Tampilkan postingan dengan label Browser ဆိုင်ရာ. Tampilkan semua postingan
Tampilkan postingan dengan label Browser ဆိုင်ရာ. Tampilkan semua postingan

Facebook Password Extrator ( Facebook Password ကြည့်တဲ့ဆော့ဝဲ)

Posted by Unknown Kamis, 30 Januari 2014 0 komentar
ကျွန်တော်ဒီဆော့ဝဲလေးကို မတင်ပေးချင်ပါဘူး

ဒါပေမယ့် ဘာကြောင့် တင်ပေးလိုက်သလဲဆိုတော့
အင်တာနက်ဆိုင်တွေမှာ Facebook သုံးနေတဲ့
သူငယ်ချင်းတွေအနေနဲ့ သတိထားစရာလေးရှိအောင်
တင်ပေးလိုက်တာပါ ..

ဒီဆော့ဝဲလေးကို စမ်းသုံးကြည့်ပြီးရင် Browser ထဲမှာ ၀င်သုံးထားတဲ့ အကောင့်တစ်ခုဟာ ဘယ်လောက်အထိလုံခြုံမှု အားနည်းတယ်ဆိုတာကို သိပြီး ရှင်းလင်းစရာရှိတာတွေကို
သတိတရနဲ့ ရှင်းလင်းထားခဲ့ဖို့ မမေ့စေချင်လို့ပါ ..




ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ( Sharebeast Link)

Solidfiles မှာ ဒေါင်းချင်ရင်တော့ ဒီမှာ ဒေါင်းပါ

ဒေါင်းပြီးရင် ကွန်ပျူတာထဲမှာ Install လုပ်ပြီး Run လိုက်တာနဲ့ အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက  Close ကိုနှိပ်ပေးလိုက်တာနဲ့ ကွန်ပျူတာထဲမှာရှိနေတဲ့ အကောင့်တွေရဲ့ user name နဲ့ password တွေ ကျလာပါလိမ့်မယ် ...

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

Google Chrome 28.0.1500.72 Full

Posted by Unknown Kamis, 23 Januari 2014 0 komentar
မင်္ဂလာပါဗျာ ဒီနေ.ကျွန်တော်တင်ပေးမှာကတော့ အမြန်ဆုံးနဲ.အကောင်းဆုံးလို.ပြောလို.ရတဲ့ chrome browser လေးပဲဖြစ်ပါတယ် အခုတင်ပေးလိုက်တဲ့ version လေးက အဟောင်းလေးဖြစ်ပေမဲ့ အသုံးပြုလို.အဆင်ပြေပါတယ် တကယ်လိုများလိုအပ်တယ်ဆိုရင်တော့
အောက်မှာပေးထားတဲ့လင့်တွေထဲက အဆင်ပြေမဲ့လင့်တစ်ခုမှာသာဒေါင်းယူနိုင်ပါပြီ .......... အားလုံးပဲအဆင်ပြေပါစေဗျာ                                                      (မြန်မာပြည်လူငယ်)

                                
                                
 

 

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

Baca Selengkapnya ....

ပိတ်ထားတဲ့ Website များကိုကျော်ခွပေးနိုင်တဲ့ Web Browser - Web Freer 2013

Posted by Unknown Selasa, 21 Januari 2014 0 komentar

ကျွန်တော်အခုတင်ပေးလိုက်တဲ့ Web Browser လေးကိုတော့ သူငယ်ချင်းတွေသဘောကျကြလိမ့်မယ်ထင် ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ ပိတ်ထားတဲ့ Website တော်တော်များများကို Proxy မလိုဘဲ ကျော်ခွသွား နိုင်မှာဖြစ်ပါတယ်ဗျာ။ Website တော်တော်များများကိုကျော် နိုင်တယ်ဆိုပေမယ့် အားလုံကိုတော့ မကျော်နိုင် ပါဘူးဗျာ။ ဒါ့အပြင် ကျွန်တော်အသုံးပြုနေတဲ့ Firefox , Maxthon , Chrome စတဲ့ Browser တွေအားလုံးထက် ပိုပြီး ပေါ့ပါးမြန်ဆန်စွာအသုံးပြုနိုင်ပါတယ်ဗျာ။ အင်တာနက်မှာ Website ပေါင်းစုံကိုမွှေနှောက်ရှာဖွေ လေ့လာ သူများအတွက် အသင့်တော်ဆုံး Web Browser လေးတစ်ခုဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ အောက်မှာ မူရင်းဆိုဒ်ကနေပြီး ရေးပြထားပါတယ်ဗျာ။ ဆက်လက်လေ့လာနိုင်ပါတယ်ဗျာ။


Many people are searching for “how to open blocked websites”, “Bypass proxy server”, “Hide me” and “Access blocked websites” so i found an amazing browser which solve your all problems regarding proxy issues, Web Freer is a new browser which change your life totally because it give
you power to access any kind of blocked website, Web freer is very much powerful browser which unblock any kind of website without any malware threat and Web freer allow you to visit any web site fast, securely, and privately.
Web Freer using hidden bypass proxy method which help you to access any kind of website without any loss and one big advantage of Web freer is it never slow down your internet speed because Web freer is same browser like Google Chrome and Firefox and this web browser is very secure because it access all information through HTTPS secure connection.
Web freer is a free browser so you can download web freer from this below link  and extract the file and Install it just double click on setup exe file, Web freer browser is highly secured browser so don’t worry about security in web freer because it’s very much secure as compare to other browsers.

Web Freer Features

Web Freer is Secure Browser
Web Freer allow you to access any block website
Web freer have no malware threat
Web freer never put any effect on your internet speed
Web freer have all privacy features which user need
Web freer protect your identity

Step for Web Freer Browser Installation

1. First download Web freer browser from the link below
2. Then extract the zip file
3. Open Extracted Zip folder and run web freer.exe file
4. After installation enjoy with free access of all website with web freer

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


Baca Selengkapnya ....

Mozilla Firefox 23.0.1 Final

Posted by Unknown Senin, 19 Agustus 2013 0 komentar
Mozilla Firefox ကို 23.0.1 Final ဗားရှင်းလေးထွက်လာလို့
တင်ပေးလိုက်ပါတယ် ..


ရင်ရှိထားပြီးသားဗားရှင်းအဟောင်းကို Uninstall လုပ်စရာမလိုပဲ
သာမာန်အတိုင်း Install လုပ်လိုက်ရုံပါပဲ ..


Box တစ်ခုတက်လာတဲ့အခါ Upgrade ဆိုတာကို ရွေးပေးလိုက်တာနဲ့
ဗားရှင်းအဟောင်းနေရာမှာ အခုဗားရှင်းအသစ်က အစားထိုးသွားမှာဖြစ်ပါတယ်



အရင်ကရှိထားပြီးသား history တွေ bookmarks တွေ Add-ons တွေ
Extensions တွေ ဘာမှမပြောင်းလဲဘဲ ကျန်ရှိနေမှာဖြစ်ပါတယ် ...

လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ..

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Mozilla Firefox 23.0

Posted by Unknown Rabu, 07 Agustus 2013 0 komentar
Mozilla Firefox ဗားရှင်းအသစ်လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်

Firefox 23.0 ဖြစ်ပါတယ် ...

အရင်ဗားရှင်းအဟောင်းရှိထားရင်လည်း Uninstall လုပ်စရာမလိုပဲ
Install တိုက်ရိုက်လုပ်လိုက်တာနဲ့ Upgrade လုပ်မှာလားဆိုတဲ့
Message Box လေးတက်လာမှာဖြစ်ပြီး .. Yes တို့ Ok တို့
နှိပ်ပေးလိုက်ရုံပါပဲ ...

အရင်ရှိထားပြီးသား Bookmark တွေ Add-ons တွေလည်း
ဘာမှမပြောင်းလဲသွားပါဘူး ...


လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ...

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Mozilla Firefox 22.0 Portable

Posted by Unknown Rabu, 17 Juli 2013 0 komentar
Facebook Page မှာ
လာတောင်းထားလို့
Mozilla Firefox ရဲ့
နောက်ဆုံးဗားရှင်းဖြစ်တဲ့
22.0 ကို Portable လုပ်ပြီး
တင်ပေးလိုက်ပါတယ်

Portable ဆိုတော့ Install လုပ်စရာမလိုပဲ အလွယ်တကူ
ဖွင့်သုံးလိုက်ရုံပဲပေါ့ ...



Registry ထဲမှာ စာရင်းမရှိထားတဲ့ ပရိုဂရမ်တစ်ခုကို Run မှာမို့
Message Box တွေတော့ တက်လာမှာပေါ့ ..

Yes, OK , Continue တွေကို အဆင်ပြေတာ နှိပ်ပေးလိုက်တာနဲ့
အသုံးပြုလို့ ရသွားပါပြီ

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူပါ






အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Google Chrome 28.0.1500.72

Posted by Unknown Senin, 15 Juli 2013 0 komentar
Google Chrome Browser လေး
Update ထွက်လာလို့
တင်ပေးလိုက်ပါတယ် ...

Google.Chrome.28.0.1500.72
ဖြစ်ပါတယ် ...

Web Browsing လုပ်ရာမှာ
မြန်ဆန်တဲ့အပြင် ကိုယ်ရေးကိုယ်တာပိုင်း
လုံခြုံမှုအားကောင်းတဲ့ Browser
တစ်ခုအဖြစ်လည်း သုံးဖူးတဲ့သူငယ်ချင်းတွေ
သိကြပါတယ် ...



ကဲ ... လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်






ဒေါင်းပြီးရင်တော့ သာမာန်အတိုင်း Install လုပ်ပြီး အသုံးပြုလိုက်ရုံပါပဲ ..
Chrome Browser မှာ မြန်မာစာပေါ်အောင် ဘယ်လိုမှ Setting လုပ်လို့ အဆင်မပြေတဲ့ ၀င်းဒိုးအချို့ ရှိပါတယ် ..
အဲဒီလို ဖြစ်လာခဲ့တယ်ဆိုရင် Chrome Browser မှာ မြန်မာစာအဆင်ပြေအောင် လုပ်တဲ့နည်းကို
ဒီပို့စ် မှာ ရေးထားပါတယ် ..

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြေင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Facebook က ကျွန်တော့်ကို ဘယ်တော့မှ Phone နံပါတ် မတောင်းဘူး

Posted by Unknown Rabu, 10 Juli 2013 0 komentar
တကယ်ပါ ... ကိုယ့်အမည်ကို
ကိုယ်ဖော်တယ်ပဲထင်ထင်
ကြွားတယ်ပဲဆိုဆို ....

ကျွန်တော်က Facebook နဲ့
ပတ်သက်လာရင် သိပ်ကံကောင်း
တယ်လို့ ပြောရမယ်ထင်တယ် ..

ဘာကြောင့်လဲဆိုတော့
ကျွန်တော် Facebook အကောင့်ကို
ဘယ်အချိန်ပဲ အသစ်ဖွင့်ဖွင့်
ဖုန်းနံပါတ်အတောင်းခံရတယ်ဆိုတာ
လုံးဝမရှိခဲ့ပါဘူး ...

gmail အကောင့်ဖွင့်ရင်တောင် ငါးခုခြောက်ခုလောက်ဖွင့်မှ တစ်ခေါက်လောက်ပဲ ဖုန်းနံပါတ်နဲ့
Verification လုပ်ခိုင်းတာကို ကြုံရတာပါ ..


အဲဒီလို အကောင့်သစ်ဖွင့်တဲ့နည်းတွေကိုလည်း တစ်မျိုးပြီးတစ်မျိုး ရေးခဲ့ဖူးပါတယ် ..
ဗွီဒီယိုဖိုင်တွေတင်ပြီးတော့လည်း ရှင်းပြခဲ့ဖူးပါတယ် ... ဒါပေမယ့်
အချို့အနည်းငယ်အတွက်သာ အဆင်ပြေပေမယ့် ...
အဆင်မပြေတဲ့လူက ပိုများနေတာကို တွေ့ရပါတယ် ..
ကျွန်တော်လုပ်ပြတော့ အဆင်ပြေပြေနဲ့ ရသွားပြီး အခြားလူအချို့လုပ်တဲ့အခါကျတော့
ဖုန်းနံပါတ်တောင်းတာတို့ Security Code တောင်းတာတို့ စတဲ့ စိတ်ညစ်စရာအဆင့်တွေကို
ရောက်ရောက်သွားပြန်ပါတယ် ...

ဒါဟာဘာကြောင့်လဲဆိုတော့ .. ကျွန်တော့်ရဲ့ Browser မှာ History တွေ Cookies တွေ Track တွေ
သန့်ရှင်းနေလို့လို့ ကောက်ချက်ချရမှာဖြစ်ပါတယ် ..
တော်တော်များများက အင်တာနက်သုံးပြီဆိုရင် အဲဒီအသုံးပြုလိုက်တဲ့ Browser မှာ ကပ်ငြိကျန်ခဲ့တဲ့ History တွေ  Cookies တွေနဲ့ Track တွေကို သိပ်ဂရုမစိုက်ကြပါဘူး ..

ကျွန်တော်ကတော့ ကျွန်တော်သုံးနေတဲ့ Browser ရဲ့ သန့်ရှင်းရေးကို သိပ်ပြီး သတိထားပါတယ် ...
ကျွန်တော့်ရဲ့ Browser မှာ Ask.com လို Yahoo.com တို့ Tool Bar တွေ Search Engine တွေ
အပိုမရှိပါဘူး ...
အဲဒီလို Add on Tool bar တွေကိုတော့ Extension တို့ Add-ons တို့ကနေသွားပြီး remove တို့
Disable တို့လုပ်ပစ်နိုင်ပါတယ်
( အဲ .. Ask.com ဆိုတဲ့ Tool bar ကိုတော့ Uninstaller တစ်ခုခုသုံးပြီး Uninstall လုပ်မှ ဖျောက်နိုင်ပါမယ်)
နောက်ပြီး .. ဘယ်လောက်ပဲ အင်တာနက်သုံးသုံး ..
Browser ကို ပိတ်လိုက်တာနဲ့ History တွေလုံးဝကျန်မနေအောင်လို့
Browser ရဲ့ Options ကနေ Privacy ကိုဝင်ပြီး Never remember history လုပ်ထားပါတယ်

ဒါကိုလုပ်ဖို့ အရင်ဆုံး Browser ထဲက Recent histories တွေ အားလုံးကို အရင်ရှင်းရပါမယ်
Browser ရဲ့ ဘယ်ဖက်အပေါ်ဆုံးကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက History ကနေ Clear Recent History ကိုနှိပ်ပါ





နောက်ထပ်ကျလာတဲ့ထဲမှာ everything ကိုရွေးပေးပြီး အောက်ဆုံးက Clear now ကိုနှိပ်ပေးလိုက်ပါ





ပြီးရင်တော့ Options ကိုသွားပြီး ပွင့်လာတဲ့ထဲက Privacy ဆိုတဲ့အောက်မှာ Never remember history ကိုရွေးပေးပြီး Ok ကိုနှိပ်ပေးလိုက်ရင် Browser ကို Restart ချရမယ့်အကြောင်း Message တက်လာပါမယ်
အဲဒါကိုလည်း Ok နှိပ်ပေးလိုက်ပါ ... Browser ဟာ ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်





ဒါဆိုရင် .. Browser ကို ပိတ်လိုက်ပြီဆိုတာနဲ့ အဲဒီ Browser မှာရှိနေတဲ့ History တွေဟာ
အလိုလို Delete လုပ်ပြီးသား ဖြစ်သွားပါတယ် ...

အဲ .. အင်တာနက်မှာ ရှာဖွေတုန်းက appdata ဆိုတဲ့ထဲမှာ မှတ်သားထင်ကျန်နေခဲ့တဲ့
Cookies အချို့နဲ့ Track အချို့ကို ရှင်းပစ်ဖို့ကိုတော့ Wipe ဆိုတဲ့ ဆော့ဝဲလေးကို သုံးပါတယ်
Wipe ကို ဖွင့်လိုက်တာနဲ့ History တွေ Cache တွေ Cookies တွေနဲ့ Track ကို အရင်ဆုံး လိုက်ရှာပါတယ်
ရှာပြီးလို့ ငြိမ်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါတယ် ..





အဲဒီထဲက Continue ကို နှိပ်ပေးလိုက်တဲ့အခါ .. ခဏအကြာမှာ အောက်ကပုံလေး ထပ်ပွင့်လာပါတယ်
Internet Download Manager ထဲက Track တွေကိုရော ရှင်းပစ်မယ်ဆိုရင် Yes ကို နှိပ်ပေးလိုက်ပါ
Resume လုပ်ပြီး ဆက်ဒေါင်းစရာကျန်နေသေးတယ်ဆိုရင်တော့ No ကို နှိပ်ပေးလိုက်ပါ ( အကောင်းဆုံးကတော့ Yes ကို နှိပ်တာ အရှင်းလင်းဆုံးပါပဲ .. )





အဲဒီလို Yes/No တစ်ခုခုနှိပ်ပေးလိုက်တာနဲ့ ခဏအကြာမှာ အောက်ကပုံအတိုင်း ရှင်းလင်းရေး လုပ်ငန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်





အားလုံးငြိမ်သွားပြီဆိုရင်တော့ Exit program ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် Browser အားလုံးမှာ History , Cookies, Cache နဲ့ Track တွေ အားလုံးနီးပါးကို
ရှင်းလင်းပြီးသွားပြီဖြစ်ပါတယ် ..

Wipe ဆိုတဲ့ ဆော့ဝဲလေးရဲက နောက်ဆုံးဗားရှင်းကို အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်








Setup ဖိုင်ကို Install လုပ်ပြီးရင် Crack ဆိုတဲ့ဖိုဒါထဲက wipe ဆိုတဲ့ exe ဖိုင်လေးကို ကော်ပီကူးယူပြီး
C >> Program files >> Wipe 2013 ဆိုတဲ့ဖိုဒါထဲကို Paste လုပ်လိုက်ပါ
Message Box တစ်ခုပွင့်လာတဲ့အခါ Replace ပါတာကို ရွေးပေးလိုက်ပါ
ဒါဆိုရင် Full Version ဖြစ်သွားပါပြီ
အဲဒီလို အပေါ်မှာပြောခဲ့တဲ့အတိုင်း ရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးသွားပြီဆိုရင်တော့ Gmail အကောင့်အသစ်တစ်ခုလောက် ဖွင့်ကြည့်ပါ .. (ကောင်းတာက အားလုံးရှင်းပြီးရင် Restart ချလိုက်ဦး)
အဲဒီလိုဖွင့်တဲ့နေရာမှာ www.google.com.mm ကို မသုံးပါနဲ့ www.google.com ကနေပဲသွားပြီး အကောင့်သစ်ဖွင့်ပါ
Phone number အကွက်နဲ့ Location အကွက်တွေမှာ နိုင်ငံအမည်ကို United States ရွေးပေးပါ
(ဖုန်းနံပါတ်တော့ ထည့်စရာမလိုပါဘူး)
အဲဒီလိုဖွင့်ကြည့်ပါ ..
အကောင့်ငါးခုမှာ တစ်ခုလောက်ပဲ Verification တောင်းတာကြုံရပါလိမ့်မယ် ..
များသောအားဖြင့်တော့ Phone နံပါတ်မလိုပဲ အကောင့်တစ်ခု ရသွားတာက များပါတယ် ..
gmail အကောင့်ရသွားရင် Browser ကို ပိတ် ..
အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Wipe ကိုသုံးပြီး ရှင်းလင်းရေးလုပ်
Facebook အကောင့်သစ်ကိုဖွင့် .. (နံမည်ကို အင်္ဂလိပ်နံမည်ပုံစံနဲ့ဖွင့်)
အဲဒီလိုလုပ်ကြည့်ပါ ..
အကောင့်သစ်တိုင်းနီးပါးအတွက် ဖုန်းနံပါတ် အတောင်းမခံရတော့တာကို တွေ့ရပါလိမ့်မယ်
နားလည်ထားဖို့က Facebook အကောင့်သစ်ဖွင့်တိုင်း Lock ကျတာပဲဖြစ်ဖြစ်
မသင်္ကာလို့ Phone Verification တောင်းတာပဲဖြစ်ဖြစ်
အကောင့်ရပြီးမှ Security Code တောင်းတာပဲဖြစ်ဖြစ် Browser ထဲက
History တွေ Cookies တွေ Cache တွေနဲ့ Track တွေကြောင့်သာ ဖြစ်လာရတယ်ဆိုတာကို
နားလည်ထားရင် ဘယ်လိုအကောင့်မျိုးမဆို အခက်အခဲမရှိနဲ့ ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Opera 15.0 Build 1147

Posted by Unknown Rabu, 03 Juli 2013 0 komentar

post-image

Opera ဘရောက်ဇာလေး ဗားရှင်းအသစ်
ရလာလို့ တင်ပေးလိုက်ပါတယ်

မူရင်း Website မှာ အရစ်ခံရလို့ စိတ်မညစ်ချင်တဲ့
သူငယ်ချင်းတွေအတွက်ပါ ..

ဝက်ဆိုဒ်တွေကို ဖွင့်တဲ့နေရာမှာ တော်တော်လေး
မြန်ဆန်သွက်လက်တဲ့ Browser လေးတစ်ခုဖြစ်တယ်ဆိုတာ
အသုံးပြုနေတဲ့ သူငယ်ချင်းတွေ သိပြီးသားဖြစ်မှာပါ

ပြဿနာလေးနည်းနည်းရှိတာက မြန်မာစာအတွက် Setting ချိန်လိုက်ပေမယ့်
တစ်ချို့စက်တွေမှာ အဆင်မပြေတာလေးတွေ ရှိပါတယ် ..
အဲဒီအတွက်တော့ စိတ်မညစ်ပါနဲ့ ..


အခု Opera နဲ့အတူ user ဆိုတဲ့ ဖိုင်လေးတစ်ဖိုင်ကို ထည့်ပေးထားပါတယ်
အဲဒီဖိုင်လေးကို C >> Program files >> Opera >> Styles ဆိုတဲ့ ဖိုဒါထဲကို
ဖွင့်ဝင်ပြီး ထည့်ပေးထားလိုက်တာနဲ့ ဘာ Setting မှ ပြင်စရာမလိုပဲ မြန်မာစာကို
အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ် ..
အရင် ဗားရှင်းအဟောင်းရှိထားရင်လည်း Uninstall လုပ်စရာမလိုပဲ သာမာန်အတိုင်း
Install လုပ်သွားလိုက်ရုံပါပဲ
ကဲ . .လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ





ကဲ . .အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး



Opera 15.0 Build 1147


A full-featured Internet browser, Opera includes pop-up blocking, tabbed browsing, integrated searches, and advanced functions like RSS Newsfeeds and IRC chat. And because we know that our users have different needs, you can customize the look and content of your Opera browser with a few clicks of the mouse.

• Speed Dial: Your favorite sites are just one click away at all times.
• Search Shortcuts: Faster search - type your queries directly into the address bar.
• Trash Can: Instantly reopen recently closed tabs.
• Mouse Gestures: With Opera you can navigate the Web with your mouse.
• Opera Link: Synchronize data of your choice online, or among different computers and devices.
• Quick Find: Opera remembers not only the titles and addresses, but also the actual content of the Web pages you visit.
• Feed Preview: Preview a Feed by clicking on the feed icon, and you will see it in clean and efficient multiple-column layout.
• Quick and customizable Web search: Get quick access to Google, eBay, Amazon and more with the search field in the upper right corner.

Download the browser from the below link.
( Note: the file named 'user' in the archived file is only for 'Zawgyi One font user' )





Be enjoy! :)

Baca Selengkapnya ....

Mozilla Firefox 22.0

Posted by Unknown Selasa, 25 Juni 2013 0 komentar
post-image

Mozilla Firefox Browser နောက်ဆုံးဗားရှင်းလေး
ထွက်လာလို့ အလွယ်တကူဒေါင်းနိုင်အောင်
ပြန်တင်ပေးလိုက်ပါတယ်


အရင်ရှိထားပြီးသား ဗားရှင်းကို Uninstall လုပ်စရာမလိုပဲ
သာမာန်အတိုင်း Install လုပ်လိုက်ရုံနဲ့ သူ့အလိုလို
Upgrade လုပ်ပြီး Install လုပ်သွားမှာဖြစ်ပါတယ်
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်





Download ယူနည်းမသိရင်
ဘလော့ရဲ့အောက်ဆုံးမှာ
Slide Show နဲ့ ပြထားပါတယ်

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Google Chrome 27.0.1453.116 Final

Posted by Unknown Rabu, 19 Juni 2013 0 komentar

post-image

Google Chrome Browser သုံးတဲ့ သူငယ်ချင်းတွေအတွက်
နောက်ဆုံးဗားရှင်းလေးရလာလို့ အလွယ်တကူဒေါင်းနိုင်အောင်
ပြန်တင်ပေးလိုက်ပါတယ်

Chrome ဆိုတဲ့ ဘရောက်ဇာဟာလည်း သုံးဖူးတဲ့သူငယ်ချင်းတွေတော့
Firefox ထက်ပိုပြီး မြန်ဆန်သွက်လက်တယ်ဆိုတာ သိထားပြီးဖြစ်မှာပါ

ဒီထက်ပိုကောင်းတဲ့ အားသာချက်ကတော့ Chrome Browser မှာ User တွေရဲ့ အကောင့်လုံခြုံရေးဆိုင်ရာ
စိတ်ချရမှုတွေ မြင့်မားပါတယ်



Mozilla Firefox တော့ အခုတလော keylogger တွေကိုတောင် Add-On
အဖြစ် လှည့်စားလာနိုင်ပြီဆိုတော့ သိပ်ပြီး မနှစ်သက်ချင်တော့ပါဘူး
(ဒါကတော့ ကျွန်တော့်အမြင်ပြောတာပါ)

Chrome နဲ့ပတ်သက်တဲ့ အားနည်းချက်ကတော့ တစ်ခါတစ်ခါ အချို့သောဗားရှင်းတွေမှာ
Setting ကိုဘယ်လိုချိန်ချိန် Zawgyi font အတွက်  အဆင်မပြေတာမျိုးတွေ ရှိတတ်တဲ့အချက်ပဲဖြစ်ပါတယ်

အဲဒီလိုပြဿနာမျိုးကြုံလာပြီဆိုရင် Chrome Browser ရဲ့ ဘယ်လိုဗားရှင်းမျိုးမှာမဆို ဇော်ဂျီဖောင့်ကို
အဆင်ပြေပြေသုံးနိုင်အောင် လုပ်တဲ့နည်းကို ဒီပို့စ် မှာ တင်ပေးထားပါတယ်
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်





ဒေါင်းပြီးရင်တော့ သာမာန်အတိုင်းပဲ Install လုပ်လိုက်ရုံပါပဲ ..
အဲ .. တစ်ခါတစ်ခါ အရင်ဗားရှင်းအဟောင်းရှိနေရင် Install လုပ်လို့ အဆင်မပြေတာမျိုးရှိပါတယ်
အဲဒီလိုဖြစ်ခဲ့ရင် ဗားရှင်းအဟောင်းကို Uninstall လုပ်ပြီးမှ အခုဗားရှင်းကို Install လုပ်လိုက်ပါ
အဆင်ပြေသွားတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး





Google Chrome 27.0.1453.116 Final


Google Chrome is a fast and easy to use web browser that combines a minimal design with sophisticated technology to make the web safer. It has one box for everything: Type in the address bar and get suggestions for both search and web pages. Will give you thumbnails of your top sites; Access your favorite pages instantly with lightning speed from any new tab. Google Chrome is an open source web browser developed by Google. Its software architecture was engineered from scratch (using components from other open source software including WebKit and Mozilla Firefox) to cater for the changing needs of users and acknowledging that today most web sites aren’t web pages but web applications. Design goals include stability, speed, security and a clean, simple and efficient user interface.

• Sandboxing. Every tab in Chrome is sandboxed, so that a tab can display contents of a web page and accept user input, but it will not be able to read the user’s desktop or personal files.
Google say they have “taken the existing process boundary and made it into a jail”. There is an exception to this rule; browser plugins such as Adobe Flash Player do not run within the boundaries of the tab jail, and so users will still be vulnerable to cross-browser exploits based on plugins, until plugins have been updated to work with the new Chrome security. Google has also developed a new phishing blacklist, which will be built into Chrome, as well as made available via a separate public API.
• Privacy. Google announces a so-called incognito mode claiming that it “lets you browse the web in complete privacy because it doesn’t record any of your activity”. No features of this, and no implications of the default mode with respect to Google’s database are given.
• Speed. Speed improvements are a primary design goal.

Stability
• Multiprocessing. The Gears team were considering a multithreaded browser (noting that a problem with existing web browser implementations was that they are inherently single-threaded) and Chrome implemented this concept with a multiprocessing architecture. A separate process is allocated to each task (eg tabs, plugins), as is the case with modern operating systems. This prevents tasks from interfering with each other which is good for both security and stability; an attacker successfully gaining access to one application does not give them access to all and failure in one application results in a “Sad Tab” screen of death. This strategy exacts a fixed per-process cost up front but results in less memory bloat overall as fragmentation is confined to each process and no longer results in further memory allocations. To complement this, Chrome will also feature a process manager which will allow the user to see how much memory and CPU each tab is using, as well as kill unresponsive tabs.

User interface
• Features. Chrome has added some commonly used plugin-specific features of other browsers into the default package, such as an Incognito tab mode, where no logs of the user activity are stored, and all cookies from the session are discarded. As a part of Chrome’s javascript virtual machine, pop-up javascript windows will not be shown by default, and will instead appear as a small bar at the bottom of the interface until the user wishes to display or hide the window. Chrome will include support for web applications running alongside other local applications on the computer. Tabs can be put in a web-app mode, where the omnibar and controls will be hidden with the goal of allowing the user to use the web-app without the browser “in the way”.
• Rendering Engine. Chrome uses the WebKit rendering engine on advice from the Gears team because it is simple, memory efficient, useful on embedded devices and easy to learn for new developers.
• Tabs. While all of the major tabbed web browsers (e.g. Internet Explorer, Firefox) have been designed with the window as the primary container, Chrome will put tabs first (similar to Opera). The most immediate way this will show is in the user interface: tabs will be at the top of the window, instead of below the controls, as in the other major tabbed browsers. In Chrome, each tab will be an individual process, and each will have its own browser controls and address bar (dubbed omnibox), a design that adds stability to the browser. If one tab fails only one process dies; the browser can still be used as normal with the exception of the dead tab. Chrome will also implement a New Tab Page which shows the nine most visited pages in thumbnails, along with the most searched on sites, most recently bookmarked sites, and most recently closed tabs, upon opening a new tab, similar to Opera’s “Speed Dial” page.

Download link is given below.






Be enjoy! :)

Baca Selengkapnya ....

ဝက်ဆိုက်တစ်ခုလုံးကို ဒေါင်းယူထားပြီး Offline မှာလေ့လာဖို့ Inspyder Web2Disk 3.2.5

Posted by Unknown Kamis, 18 April 2013 0 komentar
Facebook က သူငယ်ချင်းတစ်ယောက်တောင်းလို့ တင်ပေးလိုက်တာပါ ..

ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိသုံနေပြီး တော်တော်လေးလည်း သဘောကျတဲ့ ဆော့ဝဲဖြစ်ပါတယ်

ဒီဆော့ဝဲက ကိုယ်သဘောကျတဲ့ ၀က်ဆိုက်တစ်ခုလုံးကို ဒါမှမဟုတ်ရင်လည်း အဲဒီဝက်ဆိုက်ထဲက ကိုယ်သဘောကျတဲ့ ပို့စ်တစ်ခုချင်းစီကို Download ယူထားပြီး အင်တာနက်လိုင်းမရှိပဲ Browser နဲ့ဖွင့်ပြီး အင်တာနက်ရှိနေတဲ့အတိုင်း လေ့လာလို့ရတဲ့ ဆော့ဝဲပဲ ဖြစ်ပါတယ်


ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ဒေါင်းပြီးရင် အထဲမှာ exe ဖိုင်နဲ့ keygen ချုံ့ဖိုင်ဆိုပြီး နှစ်ခုတွေ့ရပါမယ်
exe ဖိုင်ကို Install မလုပ်ခင် Antivirus နဲ့ အင်တာနက် ကွန်နက်ရှင်ကို ခဏပိတ်ပေးထားရပါမယ်
Install လုပ်ပြီးရင် ပရိုဂရမ်ကို မ Run စေပဲ ပိတ်လိုက်ပါ
ပြီးရင် keygen ထဲက ဖိုင်ကို C >> Program files >> Inspyder Software Inc >> Inspyder Web2Disk ဆိုတဲ့ ဖိုဒါထဲကို ကူးထည့်လိုက်ပါ ( 64bit အတွက်တော့ Program files အစား Program files (x86) ထဲမှာ ရှာရမှာပါ )
ပြီးရင် keygen ဖိုင်ကို Run လိုက်ပါ



ပွင့်လာတဲ့ထဲက Inspyder Web2disk 3 ဆိုတဲ့ ဆော့ဝဲကိုရွေးပေးပါ
အောက်မှာပေါ်နေတဲ့ထဲက email နဲ့ key ကို ကူးယူထားပြီး Notepad လေးထဲမှာ ဖြစ်ဖြစ် သိမ်းထားပါ
ပြီးရင် အောက်နားလေးက Patch ဆိုတာကို နှိပ်လိုက်ပါ ( ဆော့ဝဲအမျိုးအစားရွေးတာမှားရင် Target မတွေ့ကြောင်း error box တက်လာပါမယ် )
Successful ဖြစ်သွားရင် Exit ကိုနှိပ်ပြီး ထွက်လိုက်ပါ
ပရိုဂရမ်ကို Run လိုက်ပါ
Register လုပ်ခိုင်းပါလိမ့်မယ်
အဲဒီထဲက email နဲ့ Key နေရာမှာ စောဏ က ကူးယူထားတဲ့ email နဲ့ Key ကို ထည့်ပေးလိုက်ပါ
ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင် Full Version အဖြစ် သုံးလို့ရသွားပါပြီ
ကဲ .. ဘယ်လိုသုံးမှာလဲ ..
လွယ်ပါတယ် .. ပရိုဂရမ်ကို Run လိုက်ရင် အောက်ကပုံအတိုင်း တက်လာပါမယ်



အဲဒီထဲက Root URL အကွက်မှာ ကိုယ် ဒေါင်းချင်တဲ့ ၀က်ဆိုက်ရဲ့ လင့် ဒါမှမဟုတ် ကိုယ်ဒေါင်းချင်တဲ့ ပို့စ်ရဲ့ လင့်ကို ထည့်ပေးပြီး go ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲ
Complete ဖြစ်သွားတဲ့အခါ C >> နံမည် >>My Documents >> Website ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ဒေါင်းထားတဲ့လေးတွေ ရောက်နေပါမယ် .. ဒေါင်းယူထားတာတော့ ဖိုင်တွေအများကြီးပဲဗျ ..
ဒါပေမယ့် တစ်ခုမှ ဖျက်ပစ်လို့မရပါဘူး .. Offline အတွက် အထောက်အပံ့ပေးမယ့် ဖိုင်တွေမို့ပါ
အဲဒီဖိုင်တွေထဲက အပြင်မှာရှိနေတဲ့ စာရွက်ပုံ xml / html ဖိုင်လေးကို Right click နှိပ် Open with ... Mozilla Firefox ( ဒါမှမဟုတ် ကိုယ်သုံးတဲ့ Browser ပေါ့ ) အဲဒီလိုဖွင့်လိုက်တာနဲ့
အင်တာနက်ဖွင့်ပြီး ၀က်ဆိုက်ထဲမှာ ၀င်ရောက်လေ့လာနေသလိုပဲ မြင်တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Firefox Setup 21.0b1

Posted by Unknown Rabu, 03 April 2013 0 komentar
Mozilla Firefox 21 လေးထွက်လာလို့ ဒေါင်းဖို့ခက်ခဲနေတဲ့
သူငယ်ချင်းတွေအတွက် ပြန်တင်ပေးလိုက်ပါတယ် ..

Update လေးမှ သုံးချင်တဲ့သူငယ်ချင်းတွေအတွက်
အဆင်ပြေအောင်လို့ပါ

Firefox မှာ ပြဿနာတစ်ခု တွေ့တွေ့နေရတာက
သူ့ကို Update Version ရလာလို့ Install လုပ်ပြီးသွားရင်







မြန်မာစာ ဇော်ဂျီဖောင့်က ကိုးလိုးကန့်လန့်တွေ ဖြစ်ဖြစ်သွားတတ်တာပါပဲ .


အဲဒီလို ပြဿနာမျိုးကြုံလာပြီဆိုရင် Zawgyi ဖောင့်ကိုသာ
ပြန်ပြီး Install လုပ်ပေးလိုက်ပါ .. အရင်ဖောင့်ကို Uninstall လုပ်စရာမလိုပါဘူး
ဝင်းဒိုးကို Restart ချပေးလိုက်တာနဲ့ ၀င်းဒိုးပြန်တက်လာတဲ့အခါ
အဆင်ပြေသွားလေ့ရှိပါတယ် ..

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်



အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Google.Chrome.ဘရောက်ဇာ နောက်ဆုံးဗားရှင်းလေးပါ

Posted by Unknown Jumat, 29 Maret 2013 0 komentar
Google Chrome Browser ကိုတော့ သူငယ်ချင်းများ သိထားပြီးဖြစ်မှာပါ

Chrome ဟာ တခြား ဘရောက်ဇာတွေနဲ့ယှဉ်လိုက်ရင် သွက်လက်မြန်ဆန်းခြင်း

Add ons တွေ Extension တွေ စုံလင်များပြားခြင်း စတဲ့ အားသာချက်တွေကြောင့် ကမ္ဘာတစ်ဝှမ်းလုံး သုံးစွဲသူတော်တော်များတာကို တွေ့ရပါတယ် ..
နောက်ပိုင်းဗားရှင်းတွေမှာဆိုရင်တော့ Chrome ဟာ သွက်လက်မှုပိုင်းမှာရော အခြားပြင်ဆင်
မွမ်းမံမှုပိုင်းတွေမှာပါ တော်တော်လေးအားထုတ်လာတာကို တွေ့ရပါတယ် ...


Chrome နဲ့ ပတ်သက်တဲ့ အခက်အခဲလေးတစ်ခုကတော့ ဇော်ဂျီဖောင့်သုံးတဲ့နေရာမှာ
တစ်ချို့တစ်လေအတွက် တော်တော်လေး အဆင်မပြေဖြစ်တတ်တာလေး တစ်ခုပဲရှိပါတယ်..
ဒါပေမယ့် အဲဒီလို Chrome ဘရောက်ဇာမှာ မြန်မာစာအဆင်မပြေတဲ့ သူငယ်ချင်းတွေအတွက်

ဒီပို့ လေးမှာ ဖြေရှင်းနည်း ရေးပေးထားခဲ့ဖူးပါတယ်

ကဲ .. Chrome Browser ရဲ့ နောက်ဆုံးဗားရှင်းလေးကို ဒီမှာ ဒေါင်းယူနိုင်ပါတယ်





နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Google Chrome 27.0.1453.6 Dev


Google Chrome is a fast and easy to use web browser that combines a minimal design with sophisticated technology to make the web safer. It has one box for everything: Type in the address bar and get suggestions for both search and web pages. Will give you thumbnails of your top sites; Access your favorite pages instantly with lightning speed from any new tab. Google Chrome is an open source web browser developed by Google. Its software architecture was engineered from scratch (using components from other open source software including WebKit and Mozilla Firefox) to cater for the changing needs of users and acknowledging that today most web sites aren’t web pages but web applications. Design goals include stability, speed, security and a clean, simple and efficient user interface.

• Sandboxing. Every tab in Chrome is sandboxed, so that a tab can display contents of a web page and accept user input, but it will not be able to read the user’s desktop or personal files.
Google say they have “taken the existing process boundary and made it into a jail”. There is an exception to this rule; browser plugins such as Adobe Flash Player do not run within the boundaries of the tab jail, and so users will still be vulnerable to cross-browser exploits based on plugins, until plugins have been updated to work with the new Chrome security. Google has also developed a new phishing blacklist, which will be built into Chrome, as well as made available via a separate public API.
• Privacy. Google announces a so-called incognito mode claiming that it “lets you browse the web in complete privacy because it doesn’t record any of your activity”. No features of this, and no implications of the default mode with respect to Google’s database are given.
• Speed. Speed improvements are a primary design goal.

Stability
• Multiprocessing. The Gears team were considering a multithreaded browser (noting that a problem with existing web browser implementations was that they are inherently single-threaded) and Chrome implemented this concept with a multiprocessing architecture. A separate process is allocated to each task (eg tabs, plugins), as is the case with modern operating systems. This prevents tasks from interfering with each other which is good for both security and stability; an attacker successfully gaining access to one application does not give them access to all and failure in one application results in a “Sad Tab” screen of death. This strategy exacts a fixed per-process cost up front but results in less memory bloat overall as fragmentation is confined to each process and no longer results in further memory allocations. To complement this, Chrome will also feature a process manager which will allow the user to see how much memory and CPU each tab is using, as well as kill unresponsive tabs.

User interface
• Features. Chrome has added some commonly used plugin-specific features of other browsers into the default package, such as an Incognito tab mode, where no logs of the user activity are stored, and all cookies from the session are discarded. As a part of Chrome’s javascript virtual machine, pop-up javascript windows will not be shown by default, and will instead appear as a small bar at the bottom of the interface until the user wishes to display or hide the window. Chrome will include support for web applications running alongside other local applications on the computer. Tabs can be put in a web-app mode, where the omnibar and controls will be hidden with the goal of allowing the user to use the web-app without the browser “in the way”.
• Rendering Engine. Chrome uses the WebKit rendering engine on advice from the Gears team because it is simple, memory efficient, useful on embedded devices and easy to learn for new developers.
• Tabs. While all of the major tabbed web browsers (e.g. Internet Explorer, Firefox) have been designed with the window as the primary container, Chrome will put tabs first (similar to Opera). The most immediate way this will show is in the user interface: tabs will be at the top of the window, instead of below the controls, as in the other major tabbed browsers. In Chrome, each tab will be an individual process, and each will have its own browser controls and address bar (dubbed omnibox), a design that adds stability to the browser. If one tab fails only one process dies; the browser can still be used as normal with the exception of the dead tab. Chrome will also implement a New Tab Page which shows the nine most visited pages in thumbnails, along with the most searched on sites, most recently bookmarked sites, and most recently closed tabs, upon opening a new tab, similar to Opera’s “Speed Dial” page.

Click HERE to download Google Chrome.

Baca Selengkapnya ....

Mozila Firefox နောက်ဆုံးဗားရှင်းလေးပါ

Posted by Unknown Jumat, 22 Maret 2013 0 komentar
Firefox ကို ဒေါင်းရတာ အခက်အခဲဖြစ်နေတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက် နောက်ဆုံးထွက်ထားတဲ့ Mozilla Firefox 20.0 Beta 6 လေး ဒေါင်းပြီး ပြန်တင်ပေးလိုက်ပါတယ် ..

Mozila Firefox ကို ဒေါင်းမယ်ဆိုရင် တစ်ချို့လူတွေအတွက် ရွာလည်တတ်ပါတယ် .. Email တောင်းလိုတောင်း New Settler ကို နှိပ်လိုနှိပ်ရ ..

ဒီလိုနဲ့ပဲ .. အဲဒီနေရာမှာတင် ပတ်ချာလည်နေတော့ပါပဲ ...



ဒါကြောင့်လည်း ဗားရှင်းအသစ်သာထွက်လာတာ ဒေါင်းမရတာနဲ့ စိတ်ညစ်ကြရတဲ့သူတွေလည်း ရှိပါတယ် ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ  ဒီမှာ   ဒေါင်းယူလိုက်ပါ


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Opera Browser နောက်ဆုံးထွက်လေးပါ

Posted by Unknown Kamis, 21 Maret 2013 0 komentar
Opera Browser ကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ ..
 တော်တော်လေးမြန်တဲ့ ဘရောက်ဇာ တစ်မျိုးဖြစ်ပါတယ် ...

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့တော့ သုံတဲ့သူ နည်းပါတယ် ..

သုံးဖူးတဲ့သူတွေကတော့ Opera ရဲ့ မြန်ဆန်မှုကို အသိအမှတ်ပြုကြမှာပါ ...
Opera ကို ကျွန်တော်တို့ အသုံးနည်းရတဲ့ အကြောင်းရင်းတွေအနက်က တစ်ခုကတော့ မြန်မာစာ ဇော်ဂျီဖောင့်အတွက် Setting ချိန်ရတာ အဆင်မပြေတာလေးတွေ ရှိနေလို့ပါ


ဒါကလည်း ပြဿနာမဟုတ်ပါဘူး ..
ဘာ Setting မှ ချိန်စရာမလိုပဲ .. Zawgyi ဖောင့်ကို အဆင်ပြေပြေ သုံးလို့ရအောင် လုပ်တဲ့နည်းကို

ဒီပို့ မှာ ကျွန်တော် ရေးခဲ့ဖူးပါတယ် ..


အဲဒီမှာ သွားဖတ်ပြီး သေသေချာချာလုပ်ကြည့်ရင် .. တကယ်ပဲ ဘာ Setting မှာမှ ၀င်ပြင်နေစရာ မလိုပဲ
မြန်မာစာအတွက် အဆင်ပြေတာကို တွေ့ရပါလိမ့်မယ် ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ .. အောက်မှာ ဒေါင်းယူလိုက်ကြပါ ..

Opera Browser for 32bit Windows



Opera Browser for 64bit Windows



နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Hacking ပိုင်းကို စိတ်ဝင်စားသူတွေအတွက်

Posted by Unknown Rabu, 20 Maret 2013 0 komentar
Hacking နဲ့ပတ်သက်တာလေးတွေ တင်ပေးပါလို့
Mail ထဲကို Message ပို့ပြီး တောင်းနေကြလွန်းလို့
ဟက်တာနဲ့ ပတ်သက်ပြီး ဘာမှ မတင်ချင်ပေမယ့် .
Hacker's Browser v2.0 လေးကို မျှဝေပေးလိုက်ပါတယ် ...
ဟက်ကာတွေအသုံးပြုလေ့ရှိတဲ့ဘရောက်ဇာလေးပါ
Install လုပ်စရာမလိုပဲ Portable အဖြစ် အသုံးပြုနိုင်သလို ကွန်နက်ရှင် ကျနေတဲ့အချိန်မျိုးတွေမှာ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ပါတယ် ..

Hacking ပိုင်းအတွက် ဘယ်လို သုံးရမှာလဲလို့တော့ မမေးပါနဲ့ ..

မပြောပြချင်လို့မဟုတ်ပါဘူး .. ကျွန်တော်ကိုယ်တိုင်လည်း Hacking ပိုင်းကို
နကန်းတစ်လုံးမှ နားမလည်လို့ပါ ...

ကိုယ့်အကောင့်နဲ့ကိုယ်တောင် Password မေ့သွားရင် မဖွင့်နိုင်တော့မှာစိုးလို့
Password လေးတွေကို Notepad လေးတစ်ခုမှာ ရေးမှတ်ထားပြီး ..
လုံလုံခြုံခြုံနေရာမှာ ၀ှက်ထားရတဲ့ အဆင့်အထိ Hacking နဲ့ ပတ်သက်ရင် ကျွန်တော်က
တော်တော် ပိန်းပါတယ် ..

ဒါကြောင့်လည်း ဟက်ကင်းပိုင်းနဲ့ ပတ်သက်တာတွေ မတင်ဖြစ်တာပါ ..
ကဲ့ .. ပြောနေရင်း လေကြောရှည်သွားပြီ ..

စမ်းသုံးချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ ..


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Adobe Flash Player 11.6.602.175

Posted by Unknown Minggu, 03 Maret 2013 0 komentar
Adobe Flash Player ဆိုတာကတော့ တော်တော်များများလည်း သိကြမှာပါ
Firefox တွေ Internet Explorer တွေမှာ ပြဿနာတက်တက်နေတဲ့ကောင်ဟာ ဒီကောင်ပဲပေါ့
ကိုယ်က Update လုပ်ထားလိုက် သူက နောက်ထပ် Update ထွက်လာလိုက်နဲ့ လုံးခြာကို လိုက်နေတာပဲ
ဒေါင်းလိုက်ပြန်တော့လည်း မဆိုင်တဲ့ ဖိုင်တွေက ကပ်ပါလာနဲ့ တစ်ကိယ်လိုတဲ့ကောင်ကျတော့ Error တက်ပြီးရပ်သွားပြန်ပါလေရော ..

အဲဒီလို ပြဿနာတွေကြုံနေရတဲ့သူငယ်ချင်းတွေအတွက် Adobe က နောက်ဆုံးထုတ်လိုက်တဲ့
Update လေးကို ဒေါင်းပြီးပြန်တင်ပေးလိုက်ပါတယ် ... Beta Version ဆိုပေမယ့် အားလုံးနီးပါးနဲ့ အဆင်ပြေပါတယ်

ကဲလိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ


ဒေါင်းပြီးရင် အထဲမှာပါတဲ့ exe ဖိုင်နှစ်ဖိုင်ကို Double Click နှိပ်ပြီး Install လုပ်ပေးလိုက်ရုံပါပဲ
Firefox နဲ့ Internet Explorer အတွက် Plug Ins တွေကို အလိုလို ဖြည့်သွားပေးပါလိမ့်မယ်
ဒါပေမယ် .. Install လုပ်တဲ့အချိန်မှာတော့ Browser တွေကို ပိတ်ပေးထားရပါမယ် ..
အဲဒီလိုပိတ်မပေးထားရင် Install လုပ်လို့လည်း မရပါဘူး .....
 ကဲ .. အားလုံးပဲ အဆင်ပြေနိုင်ပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Adobe Flash Player 11.6.602.175 Beta



Adobe Flash Player – a free, widely used media player to view the file format Flash (files SWF).
Flash has for a long enough period of time is an indispensable tool for creating presentations, games,
websites, animations, and other add-ons that require rich multimedia content.
Typically browsers are automatically set the Flash player, but it is recommended to regularly
update the program, because Adobe is constantly improving its development. After installing
the plug-in add-on you will be able to view flash animation using the browser.

Flash Player 11 Features:

* Full screen keyboard input – This feature enables support for all keyboard keys available to an embedded SWF running inside of a page without full screen mode (except for ‘Esc’). It allows developers to determine if the app is in full screen, whether full keyboard input is allowed, and whether the app is able to request full screen (determined by the embed tag parameter).
* Low latency audio support for streaming audio through NetStream – This feature aims to reduce latency for high quality streaming audio playback. It addresses a very special use case of cloud gaming, where the game is rendered at a server and audio and video are streamed to the client.
* Protected Mode for Firefox – Flash Player Protected Mode is a new security enhancement designed to limit the impact of attacks launched from malicious SWF files against Adobe Flash Player when running in Firefox 4.0 + on Windows Vista and higher. This feature is comparable to the Flash Player Protected Mode in Google Chrome browser, Protected Mode in Adobe Reader, and Office 2010 Protected View.
* Flash Player background updates (Mac) – New versions of the runtimes can now be delivered more effectively to the end user with this enhanced updating mechanism (Background update is only available in the release versions of Flash Player).
* Low latency audio support (Sound API) – This enhancement reduces the latency for Sound.play method and changes to volume and pan on SoundTransform. The latency of SAMPLE_DATA event should also be reduced considerably.
* Texture Streaming for Stage3D – Provides an ability to upload coarser, lower quality textures on the GPU first and then progressively improve them as more data becomes available.

If you wish to download, Click HERE

Baca Selengkapnya ....

Google Chrome Browser မှာ မြန်မာစာပေါ်ချင်တယ်ဆိုရင်

Posted by Unknown Sabtu, 02 Februari 2013 0 komentar
ဒီနည်းလမ်းလေးကတော့ သိပ်ပြီး ဆန်းကျယ်တဲ့နည်းလမ်းလေးတော့ မဟုတ်ပါဘူး ..
CSS ကုဒ်တွေပေါ်မှာ အခြေပြုပြီး Setting လုပ်တဲ့နည်းလေးပါ ..
ကျွန်တော့်နောင်တော် ဘလော့ကာ တော်တော်များများလည်း ရေးသားခဲ့ပြီးသား နည်းတစ်ခုဆိုလည်း မမှားပါဘူး ..
သူငယ်ချင်းတစ်ချို့က အဆင်မပြေဘူးဆိုပြီး ပြောလာလို့ တွေနဲ့အတူ လက်တွေ့ လုပ်ပြလိုက်တဲ့ ပို့စ်လေးပဲ ဖြစ်ပါတယ် ..
Google Chrome Browser ဆိုတာကလည်း သုံးဖူးတဲ့သူငယ်ချင်းများ သိတဲ့အတိုင်း ..  Mozilla Firefox နဲ့ ယှဉ်လိုက်ရင် တော်တော်ကို မြန်တဲ့ ဘရောက်ဇာလေးပါ .. Mozilla က Loading တော်တော်လုပ်ယူနေရတဲ့ Page မျိုးတောင် Chrome က အပျိုရည်မပျက်ပဲ ဆွဲတင်ပေးနိုင်တာ တွေ့ရပါတယ် ..
ဒါပေမယ့် .. Google Chrome Browser နဲ့ပတ်သက်တဲ့ အများဆုံးတွေ့ရတဲ့ ပြဿနာကတော့ မြန်မာစာ အဆင်ပြေအောင် လုပ်တဲ့နေရာမှာ တစ်ချို့တွေအတွက် တော်တော်လေးခက်ခဲနေတဲ့ အချက်ပါပဲ ..


ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲက ဘာ Add Ons မှလည်း မလို .. ဘာ Settings မှလည်း မလိုတဲ့နည်းလေးကို သူငယ်ချင်းတို့ကို မျှဝေပေးလိုက်ပါတယ် .. တစ်ဆင့်ချင်းကို ပုံတွေနဲ့ အသေးစိပ်ပြထားပါတယ် .. ပုံတွေဝါးနေရင် သေးနေရင် ပုံပေါ်ကို မောက်လေးတင်လိုက်ပါ .. အဆင်ပြေသွားပါလိမ့်မယ် ..

ကဲ .. ပထမဆုံး Control Panel ကိုသွားပြီး Folder Options ကိုနှိပ်ပါ ..



ပွင့်လာတဲ့ထဲက View ကိုနှိပ်ပြီး .. Show hidden files, folders and drives ရဲ့ရှေ့မှာ ကလစ်ပေးပြီး အမှတ်တပ်လိုက်ပါ .. ပြီးရင် Apply နှိပ် .. Ok နှိပ် ... တစ်ဆင့်ပြီးပါပြီ


နောက်တစ်ဆင့်ကတော့ Partition C ကို ဖွင့်ပါ .. ပွင့်လာတဲ့ထဲက Users ဆိုတဲ့ ဖိုလ်ဒါကို ထပ်ဖွင့်ပါ


ပွင့်လာတဲ့ထဲက ကိုယ်နံမည်နဲ့ ဖိုလ်ဒါကိုဖွင့်ပါ .. (ကျွန်တော့်အတွက်ဆိုတော့ It Motesoe ဆိုတဲ့ဖိုလ်ဒါကို ဖွင့်လိုက်ပါတယ်)


ပွင့်လာတဲ့ထဲက AppData ဆိုတဲ့ ဖိုလ်ဒါကို ဖွင့်လိုက်ပါ ..


နောက်ထပ် ပွင့်လာတဲ့ထဲက Local ဆိုတဲ့ဖိုလ်ဒါကို ထပ်ဖွင့်လိုက်ပါ


ပွင့်လာတဲ့ထဲက Google ဆိုတဲ့ဖိုလ်ဒါကိုထပ်ဖွင့်လိုက်ပါ ..


နောက်ထပ် Chrome ဆိုတဲ့ဖိုလ်ဒါကိုဖွင့်ပါ ..


ပွင့်လာတဲ့ထဲက User Data ဆိုတဲ့ဖိုလ်ဒါကိုဖွင့်ပါ ..


နောက်ထပ် Default ဆိုတဲ့ဖိုလ်ဒါကို ဖွင့်ပါ ..


ပွင့်လာတဲ့ထဲက User StyleSheets ဆိုတဲ့ဖိုလ်ဒါကို ဖွင့်ပါ ..
အထဲမှာ Custom ဆိုတဲ့ .css ဖိုင်လေးတစ်ဖိုင်ကို တွေ့ရပါလိမ့်မယ် ..


အဲဒီဖိုင်ကိုတွေ့ပြီဆိုရင် .. အောက်မှာ ပေးထားတဲ့ကုဒ်တွေကို Copy ကူးယူလိုက်ပါ ..

* , html, body, div, p{font-family:Zawgyi-One !important;}


အဲဒီကုဒ်တွေကို ကော်ပီကူးယူပြီးပြီဆိုရင် .. အစောပိုင်းကတွေ့တဲ့ Custom ဆိုတဲ့ .css ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Edit ကိုနှိပ်လိုက်ပါ ..




ဘာမှမပါတဲ့ notepad စာမျက်နှာတစ်ခု ပွင့်လာပါမယ် ..
အဲဒီ ထဲမှာ အစောပိုင်းက ကော်ပီကူးယူလာတဲ့ ကုဒ်တွေကို Paste လုပ်လိုက်ပါ ..




ပြီးရင် ညာဖက်အပေါ်ဒေါင့်နားက ကြက်ခြေခပ်ပုံလေးကိုနှိပ်ပြီး အဲဒီ .css ဖိုင်ကို ပိတ်လိုက်ပါ ..
သိမ်းမှာလားလို့ မေးတဲ့ Box လေး တက်လာရင် .. Save ကို နှိပ်ပေးလိုက်ပါ ..

ကဲ .. သူငယ်ချင်းတို့ရဲ့  Google Chrome ဘရောက်ဇာကို ဖွင့်ပြီး ကြိုက်တဲ့နေရာမှာ မြန်မာစာလုံးတွေကို ရိုက်ထည့်ကြည့်ပါ .. အဆင်ပြေသွားတာကို တွေ့ရပါလိမ့်မယ် .. ( တခြား .. ဘာ Settings မှ လုပ်စရာမလိုတဲ့နည်းပါ )






ဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ .. ဘရောက်ဇာထဲမှာရှိတဲ့ Option ကနေ ၀င်ပြီးပြင်ပေးလိုက်ပါဦး ..
Chrome Browser ရဲ့ ညာဖက်အပေါ်ဒေါင့်နားက ဂွပုံ လေးကိုနှိပ်ပြီး ကျလာတဲ့ထဲက Options ကိုနှိပ်ပါ ..



 ပွင့်လာတဲ့ထဲက Under the Hood ကိုနှိပ်ပြီး ညာဖက်ထဲက Customize Fonts ကို နှိပ်ပါ ..






ပွင့်လာတဲ့ထဲမှာ .. အောက်ကပုံအတိုင်းဖြစ်အောင် ပြင်ပေးလိုက်ပါ ...




ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ ..
ကဲ .. Chrome Browser နဲ့ သူငယ်ချင်းများ လန်းဆန်းနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းများအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး




Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.