Tampilkan postingan dengan label Dictionary. Tampilkan semua postingan
Tampilkan postingan dengan label Dictionary. Tampilkan semua postingan

မြန်မာလိုပဲသိချင်သိချင် အင်္ဂလိပ်လိုပဲသိချင်သိချင် Eng-Myn-Eng Dictionary ဆော့ဝဲ

Posted by Unknown Jumat, 31 Mei 2013 0 komentar
မြန်မာစာကနေ အင်္ဂလိပ်စာ .. အင်္ဂလိပ်စာကနေ မြန်မာစာဆိုပြီး
အပြန်အလှန် ရေးသားရှာဖွေနိုင်တဲ့ English-Myanmar-English Dictionary လေးတစ်ခုကို ရှာတွေ့လာလို့ တင်ပေးလိုက်ပါတယ် ..

မြန်မာလိုပဲသိပြီး အင်္ဂလိပ်လို သိချင်ရင် မြန်မာစာကို ရိုက်ထည့်
အင်္ဂလိပ်စာလုံးတစ်လုံးရဲ့အဓိပ္ပါယ်ကို မြန်မာလိုသိချင်ရင် အဲဒီ အင်္ဂလိပ်စာလုံးကို ရိုက်ထည့် ..
အဲဒီလို အဆင်ပြေပြေရှာဖွေနိုင်မှာ ဖြစ်ပါတယ်

အသုံးပြုရတာလည်း အရမ်းကိုလွယ်ကူပါတယ် ..




လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်







Install လုပ်ပြီးတာနဲ့ ပရိုဂရမ်ကို Run လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်





ပွင့်လာတဲ့ပုံကို ကြည့်လိုက်တာနဲ့ ဘယ်လို ဆက်သုံးရမယ်ဆိုတာကို ပြောစရာမလိုတော့အောင်
ရိုးရှင်းလွယ်ကူတာကို တွေ့ရပါလိမ့်မယ် ..

ကိုယ်သိချင်တဲ့စာလုံးတစ်ခုကို မြန်မာလိုပဲဖြစ်ဖြစ် အင်္ဂလိပ်လိုပဲဖြစ်ဖြစ် Search Bar မှာရိုက်ထည့်လိုက်တာနဲ့
မြန်မာလိုတွေရော အင်္ဂလိပ်လိုတွေရော သူ့အကန့်နဲ့သူ တက်လာပါလိမ့်မယ် ..
နောက်ထပ်တစ်ချက်ကောင်းတာက ဒီဆော့ဝဲလေးက Zawgyi Font တွေရော Maynmar 3 Font တွေကိုပါSupport လုပ်တဲ့အချက်ပါပဲ
ကဲ ... အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

အင်္ဂလိပ်-မြန်မာ Dictionary ဆော့ဝဲလေးပါ

Posted by Unknown Jumat, 22 Februari 2013 0 komentar
ကွန်ပျူတာမှာ Install လုပ်ထားပြီး လိုအပ်တဲ့အခါမှာ ဖွင့်သုံးနိုင်မယ့် English-Myanmar Dictionary ဆော့ဝဲလေးပါ ..
ဒီဆော့ဝဲလေးရဲ့ အားသာချက်က Zawgyi One , Myanmar 3 နဲ့ Ayar Burmese ဆိုတဲ့ မြန်မာဖောင့် သုံးမျိုးကို အထောက်အပံ့ပြုတာပါပဲ .. ကိုယ်ကြည့်ချင်တဲ့ ဖောင့်အမျိုးအစားကို ပြောင်းပြီး ကြည့်လိုက်ရုံပဲမို့ .. အလုပ်မရှုပ်တော့ဘူးပေါ့ ..
ဝင်းဒိုးအားလုံးနီးပါးနဲ့လည်း အဆင်ပြေပါတယ် ..
ကျွန်တော့်ရဲ့ Windows 8 မှာရော Windows 7 , XP SP 3 မှာရော စမ်းပြီး သုံးကြည့်ပြီးပါပြီ ..

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ .. အောက်မှာ ဒေါင်းယူလိုက်ပါ ...



ဒေါင်းလင့်ကို ရောက်တဲ့အခါမှာ ဖိုင်နေရာနဲ့တည့်တည့် ညာဖက်အစွန်က Download ဆိုတဲ့ အစိမ်းရောင်ခလုတ်လေးကိုနှိပ်လိုက်ရုံပါပဲ တခြားဘယ် Download ခလုတ်ကိုမှ နှိပ်စရာမလိုပါဘူး
Mediafire နဲ့ ကျွန်တော်နဲ့ ပြဿနာ အကြီးအကျယ် တက်နေလို့  ဒေါင်းရတာ
စိတ်အနှောက်အယှက် ဖြစ်ခဲ့မယ်ဆိုရင် နားလည်ပေးကြပါလို့ တောင်းပန်ပါတယ် ...

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.