Tampilkan postingan dengan label Tuneup Utlities. Tampilkan semua postingan
Tampilkan postingan dengan label Tuneup Utlities. Tampilkan semua postingan

Tuneup Utlities 2013 Full Version

Posted by Unknown Jumat, 28 Juni 2013 0 komentar


ကျွန်တော့်ဘလော့ရဲ့ Facebook Page မှာ
တောင်းထားတဲ့သူငယ်ချင်းတွေနဲ့ အခြား အသုံးလိုတဲ့
သူငယ်ချင်းတွေအတွက် Tuneup Utilities 2013 လေး
တင်ပေးလိုက်ပါတယ်

Full Version အဖြစ် အသုံးပြုနိုင်ဖို့ Patch ဖိုင်လေးပါ
ထည့်ပေးထားပါတယ်

Tuneup Utlities ဆိုတာကလည်း ကွန်ပျူတာမြန်ဆန်သွက်လက်ရေးအတွက်
အထောက်အကူပြုပေးတဲ့ ဆော့ဝဲလေးတစ်ခုဖြစ်ပြီး မသုံးဖူးသူမရှိသလောက် လူသိများတဲ့ဆော့ဝဲဖြစ်တဲ့အတွက် အကျယ်တ၀င့်ရှင်းပြနေစရာ
မလိုတော့ဘူးလို့ ထင်ပါတယ်



ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်






Setup ဖိုင်ကို Install လုပ်ပြီးတာနဲ့ Patch ဆိုတဲ့ဖိုဒါထဲက ဖိုင်ကို Run လိုက်ပါ
ပွင့်လာတဲ့ထဲက Patch ဆိုတာကိုနှိပ်ပေးလိုက်ပါ
အဲဒီအခါ နံမည်ထည့်ခိုင်းတဲ့ Box လေးတက်လာပါမယ်
အဲဒီထဲမှာ ကိုယ်ကြိုက်တဲ့နံမည်ကိုထည့်ပေးပြီး Ok ကို နှိပ်ပေးပါ
နောက်ထပ် ကိုယ့်ရဲ့ ကုမ္ပဏီနံမည်ထည့်ခိုင်းတဲ့ Box မှာလည်း ကိုယ်ကြိုက်တဲ့နံမည် ထည့်ပေးပြီး OK ကိုနှိပ်ပေးလိုက်ပါ
အဲဒါတွေက လိုင်စင်ဗားရှင်းမှာ တွဲပြီးပေါ်နေမယ့် အချက်တွေပါ
ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ
တစ်ချို့ကွန်ပျူတာတွေတော့ လုံခြုံရေးစနစ်ပေါ်မူတည်ပြီး Patch ကို နှိပ်လိုက်တဲ့အခါ Patch လုပ်မယ့်ဖိုင်ကို မတွေ့ကြောင်း
ဒါကြောင့် အဲဒီဖိုင်ကို ကွန်ပျူထဲမှာ လိုက်ရှာမလားဆိုတဲ့ Message Box လေးတက်လာတတ်ပါတယ်
အဲဒီလို Message Box တက်လာရင် Yes တို့ OK တို့နှိပ်ပေးလိုက်ပါ
နောက်ထပ်ပွင့်လာတဲ့ထဲကနေ C >> Program Files >> Tunup Utlities ဆိုတဲ့ဖိုဒါထဲက
Tunup Utlities ဆိုတဲ့ Application ဖိုင်လေးကိုရွေးပေးပြီး Open တို့ OK တို့ နှိပ်ပေးလိုက်ပါ
အဲဒါပြီးမှာ အပေါ်မှာပြောခဲ့တဲ့ နံမည်ထည့်ရတဲ့အဆင့်ကို ရောက်သွားမှာဖြစ်ပါတယ်
အားလုံးပြီးသွားပြီဆိုရင်တော့ Patching Done ဆိုတဲ့စာတမ်းလေးနဲ့အတူ
Patch လုပ်တာ အောင်မြင်သွားပြီး Full Version အဖြစ် အသုံးပြုလို့ရသွားပါပြီ
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.