Tampilkan postingan dengan label Cracking. Tampilkan semua postingan
Tampilkan postingan dengan label Cracking. Tampilkan semua postingan

Internet Download Mandger has been registered with a fake serial number

Posted by Unknown Sabtu, 25 Januari 2014 0 komentar
Internet Download Manager သုံးတဲ့
သူငယ်ချင်းတော်တော်များများ ကြုံနေရတဲ့
စိတ်ညစ်စရာ ဖြစ်ရပ်လေးပါ ..

IDM နဲ့ ပတ်သက်ရင် ကျွန်တော်အပါအ၀င်
တော်တော်များများဟာ Crack ဗားရှင်းတွေကိုပဲ
အသုံးပြုတဲ့လူ များပါတယ် ...

အဲဒီအခါ .. အင်တာနက်နဲ့ ချိတ်ဆက်တဲ့အချိန်မှာ
ကိုယ့်ရဲ့ IDM ဟာ သူ့ရဲ့ မူရင်း Website နဲ့
ချိတ်ဆက်ပြီး Crack Version ကြီးဖြစ်ကြောင်း သိစေပါတယ် ..

ဒီတော့ .. Internet Download Mandger has been registered with a fake serial number. ဘာညာနဲ့ ကျွန်တော်တို့ကို သူခိုးတွေ လူလိမ်တွေလို့ စွပ်စွဲပါတော့တယ်







Ok ကို နှိပ်လိုက်ရင် သူ့ရဲ့ Website ကို ရောက်သွားမှာဖြစ်ပြီး
Cancel ကို နှိပ်လိုက်ရင် Box က ပိတ်သွားမှာဖြစ်ပါတယ်

ဒါပေမယ့် မိနစ်အနည်းငယ်လောက်ကြာတဲ့အခါမှာ အဲဒီ Message Box ဟာ
ထပ်ကာထပ်ကာနဲ့ ပြန်ပြန်ပွင့်လာမှာဖြစ်လို့ စိတ်ညစ်စရာကောင်းပါတယ်

ဒါကြောင်း ဒီပို့စ်လေးမှာ အဲဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အလွယ်ဆုံးနည်းလမ်းလည်းဖြစ်
100% Working လည်း ဖြစ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးမှာဖြစ်ပါတယ် ..

အရင်ဆုံး သူငယ်ချင်းတို့ ဆီမှာ ရှိတဲ့ IDM ကို အဆင်ပြေရာ Patch ဖိုင်တစ်ခုခုနဲ့ Full Version ဖြစ်အောင်
Crack ထားဖို့တော့ လိုပါမယ် .. ( အားလုံးနီးပါးလည်း လုပ်ထားပြီးသား ဖြစ်နေမှာပါ )

အဲဒီလို မလုပ်ရသေးရင်တော့ IDM ဗားရှင်း အားလုံးကို Crack နိုင်တဲ့ Patch ဖိုင်ကို ဒီနေရာ မှာ ဒေါင်းယူနိုင်ပါတယ်

Patch ပေးတာ မတတ်သေးရင်တော့ ဒီပို့စ် မှာ သွားရောက် လေ့လာနိုင်ပါတယ်

ကဲ .. ပြီးပြီဆိုရင်တော့ ...
My computer >> C >> Program files >> Internet Download Manager ဆိုပြီး ဖိုဒါအဆင့်ဆင့်
ဖွင့်ဝင်လိုက်ပါ

Internet Download Manager ဆိုတဲ့ ဖိုဒါထဲမှာ IDMGrHlp.exe ဆိုတဲ့ ဖိုင်နဲ့ idmBrocker.exe ဆိုတဲ့ ဖိုင်နှစ်ဖိုင်ကို ရှာပါ

idmBrocker ဆိုတဲ့ဖိုင်ကို Desktop ပေါ်ဆွဲတင်လိုက်ပါ
အဲဒီဖိုင်ပေါ်မှာ Right Click နှိပ်ပြီး Rename ကိုရွေးပါ ..
ပြီးရင် idmBrocker ဆိုတဲ့ နေရာမှာ IDMGrHlp လို ပြောင်းပေးလိုက်ပါ
(စာလုံး အကြီးအသေးမှားလို့ မရပါဘူး )



ပြီးရင် Internet Download Manager ဖိုဒါထဲမှာ ကျန်နေခဲ့တဲ့ IDMGrHlp.exe ဖိုင်ကိုလည်း Right click နှိပ်ပြီး Rename ကိုရွေးပါ
ပြီးရင် IDMGrHlp ဆိုတဲ့စာလုံးကို idmBrocker လို့ ပြောင်းပေးလိုက်ပါ



ပြီးရင် Desktop ပေါ်က IDMGrHlp လို့ အမည်ပြောင်းထားတဲ့ဖိုင်ကို Internet Download Manager ဖိုဒါထဲကို ပြန်ထည့်ပေးလိုက်ပါ



အလွယ်ပြောရရင် IDMGrHlp.exe ဖိုင်နဲ့ idmBrocker.exe ဖိုင်နှစ်ဖိုင်ကို နံမည် လဲပေးလိုက်တဲ့ သဘောပါ

ကဲ .. ပြီးပြီဆိုရင်တော့ သူငယ်ချင်းတို့ကို စိတ်ညစ်စေတဲ့ Message Box လေးဟာ လာပါလို့ ခေါ်ရင်တောင် တက်မလာနိုင်တော့ ပါဘူး

အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ကောင်းကင်ဘုံကဆော့ဝဲ Heaventools PE Explorer 1.99 R6

Posted by Unknown Kamis, 03 Oktober 2013 0 komentar
ဒီဆော့ဝဲလေးက တစ်ကယ်ဆိုရင်
သိပ်ကို ရှားပါးတဲ့အပြင်
Full Version အဖြစ်ရနိုင်ဖို့လည်း
တော်တော်လေး ခက်ခဲတဲ့
ဆော့ဝဲလေးဖြစ်ပါတယ်

Heaventools PE Explorer လို
ခေါ်ပါတယ်

Cracker တွေရဲ့လောကမှာတော့ Heaven Tool လို လူသိများပါတယ်
ကောင်းကင်ဘုံက ဆော့ဝဲပေါ့ဗျာ


ကဲ .. ဒီဆော့ဝဲလေးကို ဘယ်နေရာမှာသုံးတာလဲဆိုတော့
Trail Version ဆော့ဝဲတွေကို Full Version အဖြစ် အသုံးပြုနိုင်ဖို့
Cracking လုပ်တဲ့နေရာမှာ အဓိက အသုံးပြုပါတယ်

အသေးအမွှားကိစ္စတွေအနေနဲ့တော့ ဆော့ဝဲတွေရဲ့ Icon တွေကို ကိုယ်နှစ်သက်သလို
ပြောင်းလဲတာ ... ဆော့ဝဲထဲက Coding တွေကို လိုအပ်သလို ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ
စတဲ့နေရာတွေမှာ အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်တဲ့ ဆော့ဝဲဖြစ်ပါတယ်

Software Developer တွေနဲ့ Software Cracker တွေအတွက်တော့ Resource Hacker ဆိုတဲ့
ဆော့ဝဲထက် အဆပေါင်းများစွာ အားကိုးလို့ရတဲ့ ဆော့ဝဲပဲ ဖြစ်ပါတယ်

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ဒေါင်းလို့ရလာတဲ့ထဲက Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ

Install လုပ်လို့ ပြီးသွားရင်တော့ Crack ဆိုတဲ့ ဖိုလ်ဒါထဲက ဖိုင်တွေအားလုံးကို
C >> Program Files >> PE Explorer ဆိုတဲ့ ဖိုလ်ဒါထဲကို ကူးထည့်ပေးလိုက်ပါ

ပွင့်လာတဲ့ Message Box တွေမှာ Replace ပါတာကို ရွေးပေးလိုက်ပါ

ဒါဆိုရင်တော့ Full Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

IDM ဗားရှင်းမှန်သမျှ Full ဖြစ်စေသတည်း

Posted by Unknown Minggu, 13 Januari 2013 0 komentar
IDM လို့ အလွယ်ခေါ်နေကြတဲ့ Internet Download Manager ဟာ အင်တာနက် အသုံးပြုနေသူ ရာခိုင်နှုန်းတော်တော်များများအတွက် အသုံးဝင်ဆော့ဝဲတစ်မျိုးပဲ ဖြစ်ပါတယ် ..
ခက်တာက IDM ရဲ့ ဗားရှင်းအသစ် ထွက်နိုင်တဲ့နှုန်းဟာ ကမ္ဘာ့သားပေါက်နှုန်းအမြင့်ဆုံးဆု ရနိုင်လောက်အောင် ပါပဲ ..
ကဲ .. ထားပါတော့ ကျွန်တော်တို့တွေက IDM ဗားရှင်းအသစ်ထွက်လာပြီဆိုရင် Full Version လေးအဖြစ် အသုံးပြုနိုင်ဖို့ Patch ဖိုင်တွေ Crack ဖိုင်တွေနဲ့ လိမ်လည်လှည့်စားပြီး Fake Serial တွေ ဖြည့်ပြီးမှ သုံးကြရပါတယ် ..

အဲဒီလို လုပ်ပြီး သုံးနေရာကနေ နောက်ထပ် ဗားရှင်းအသစ်ထွက်လာရင် Notification တွေတက်လာ ဗားရှင်းအသစ်ကို မတော်တဆဒေါင်းယူ Install လုပ်လိုက်မိရင်လည်း Fake Serial ကြီးကို သိသွားပြီး Full Version အဖြစ်ကနေ Trail Version ဖြစ်သွားပြန်ရော ..
ကဲ .. အဲဒီတော့ IDM အနေနဲ့ သူတတ်နိုင်လို့ တစ်ရက်ကို ဗားရှင်းအသစ်တစ်မျိုးပဲ ထွက်ထွက် ...
ထွက်လာသမျှကို ဆန္ဒရှိသလောက်ဒေါင်းပြီးသုံး Full Version အဖြစ်ပဲ လုပ်ယူနိုင်မယ် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် .. ဆော့ဝဲလို့သာ အလွယ်ပြောလိုက်တာပါ .. Patch ဖော်ပြီး Fake Serial ကို အပြောင်းအလဲလုပ်ပေးမယ့် ပရိုဂရမ်ငယ်လေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူလိုက်ပါ




ဗားရှင်းအသစ်ထွက်လာလို့ အသစ်အဆန်းကိုမှ သုံးချင်တယ်ဆိုရင်လည်း ဒေါင်းသာဒေါင်းပြီး Install လုပ်လိုက် ပြီးရင် ကျွန်တော်ပေးတဲ့ ဆော့ဝဲလေးကိုသူ အရင်က IDM တွေကို Patch ပေးတဲ့ နည်းစနစ်အတိုင်း လုပ်ပေးလိုက်ပါ ..
Patch လုပ်တဲ့နည်းကို မသိသေးဘူးဆိုရင်တော့ ဒီမှာ သွားပြီးဖတ်နိုင်ပါတယ် ..

ထွက်လာသမျှဗားရှင်းတိုင်းကို Full Version ဖြစ်သွားအောင် ဒီ Patch တစ်ခုတည်းကပဲ ဖြေရှင်းပေးသွားပါလိမ့်မယ် ..
ကဲ .. သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 7 သမားတွေအတွက် Special Activator

Posted by Unknown Selasa, 18 Desember 2012 0 komentar
Windows 8 လေးထွက်တော့ ကျွန်တော်လည်း Windows 8 ကို တင်ပြီးသုံးကြည့်သေးတယ် ..
ဒါပေမယ့် ကျွန်တော့်ရဲ့ စမ်းသပ်ရှာဖွေတတ်တဲ့ အကျင့်ဆိုးကြောင့် .. သူ့ရဲ့ အားသာချက် အားနည်းချက်တွေကို လိုက်ရှာ .. အားသာချက်တွေက ဘယ်စနစ်ကိုသုံးထားလို့ .. ဘယ်ပရိုဂရမ်ကို အပိုမောင်းနှင်ထားလို့ .. အားနည်းချက်တွေက ဘာတွေ .. ဘယ်အားနည်းချက်ကို ဘယ်လို ဖြေရှင်းရင်ရမလဲ .. အဲဒီလို ကမ္ဘာမကျော် ဒေါ်လာမရတဲ့ စပ်စပ်စုစုဥာဏ်ဆိုးတွေကြားမှာပဲ Windows 8 နဲ့ ပတ်သက်ပြီး ကျွန်တော်မကြိုက်တဲ့အချက်တွေကို တွေ့လာရပါတယ် .. (မစားတဲ့အသီးတော့ ချဉ်ပစ်တာပဲကောင်းတယ်) ..

ကျွန်တော်က စာစီစာရိုက်တာတွေ၊ ဓာတ်ပုံပြင်တာတွေလည်း လုပ်နေရတော့ ကျွန်တော်သုံးနေတဲ့ ပရင်တာတွေနဲ့ ၀င်းဒိုး 8 က သိပ်အဆင်မပြေဘူးဖြစ်နေတယ် .. .. ဒါနဲ့ပဲ ကိုယ့်အလုပ်ကိုငဲ့ပြီး ၀င်းဒိုး 8 ကိုဖြုတ်ချ .. Windows 7 ကိုပြန်တင် ... ကဲ .. လောလောဆည်တော့ ဒါနဲ့ပဲ နှစ်ပါးသွားရတော့မှာပေါ့ ..
ကဲ .. ထားပါတော့လေ .. မဆိုင်တာက အရင်ပြောမိပြီ ..
ကျွန်တော့်ဆီမှာရှိတဲ့ Windows 7 Special Activator ဆိုတာလေးကို ပေးမလို့ပါ ..
ဒါများကွာ .. လို့တွေးကောင်းတွေးလိမ့်မယ် .. ဒီကောင်လေးကိုကျွန်တော်ရထားတာ တော်တော်ကြာပြီဗျ .. ဒါပေမယ့် ဖိုင်ဆိုဒ်က 1Mb ပဲရှိတာဆိုတော့ ကျွန်တော်က သူ့ကို အဆင်ပြေလောက်မှာမဟုတ်ဘူး .. နံမည်နဲ့ဖိန့်ထားတာလို့အထင်နဲ့ မသုံးကြည့်မိခဲ့ဘူး ..
အခု ၀င်းဒိုး 7 တင်ပြီးမှ အရင်ရှိထားပြီးသား Activator တွေကို လိုက်ရှာတော့ Antivirus က တွယ်ချိုးသွားလို့ ကုန်ပါလေရောလား .. ၀င်းဒိုးကလည်း Activate မဖြစ်တော့ ၀င်းဒိုးကိုဖွင့်လိုက်တိုင်း Box တွေက တစ်မျိုးပြီးတစ်မျိုးတက်နေတယ်လေ ..




အဲဒါနဲ့ .. USB လေးထဲသိမ်းထားတဲ့ဒီကောင်လေးကိုပဲ မယုံမကြည့်နဲ့ Run ကြည့်လိုက်တာ .. ဟိုက်ရှားဘားစ် .. သေးသေးလေးနဲ့ တစ်ကယ်တော်တဲ့ကောင်ဗျို့ ... ကျွန်တော့်ဝင်းဒိုးကြီး Activate ဖြစ်သွားရော ..
အဲဒါနဲ့ .. ပိုပြီးစမ်းကြည့်ချင်လို့ သူငယ်ချင်းတွေရဲ့ Windows 7 တခြား Edition တွေကိုလည်း Activate မဖြစ်သေးတာတွေလိုက်ရှာပြီး သူ့ကို Run ကြည့်လိုက်တယ် .. Edition အားလုံးအတွက် အဆင်ပြေတယ်ဗျ ...
ကဲ .. Windows 7 Activate မဖြစ်သေးတဲ့သူငယ်ချင်းများ .. အောက်မှာဒေါင်းယူလိုက်ပါဗျာ ..


ဒေါင်းလို့ပြီးသွားပြီဆိုရင်တော့ ရလာတဲ့ဖိုင်ကို ဖြည်လိုက်ရင် .. အထဲမှာ Application ဖိုင်လေးထွက်လာပါမယ် ..
အဲဒီဖိုင်ကို Double Click နှိပ်ပြီး Run လိုက်ပါ .. Administrator Prompt တက်လာရင် Ok ကို နှိပ်ပေးလိုက်ပါ ..
ပြီးရင်တော့ အောက်ကပုံလေးအတိုင်း တက်လာပါမယ် .. (ပုံကြည့်ရတာဝါးနေ .. သေးနေရင် ပုံပေါ်ကို မောက်စ်တင်လိုက်ပါဗျာ)


အဲဒီထဲကမှ .. Install ဆိုတာကိုနှိပ်ပေးလိုက်ရုံပါပဲ .. တခြား Box တွေတက်လာရင်လည်း Yes တို့ Ok တို့ Next တို့ Continue တို့သာနှိပ်ပေးလိုက်ပါ .. (တက်လေ့တော့မရှိပါဘူး)
အဲ .. နောက်ဆုံးတော့ Restart ကျသွားပြီး ပြန်တက်လာတဲ့အခါ .. Desktop ကြီးရဲ့ ညာဖက်အောက်ဒေါင့်က ၀င်းဒိုးကော်ပီစာတမ်းကြီးလည်း ပျောက်သွားမယ် .. Control Panel ကိုဝင်ပြီး System ကိုသွားကြည့်လိုက်ရင်လည်း Windows is activated ဆိုတဲ့စာတမ်းလေးကို တွေ့နိုင်မှာဖြစ်ပါတယ်ဗျာ ..

အဲဒီထက်ပိုပြီး နားလည်သေးတယ်ဆိုရင် ဒီဆော့ဝဲလေးရဲ့ Profiles နဲ့ Advanced Options နေရာတွေမှာ လိုက်ပြင်ပြီး .. ကိုယ်လိုချင်တဲ့ အနေအထားတချို့ကို ပြောင်းနိုင်ပါသေးတယ် .. အဲဒီအဆင့်ကိုတော့ Registry ပိုင်းကို လှည့်စားတဲ့အဆင့်တွေပါနေလို့ မပြောတော့ပါဘူး ..
ကဲ .. သူငယ်ချင်းအားလုံး အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


     အိုင်တီမုဆိုး

Baca Selengkapnya ....

RAR Password ကို ဆော့ဝဲသုံးပြီး Crack မယ်

Posted by Unknown Selasa, 04 Desember 2012 0 komentar
ဖြစ်ပုံများကတော့ ပြောမပြောချင်ပါဘူး .. သူငယ်ချင်းတွေ ၀င်ဝင်ကလိလေ့ရှိတဲ့ ကျွန်တော့်စက်ထဲမှာ ကျွန်တော့်အတွက် အသုံးဝင်တဲ့ဆော့ဝဲလေးတွေကို RAR အဖြစ်ချုံ့ပြီး Password လေးတွေနဲ့ ထားတာလေ .. ဖြစ်ချင်တော့ ကိုယ်အသုံးလိုလို့ ပြန်ဖြည်မယ်လုပ်တော့ Password က မေ့နေလိုက်တာ ဘယ်လိုမှကို ပြန်စဉ်းစားလို့ မရတော့ဘူး ..
ဒါနဲ့ ကိုယ့် Password ကိုယ် ပြန် Crack ဖို့ နည်းလမ်းရှာရတော့တာပေါ့ ... RAR Password ကို ဟက်နိုင်တဲ့ ဆော့ဝဲတွေဆိုလည်း ဒေါင်းလိုက် စမ်းလိုက်နဲ့ စိတ်တိုင်းကျကို ဖြစ်မလာတတ်ဘူး ..
ဒီလိုနဲ့ ကျွန်တော့် အစ်ကိုကြီး ကိုပြည့်ဖြိုး ရဲ့ဆိုဒ်မှာတင်ထားတဲ့ ဆော့ဝဲလေးကို ဒေါင်းပြီး စမ်းလိုက်တာ တော်တော်လေးလွယ်ကူတဲ့အပြင် အဆင်လည်း ပြေသွားတယ် ..
အဲဒါနဲ့ ကိုယ့်လို ဒုက္ခရောက်နေတဲ့လူများရှိရင် အဆင်ပြေအောင်လို့ install လုပ်ပြီး patch ပေးပုံ RAR Password ကို Crack ပုံတွေကို အသေးစိတ် ပြန်လည်မျှဝေလိုက်ပါတယ် ..
လောလောဆည် ဆော့ဝဲမရှိသေးရင်တော့ အောက်မှာ ဒေါင်းယူလိုက်ပါ . (ကျွန်တော်လည်း ကိုပြည့်ဖြိုးရဲ့ ဆိုဒ်ကနေဒေါင်းယူပြီး ကြိုက်လို့ ပြန်တင်ပေးထားလိုက်တာပါ)




ကဲ .. ဒေါင်းပြီးပြီဆိုရင်တော့ ရလာတဲ့ ဖိုင်ကိုဖြည်လိုက်ရင် rar ဖိုင်တစ်ဖိုင်နဲ့ exe ဖိုင်တစ်ဖိုင်ထွက်လာပါမယ် ..
အဲဒီထဲက exe ဖိုင်ကို Double Click နှိပ်ပြီး run လိုက်တာနဲ့ Install လုပ်ငန်းစဉ်တွေအတိုင်း Next , Accept , continue စတာတွေကို အလိုက်သင့်ပေးလိုက်ရုံပါပဲ ..
အဲ .. နောက်ဆုံးအဆင့်ရောက်တော့ အောက်ကပုံအတိုင်း တက်လာပါမယ် ..


အဲဒီထဲက Lunch rar password recovery ဆိုတာလေးရဲ့ရှေ့က အမှန်ခြစ်လေးကို ဖြုတ်ပြီးမှ Finish ကို နှိပ်ပေးလိုက်ပါ .. ( Full Version ဖြစ်အောင် Patch ပေးရဦးမှာမို့ပါ)
ပြီးရင် .. Desktop ပေါ်က Rar Password Recovery ဆိုတဲ့အိုင်ကွန်လေးကို Right Click နှိပ်ပြီး ကျလာတဲ့ထဲက Open file location ကိုနှိပ်လိုက်ရင် RAR ရဲ့ ဖိုလ်ဒါပွင့်လာပါမယ် ..



အဲဒီထဲကို ဒေါင်းယူထားတဲ့ထဲက rar ဖိုင်ကိုဖြည်ပြီး ထွက်လာတဲ့ Patch ဖိုင်လေးကို ဆွဲထည့်ချင်ဆွဲထည့် Copy to paste လုပ်ပြီး ထည့်ချင်ထည့် .. အဲဒီလိုထည့်ရင် ဖိုင်နံမည်တူရှိနေလို့ သတိပေးတဲ့ Box တက်လာရင် Replace (ဒါမှမဟုတ်) Overwrite ကိုနှိပ်ပေးလိုက်ပါ .. နောက်ထပ် သတိပေးစာတမ်းတက်လာတာကိုတော့ Continue ကိုနှိပ်ပေးလိုက်ပါ ..
ပြီးရင် အခုထည့်လိုက်တဲ့ Patch ဖိုင်လေးကို Double Click နှိပ် (ဒါမှမဟုတ်) Right Click >> Run as administrator နဲ့ Run ပေလိုက်ရင် အောက်ကပုံအတိုင်း ကျွန်တော့်ကောင်မလေးရဲ့ပုံထည့်ထားတဲ့ Patch ပုံလေးတက်လာပါမယ် ..


:P
အဲဒီထဲက Patch ကိုနှိပ်လိုက်ရင် အောက်ကလို Box လေးတက်လာပါမယ် ..


Yes ကိုနှိပ်ပေးလိုက်ပါ .. ခဏလောက်ကြာတာနဲ့ Patch ပေးပြီးတဲ့အကြောင်း ပုံထဲက စာတမ်းလေး တစ်ချို့ ပြောင်းသွားပါမယ် ..
Exit ကိုနှိပ်ပေးလိုက်ပါ .. ဆော့ဝဲလေးဟာ Full Version ဖြစ်သွားပါပြီ .. (တခြားဆော့ဝဲတွေကို Patch ပေးရင်လည်း ဒီနည်းနဲ့ပေးတာ အလွယ်ဆုံးပါ .. )

ကဲ .. ဆော့ဝဲအသုံးပြုပုံကို ဆက်ပြီးပြောပြပါမယ် ..
Rar Password Recovery အိုင်ကွန်လေးကို Run လိုက်ရင် အောက်ကပုံအတိုင်း ကိုယ် crack မယ့် rar ဖိုင်ကိုရွေးချင်းတဲ့ ပုံလေးတက်လာပါမယ် .. အကွက်ရဲ့ဘေးက လေးထောင့်ကွက်လေးကိုနှိပ်လိုက်တာနဲ့ ဖိုင်ရှာစရာပွင့်လာပါမယ် .. ကိုယ် crack ချင်တဲ့ rar ဖိုင်ကိုရွေးပေးပြီး စာတမ်းသုံးခုအနက်က တစ်ခုခုရဲ့ရှေ့မှာ အမှတ်ထည့်ပေးပါ ..



  • Brute-force attack ဆိုတာကတော့ Password ကို လုံးဝစဉ်းစာလို့မရရင် ရွေးရမှာပါ
  • Mask attack ဆိုတာကတော့ Password တစ်စိတ်တစ်ပိုင်းသိရင်ရွေးရမှာပါ
  • Dictionary attack ဆိုတာကတော့ ကိုယ်ပေးထားတဲ့ Password ဟာ Dictionary ထဲက အဓိပ္ပါယ်တစ်ခုခုဆောင်နေတဲ့ word တစ်ခုခုလို့ သိထားတဲ့အခါမှာ ရွေးရမှာပါ .. 
ကဲ .. ကျွန်တော်က ဘာမှမမှတ်မိတဲ့ Password အတွက် Brute-force attack ကို ရွေးပြထားပါတယ်
ပြီးရင်တော့ Next ကိုနှိပ်လိုက်တာနဲ့ အောက်ကပုံလေးပွင့်လာပါမယ် ..


အဲဒီထဲက Minimal length ဆိုတာက Password ရဲ့ အနည်းဆုံးဖြစ်နိုင်တဲ့ အလုံးအရေအတွက်ပါ .. (ကိုယ်က လေးလုံးအထက်ပဲပေးလေ့ရှိတယ်လို့ သိထားရင် 4 လို့ပြောင်းပေးရမှာပေါ့ .. အဲဒါဆိုရင် Password အရေအတွက် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး အတွက် ရှာဖွေတဲ့အဆင့်တွေကို ဆော့ဝဲက အလိုလိုကျော်သွားပေးမှာပါ)
Maximal length ကတော့ အများဆုံးဖြစ်နိုင်တဲ့ Password အလုံးအရေအတွက်ပါ .. (15 လို့ သတ်မှတ်ပေးလိုက်ရင် စာလုံးအရေအတွက် ၁၅လုံးပါတဲ့ Password တွေအထိ ဦးစားပေးပြီး တွက်ချက်ဖော်ထုတ်မှာ ဖြစ်ပါတယ် .. Password အလုံးအရေအတွက်များလေ အလုပ်လုပ်တဲ့အချိန် ကြာလေလေပါပဲ .. )
အောက်က Character Sets တွေကတော့ Password တွေထဲမှာ သုံးထားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ စာလုံးအမျိုးအစားတွေကို ရွေးခြယ်ခိုင်းတာဖြစ်ပါတယ် .. (ကျွန်တော်ကတော့ Password တွေကို a,b,c,d တွေရော ဂဏာန်းတွေရော Special Symbol တွေ (!@#...) ပေးလေ့ရှိတဲ့အတွက် a-z ဆိုတာရယ် .. A-Z ဆိုတာရယ် Include Special Symbols ဆိုတာရယ်နဲ့ 0-9 ဆိုတာရယ်တွေရဲကရှေ့မှာ အမှန်ခြစ်တွေ တပ်ပေးလိုက်ပါတယ် ..
ပြီးရင်တော့ Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒါ .. သူ့ရဲ့ အလုပ်စလုပ်နေတဲ့ပုံပါ .. ဒီနေရာမှာ တခြား Program တွေကို ပိတ်ထားသင့်ပါတယ် .. ဘာကြောင့်လဲဆိုတော့ ဒီဆော့ဝဲက Password ကို crack လုပ်နေပြီဆိုရင် CPU အသုံးပြုနှုန်း သိပ်မြင့်ပါတယ် .. တွက်ချက်ရမယ့် Password ခက်ရင်ခက်သလို CPU အသုံးပြုမှုမြင့်မားသလို စောင့်ဆိုင်းရတဲ့အချိန်ကလည်း ပိုပြီးကြာပါတယ် ..
အားလုံးပြီးသွားရင်တော့ အောက်ကပုံအတိုင်း မှန်ကန်တဲ့ Password တစ်ခုပွင့်လာပါမယ် ..


အဲဒီထဲက Copy ကိုနှိပ်လိုက်တာနဲ့ ရလာတဲ့ Password ကို ကော်ပီယူပြီးသား ဖြစ်သွားပါမယ် ..

Password မေ့သွားတဲ့ RAR ဖိုင် ဖွင့်လိုက်ပြီး Password တောင်းပြီဆိုတာနဲ့ Password ထည့်ရမယ့်အကွက်ထဲက Right Click နှိပ်ပြီး Paste ကိုရွေးလိုက်ရင် .. ကူးယူထားတဲ့ Password လေး ရောက်လာပြီး Password ခံထားတယ်ဆိုတဲ့ RAR ဖိုင်ဟာ တင်းမခံနိုင်တော့ပဲ .. အပျိုရည်ပျက် ( .. အဲလေ ..) ပွင့်သွားပါလိမ့်မယ် ..
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး 



Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.