Windows Vista, 7, 8 ကို ဆော့ဝဲမသုံးပဲ USB ကနေ တင်ရအောင်

Posted by Unknown Kamis, 17 Januari 2013 0 komentar
သူငယ်ချင်းတို့ကို ဒီနေ့မျှဝေပေးမယ့် နည်းပညာကတော့ ဘယ်လို Windows အမျိုးအစားပဲဖြစ်ဖြစ်
USB ကနေ Install လုပ်နိုင်မယ့် နည်းပညာပဲ ဖြစ်ပါတယ် ..
ဒီနည်းလမ်းမှာ ဘာဆော့ဝဲမှ သုံးစရာမလိုပါဘူး .. ဒါပေမယ့် cmd လို့ခေါ်တဲ့ Command Prompt ကို
အသုံးပြုပြီး DOS Command တွေနဲ့ ၀င်းဒိုးကို ခိုင်းစေမှာဖြစ်တဲ့အတွက် စနစ်တကျလုပ်နိုင်ဖို့ပဲ
လိုအပ်ပါတယ် ..

နောက်ပြီး ဒီနည်းလမ်းမှာ ၀င်းဒိုးခွေကို ISO ခွေနဲ့လည်း အသုံးပြုနိုင်သလို ရိုးရိုး ၀င်းဒိုးခွေကို DVD drive ထဲထည့်ပြီးတော့လည်း အသုံးပြုနိုင်တာကြောင့် တော်တော်အသုံးဝင်တဲ့ နည်းလမ်းလေးလည်း ဖြစ်ပါတယ် ကဲ .. ပထဆုံး ကိုယ်လုပ်ချင်တဲ့ USB ကို စက်မှာ တပ်ထားလိုက်ပါ ..လိုအပ်တဲ့နေရာမှာ ပုံလေးတွေနဲ့ တိုက်ဆိုင်ပြီး လုပ်နိုင်အောင် အဆင့်တိုင်းနီးပါးအတွက် ပုံလေးတွေ ထည့်ပေးထားပါတယ် ..
ပုံတွေ သေးနေရင်ပဲဖြစ်ဖြစ် ၀ါးနေရင်ပဲဖြစ်ဖြစ် ပုံပေါ်ကို မောက်စ်လေး တင်ပေးလိုက်ပါ .. အဆင်ပြေသွားပါလိမ့်မယ် ..
ဝင်းဒိုးအမျိုးအစားကိုလိုက်ပြီး လိုအပ်တဲ့ USB အရွယ်အစားကတော့ 4G နဲ့အထက် ဖြစ်ရပါမယ် ..
(ကျွန်တော်ကတော့ ၀င်းဒိုးအားလုံးအတွက် 8G ပမာဏရှိတဲ့ USB တွေကိုပဲ သုံးပါတယ် )
USB ကို စက်မှာတပ်ပြီးပြီဆိုရင် Command Prompt ကို Administrator အဖြစ် ဖွင့်ရပါမယ် ..
အလွယ်ဆုံးကတော့ Run Box ထဲမှာ cmd.exe လို့ ရိုက်ထည့်ပြီး Ok နှိပ်ပေးလိုက် ..
Administrator Prompt တက်လာရင် Yes ကို နှိပ်ပေးလိုက် .. cmd ပွင့်လာလိမ့်မယ်



Windows 8 မှာတော့ မောက်စ်မြှားလေးကို Desktop Screen ရဲ့ ဘယ်ဖက် အောက်ဒေါင့်နားလေးကို
ရွှေ့သွားလိုက်ပါ Start ဆိုတာလေးပေါ်လာတဲ့အခါ Right Click နှိပ်လိုက်ပါ .. ပေါ်လာတဲ့ထဲက
command prompt (Admin) ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ .. Administrator prompt တက်လာတဲ့အခါ
Yes ကိုနှိပ်ပေးလိုက်ရင် cmd ပွင့်ပါပြီ



ကဲ .. သက်ဆိုင်ရာ Command Prompt ပွင့်လာပြီဆိုပါစို့

diskpart လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ ..



ခဏလောက်စောင့်ပေးလိုက်ပြီးရင် DISKPART> ဆိုတာလေးတက်လာမယ် အဲဒီအခါ

list disk လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ



အဲဒီအခါ အောက်မှာပြထားတဲ့အတိုင်း စက်ထဲမှာရှိတဲ့ Disk တွေရဲ့ စာရင်းကို ပြလာပါမယ်
များသေားအားဖြင့် ကျွန်တော်တို့ တပ်ထားတဲ့ USB ဟာ Disk 1 နေရာမှာ ရှိနေလေ့ရှိပါတယ်
ကိုယ်တပ်ထားတဲ့ USB ရဲ့ Size နဲ့ သူပြထားတဲ့ Size ကို သေချာတိုက်ဆိုင် စစ်ဆေးပါ ..



Disk 1 ဆိုတာသေချာသွားရင်
select disk 1 လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ
DISKPART> ဆိုတာလေး ပြန်ကျလာပြီဆိုရင်

clean ကို ရိုက်ထည့်ပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ



DISKPART> ဆိုတာ ပြန်ကျလာရင်

create partition primary ကို ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ



DISKPART> ဆိုတာ ပြန်ကျလာရင်

select partition 1 ကို ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ



DISKPART> ဆိုတာပြန်ကျလာရင်

active ကို ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ




DISKPART> ဆိုတာ ပြန်ကျလာရင်

format fs=ntfs  ( format နဲ့ fs ကြားမှာ space bar တစ်ချက်ခြားပြီး ကျန်တာတွေ ဆက်ရေးသွား)
လို့ ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ



Format ချတာ 100 percent completed ဖြစ်သွားပြီး DISKPART> ဆိုတာ ပြန်ကျလာတဲ့အထိ
စိတ်ရှည်လက်ရှည် စောင့်ပေးရပါမယ် .. ( ကြာပါတယ်)

DISKPART> ဆိုတာ ပြန်ကျလာရင်

assign ကို ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေလိုက်ပါ .. USB ရဲ့ Box လေးပွင့်လာပါမယ် ..
ဘာကိုမှ မပိတ်ပဲ ဆက်လုပ်ပါမယ် ..




DISKPART> ဆိုတာ ပြန်ကျလာရင်

exit လို့ ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပေးလိုက်ပါ
Leaving DiskPart ..
C:\Windows\system32> ဆိုတာလေး တက်လာမယ် ..




ဒီအဆင့်ရောက်ပြီဆိုရင် ကိုယ်ကူးယူမယ့်ဝင်းဒိုးဟာ
ISO ဖိုင်လား DVD drive ထဲမှာ ထည့်ထားတဲ့ ခွေလားလို့ ရွေးချယ်ပါ ..
ISO ဖိုင်ဆိုရင် ပထမဆုံး အဲဒီဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက
Power ISO နဲ့တည့်တည့်ဆွဲယူသွားပြီး mount image to drive [..] ဆိုတာကို
နှိပ်ပေးရပါမယ် .. အဲဒီအခါ ISO image ဖိုင်လေးဟာ image drive ထဲကို ရောက်သွားပါမယ် ..




DVD drive ထဲထည့်ထားတဲ့ ခွေထဲကနေ တိုက်ရိုက်ကူးမယ်ဆိုရင်လည်း အဲဒီ drive ရဲ့ drive letter ကို
သေချာအောင်စစ်ပါ ..
ကျွန်တော်က ဒီပို့လေးကို ဆော့ဝဲမသုံးတဲ့နည်းပညာအဖြစ် မျှဝေမှာဖြစ်လို့ Windows 8 ခွေကို
ကျွန်တော့်ရဲ့ DVD drive ထဲထည့်ထားပါတယ် .. DVD drive ရဲ့ Drive Letter က F ဖြစ်ပါတယ် ..
ဒါကြောင့် ကျွန်တော်က cmd ထဲမှာ

F: cd boot လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်လိုက်ပါတယ်




အဲဒီနေရာမှာ F: ဆိုတာကတော့ ကိုယ့်ရဲ့ ၀င်းဒိုးခွေရှိတဲ့ Drive Letter ပါ .. ဥပမာ ကိုယ့်ရဲ့ ၀င်းဒိုးခွေက ISO ဖိုင်ကနေ
mount လုပ်ထားတာ Drive Letter G မှာ ရှိမယ်ဆိုပါစို့ .. cmd မှာ ရေးရမှာက
G: cd boot ဖြစ်ပါတယ် ..
ကဲ .. အပေါ်ကပုံအတိုင်း ကျွန်တော်က F: cd boot လို့ ရိုက်ထည့်လိုက်တော့
F:\> ဆိုပြီး တက်လာပါတယ် ..
အဲဒီနောက်မှာ
cd boot လို့ ရိုက်ထည့်ပြီး Enter ကီးကို နှိပ်လိုက်ပါ




နောက်တစ်ဆင့်မှာ bootsect.exe /nt60 J: လို့ ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်လိုက်ပါ..





ဒီနေရာမှာ J: ဆိုတာက ကျွန်တော့်စက်မှာ တပ်ထားတဲ့ USB ရဲ့ Drive Letter ဖြစ်ပါတယ် ..
တစ်ကယ်လို့ USB က H ဖြစ်နေမယ်ဆိုရင် bootsect.exe /nt60 H:  လို့ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်..
နောက်ဆုံးတော့ USB ထဲမှာ boot တက်ဖို့အတွက် လိုအပ်တဲ့ bootsector တွေ ပြင်ဆင်ပြီးကြောင်း
စာတမ်းတွေ တက်လာပါမယ် .. ဒီအဆင့်အထိ အစအဆုံးကျွန်တော် ရိုက်ထည့်ခဲ့တဲ့ cmd ကုဒ်တွေကို
အောက်မှာ ပြထားပါတယ် ..



ကဲ .. ဒီအဆင့်အထိ အောင်မြင်ခဲ့ပြီဆိုရင်တော့ ၀င်ဒိုးခွေထဲမှာ ရှိနေသမျှဖိုင်တွေအားလုံးကို
USB ထဲ ကူးထည့်ပေးလိုက်ရုံပါပဲ .. ဒါကလည်း လွယ်ပါတယ်
ဝင်းဒိုးခွေကို Open လုပ်လိုက် .. ပြီးရင် ဖိုင်တစ်ဖိုင်ကို ကလစ်ပေးလိုက်ပြီး
Ctrl ကီးလေးနဲ့ A ကီးလေးကို တွဲနှိပ်လိုက် ( အဲဒါ Select All ရဲ့ Shortcut ပါ)
ပြီးရင် Right Click လေးနှိပ်ပြီး ပွင့်လာတဲ့ထဲက Copy ကိုနှိပ်လိုက် ..




ပြီးရင် USB ကို ဖွင့်ပြီး Right Click နှိပ် .. ပွင့်လာတဲ့ထဲက Paste ကို နှိပ်ပေးလိုက် ..
ဝင်းဒိုးခွေထဲမှာ ရှိနေသမျှဖိုင်တွေအားလုံးကို ကူးယူပေးသွားလိမ့်မယ် ..




အားလုံးကူးပြီးသွားပြီဆိုရင်တော့ USB ကို ခဏလောက်ဖြုတ်လိုက် ..
ပြီးရင် စက်မှာ ပြန်တပ် .. ၀င်းဒိုး Logo လေးနဲ့ Boot တက်ဖို့ အဆင်သင့်ဖြစ်နေတာကို
တွေ့ရလိမ့်မယ် ..
ကဲ .. ကုဒ်တွေများသွားလို့ စိတ်ရှုပ်သွားမလားပဲ .. စိတ်မရှုပ်ပါနဲ့ဗျာ .. ကုဒ်တွေနဲ့ အလုပ်လုပ်ရတာ ကြာလာရင် ပျော်စရာကောင်းပါတယ် .. တစ်ကယ်တော့ ဒီနည်းမှာ သုံးသွားတဲ့ Dos ကုဒ်က 13 ခုပဲရှိပါတယ် ..
ဒီပို့စ်မှာပါတဲ့ ကုဒ်တွေက မများပေမယ့် နည်းနည်းလေး အဆင့်ကျော်သွားနိုင်တာကြောင့်မို့ ဒီပို့စ်တစ်ခုလုံးကို ကျွန်တော် pdf ဖိုင်လေးလုပ်ပြီး တင်ပေးထားပါတယ် ..
ဒေါင်းယူပြီး Offline ဖတ်ရင်း လုပ်ကြည့်လို့ ရတာပေါ့ ..

လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ ... 

အဲဒီလင့်က Bandwidth ပြည့်သွားလို့ ဒေါင်းမရတော့ရင် ဒီမှာ ဒေါင်းလို့ရပါသေးတယ်

သူငယ်ချင်းအားလုံး အဆင်ပြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

ဝင်းဒိုးဆဲဗင်းကို USB သုံးပြီး တင်ကြမယ်

Posted by Unknown Rabu, 16 Januari 2013 0 komentar
ပြောထားတာတော့ တစ်ပါတ်လောက်ရှိပါပြီ ဒါပေမယ့်
ကွန်နက်ရှင်တွေမကောင်းတာနဲ့ ကျွန်တော်လည်း အခုမှ တင်ပေးနိုင်တော့မယ်
Windows တွေကို Install လုပ်တဲ့နေရာမှာ သမားရိုးကျအနေနဲ့ Driver ခွေထည့်ပြီး
Install လုပ်နည်း Online ကနေ Install လုပ်နည်း Flash Drive (USB) ကနေ Install
လုပ်နည်း Cline ရိုက်ပြီး Install လုပ်နည်းဆိုပြီး နည်းလမ်း အမျိုးမျိုး ရှိပါတယ်
အဲဒီထဲမှာမှ ကျွန်တော်တို့ရဲ့ စက်တွေဟာ တစ်ခါတစ်ခါမှာ DVD drive မကောင်းတဲ့အခါမျိုး
ဒါမှမဟုတ်ရင်လည်း DVD drive မပါတဲ့အခါမျိုးတွေမှာ USB ကနေ ၀င်းဒိုးတင်တဲ့နည်းကို
မဖြစ်မနေ လိုအပ်လာပါတယ် ..

ကျွန်တော်ကတော့ DVD drive ကောင်းကောင်းမကောင်းကောင်း ၀င်းဒိုးတင်စရာကြုံလာတိုင်း
USB ကနေပဲ တင်ပါတယ် .. DVD drive လည်း သက်သာသလို အချိန်လည်း သက်သာတယ်လေ
USB ကနေ ၀င်းဒိုးတင်မယ်ဆိုရင်တော့ နည်းနှစ်နည်းရှိပါတယ်
ပထမတစ်နည်းကတော့ အလုပ်မရှုပ်ဘူး Command Prompt ကနေပဲ code တွေနဲ့ ခိုင်းပြီး Portable windows
ကို USB ထဲ ထည့်ထားပြီး လိုအပ်တဲ့အချိန် Install လုပ်လိုက်တာ(ကျွန်တော်တော့ ဒီနည်းကိုပဲ သုံးတယ်)
နောက်တစ်နည်းကတော့ ဆော့ဝဲသုံးပြီး ၀င်းဒိုးကို USB ကနေ Install လုပ်နိုင်အောင် ပြင်ဆင်ထားပြီး
လိုအပ်တဲ့အခါမှာ Install လုပ်လိုက်တာ .. (ဒီနည်းကတော့ နည်းနည်းလေး အလုပ်ရှုပ်တယ်)
ဘာကြောင့်လဲဆိုတော့ ဆော့ဝဲတွေကလည်း သူ့ဝင်းဒိုးအမျိုးအစားနဲ့သူ သုံးရသလို ခွေကိုတိုက်ရိုက်သုံးတဲ့ ဆော့ဝဲမျိုးတွေမှာ
Error တက်တတ်တာ တွေ့ရတယ် .. အဆင်ပြေတာကတော့ ၀င်းဒိုးခွေကို ISO image အဖြစ်အရင်လုပ်ထားလိုက်တာ
Error နည်းတယ် ..
ကဲ .. လောလောဆည်တော့ ဘာကုဒ်မှသုံးစရာမလိုပဲ ဆော့ဝဲလေးသုံးပြီး USB ကနေ ၀င်းဒိုးတင်တဲ့နည်းကို မျှဝေပေးပါ့မယ်
ဒီထဲမှာ ပေးထားတဲ့ဆော့ဝဲကတော့ Windows 7 အတွက် သီးသန့်သုံးရမယ့် ဆော့ဝဲပါ
လုပ်နည်းကိုင်နည်းကို အဆင့်ဆင့် ရှင်းပြပေးသွားပါ့မယ် ..
ကဲ .. အရင်ဆုံး ကိုယ် Install လုပ်မယ့် Windows 7 ခွေကို ISO image လေးလုပ်ရပါမယ် ..
အဲဒီအတွက် ကျွန်တော်က Power ISO ဆိုတဲ့ ဆော့ဝဲကို သုံးပြထားပါတယ် ..
Power ISO မရှိသေးရင်လည်း ဒီမှာ ဒေါင်းလိုက်ပါ




ကဲ .. Power ISO ကို Install လုပ်ပြီးပြီဆိုပါတော့ ( သူ့ကို install လုပ်နည်းနဲ့ Full version ဖြစ်အောင် Crack နည်းကတော့မခက်ခဲလို့ မပြောတော့ပါဘူး install လုပ်ပြီးတာနဲ့ Keygen ဖိုင်လေးကို Run ပြီး name နေရာမှာ ကြိုက်တဲ့နံမည်ထည့်အောက်နားလေးက generate ကိုနှိပ် .. ထွက်လာတဲ့ key တွေကို ကော်ပီယူပြီး Program ဖွင့်ရင် တက်လာတဲ့ထဲက Register လုပ်ရမယ့်
အကွက်မှာ ထည့်ပေးလိုက်ရုံပဲ .. ကဲ .. ပြောပြီးသွားပြီ )
Windows ခွေကို စက်ထဲထည့်လိုက်ပါ ..
ကဲ .. ၀င်းဒိုးခွေကို စက်ထဲထည့်ပြီးပြီဆိုရင် Power ISO ပရိုဂရမ်ကို ဖွင့်လိုက်ပါတယ် .. အောက်ကပုံအတိုင်းပွင့်လာပါမယ်



အဲဒီထဲက အနီရောင်နဲ့ဝိုင်းပြထားတဲ့ Copy ဆိုတာကိုနှိပ်လိုက် ကျလာတဲ့ထဲက
make CD/DVD/BD image file ဆိုတလေးကိုရွေးနှိပ်လိုက် .. အောက်ကပုံအတိုင်း တက်လာလာမယ် ..


အဲဒီထဲက ခွေနေရာမှာ မှန်ကန်အောင် သေချာရွေး  .iso ဆိုတဲ့ရှေ့မှာ ကလစ်နှိပ်ပြီး အမှတ်တပ်ပေး .. သိမ်းမယ့်နေရာကိုလည်း ကိုယ်သိမ်းချင်တဲ့နေရာကိုရွေး .. အားလုံးသေချာသွားရင်တော့ Ok ကိုနှိပ်ပေးလိုက် .. သူက Windows 7 ရဲ့ ISO ဖိုင်လေးကို အောက်မှာပြထားတဲ့အတိုင်း သူ့အလိုလို ဖန်တီးသွားပါလိမ့်မယ် ..



ပြီးသွားပြီဆိုရင်တော့ USB ကနေ Boot တက်နိုင်အောင်လုပ်ပေးမယ့် ဆော့ဝဲလိုလာပါပြီ .. Windows 7 USB DVD Download Tool ဆိုတဲ့ ဆော့ဝဲကိုတော့ အောက်မှာ ဒေါင်းလိုက်ပါ ..




ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်ပြီး Install လုပ်လိုက်ပါ ..
Install လုပ်ပြီးသွားပြီဆိုရင် Desktop ပေါ်က Windows 7 USB DVD Download Tool ဆိုတဲ့ အိုင်ကွန်လေးပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက run as administrator ကိုနှိပ်ပါ ..
အောက်ကပုံအတိုင်းပွင့်လာပါမယ် ..



အဲဒီထဲက Browse ကိုနှိပ်ပြီး အစောပိုင်းက ကျွန်တော်တို့လုပ်ထားတဲ့ Windows 7 ရဲ့ ISO ဖိုင်ကိုရှာပြီး တွေ့ရင် ကလစ်ပေးပြီး Open နှိပ်ပါ .. ပေါ်ကပုံအတိုင်း ဖြစ်လာတဲ့အခါ Next ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာပြထားတဲ့အတိုင်း တက်လာပါမယ်



အဲဒီထဲက Begin copying ကိုနှိပ်ပေးလိုက်ပါ .. USB ထဲကို လိုအပ်တဲ့ဖိုင်တွေ ကူးထည့်ပေးနေပါလိမ့်မယ်
ပြီးသွားရင်တော့ .. 99% လောက် အဆင်ပြေသွားပြီလို့ ပြောရမှာပါ ..
ကဲ .. နောက်ဆုံးအဆင့် .. ( ဒီအဆင့်ကိုတော့ မလုပ်ချင်တော့ရင်လည်း ရပါတယ် )
ကျွန်တော်တို့လုပ်ထားတဲ့ USB လေးဟာ ၀င်းဒိုးတင်ဖို့ အဆင်သင့်ဖြစ် မဖြစ် သေချာအောင် စမ်းသပ်ကြည့်သင့်ပါသေးတယ် ..
ဒါကြောင့် အဲဒီလို စမ်းသပ်ချင်သေးတယ်ဆိုရင်တော့ လိုအပ်တဲ့ ဆော့ဝဲကို အောက်မှာ ဒေါင်းယူပါ ..
Mobalive CD ဆိုတဲ့ ဆော့ဝဲလေးပါ .. ( ဒီဆော့ဝဲလေးက တော်တော်ကို အသုံးဝင်တဲ့ဆော့ဝဲလေးပါ .. )


ဒေါင်းလို့ပြီးသွားပြီဆိုရင် ရလာတဲ့ဖိုင်ကို ဖြည့်လိုက်ပြီး အထဲကဖိုင်လေးကို Desktop ပေါ် ဆွဲတင်ထားလိုက်ပါ ...
 Desktop ပေါ်က Mobalive CD v_2.1 ဆိုတဲ့ exe ဖိုင်လေးကို Right Click နှိပ်ပြီး ကျလာတဲ့ထဲက run as administrator ကိုနှိပ်ပါ .. ( ဒါလေးလုပ်ဖို့တော့ အရေးကြီးပါတယ် )..
အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Run the live USB ကို နှိပ်လိုက်ပါ .. အောက်ကပုံအတိုင်း တက်လာပါမယ် ..



အဲဒီထဲမှာ အောက်မြှားလေးကိုနှိပ်ပြီး ၀င်းဒိုးထည့်ထားတဲ့ USB ကို မှန်ကန်အောင်ရွေးပေးပါ .. ကျွန်တော်ကတော့ h ဆိုတဲ့ နေရာမှာ ၀င်းဒိုးထည့်ထားတဲ့ USB ဖြစ်လို့ h ကို ရွေးထားပါတယ် .. ပြီးရင်တော့ Yes ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း တက်လာပါမယ် ...


No ကိုနှိပ်ပေးပါ ( အရေးကြီးပါတယ်)
ပြီးရင်တော့ ... အောက်မှာ ပြထားတဲ့ပုံအတိုင်း ကျွန်တော်တို့ ၀င်းဒိုးတင်တဲ့အခါ မြင်ရလေ့ရှိတဲ့ ပုံအတိုင်း
တက်လာရင် ကျွန်တော်တို့ရဲ့ USB လေးဟာ ၀င်းဒိုးတင်ဖို့ အဆင်သင့်ဖြစ်သွားပြီလို့ 100% ယုံကြည့်နိုင်ပါပြီ



USB ကနေ ၀င်းဒိုးတင်တဲ့ အဆင့်ကတော့ စက်တစ်မျိုးနဲ့ တစ်မျိုး မတူပါဘူး ..
ပထမဆုံး ၀င်းဒိုးတင်မယ့် စက်မှာ ကျွန်တော်တို့လုပ်ထားတဲ့ USB ကို တပ်ထားလိုက်ပါ ...
ကွန်ပြူတာကို Power ဖွင့်ပေးလိုက်ပြီး F8 တို့ Del ကီးတို့ကို နှိပ်ပေးထားရပါမယ် .. ( ဒါက Boot တက်မယ့် Device ကို Setting ချပေးဖို့ပါ .. စက်တစ်လုံးနဲ့တစ်လုံးလည်း နှိပ်ပေးရတဲ့ ကီးမတူပါဘူး ) BIOS Feature တက်လာပြီဆိုရင် ( များသောအားဖြင့်) Advanced ထဲမှာ First boot device ဆိုတာ ရှိပါတယ် .. ( တစ်ချို့ Motherboard တွေတော့ ဒီတိုင်း မောက်စ်လေးနဲ့ ဆွဲပြီး ပြောင်းလိုက်ရုံပဲ ) အဲဒီထဲက USB တို့ Flash Drive တို့ နဲ့ ဆိုင်တဲ့ Decice ကို ရွေးပြီး First boot device အဖြစ် ရွေးချယ်သတ်မှတ်ပေးရပါမယ် ..
ပြီးရင်တော့ F10 တို့ F12 တို့ ( Save changes and exit  ဆိုတဲ့ ကီးပါ .. ဒါလည်း စက်တစ်မျိုးနဲ့ တစ်မျိုး မတူပါဘူး ) ကိုနှိပ်ပြီး ထွက်လိုက်ပါ ..
 ကွန်ပြူတာမှာ Boot တက်လာတဲ့အခါ Press any key to boot from usb ... ဆိုတဲ့ စာတမ်းလေး တက်လာတဲ့အခါ ကြိုက်တဲ့ခလုတ်ကို နှိပ်ပေးလိုက်ပါ ..
ကျန်တဲ့အဆင့်တွေကတော့ ပုံမှန် ၀င်းဒိုးတင်နေကျအတိုင်းပဲ ဆက်သွားမှာမို့ .. မပြောတော့ပါဘူး ..
နောက်ပို့စ်မှာ ၀င်ဒိုးကို USB ကနေ တင်နိုင်အောင် Command Prompt ကို သုံးပြီး လုပ်တဲ့နည်းကို မျှဝေပေးပါမယ် ...
အဲဒီနည်းလေးကတော့ ကျွန်တော်ကိုယ်တိုင်လည်း သုံးနေတဲ့နည်းဖြစ်တဲ့အပြင် ဘယ်လို ၀င်းဒိုးအမျိုးအစားပဲဖြစ်ဖြစ် အသုံးပြုနိုင်တာရယ် ဘာဆော့ဝဲမှလည်း မလိုတာရယ်ကြောင့် စနစ်တကျ နားလည်ထားမယ်ဆိုရင် တော်တော်အသုံးဝင်တဲ့ နည်းလေးလည်းဖြစ်ပါတယ် ..
အခု ဒီပို့လေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အခက်အခဲရှိခဲ့မယ်ဆိုရင် ကျွန်တော့်ကို Email ပို့ပြီး အကူအညီတောင်းနိုင်သလို ဒီပို့ရဲ့အောက်မှာလည်း Comment ရေးပြီးဆွေးနွေးနိုင်ပါတယ် ..
Facebook Comment မှာရေးထားခဲံမယ်ဆိုရင်တော့ ကိုပြောချင်တဲ့ ပို့ရဲ့ ခေါင်းစဉ်လေးပါ ထည့်ပြီး ပြောစေချင်ပါတယ် .. ( ဘာကြောင့်လည်းဆိုတော့ သူက ပို့အားလုံးရဲ့အောက်မှာ ရောက်နေမယ့် comment အမျိုးအစားဖြစ်လို့ ဘယ်ပို့အတွက်ပြောတယ်ဆိုတာ မသိနိုင်လို့ပါ .. )
ကဲ .. သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 သမားတွေအတွက် Wall Paper အလန်းစားလေးတွေဗျို့

Posted by Unknown Senin, 14 Januari 2013 0 komentar
US မှာရှိတဲ့ သူငယ်ချင်းတစ်ချင်းတစ်ယောက်ဆီကနေ ပို့ပေးခဲ့တာပါ ..
စုစုပေါင်း Wall Paper ၂၀ ပါပါတယ် ..
သူပြောတာကတော့ အဲဒီ Wall Paper ၂၀ ပါတဲ့ Packet တစ်ခုကို 3.99 ဒေါ်လာ ပေးပြီး ၀ယ်ရပါတယ်ဆိုပဲ
တတ်နိုင်ဘူးဗျာ .. ကျွန်တော်တို့ကတော့ Free ဆိုမှ Free ပဲ ..
Free ဆိုပေမယ့်လည်း သုံးလိုက်ရင် Full ဆိုမှ Full ပဲ



ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ




ကွန်နက်ရှင်လည်း မကောင်းတော့ ဒီပို့စ်လေးနဲ့ပဲ အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

IDM ဗားရှင်းမှန်သမျှ Full ဖြစ်စေသတည်း

Posted by Unknown Minggu, 13 Januari 2013 0 komentar
IDM လို့ အလွယ်ခေါ်နေကြတဲ့ Internet Download Manager ဟာ အင်တာနက် အသုံးပြုနေသူ ရာခိုင်နှုန်းတော်တော်များများအတွက် အသုံးဝင်ဆော့ဝဲတစ်မျိုးပဲ ဖြစ်ပါတယ် ..
ခက်တာက IDM ရဲ့ ဗားရှင်းအသစ် ထွက်နိုင်တဲ့နှုန်းဟာ ကမ္ဘာ့သားပေါက်နှုန်းအမြင့်ဆုံးဆု ရနိုင်လောက်အောင် ပါပဲ ..
ကဲ .. ထားပါတော့ ကျွန်တော်တို့တွေက IDM ဗားရှင်းအသစ်ထွက်လာပြီဆိုရင် Full Version လေးအဖြစ် အသုံးပြုနိုင်ဖို့ Patch ဖိုင်တွေ Crack ဖိုင်တွေနဲ့ လိမ်လည်လှည့်စားပြီး Fake Serial တွေ ဖြည့်ပြီးမှ သုံးကြရပါတယ် ..

အဲဒီလို လုပ်ပြီး သုံးနေရာကနေ နောက်ထပ် ဗားရှင်းအသစ်ထွက်လာရင် Notification တွေတက်လာ ဗားရှင်းအသစ်ကို မတော်တဆဒေါင်းယူ Install လုပ်လိုက်မိရင်လည်း Fake Serial ကြီးကို သိသွားပြီး Full Version အဖြစ်ကနေ Trail Version ဖြစ်သွားပြန်ရော ..
ကဲ .. အဲဒီတော့ IDM အနေနဲ့ သူတတ်နိုင်လို့ တစ်ရက်ကို ဗားရှင်းအသစ်တစ်မျိုးပဲ ထွက်ထွက် ...
ထွက်လာသမျှကို ဆန္ဒရှိသလောက်ဒေါင်းပြီးသုံး Full Version အဖြစ်ပဲ လုပ်ယူနိုင်မယ် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် .. ဆော့ဝဲလို့သာ အလွယ်ပြောလိုက်တာပါ .. Patch ဖော်ပြီး Fake Serial ကို အပြောင်းအလဲလုပ်ပေးမယ့် ပရိုဂရမ်ငယ်လေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူလိုက်ပါ




ဗားရှင်းအသစ်ထွက်လာလို့ အသစ်အဆန်းကိုမှ သုံးချင်တယ်ဆိုရင်လည်း ဒေါင်းသာဒေါင်းပြီး Install လုပ်လိုက် ပြီးရင် ကျွန်တော်ပေးတဲ့ ဆော့ဝဲလေးကိုသူ အရင်က IDM တွေကို Patch ပေးတဲ့ နည်းစနစ်အတိုင်း လုပ်ပေးလိုက်ပါ ..
Patch လုပ်တဲ့နည်းကို မသိသေးဘူးဆိုရင်တော့ ဒီမှာ သွားပြီးဖတ်နိုင်ပါတယ် ..

ထွက်လာသမျှဗားရှင်းတိုင်းကို Full Version ဖြစ်သွားအောင် ဒီ Patch တစ်ခုတည်းကပဲ ဖြေရှင်းပေးသွားပါလိမ့်မယ် ..
ကဲ .. သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

ကွန်ပြူတာဆိုင်ရာ Hardware တိုင်းအတွက် Driver မခက်ပါ

Posted by Unknown Sabtu, 12 Januari 2013 0 komentar
ဒီနေ့ သူငယ်ချင်းတို့ကို မျှဝေပေးချင်တာကတော့ သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာတွေအတွက်
လိုတရလွယ်အိတ်လို့ ပြောလို့ရမယ့် ဆော့ဝဲလေးပါ .. ဒီဆော့ဝဲလေးဟာ Driver pack solution ဆိုတဲ့ ဆော့ဝဲလိုမျိုး လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးပါမယ် ..
ဒါပေမယ့် ဒီဆော့ဝဲလေးရဲ့ အားသားချက်က ဖိုင်ပမာဏသေးငယ်တဲ့အပြင် အင်တာနက်လိုင်းသာ ချိတ်ပေးထားလိုက်သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာရှိနေတဲ့ Driver အားလုံးကို Scan ဖတ်ပေးပြီး Update အဖြစ်ဆုံး Driver တွေကို သူ့အလိုလိုရှာပြီး Download ချပေးမှာဖြစ်ပါတယ် .. ဒါအပြင် တစ်ခါပဲ Full Version  ဖြစ်အောင် ပါလာတဲ့ Keygen လေးနဲ့ Activate လုပ်ပေးထားလိုက်ရုံနဲ့ နောက်ထပ် Update ထွက်တဲ့ သူ့လိုဆော့ဝဲတွေကို ဒေါင်းယူ Install လုပ်လိုက်ပေမယ့် Full Versionအဖြစ်ပဲ ဆက်လက်အသုံးပြုနေနိုင်မယ့် ဘယ်တော့မှ Out of date in licen ဆော့ဝဲလေးပဲ ဖြစ်ပါတယ် ..

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူပါဗျာ




ဒေါင်းလို့ပြီးသွားရင် ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ .. အဲဒီအခါ ဖိုလ်ဒါတစ်ခုထဲမှာ ဖိုင်တစ်ဖိုင်နဲ့ ဖိုလ်ဒါတစ်ခု ထပ်ထွက်လာပါမယ်
အဲဒီထဲက DriverEasy setup ဆိုတဲ့ exe ဖိုင်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ
ရိုးရိုးဆော့ဝဲတစ်ခုကို Install လုပ်သလိုပဲ အဆင့်ဆင့် Install လုပ်လိုက်ပါ ..
Install လုပ်ပြီးလို့ Program ပွင့်လာတဲ့အခါ အောက်မှာပြထားတဲ့ပုံအတိုင်း တက်လာပါမယ်




အဲဒီမှာ အောက်ဆုံးမှာ Register ဆိုတဲ့ mode လေးပေါ်နေတာက Full Version မဖြစ်သေးလို့ပါ .. အဲဒီ Box ကို ပိတ်လိုက်ပါ
Full Version ဖြစ်အောင် Crack ရပါဦးမယ်
အဲဒီအတွက် Desktop ပေါ်က DriverEasy ဆိုတဲ့ အိုင်ကွန်လေးပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Open file location ကို
နှိပ်လိုက်ပါ .. DriverEasy ဖိုလ်ဒါလေး ပွင့်လာပါမယ် .. သူ့ကို အဲဒီအတိုင်း ခဏထားခဲ့ပါ ..
ဒေါင်းတုန်းက ပါလာတဲ့ EasyWare Multi-Keyfile.Generator ဆိုတဲ့ ဖိုလ်ဒါကို ဖွင့်လိုက်ပါ ..
အဲဒီထဲမှာ ဖိုင်သုံးဖိုင်ကို တွေ့ရပါလိမ့်မယ် ..
အဲဒီ ဖိုင်သုံးဖိုင်ထဲက REPT.nfo ဆိုတဲ့ဖိုင်နဲ့ file_id.diz ဆိုတဲ့ ဖိုင်နှစ်ဖိုင်ကို အစောပိုင်းက ဖွင့်ထားခဲ့တဲ့ DriverEasy ဖိုလ်ဒါထဲကို
ထည့်ပေးလိုက်ပါ .. Administrator Prompt တက်လာရင် Yes တို့ Continue တို့ကို နှိပ်ပေးလိုက်ပါ ..
တခြား Error တက်လာရင် Antivirus ပရိုဂရမ်တွေကို ပိတ်ထားပါ .. အင်တာနက်ကွန်နက်ရှင်ကိုလည်း ပိတ်ထားပါ
အဲဒီဖိုင်နှစ်ဖိုင်ကူးထည့်ပြီးသွားပြီဆိုရင် ကျန်နေတဲ့ EasyWare Multi-Keyfile.Generator ဆိုတဲ့ ဖိုင်ကို Double Click နှိပ်ပြီး
Run ပေးလိုက်ပါ .. အောက်မှာ ပြထားတဲ့ပုံအတိုင်း တဖြည်းဖြည်းချင်း ပွင့်လာပါလိမ့်မယ်




အဲဒီထဲက Select Version အကွက်မှာ DriverEasy v4.xx.xxxxx ကို ညာဖက်အစွန်ကမြှားလေးကိုသုံးပြီး ရွေးပေးပါ
Days Left အကွက်မှာလည်း ကိုယ် Full Version အဖြစ်လိုချင်သလောက် ရက်အကန့်အသတ်ကိုရွေးပါ (မထူးပါဘူးဗျာ ..
အဲဒီထဲမှာ အများဆုံးဖြစ်တဲ့ 100 Years ကိုသာရွေးပေးလိုက်ပါ )
License Type အကွက်မှာတော့ Normal ကို ရွေးပေးပါ
Username အကွက်မှာတော့ ကိုယ့်ရဲ့နံမည်ကို ရိုက်ထည့်ပေးပါ ..
အားလုံးပြီးသွားရင် Generate ကိုနှိပ်ပေးလိုက်ပါ ..
Full Version ဖြစ်သွားပါလိမ့်မယ် .. နှစ်ပေါင်း ၁၀၀ စာ ရသွားတဲ့ Full Version ဖြစ်တဲ့အတွက် နှစ်ပေါင်း တစ်ရာကျော်သွားရင်တော့ ၀ယ်သုံးပေါ့ဗျာ .. ဟိဟိ
ကဲ .. အင်တာနက်ကို ပြန်ချိတ်ပြီး ပရိုဂရမ်ကို Run လိုက်ပါ .. Crack မလုပ်ခင်က တွေ့ခဲ့ရတဲ့ Register ဆိုတဲ့ mode လေး လုံးဝ မရှိတော့တာကို တွေ့ရပါလိမ့်မယ်
ပရိုဂရမ်ရဲ့ အောက်ဆုံးအကွက်ထဲမှာ ဖေါ်ပြပေးထားတာတွေကတော့ သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာရှိတဲ့ Hardware တွေရဲ့ Information အပြည့်အစုံပါပဲ
သူ့ကိုခိုင်းတော့မယ်ဆိုရင်တော့ သူငယ်ချင်းတို့ လိုချင်သမျှ Hardware မှန်သမျှကို ကွန်ပြူတာမှာ ချိတ်ဆက်ပြီး (ဥပမာ တစ်ချို့ဆို Printer တို့ Scanner တို့ Wifi adapter တို့အတွက် လိုအပ်တဲ့ဆော့ဝဲတွေ မရှိတော့လို့ ဒီတိုင်းထားထားရတာမျိုးပေါ့)
အားလုံးကို တပ်ဆင်ပြီးသွားပြီဆိုရင် Scan ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. သူက စက်ထဲမှာရှိသမျှ Hardware / Software တွေ အားလုံးကို စစ်ဆေးပြီး ၀င်းဒိုးကတောင်မသိတဲ့ Driver တွေကို ပြပေးပါလိမ့်မယ် ..




သူပြတဲ့ထဲက သူငယ်ချင်းတို့လိုချင်တဲ့ Driver တွေကို တစ်ခုချင်းပဲ ဒေါင်းဒေါင်း အာလုံးပဲ ဒေါင်းဒေါင်း .. သူငယ်ချင်းတို့ လုပ်ချင်တာကို
လုပ်နိုင်ပါတယ် .. ( ရှုပ်ပါတယ် .. Update တွေကို ရမှာပဲ အားလုံးဒေါင်းဖို့ Get drivers ကိုနှိပ် နောက်ထပ်ပွင့်လာတဲ့ထဲက Download All သာ နှိပ်ပစ်လိုက်ပါ )




ကဲ .. စက်ထဲမှာ လိုနေသမျှ Driver တွေအားလုံးကို Update တွေချည်းပဲ ရှာဖွေပြီး ဒေါင်းပေးသွားပါလိမ့်မယ် ..
အခုကျွန်တော် ပြောခဲ့ပြီးတဲ့ Function တွေအပြင် တခြားအသုံးဝင်တဲ့ Function တွေလည်း အများကြီးပါတယ်ဆိုတာကို
သူငယ်ချင်းတို့ ဒီဆော့ဝဲလေးကို သုံးကြည့်နေရင်းနဲ့ပဲ သိလာမှာပါ




သူငယ်ချင်းအားလုံး အဆင်ပြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

IDM ရဲ့ အင်တာနက် ဒေါင်းလုဒ်စပိကို မြှင့်မယ်

Posted by Unknown Kamis, 10 Januari 2013 0 komentar
ဒီပို့စ်လေးကို ရေးရတာ ကျွန်တော် တော်တော်ကြည်နူးမိပါတယ် ..
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ အင်တာနက်ကွန်နက်ရှင်ကြောင့်
အွန်လိုင်းမှာရှိတဲ့ ဖိုင်တွေကို ဒေါင်းယူတဲ့နေရာမှာ မကြာသင့်တဲ့အချိန်တွေ ပိုကြာသွားပြီး
လိုင်းအသုံးပြုခတွေ ပိုပြီး ကုန်ကျနေရတဲ့ သူငယ်ချင်းတွေအတွက်
တိုက်တစ်လုံး ကားတစ်စီးမဟုတ်ရင်တောင် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကူညီနိုင်ရာရောက်လို့ပါ ..
အင်တာနက်အသုံးပြုသူ တော်တော်များများဟာ Internet Download Manager ကို အသုံးပြုကြတဲ့သူက
တော်တော်များပါတယ် ..

အဲဒီ IDM ကိုပဲ Download Speed မြှင့်တင်ပေးမယ့် ဆော့ဝဲကို မျှဝေပေးမှာပါ ..
ကျွန်တော် ရဲရဲကြီး အာမခံနိုင်တာကတော့ ဒီဆော့ဝဲလေးကို Run ပြီးပြီဆိုတာနဲ့
သူငယ်ချင်းတို့ရဲ့ IDM ဟာ အရင်က လုံးဝမမြင်ဖူးခဲ့တဲ့ Download Speed ( Transfer Rate )  နဲ့
ဖိုင်တွေကို သေချာပေါက် ဒေါင်းယူပေးနိုင်မှာဖြစ်တယ်ဆိုတာပါပဲ ..
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ ..




ဒေါင်းလို့ပြီးသွားပြီဆိုရင် ရလာတဲ့ဖိုင်လေးကို ဖြည်လိုက်ပြီး အထဲမှာရှိတဲ့ IDMOptimizer ဆိုတဲ့ exe ဖိုင်လေးကို Run လိုက်ပါ
အဲဒီအခါ အောက်မှာ ပြထားတဲ့ပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက Maximizw now ကိုနှိပ်ပေးလိုက်ရင် .. ခဏလေးကြာတဲ့အခါ အောက်မှာပြထားတဲ့ ပုံအတိုင်း ပွင့်လာပါမယ်


အဲဒီထဲက Ok ကိုနှိပ်ပေးလိုက်ပါ ..
ပြီးသွားရင် IDM ကို Restart ချပေးဖို့ လိုပါတယ် ..
ဒါကြောင့် Desktop ရဲ့ ညာဖက်အောက်ဒေါင့်နားက အလံပုံလေးနားက အပေါ်မြှားကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက
IDM ရဲ့ အိုင်ကွန်ပုံလေးကို Right Click နှိပ်လိုက်ပါ .. ပွင့်လာတဲ့ထဲက exit ကို နှိပ်ပေးလိုက်ပါ



ပြီးပြီဆိုရင် Windows ရှိတဲ့ partition ( များသောအားဖြင့် C ပေါ့ ) ကိုဖွင့်ပါ ..
Programs ဖိုလ်ဒါကိုထပ်ဖွင့်ပါ
အဲဒီထဲမှာ Internet download manager ဆိုတဲ့ ဖိုလ်ဒါကို ရှာပြီး ဖွင့်ပါ ..
ပွင့်လာတဲ့ထဲက IDM ရဲ့ အိုင်ကွန်ပုံလေးနဲ့ application ဖိုင်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ ..


ကဲ .. ဖိုင်တစ်ဖိုင်လောက်ကို စမ်းပြီး ဒေါင်းလုဒ်ဆွဲကြည့်လိုက်ပါ ..
Transfer Rate မှာ ဘယ်လောက်B/sec နှုန်းနဲ့ ဒေါင်းနေလဲဆိုတာကို တစ်ချက်ကြည့်လိုက်ပါ ..
အံသြခြင်းနဲ့ ၀မ်းသားခြင်းကို တစ်ပြိုင်နက်တည်း ခံစားသွားရပါလိမ့်မယ် ..
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.