2013 တစ်နှစ်စာလုံးအတွက် တသသအမှတ်ရနေစေမယ့် Facebook လှည့်ကွက် (၃) မျိုး

Posted by Unknown Sabtu, 09 Februari 2013 0 komentar
ဒီရက်ပိုင်းတော့ .. ကွန်နက်ရှင်လည်း လုံးဝမကောင်းတဲ့အတွက်
ဆော့ဝဲတွေမတင်သေးပဲ .. နည်းပညာပိုင်းတွေကိုပဲ ဆက်တိုက်
ရေးဖြစ်နေပါဦးမယ် ..
နောက်ပြီး .. ကျွန်တော့်ဘလော့ကို ပုံမှန်လာပြီး အားပေးနေကြတဲ့
သူငယ်ချင်းတွေကိုလည်း တစ်ခုလောက် တောင်းပန်ချင်ပါတယ် ..
ကျွန်တော့်ဘလော့ထဲမှာ တင်ထားတဲ့ ဆော့ဝဲ တစ်ချို့ ( တော်တော်များများပါလေ)
ဒေါင်းလို့မရတာမျိုးတွေ ရှိနေပါတယ် .. ဘာကြောင့်လဲဆိုတော့
ကျွန်တော် .. အင်တာနက်ဗိုင်းရပ်လေးတစ်ခုတွေ့လို့ သူ့ကိုသတ်ဖို့ နည်းလမ်းရှာရင်း
သူ့လမ်းကြောင်းကို သိဖို့ Run ကြည့်လိုက်တာ အချိန်မှီမသတ်လိုက်နိုင်ပဲ .. Auto Request
ဖြစ်သွားတာနဲ့ Mediafire က သူ့ကို Attack လုပ်တယ်လို့ သတ်မှတ်လိုက်တယ်ထင်ပါရဲ့
ကျွန်တော့်ဖိုင်တွေကို ဖျက်ပစ်လိုက်တဲ့အပြင်
ကျွန်တော့်ရဲ့ အကောင့်ကိုပါ .. Lock လုပ်ပစ်လိုက်ပါတယ် ..
ဒါကြောင့် .. ကျွန်တော့်ဘလော့မှာတင်ထားတဲ့ ဆော့ဝဲအတွက် Download Link တွေ
အလုပ်မလုပ်တော့တာကို သည်းခံပေးကြပါဦး .. တဖြည်းဖြည်းချင်းတော့
အသစ်ပြန်တင်ပြီး လင့်တွေကို ပြန်ချိတ်ပေးပါ့မယ် ..

Facebook က ကျွန်တော့်ရဲ့ .. ညီအစ်ကို တစ်ယောက်ဖြစ်တဲ့ Ye Nayzaraung ကလည်း
သူ့ရဲ့ Mediafire အကောင့်ရော Password ရော ယုံယုံကြည်ကြည်နဲ့ ပေးထားပါတယ် .
ဖွင့်လို့မရလောက်အောင်ကို ကွန်တွေပိန်းနေသေးလို့ လင့်တွေ ပြန်မချိတ်ပေးနိုင်သေးတာပါ
Ye Nayzarnaung ကိုလည်း ကျေးဇူးအကြီးကြီးတင်တဲ့အကြောင်း ဒီပို့စ်လေးကနေပဲ ..
မှတ်တမ်းတင်လိုက်ပါတယ် ..
ဒီနေ့မျှဝေပေးမှာကတော့ .. နည်းပညာပိုင်းလို့ ပြောလို့လည်း ရသလို အပျော်အပျက်သဘောလို့ သတ်မှတ်မယ်ဆိုရင်လည်း ရပါတယ် .. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. ဒီပို့စ်လေးကို ဖတ်လို့ပြီးသွားတာနဲ့ သူငယ်ချင်းတို့အနေနဲ့ ဟောဒီ 2013 တစ်နှစ်လုံးနီးပါး .. ဒီပို့စ်လေးကို သတိတရဖြစ်နေလိမ့်မယ် ဆိုတာကိုတော့ ထင်ကြေးပေးလိုက်ပါတယ် ..
ကဲ .. စလိုက်ကြစို့ Facebook Fake လေးတွေ ...

(၁) မကြောက်မလန့်တတ်ဘူးဆိုတဲ့ သူငယ်ချင်းတွေကို ဒီလင့်လေးပေးလိုက်ပါ

ဟုတ်ကဲ့ .. ကျွန်တော်ကိုယ်တိုင်လည်း အကြောက်အလန့်နည်းတဲ့ လူတစ်ယောက်ပါ ..
ဒါပေမယ့် .. အခုကျွန်တော်ပေးတဲ့လင့်ကို သွားလိုက်တာ ခေါင်းပေါ်က ဆံပင်မွှေးတွေတောင် ထောင်တက်သွားသလား ထင်ရပါတယ် ..
သိပ်ပြီးထူးဆန်းတဲ့ လင့်တော့လည်း မဟုတ်ပါဘူး ..
Facebook User တစ်ယောက်ရဲ့ Profile လင့်လေးပါ ..
သူ့ရဲ့ Profile ကိုရောက်တာနဲ့ ခံစားချက်တစ်မျိုးကို သေချာပေါက်ခံစားရပါလိမ့်မယ် ..
အဲ .. တစ်ခုမှာထားချင်တာကတော့ သူငယ်ချင်းအနေနဲ့ ကြောက်လန့်သွားတဲ့ ခံစားချက်မျိုးကို မခံစားရသေးဘူးဆိုရင် အဲဒီ Profile မှာ ထည့်သွင်းထားတဲ့ အဆင့်မြင်နည်းပညာကို မတွေ့သေးလို့ပါ (ကွန်နက်ရှင်ပေါ်မူတည်ပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်အထိတော့ အဲဒီ Profile ထဲက Profile ပုံမှာပါတဲ့ ကလေးလေးရဲ့မျက်လုံးတွေကို သေသေချာချာ လေ့လာကြည့်နေပါ .. နောက်ကွယ်မှာ ကုဒ်တွေအလုပ်လုပ်နေပါ .. ဒါကြောင့် စောင့်ကြည့်နေလိုက်ပါ .. တစ်ခုခုကို မသိမချင်းပေါ့ .. )
နောက်ပြီး တစ်ခုတောင်းပန်ချင်တာက အဲဒီလင့်ကို နှလုံးရောဂါသည် သူငယ်ချင်းတွေကိုတော့ လုံးဝမပေးမိစေချင်ပါဘူး .. သူငယ်ချင်းကိုယ်တိုင် နှလုံးမခိုင်ရင်လည်း အဲဒီလင့်ကို ၀င်မကြည့်စေချင်ပါဘူး
ကိုယ်စူးစမ်းမှုကို ကိုယ်တိုင်သာ တာဝန်ယူကြဖို့နဲ့ ကျွန်တော်ပေးတဲ့လင့်ကြောင့် ဒီလိုဖြစ်သွားတာ ဆိုတဲ့ အပြစ်တင်မှုမျိုးကိုတော့ မဖြစ်လာအောင် ကူညီပေးကြပါလို့ ..
ကဲ ..  ဆုံးဖြတ်လိုက်ပါ .. သေချာပေါက် စိတ်ခိုင်တယ်ဆိုရင် ....

ဒီလင့် ကိုသွားပြီး ၁၀မိနစ်လောက် လေ့လာကြည့်လိုက်ပါ ...



(၂) Facebook က သူငယ်ချင်းတွေ ဇဝေဇ၀ါဖြစ်သွားစေမယ် ..


ဒီနည်းကလည်း တစ်မျိုးလေးပါ .. အောက်ကပုံကို တစ်ချက်ကြည့်ပါ


အဲဒီလို Newfeed လေး သူငယ်ချင်းတို့ရဲ့ Timeline ပေါ်မှာ မကြာခဏ မြင်ဖူးကြမှာပေါ့ ..
ဒါပေမယ့် .. ဒီပုံရဲ့ထူးခြားချက်က .. အဲဒီထဲမှာ ပါဝင်ပြီး Status လှမ်းပို့ပေးတဲ့လူ .. အောက်ကနေ Comment ၀င်ရေးထားတဲ့ လူတွေဟာ တစ်ကယ် .. Facebook အကောင့်ပိုင်ရှင်တွေကိုယ်တိုင်က လုပ်လိုက်တာမဟုတ်ပဲ .. Application လေးတစ်ခုနဲ့ ဖန်တီးပြီး ကိုယ့်ရဲ့ Timeline ကို ပို့ပေးလိုက်တာပါ
ဒီနည်းကိုသုံးပြီး ပြဿနာတောင်ဖြစ်အောင် ဖန်တီးလို့ရတာကြောင့် ဒီနည်းကို မတင်ချင်ပေမယ့် .. အလားတူပြဿနာမျိုးကြုံလာခဲ့ရင် ဒီလိုလုပ်ထားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆင်ခြင်နိုင်အောင် ရည်ရွယ်ပြီး ဒီနည်းလေးကို မျှဝေပေးလိုက်တာပါ .. (စကားမစပ် .. Ye Nayzaraung နဲ့  သစ်သီးရေ နင်တို့ကို ထည့်သုံးထားမိတယ် .. စိတ်မဆိုးနဲ့နော် .. )
ဒီနည်းလေးကိုသုံးပြီး .. ကိုယ်ကြိုက်တဲ့ Status မျိုး ( ကိုယ်က ရေးတင်တာ . .ကိုယ့် Timeline ပေါ်ကို အခြားတစ်ယောက်က လှမ်းပို့ခဲ့တာ .. ) အဲဒီလိုဖန်တီးလို့ရပြီး အောက်က Comment တွေကိုလည်း ကိုယ်ထည့်ချင်တဲ့လူကို သူကိုယ်တိုင် ၀င်ရေးထားသယောင် ဖန်တီးလို့ရပါတယ် ..

ကဲ .. လုပ်ကြည့်ချင်ရင် ဒီလင့် ကိုသွားလိုက်ပါ ..




 အောက်ကပုံအတိုင်းပွင့်လာမယ် ..


အဲဒီထဲက ပုံတွေ comment တွေရှိတဲ့နေရာလေး ပေါ်လာတဲ့အခါ
 အဲဒီပုံပေါ်မှာ ကလစ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပြောင်းသွားပါမယ်


အဲဒီထဲက Create Your Wall ကိုနှိပ်လိုက်ပါ ..
နောက်အဆင်တွေကတော့ Facebook Application တွေကို သုံးနေကျအတိုင်းပဲ .. Allow ပေးတာတွေဘာတွေတော့ မပြောတော့ဘူးနော် အဆင့်ဆင့်သွားပြီးရင် အောက်ကပုံကိုရောက်မယ်



အဲဒီထဲမှာရှိတဲ့ ပုံတွေကအစ Like တွေ Comment တွေအဆုံး အားလုံးကို ပြင်လို့ရပါတယ် ..
ပုံကိုပြင်ချင်ရင် ပုံပေါ်မှာ ကလစ်ပေးလိုက် .. ကိုယ် ပုံချင်တဲ့ပုံကို ဘယ်ကယူမယ်ဆိုတာ ပြန်ညွန်းခိုင်းလိမ့်မယ် .. Facebook က သူငယ်ချင်းတွေရဲ့ပုံတွေကို ယူသုံးချင်ရင်လည်း ရတယ် ..Google ကပုံတွေ အပြင်ကပုံတွေ တင်မယ်ဆိုရင်တော့ ကျွန်တော်တို့ Profile တွေတင်သလိုပဲ ပုံကို အဆင်ပြေအောင် ကိုယ်လိုသလို ဖျတ် ( Crop ) လုပ်ပေးရမယ် .. အဆင်သင့်ဖြစ်သွားရင် Save ကိုနှိပ်လိုက်ရုံပဲ .. မကြိုက်ရင်လည်း ပြန်ပြောင်းလို့ရသေးတယ်
Like ကိုလည်း ဘယ်သူက Like လုပ်သွားတယ်ဆိုတာကအစ ပြင်လို့ရတယ် .. ပြင်ချင်တဲ့ စာပေါ်မှာ ကလစ်ပေးပြီး ကလစ်ဝင်သွားပြီဆိုရင် Select ပေးပြီး ပြောင်းလိုက်ရုံပဲ ..
သူငယ်ချင်းတွေရဲ့ နံမည်ကို ယူသုံးမယ်ဆိုရင်လည်း တစ်လုံးနှစ်လုံးရေးလိုက်တာနဲ့ လင့်ဝင်လာမှာပဲ ..
ကျန်တဲ့အဆင့်တွေကတော့ .. ဘာမှ သိပ်မခက်ခဲတော့လို့ ဆက်လုပ်လိုက်တော့နော် ..
ကိုယ်လုပ်လိုက်လို့ ကိုယ့် Timeline ပေါ်ရောက်လာတဲ့အခါ .. နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာရင် ကျွန်တော့်တာဝန် ဟုတ်ဘူးနော် .. ( သစ်သီးတို့ ... ရဲနေဇာအောင်တို့လို လူပျိုသိုးကြီးတွေ .. February 14 ရက်နေ့မှာ သက်မွန်မြင့်ဆီကနေ ချောကလက်ပုံလေးလှမ်းပို့သလိုမျိုး လုပ်ကြံဖန်တီးလို့ ရသွားတာပေါ့ .. :P )

(၃) သူငယ်ချင်းတစ်ယောက်ကို ချောက်ချရအောင် ..

ဒီနေ့တင်လိုက်သမျှတော့ .. ကောင်းတာကို တစ်ခုမှ မပါဘူးလို့များ ထင်တော့မလားမသိဘူး ..
ဒီနည်းလေးအတွက် အောက်ကပုံကို ကြည့်လိုက်ပါဦး



အဲဒီထဲကပုံလိုမျိုး ကိုယ့်ရဲ့ Timeline မှာ ကိုယ်ရဲ့ ပုံနဲ့အတူ ကမ္ဘာကျော်သတင်းစာကြီးတွေကနေ ကိုယ့်ရဲ့ သတင်းကို ထုတ်ပြန်လိုက်တာမျိုးများ တွေ့ရရင် အံ့သြသွားမယ်ထင်တယ်နော် ..
အဲဒါဆိုရင် ကိုယ့်နံမည်နဲ့ ကိုယ့် Profile ပုံမဟုတ်ပဲ .. ကိုယ်ချောက်ချချင်တဲ့သူငယ်ချင်းတစ်ယောက်ကို သူဟာ ကမ္ဘာပေါ်မှာ အယုတ်မာဆုံးရာဇ၀တ်ကောင်တစ်ယောက်ဖြစ်တဲ့အကြောင်း Facebook က သတင်းထုတ်ပြန်ပေးအောင် လုပ်လိုက်မယ်ဆိုရင် .. ခံရတဲ့လူတော့ တော်တော်ခွီးသွားမယ် ထင်ပါရဲ့ ..
ဘယ်သူက ပို့လိုက်လို့ပို့လိုက်မှန်းလဲ မသိရဘူး .. ကိုယ်က တစ်ဆင့် ပြန် Share တက်ပုံမျိုး သူငယ်ချင်းတွေ အဆင့်ဆင့်များ လက်ဆင့်ကမ်းပြီး Share လိုက်ရင် နိုင်ငံခြားက Facebook User တွေတောင် ချမ်းဖျားတွေတက်ကုန်မယ်ထင်တယ် ..

ကဲ .. စမ်းကြည့်ချင်ရင်တော့ ကိုယ်ချောက်ချချင်တဲ့ သူငယ်ချင်းရဲ့ နံမည်ကိုနှိပ်ပြီး Address bar မှာ တက်လာတဲ့ သူ့ရဲ့ လင့် .. ( သူ့ရဲ့ ID လို့ ခေါ်ပါတယ် ) ကိုကော်ပီကူးယူပြီး

ဒီလင့် ကိုသွားလိုက်ပါ ..


အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက ထဲက အပေါ်ဆုံးက Select the topic မှာ ဘယ်လို ခေါင်စဉ်မျိုးနဲ့ သတင်းကို သုံးမယ်ဆိုတာကိုရွေးပေးပါ ..
First name နေရာမှာ ကိုယ်ချောက်ချချင်တဲ့လူရဲ့ နံမည် ရှေ့တစ်ဖြတ် Last name နေရာမှာ သူ့ရဲ့ နံမည်နောက်တစ်ဖြတ် ကိုထည့်ပါ ..
ID ဆိုတဲ့အကွက်မှာ စောနက ကူးယူလာတဲ့လူရဲ့ လင့် ( ID ) ကိုထည့်ပါ ..
Location မှာ သူ့ရဲ့တိုင်းပြည် ( ကိုယ်ကြိုက်ရာ) ကိုထည့်ပေးပါ ..
ပြန်စစ်ချင်သေးရင် Preview ကိုနှိပ်ပြီး ကြည့်လို့ရပါတယ် ..
ကျေနပ်ပြီဆိုရင် အောက်နားက Share နေရာလေးကို Mouse တင်လိုက်ရင် Share လို့ရတဲ့ media တွေ တက်လာမယ် .. Facebook ကိုရွေးပေးလိုက်တာပေါ့ ..
ပြီးသွားပြီ .. နောက်ပြဿနာတော့ ကြည့်ကျက်သာ ရှင်းကြပေတော့ ..
ကဲ .. Facebook ပေါ်မှာ ပျောက်ရွှင်နိုင်ကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Baca Selengkapnya ....

Resume မရတဲ့လင့်တွေကို Resume ရအောင်လုပ်နည်း

Posted by Unknown Jumat, 08 Februari 2013 0 komentar
ဒီနေ့မျှဝေပေးမယ့်နည်းပညာကတော့ အွန်လိုင်းကနေ ဖိုင်ဆိုဒ်အကြီးကြီးတွေကို
ဒေါင်းတဲ့အခါမှာ Resume မရတဲ့လင့်မျိုးတွေဖြစ်နေခဲ့ရင် အဲဒီလင့်ကို Resume
လင့်အဖြစ် အလွယ်တကူပြောင်းလို့ရနိုင်မယ် နည်းလမ်းလေးပါ ..
တခြားသောနည်းလမ်းတွေတော်တော်များများ ရှိပေမယ့် ဒီနည်းလေးက
နည်းပညာပိုင်းဆိုင်ရာ အားနည်းနေသေးတဲ့လူတွေတောင် အလွယ်တကူလုပ်နိုင်မယ့်
နည်းလမ်းလေးမို့ မျှဝေပေးလိုက်တာပါ ..

နောက်ပြီး ဒီနည်းလေးကို သုံးကြည့်ရင် တစ်ခါတစ်ခါ .. Survay ခံထားတဲ့ လင့်မျိုးတွေ
ဒေါင်းခွင့်ကို Location အလိုက် ကန့်သတ်ထားတဲ့ လင့်မျိုးတွေကိုတောင်
ဒေါင်းလို့ရသွားတာမျိုး ရှိတတ်ပါသေးတယ် .. ( ဒါကတော့ ကံကောင်းမှထင်ပါရဲ့ ကျွန်တော်
တော့ ခဏခဏရဖူးတယ် )
ကဲ .. ဘယ်လိုလုပ်မလဲ ..(ပုံတွေအတွက် ကုဒ်ထည့်ဖို့ ကွန်ပိန်းနေတာကြောင့် ပုံတွေမထင်ရှားရင် ကလစ်နှိပ်ပြီး ကြည့်ပေးကြပါဦးဗျို့ )
အရင်ဆုံး ကိုယ့်ရဲ့ Facebook အကောင့်ကို Log In ၀င်ထားပါ ..

ပြီးရင် .. ဒီကို သွားလိုက်ပါ ..


အောက်ကပုံအတိုင်း Page ကိုရောက်ပါလိမ့်မယ် ..


အဲဒီထဲက  Connect With Facebook ကိုနှိပ်ပါ .. ( Sign Up for free ကိုလည်း သုံးလို့ရပါတယ်
ဒါတော့ အကောင့်သစ်တစ်ခုကို Free ဖွင့်မှာမို့ ခက်လည်းမခက်တာကြောင့် မပြောတော့ပါဘူး
ဒီပို့စ်က လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်လုပ်နိုင်တဲ့နည်းကို ဦးတည်ပြီး ရေးမှာဖြစ်လို့
Connect With Facebook ကိုပဲ နှိပ်ခိုင်းတာပါ ..)
အဲဒီလို Facebook ကနေ Connect လုပ်တာတောင် သူက အကောင့်တစ်ခုကို 2GB အထိ
ဖိုင်ဆိုဒ်ကို လင့်လုပ်ပေးပါတယ် .. (ဒေါင်းပြီးရင် Delete လုပ်လိုက်မှာပေါ့ .. အဲဒါဆို ဘယ်တော့မှ
Bandwidth မပြည့်တော့ဘူး )
ကဲ .. Connect With Facebook ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် .


အဲဒီထဲက အကွက်ထဲမှာ ကိုယ် Resume လင့်လုပ်ချင်တဲ့ ဒေါင်းလင့်ကို ကော်ပီကူးယူလာပြီး
ထည့်ပေးလိုက်ပါ .. ပြီးရင် အောက်က +Add File ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း
ကိုယ့်ရဲ့ဒေါင်းလင့်လေးကို Resume လင့်ဖြစ်အောင်ပြောင်းပေးထားတဲ့ လင့်လေးပေါ်လာပါမယ်


အဲဒီတော့မှ ညာဖက်က download ပုံလေးကိုနှိပ်ပြီးဒေါင်းလိုက်ရုံပါပဲ ..
Resume ရတဲ့ဒေါင်းလင့်လေးနဲ့ အေးအေးဆေးဆေး Download ယူနေရုံပဲပေါ့ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Facebook က သူငယ်ချင်းတွေကို နောက်ရအောင်

Posted by Unknown Kamis, 07 Februari 2013 0 komentar
အပျင်းပြေပေါ့ ..
Facebook က သူငယ်ချင်းတွေကို အံ့သြသွားအောင်လုပ်နိုင်မယ့် နည်းလေးပါ
ကျွန်တော်တို့ဟာ Facebook မှာ Status တွေရေးကြတယ် ..
ဓာတ်ပုံတွေ Upload တင်ကြတယ် ..
အဲဒီအခါ .. ကိုယ်အသုံးပြုတဲ့ Device ပေါ်မူတည်ပြီး ကိုယ်တင်လိုက်တဲ့
Status လေး ဒါမှမဟုတ်  ဓာတ်ပုံလေးတွေရဲ့ အောက်နားလေးမှာ
Via mobile တို့ mobile upload တို့ .. အဲဒီလိုလေးတွေ ဖော်ပြပေးလေ့ရှိတယ်
ဆိုတာကို Facebook သုံးနေတဲ့သူတွေအနေနဲ့ သိပြီးသားပါ ..


အခုကျွန်တော် မျှဝေပေးမယ့် နည်းကတော့ ..
အဲဒီလို Facebook က Trace လုပ်ပြီး ..ကိုယ့်ရဲ့ Status တွေ ရဲ့အောက်မှ ဖော်ပြပေးတဲ့ စာသားလေးကို
ပြောင်းလဲပစ်မယ့် .. နည်းပါ ..
ဥပမာ .. အောက်က ပုံကို ကြည့်ပါ ...


ဒီပုံထဲမှာတော့ ကျွန်တော်က ကျွန်တော့်ရဲ့ Status ကို ပုလင်းထဲကနေ ( in the bottle )
လှမ်းတင်လိုက်တာဖြစ်ကြောင်း Facebook က Trace လုပ်ပေးထားပါတယ် ..
ကဲ .. ဘယ်လိုလုပ်မလဲ ..
လွယ်ပါတယ် ..

ဒီကို သွားလိုက်ပါ ..


အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ် .. ( Facebook ကို Log In ၀င်မထားရင်တော့
Log In Page တက်လာပါဦးမယ် )


အဲဒီထဲက Select a delivery method ကို နှိပ်လိုက်ရင် ..
ကိုယ့် Status ကို ဘယ်ကနေပို့တယ်ဆိုတာကို ရွေးစရာတွေ ကျလာပါမယ် ..
ကိုယ်ကြိုက်တဲ့တစ်ခု .. ( အာကာသယာဉ်တို့ .. iphone 5 တို့ .. အများကြီးပါ )
ရွေးပြီး .. ဘေးနားလေးက Update status ဆိုတဲ့ အစိမ်းရောင်လေးကို နှိပ်လိုက်ရင်
အောက်ကပုံအတိုင်း Status ရေးစရာလေး ပွင့်လာပါမယ် ..



အဲဒီထဲမှာ ကိုယ်ရေးချင်တဲ့ Status ကိုရေးပြီး ..  ကို နှိပ်လိုက်ရုံပါပဲ ..
တစ်ကယ်လို့ သူငယ်ချင်းတစ်ယောက်ရဲ့ Timeline ကို ပို့ချင်တယ်ဆိုရင်တော့
Update status ရဲ့ ဘေးက မြှားလေးကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..


အဲဒီထဲက Post to friend's wall ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..


အဲဒီထဲက အကွက်ထဲမှာ ကိုယ်နောက်ချင်တဲ့ သူငယ်ချင်းရဲ့ URL ကို ကော်ပီကူးယူလာခဲ့ပြီး
ထည့်ပေးလိုက်ပါ .. ပြီးရင် Post to friend's wall ကိုနှိပ်ပေးလိုက်ရုံပဲ ..
ကဲ .. Facebook မှာ Pro တစ်ယောက်လို အပျင်းဖြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 နဲ့ မြန်မာစာပြဿနာ

Posted by Unknown Rabu, 06 Februari 2013 0 komentar
ဒီနေ့မျှဝေပေးမယ့်နည်းပညာကတော့ နည်းနည်းအန္တရာယ်ရှိတဲ့ နည်းပညာပါ
ဘာကြောင့်လဲဆိုတော့ Windows 8 သုံးနေတဲ့ သူငယ်ချင်းတွေအတွက်
ဝင်းဒိုးမှာ Built In အဖြစ်ပါလာတဲ့ မြန်မာဖောင့်ဟာ လုံးဝအဆင်မပြေလို့
အဲဒီ မြန်မာဖောင့်နေရာမှာ ကျွန်တော်တို့ရဲ့ ဇော်ဂျီဖောင့်ကို အစားထိုးပြီး
အသုံးပြုနိုင် Registry ကို ၀င်ပြီး ပြင်ရမယ့် နည်းပညာပါ ..
ဝင်းဒိုးတစ်ခုမှာ Registry ဆိုတာဟာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို
ပြောနေစရာတောင် လိုမယ်မထင်ပါဘူး ..
ဒါကြောင့် Registry ကို ပြင်ရမယ့်အလုပ်ဆိုတာဟာ ကျားမြီးကို ဆွဲတာထက်ပိုပြီး အန္တရယ်ရှိပါတယ် ..

ဒါကြောင့် ဒီပို့စ်ကို အတတ်နိုင်ဆုံး အသေးစိပ်ရေးထားပြီး အဆင့်တိုင်းအတွက်
ပုံတွေနဲ့ ပြထားပါတယ် ..


တစ်ခုတောင်းဆိုချင်တာကတော့ ဒီပို့စ်ကို သေချာဖတ်ပြီးမှ စနစ်တကျလုပ်ပါလို့ ..
မတော်တဆမှားသွားရင်လည်း Windows font အတွက်သာ Error တက်တာမို့
သိပ်ပြီး ကြီးကြီးကျယ်ကျယ် မဖြစ်နိုင်ဘူး ဆိုပေမယ့် .. ကျွန်တော့်ပို့စ်ကိုဖတ်ပြီး
လုပ်ကြည့်ရာကနေ စိတ်ညစ်စရာတွေ ဖြစ်ကုန်တယ်ဆိုတာမျိုးကို မလိုလားလို့ပါ

ကဲ .. စကြစို့ ....လောလောဆည် စက်ထဲမှာ ဇော်ဂျီဖောင့်မရှိသေးဘူးဆိုရင်တော့

32Bit သမားတွေက ဒီမှာ ဒေါင်းပါ


64Bit သမားတွေက ဒီမှာ  ဒေါင်းပါ


ဖောင့်သွင်းပုံသွင်းနည်းကတော့ ဒီပို့ရဲ့ဦးတည်ချင်မဟုတ်လို့ မရေးပြတော့ပါဘူး .. တစ်ကယ်လို့ အဆင်မပြေရင်တော် ဒီပို့စ်အောက်မှာ Comment ရေးပေးခဲ့ပါ
ကျွန်တော် အသေးစိပ်ပြန်ရေးပေးပါ့မယ်
များသောအားဖြင့် 64Bit သမားတွေက မြန်မာဖောင့်မှာ ပြဿနာတက်လေ့ရှိတယ်
အားလုံးသိကြတဲ့အတိုင်းပဲ .. Windows 8 ဟာ မြန်မာစာကို ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့
ဝင်းဒိုးတစ်ခုဖြစ်သလို .. လောလောဆည်အနေအထားမှာတော့ ကမ္ဘာနဲ့ချီကြည့်ရင်
သိပ်ကို အခြေသတင်းကြီးနေတဲ့ ၀င်းဒိုးလည်း ဖြစ်ပါတယ် ...

ဒါပေမယ့် ကျွန်တော်တို့အတွက် ခက်နေတာက သူ့ထဲမှာပါလာတဲ့ Myanmar Text ဆိုတဲ့
မြန်မာဖောင့်က ကျွန်တော့်တို့အတွက် အလုပ်မဖြစ်ဘူး ဖြစ်နေတာပါပဲ
အဲဒါကြောင့်ပဲ .. ၀င်းဒိုးပေါ်မှာပဲ အလုံးစုံမှီခိုပြီးမှ အလုပ်လုပ်နေရတဲ့ Windows Message တို့
Mail တို့ Windows မှာ ပါတဲ့ App ထဲက People တို့မှာ မြန်မာဖောင့်ဟာ အမှန်အကန်
ဖတ်ရှုရေးသားလို့ မရတဲ့ ပြဿနာတွေ ကြုံနေရတာပါ ..
တစ်ကယ်တမ်းသား အဲဒီပြဿနာလေးကို ဖြေရှင်းနိုင်မယ်ဆိုရင်
ဝင်းဒိုးမှာပါတဲ့ People ဆိုတဲ့ ကဏ္ဍထဲမှာ Facebook အကောင့်ကို Add လုပ်လိုက်ရုံနဲ့
သိပ်ကို သုံးလို့ကောင်းတဲ့ အားရကျေနပ်စရာကောင်းတဲ့ Facebook စာမျက်နှာတွေကို
မြင်တွေအသုံးပြုလာနိုင်မှာဖြစ်ပါတယ် ...
အခု ဒီနည်းလေးကို အောင်မြင်သွားရင် Microsoft အကောင့် ( မရှိသေးရင် ) ဖောက်ပြီး
Windows ထဲက People ကိုဖွင့် Add account မှာ ကိုယ့်ရဲ့ Facebook အကောင့်ကို
ထည့်ပြီး သုံးကြည့်ပါ ..
သုံးနေကျပုံစံမဟုတ်လို့ နည်းနည်းလေး ကြောင်တောင်တောင် ဖြစ်နေတာကလွဲပြီး
အံ့သြစရာကောင်းလောက်အောင် ပေါ့ပါးတဲ့အပြင် တခြားကျေနပ်စရာတွေ
( ဥပမာ - လှုပ်ရှားနေတဲ့ Gif ဖိုင်လို Animated ပုံတွေကိုတောင်
Facebook မှာ ကြည့်နိုင်တာမျိုး) ကို တွေ့ရမှာပါ ..

ကဲ .. စလိုက်ကြစို့ ..ပုံတွေသေးနေ ၀ါးနေရင် ပုံပေါ်ကို မောက်စ်လေး တင်လိုက်ပေးပါ

Run Box ထဲမှာ regedit လို့ ရိုက်ထည့်ပြီး Enter (ဒါမှမဟုတ်) Ok နှိပ်ပေးလိုက်ပါ ..
နောက်ထပ်တက်လာတဲ့ Administrator Prompt ကိုလည်း Ok ပဲ နှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း Registry Editor ပွင့်လာပါမယ် ..


အဲဒီထဲက HKEY_LOCAL_MACHINE ဆိုတာရဲ့ရှေ့က မြှားလေးကိုနှိပ်လိုက်ပါ .. အောက်ကပုံအတိုင်း
အောက်ကို ကျလာပါလိမ့်မယ် ..


အဲဒီထဲက SOFTWARE ဆိုတာရဲ့ရှေ့က မြှားလေးကိုနှိပ်လိုက်ပါ .. အောက်ကပုံအတိုင်း
ကျလာမယ်


အဲဒီထဲက Microsoft ရဲ့ရှေ့ကမြှားလေးကို နှိပ်လိုက်ပါ .. အောက်ကပုံကျလာမယ်


ကျလာတဲ့ဟာကို အောက်အထိ ဆင်းပြီးရှာလိုက်ပါ .. Windows NT ကိုတွေ့ရင်
သူ့ရှေ့ကမြှားလေးကို နှိပ်လိုက်ရင် အောက်ကပုံအတိုင်း ကျလာမယ်


အဲဒီကျလာတဲ့ CurrentVersion ရှေ့ကမြှာလေးကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း
ကျလာမယ်


အဲဒီထဲက Fonts ဆိုတဲ့ပေါ်မှာ ကလစ်နှိပ်လိုက်ရင် ညာဖက်အခြမ်းထဲမှာ font keys and values တွေ
ပွင့်လာမယ် .. အဲဒီထဲက Myanmar Text ဆိုတာရဲ့ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက
Modify ကိုနှိပ်လိုက်ပါ အောက်ကပုံအတိုင်းပွင့်လာမယ်


အဲဒီ Box ထဲက font name ဆိုတဲ့အကွက်ထဲမှာရှိနေတဲ့ mmrtext.tff ဆိုတာကို ၀င်းဒိုးကရှာမတွေ့နိုင်တဲ့
font မျိုးဖြစ်အောင် တစ်ခုခုဖြည့်ပေးရမယ် .. ကျွန်တော်ကတော့ --mmrtext.tff ( ရှေ့မှာ ဟိုက်ဖဲန်ဆိုတဲ့
မျဉ်းတိုလေးနှစ်ခုခံပေးလိုက်တယ် ) ပြီးတော့ Ok နှိပ်ပေးလိုက် ဒါက ၀င်းဒိုးကို မြန်မာစာနဲ့ပတ်သက်ပြီး
အသုံးပြုခိုင်းထားတဲ့ Default font ကို ၀င်းဒိုးက မသိနိုင်တော့အောင် လုပ်ပစ်လိုက်တဲ့သဘောပါ

အဲဒါပြီးရင် ဘယ်ဖက်အခြမ်းထဲမှာရှိတဲ့ Fonts ဆိုတဲ့ဖိုလ်ဒါအောက်က FontSubstitutes ပေါ်မှာ
ကလစ်နှိပ်လိုက်ရင် ညာဖက်ခြမ်းထဲမှာ စောနကလိုပဲ ပေါ်လာမယ် ..





အဲဒီထဲက လွတ်နေတဲ့ ညာဖက်တစ်နေရာမှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက String Value ကို
နှိပ်ပေးလိုက်ရင် အောက်ဆုံးမှာ အပြာရောင်လေးနဲ့ Value တစ်ခုပေါ်လာမယ် ..


အဲဒီ အပြာရောင် Select ၀င်နေတဲ့ နေရာကို Myanmar Text လို့ နံမည်ပေးလိုက် (နောက်မှ ပေးလည်းရတယ်)
ပြီးရင် အဲဒီ ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Modify ကိုနှိပ်ပေးလိုက်ပါ
Box တစ်ခုပွင့်လာမယ် ..



 အဲဒီထဲက value name မှာပဲလာပြီး Myanmar Text လို့ နံမည်ပေးရင်လည်းရတယ်
Value data အကွက်မှာတော့ Zawgyi-One လို့ ထည့်ပေးရမယ်



ပြီးရင်တော့ Ok နှိပ်ပေးလိုက်ပါ ..
အားလုံးပြီးသွားရင် ကွန်ပြူတာကို Restart ချလိုက်ပါ ..
ဒါဆိုရင် အဆင်ပြေသွားပါပြီ

Update လုပ်ထားပါတယ်


အပေါ်ကနည်းတွေအတိုင်း လုပ်လိုက်တာမှ အဆင်မပြေတာမျိုးတွေလည်း ရှိတတ်ပါတယ် ( ကျွန်တော်လည်း အဆင်မပြေလို့ လိုက်လုပ်ရင်း ဒီအဆင့်ကို Update ပြန်တင်ပေးထားတာပါ)

အပေါ်ကအဆင့်မှာ သုံးသွားတဲ့ Fonts ရဲကအောက်မှာ Font Substitutes ဆိုတာရှိပါတယ်
အဲဒါလေးကိုနှိပ်လိုက်ပါ






ဘယ်ဖက်ကပွင့်လာတဲ့ထဲက Ms Shell DLG ဆိုတာပေါ်မှာ Double click နှိပ်လိုက်ပြီး ပွင့်လာတဲ့ထဲက
Value Data အကွက်ထဲက Font ကို Zawgyi-One  ( ကြားထဲမှာ ဟိုက်ဖဲန် [ မျဉ်းတို ] လေးပါပါတယ်)
ကိုပြောင်းပေးလိုက်ပါ





ပြီးရင် OK နှိပ်ပေးလိုက်ပါ
ပြီးရင်း သူ့အောက်က Ms Shell DLG 2 ဆိုတာကိုလည်း အထက်ကနည်းအတိုင်းပဲ Zawgyi-One ပြောင်းပေးပြီး OK နှိပ်ပေးလိုက်ပါ
ပြီးရင် စက်ကို Restart ချပေးလိုက်ပါ

ဝင်းဒိုးပြန်တက်လာတဲ့အခါမှာ ၀င်းဒိုးစနစ်ရဲ့ နေရာတော်တော်များများမှာ
မြန်မာစာကို ဇော်ဂျီစာလုံးတွေနဲ့ အဆင်ပြေပြေ တွေ့မြင်နိုင်ပြီ ဖြစ်ပါတယ် ..

အပေါ်မှာ ပြောခဲ့တဲ့နည်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ၀င်းဒိုးစနစ်ရဲ့ Registry ကို ပြင်ဆင်ခဲ့တာဖြစ်တဲ့အတွက် Ccleaner လို ၀င်းဒိုးကိုသန့်ရှင်းရေးလုပ်ပေးတဲ့ ဆော့ဝဲမျိုးတွေကို
Run တဲ့အခါ Registry ကိုတော့ ချန်ပြီး Clean လုပ်စေချင်ပါတယ် .. ဒါပေမယ့် .. မေ့ပြီးလုပ်မိသွားလို့
မြန်မာဖောင့်မှာ ပြဿနာပေါ်လာရင်လည်း အပေါ်က အဆင့်တွေအတိုင်း ပြန်လုပ်ပေးလိုက်ရင် ရပါတယ်
ကဲ .. Windows 8 မှာ မြန်မာစာပြဿနာ ကင်းကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Facebook ကို Gtalk လို သုံးရအောင်

Posted by Unknown 0 komentar
Facebook ဟာ မူးယစ်ဆေးတစ်မျိုးလိုပဲ
User တွေကို စွဲလမ်းတွယ်ငင်စေနိုင်တဲ့
လူမှုရေးကွန်ယက်တစ်ခု ဖြစ်လာနေပါပြီ
ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ကွန်ပြူတာလေးပေါ်မှာ
တခြားလုပ်စရာတွေ လေ့လာစရာတွေ ရှိနေတာတောင်မှ
Facebook လေးကိုဖွင့်ပြီး ဟိုဖတ်ဒီဖတ် ..
ဟိုကြူဒီကြူလေးတွေလုပ်နေရင်း တကယ်လုပ်ရမယ့်အလုပ်တွေမှာ
 နှောင့်နှေးကြန့်ကြာနေရတာတွေလည်း
အများကြီးပါပဲ ..

ဒီနေ့ကျွန်တော်မျှဝေပေးမှာကတော့ ကိုယ့်ရဲ့လုပ်စရာရှိတာတွေကိုလည်း
ကွန်ပြူတာပေါ်မှာလုပ်ရင်း Facebook ကိုလည်း ဘာ Browser မှ
မဖွင့်ပဲ .. သူငယ်ချင်းတွေနဲ့ Chat ချင်ချက်လို့ရသလို
New Feed တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ သိရှိဖတ်မှတ်နိုင်မယ့်
နည်းလမ်းလေးပါ ...

Gtalk ကိုတော့ အားလုံးလည်းသိကြမှာပါ ..
Browser ဖွင့်ပြီး Gmail အကောင့်ကို Sign in ၀င်နေစရာမလိုပဲ
Gtalk လေးဖွင့်ထားရုံနဲ့ သူငယ်ချင်းတွေနဲ့ Chat လို့ရတဲ့တဲ့အပြင်
mail ထဲဝင်လာသမျှကိုလည်း အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်တဲ့
သိပ်ကို အသုံးဝင်တဲ့ ပရိုဂရမ်းလေးပေါ့ ..
အဲဒီ Gtalk လိုပဲ .. Desktop ပေါ်ကနေ Browser ဖွင့်စရာမလိုပဲ
Facebook က သူငယ်ချင်းတွေနဲ့ Chatting ထိုင်လို့လည်းရသလို
Newfeed တက်လာတိုင်းလည်း ချင်ချင်းသိရှိနိုင်မယ့် ပရိုဂရမ်လေးတစ်ခုကို
မျှဝေပေးချင်လို့ပါ ... 
တော်တော်လေး အသုံးပြုသင့်တဲ့အပြင် ကွန်နက်ရှင်ကျနေတဲ့အချိန်မှာတောင်
Run နေနိုင်တဲ့ ပရိုဂရမ်လေးဖြစ်လို့ မသိသေးတဲ့သူငယ်ချင်းတွေအတွက်
လက်တို့ပေးလိုက်တဲ့သဘောပါပဲ ..
အဲဒီလိုအသုံးပြုနိုင်တဲ့ဆော့ဝဲ နှစ်မျိုးရှိပါတယ် ..
တစ်မျိုးက Digsby ဖြစ်ပြီး
နောက်တစ်မျိုးကတော့ Chit Chat ဖြစ်ပါတယ် ..
အဲဒီနှစ်မျိုးမှာ Digsby က သုံးရတာ အဆင်ပြေတာကို တွေ့ရပါတယ် ..
Chit Chat ကတော့ CPU စားတာလည်း မနှစ်သက်စရာ ကောင်းတဲ့အပြင်
Not Responding လည်း ခဏခဏ ဖြစ်တာကို တွေ့ရပါတယ် ..
(ကျွန်တော့်ရဲ့ ကွန်နက်ရှင်တော်တော်ကျနေချိန်မှာ စမ်းကြည့်လို့လား
လို့လည်း သံသယရှိပါသေးတယ် .. စမ်းကြည့်ချင်ရင်တော့ သုံးကြည့်ပေါ့
အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော့်ကို ပြန်ပြီး Comment မှာ Comfirm
လုပ်ကူကြပါဦး .. Chit Chat က ပိုပြီးကောင်းတယ်လို့ User စစ်တမ်းတွေမှာ
ဖတ်ထားရလို့ ကျွန်တော်လည်း သုံးချင်လို့ပါ .. )
ကဲ .. Digsby ကို အသုံးပြုနည်းလေး ပြောပြပါမယ်

လောလောဆည် Digsby ကို သူ့ရဲ့ Page ဖြစ်တဲ့  ဒီမှာ သွားပြီး ဒေါင်းယူလိုက်ပါ ..


ပေးထားတဲ့လင့်ကိုနှိပ်လို့ Page ကိုရောက်ပေမယ့် တရုတ်စာလိုမျိုးတွေပဲ ပွင့်လာတယ်ဆိုရင် ( ကွန်ကျချိန်မှာဖြစ်တတ်ပါတယ်.. ) အဲဒီလင့်ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Open link in new window ဆိုတာကို နှိပ်ပေးလိုက်ရင် အဆင်ပြေပါတယ်

ဒေါင်းပြီးလို့ Install လုပ်ပြီးသွားရင် အောက်ကပုံလေးတက်လာပါမယ် ..








Digsby အကောင့်ရှိမှ သူ့ကိုသုံးလို့ရမှာမို့ Digsby အကောင့်ဖောက်ဖို့
အောက်ဆုံးက   Don't have an account ကို နှိပ်လိုက်ပါ .. အောက်ကပုံအတိုင်းတက်လာပါမယ်


Digsby username နေရာမှာ ကိုယ့်ထည့်ချင်တဲ့နံမည်ကို Spacebar မခြားပဲ
ရိုက်ထည့်ပါ ..
Your Email Address နေရာမှာ ကိုယ့်ရဲ့ Email လိပ်စာအမှန်ကို ထည့်ပါ..
Password နှစ်ခုကို တူအောင်ထည့် ..
I have read .... ရဲ့ရှေ့မှာ အမှတ်လေး ထည့်ပြီးပြီဆိုရင် .. အောက်နားက Register ဆိုတာကို နှိပ်ပေးလိုက်ပါ ..
ခဏနေရင် ကိုယ့်ရဲ့ Digsby Username ရသွားကြောင်း Box လေးတက်လာပါမယ် .. အဲဒီထဲက ကိုယ့်ရဲ့ User name ကိုလည်း မှတ်ထားပါဦး ကိုယ်က ရှေ့ဆုံးစာလုံးကို စာလုံးအကြီးနဲ့ ရေးပေးလိုက်ပေမယ့် သူက စာလုံးအသေးနဲ့ပေးလာတတ်လို့ ကိုယ့်အကောင့်မှာ သုံးတဲ့အခါ သူပေးတဲ့ User name ကိုပဲ သုံးရမှာပါ .. အကောင့်ရသွားကြောင်း တက်လာတဲ့ Box ကို ပိတ်လိုက်ပါ ..
အဲဒီအခါ Install လုပ်ပြီးပြီးချင်းတက်လာတဲ့ Box လေးကျန်ပါမယ် ..
အဲဒီထဲက Digsby Username မှာ Digsby က ပေးတဲ့ ကိုယ့်ရဲ့နံမည်ကို ထည့်ပါ .. Password နေရာမှာ ကိုယ်ပေးထားတဲ့ Password ကိုထည့် ... အောက်က save password နဲ့ auto login မှာ အမှတ်တပ်သင့် မတတ်သင့်ကိုတော့ ကိုယ်တိုင်သာ ဆုံးဖြတ်ပါ ..
ဝင်းဒိုးတက်တာနဲ့ Digsby က ပွင့်လာမယ် .. save password မှာအမှတ်တပ်ထားရင် Digsby အကောင့်ကို password ပြန်ထည့်စရာမလိုပဲ Sign In ကို နှိပ်လိုက်ရုံပဲ
Auto login ကိုပါ အမှတ်တပ်ပေးထားရင် Sign In ကို နှိပ်စရာမလိုပဲ .. အလိုလို log in လုပ်သွားမယ် ..
ကဲ ... Sign In ကိုနှိပ်လိုက်တာနဲ့ အောက်ကပုံအတိုင်းတက်လာမယ် ..



အဲဒီထဲမှာ အပေါ်ဘားတန်းပေါ်က ဟာတွေက ဒီအကောင့်တစ်ခုတည်းမှာပဲ သုံးလို့ရတဲ့ Social Media တွေကို ပြထားတာပါ .. ( အများကြီးနော် .. လန်းတယ် )
ကဲ .. Facebook ပုံလေးကိုနှိပ်လိုက်တယ်ပေါ့ဗျာ .. အောက်ကပုံအတိုင်း တက်လာမယ် ..


အဲဒီထဲက အကွက်ထဲမှာ ကိုယ့်ရဲ့ Facebook သုံးတဲ့ နံမည်ရေးလို့လည်းရတယ် .. လိပ်စာရေးလို့လည်းရတယ် .. အောက်က နေရာတွေကတော့ Facebook ရဲ့ ဘယ်ကဏ္ဍတွေကို သုံးမယ်ဆိုတာကို မှတ်ပေးရတာပါ ..
ရွေးချယ်ပေးပြီး Save ကို နှိပ်ပေးလိုက်ပါ ..
နောက်ထပ်လာတဲ့အဆင့်တွေကတော့ ..  Facebook ကို Log In ၀င်နေသလိုမျိုးတွေပဲ ..
User name or email address ဖြည့်စရာတွေ Password ဖြည့်စရာတွေ တက်လာမယ် ..
ဒီအကောင့်နဲ့ Facebook ကို သုံးခွင့်ပြုမပြုမေးမယ် .. အဲဒီနေရာမှာ Allow နှိပ်ပေးရမယ် ..
ပြီးသွားရင်တော့ .. သူ့အလိုလို ချိတ်ဆက်သွားပါလိမ့်မယ် ..
ချိတ်ဆက်ပြီးသွားပြီဆိုတာနဲ့ Desktop ရဲ့ ညာဖက်အခြမ်းက ဒေါင်လိုပွင့်နေတဲ့ ထဲမှာ Online ဖြစ်နေသူတွေ Offline ဖြစ်နေသူတွေကို မြင်ရမယ် ..
New Feeds တက်လာတိုင်း Notification တွေ တက်လာမယ်
Online ဖြစ်နေတဲ့ သူငယ်ချင်နဲ့ Chat ချင်ရင် အဲဒီသူငယ်ချင်းပေါ်မှာ ကလစ်နှိပ်လိုက်ပြီး ပေါ်လာတဲ့ အကွက်ထဲက ဘယ်ဖက်အပေါ်ဆုံးဒေါင့်မှာ ရှိတဲ့ ခဲတံပုံလေးနဲ့ IM ဆိုတာလေးကို နှိပ်ပေးလိုက်ရင် Chat Box လေးပွင့်လာမယ် ..
စာလုံး Font ကို ကိုယ်ကြိုက်တဲ့ font နဲ့ ပြောင်းပြီး အသုံးပြုလိုက်ရုံပဲ ..
Emotion Sign တွေလည်း တော်တော်လန်းတာကို တွေ့ရလိမ့်မယ် ..
မျက်စိရှုပ်လို့ ဘယ်ဖက်က ဒေါင်လိုက် Digsby List ကို ပိတ်ထားလိုက်ရင်လည်း ရတယ် ..
သူငယ်ချင်းတစ်ယောက်ယောက်က Message ပို့လာရင် Chat Box လေး ပွင့်လာမှာပဲ ..
အဲဒီဒေါင်လိုက် List ကို ပြန်ဖွင့်ချင်ရင် .. အောက်နားလေးက အလံရဲ့ဘေးမှာရှိတဲ့ Tray Icons တွေရှိနေတဲ့ အပေါ်မြှားဖြူဖြူလေးကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Digsby ရဲ့ အိုင်ကွန်လေးပေါ်မှာ
Right Click နှိပ် .. ပွင့်လာတဲ့ထဲက  Show Buddy List ကို နှိပ်ပေးလိုက်တာနဲ့ ပြန်တက်လာလိမ့်မယ် ..

ကဲ .. Digsby နဲ့ ပတ်သက်တဲ့ အသုံးတွေကတော့ အများကြီးကျန်သေးတယ်ဆိုတာကို လက်တွေ့သုံးကြည့်နေရင်နဲ့ သိလာပါလိမ့်မယ် .. 

နောက်တစ်မျိုးဖြစ်တဲ့ Chit Chat ကတော့ .. ကျွန်တော်လည်း စမ်းသုံးကြည့်လို့ အဆင်မပြေသေးတာကြောင့် ထည့်မရေးတော့ပါဘူး .. စမ်းသုံးကြည့်ချင်သေးတယ်ဆိုရင်တော့

Chit Chat ရဲ့ မူရင် Page ဖြစ်တဲ့ ဒီမှာ သွားပြီး ဒေါင်းယူလိုက်ပါ

(သုံးကြည့်ပြီးရင်လည်း ကျွန်တော့်ကို ပြန်ပြောပြဦးဗျ .. )

ကဲ .. Facebook ကို Digsby လေးသုံးပြီး လန်းလိုက်ကြပါဦး ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Baca Selengkapnya ....

Google Chrome Browser မှာ မြန်မာစာပေါ်ချင်တယ်ဆိုရင်

Posted by Unknown Sabtu, 02 Februari 2013 0 komentar
ဒီနည်းလမ်းလေးကတော့ သိပ်ပြီး ဆန်းကျယ်တဲ့နည်းလမ်းလေးတော့ မဟုတ်ပါဘူး ..
CSS ကုဒ်တွေပေါ်မှာ အခြေပြုပြီး Setting လုပ်တဲ့နည်းလေးပါ ..
ကျွန်တော့်နောင်တော် ဘလော့ကာ တော်တော်များများလည်း ရေးသားခဲ့ပြီးသား နည်းတစ်ခုဆိုလည်း မမှားပါဘူး ..
သူငယ်ချင်းတစ်ချို့က အဆင်မပြေဘူးဆိုပြီး ပြောလာလို့ တွေနဲ့အတူ လက်တွေ့ လုပ်ပြလိုက်တဲ့ ပို့စ်လေးပဲ ဖြစ်ပါတယ် ..
Google Chrome Browser ဆိုတာကလည်း သုံးဖူးတဲ့သူငယ်ချင်းများ သိတဲ့အတိုင်း ..  Mozilla Firefox နဲ့ ယှဉ်လိုက်ရင် တော်တော်ကို မြန်တဲ့ ဘရောက်ဇာလေးပါ .. Mozilla က Loading တော်တော်လုပ်ယူနေရတဲ့ Page မျိုးတောင် Chrome က အပျိုရည်မပျက်ပဲ ဆွဲတင်ပေးနိုင်တာ တွေ့ရပါတယ် ..
ဒါပေမယ့် .. Google Chrome Browser နဲ့ပတ်သက်တဲ့ အများဆုံးတွေ့ရတဲ့ ပြဿနာကတော့ မြန်မာစာ အဆင်ပြေအောင် လုပ်တဲ့နေရာမှာ တစ်ချို့တွေအတွက် တော်တော်လေးခက်ခဲနေတဲ့ အချက်ပါပဲ ..


ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲက ဘာ Add Ons မှလည်း မလို .. ဘာ Settings မှလည်း မလိုတဲ့နည်းလေးကို သူငယ်ချင်းတို့ကို မျှဝေပေးလိုက်ပါတယ် .. တစ်ဆင့်ချင်းကို ပုံတွေနဲ့ အသေးစိပ်ပြထားပါတယ် .. ပုံတွေဝါးနေရင် သေးနေရင် ပုံပေါ်ကို မောက်လေးတင်လိုက်ပါ .. အဆင်ပြေသွားပါလိမ့်မယ် ..

ကဲ .. ပထမဆုံး Control Panel ကိုသွားပြီး Folder Options ကိုနှိပ်ပါ ..



ပွင့်လာတဲ့ထဲက View ကိုနှိပ်ပြီး .. Show hidden files, folders and drives ရဲ့ရှေ့မှာ ကလစ်ပေးပြီး အမှတ်တပ်လိုက်ပါ .. ပြီးရင် Apply နှိပ် .. Ok နှိပ် ... တစ်ဆင့်ပြီးပါပြီ


နောက်တစ်ဆင့်ကတော့ Partition C ကို ဖွင့်ပါ .. ပွင့်လာတဲ့ထဲက Users ဆိုတဲ့ ဖိုလ်ဒါကို ထပ်ဖွင့်ပါ


ပွင့်လာတဲ့ထဲက ကိုယ်နံမည်နဲ့ ဖိုလ်ဒါကိုဖွင့်ပါ .. (ကျွန်တော့်အတွက်ဆိုတော့ It Motesoe ဆိုတဲ့ဖိုလ်ဒါကို ဖွင့်လိုက်ပါတယ်)


ပွင့်လာတဲ့ထဲက AppData ဆိုတဲ့ ဖိုလ်ဒါကို ဖွင့်လိုက်ပါ ..


နောက်ထပ် ပွင့်လာတဲ့ထဲက Local ဆိုတဲ့ဖိုလ်ဒါကို ထပ်ဖွင့်လိုက်ပါ


ပွင့်လာတဲ့ထဲက Google ဆိုတဲ့ဖိုလ်ဒါကိုထပ်ဖွင့်လိုက်ပါ ..


နောက်ထပ် Chrome ဆိုတဲ့ဖိုလ်ဒါကိုဖွင့်ပါ ..


ပွင့်လာတဲ့ထဲက User Data ဆိုတဲ့ဖိုလ်ဒါကိုဖွင့်ပါ ..


နောက်ထပ် Default ဆိုတဲ့ဖိုလ်ဒါကို ဖွင့်ပါ ..


ပွင့်လာတဲ့ထဲက User StyleSheets ဆိုတဲ့ဖိုလ်ဒါကို ဖွင့်ပါ ..
အထဲမှာ Custom ဆိုတဲ့ .css ဖိုင်လေးတစ်ဖိုင်ကို တွေ့ရပါလိမ့်မယ် ..


အဲဒီဖိုင်ကိုတွေ့ပြီဆိုရင် .. အောက်မှာ ပေးထားတဲ့ကုဒ်တွေကို Copy ကူးယူလိုက်ပါ ..

* , html, body, div, p{font-family:Zawgyi-One !important;}


အဲဒီကုဒ်တွေကို ကော်ပီကူးယူပြီးပြီဆိုရင် .. အစောပိုင်းကတွေ့တဲ့ Custom ဆိုတဲ့ .css ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Edit ကိုနှိပ်လိုက်ပါ ..




ဘာမှမပါတဲ့ notepad စာမျက်နှာတစ်ခု ပွင့်လာပါမယ် ..
အဲဒီ ထဲမှာ အစောပိုင်းက ကော်ပီကူးယူလာတဲ့ ကုဒ်တွေကို Paste လုပ်လိုက်ပါ ..




ပြီးရင် ညာဖက်အပေါ်ဒေါင့်နားက ကြက်ခြေခပ်ပုံလေးကိုနှိပ်ပြီး အဲဒီ .css ဖိုင်ကို ပိတ်လိုက်ပါ ..
သိမ်းမှာလားလို့ မေးတဲ့ Box လေး တက်လာရင် .. Save ကို နှိပ်ပေးလိုက်ပါ ..

ကဲ .. သူငယ်ချင်းတို့ရဲ့  Google Chrome ဘရောက်ဇာကို ဖွင့်ပြီး ကြိုက်တဲ့နေရာမှာ မြန်မာစာလုံးတွေကို ရိုက်ထည့်ကြည့်ပါ .. အဆင်ပြေသွားတာကို တွေ့ရပါလိမ့်မယ် .. ( တခြား .. ဘာ Settings မှ လုပ်စရာမလိုတဲ့နည်းပါ )






ဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ .. ဘရောက်ဇာထဲမှာရှိတဲ့ Option ကနေ ၀င်ပြီးပြင်ပေးလိုက်ပါဦး ..
Chrome Browser ရဲ့ ညာဖက်အပေါ်ဒေါင့်နားက ဂွပုံ လေးကိုနှိပ်ပြီး ကျလာတဲ့ထဲက Options ကိုနှိပ်ပါ ..



 ပွင့်လာတဲ့ထဲက Under the Hood ကိုနှိပ်ပြီး ညာဖက်ထဲက Customize Fonts ကို နှိပ်ပါ ..






ပွင့်လာတဲ့ထဲမှာ .. အောက်ကပုံအတိုင်းဖြစ်အောင် ပြင်ပေးလိုက်ပါ ...




ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ ..
ကဲ .. Chrome Browser နဲ့ သူငယ်ချင်းများ လန်းဆန်းနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းများအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး




Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.