေးအဆင်ပြေအောင်တော့ ပြုပြင်ပေးနိုင်ပါတယ်
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....