Windows 8 အသုံးပြုနည်း pdf

Posted by Unknown Minggu, 12 Mei 2013 0 komentar
Windows 8 အသုံးပြုနည်း စာအုပ်လေး
လင့်သေသွားပြီလို့ Comment မှာ ရေးထားခဲ့လို့
ပြန်တင်ပေးလိုက်တာပါ ..
ဒေါင်းမရတော့တဲ့ လင့်လေးတွေကို
အခုလိုပဲ နံမည်နဲ့တကွက် ပြန်ပြောပေးခဲ့တာကို
ကျေးဇူးတင်ပါတယ် ..
တတ်နိုင်သလောက်တော့ ပြန်တင်ပေးပါ့မယ် .. တစ်ခါတစ်ခါတော့ ဒေါင်းမရတော့တာပဲ သိရပြီး
ဘယ်ဟာကို ဒေါင်းမရတော့တာမှန်း မသိရတော့
ပြန်မတင်ပေးဖြစ်သေးတာလေးတွေလည်း ရှိနေပါသေးတယ် ..


တဖြည်းဖြည်းနဲ့လည်း ပြန်တင်ပေးသွားပါ့မယ် ..

ကဲ ... Windows 8 အသုံးပြုနည်းစာအုပ်ကို ဒီမှာ ဒေါင်းနိုင်ပါပြီဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

စောင်းနေတဲ့ Video Clip တွေကို လိုချင်တဲ့ ဒီဂရီအတိုင်း လှည့်မယ် တည့်မယ်

Posted by Unknown Sabtu, 11 Mei 2013 0 komentar
Facebook Page မှာ မေးထားတာလေးပါ
တော်တော်များများအတွက်လည်း အသုံးဝင်မယ့်
နည်းပညာလေးမို့ ဘလော့မှာ တင်ပေးလိုက်တာပါ
Dear visitor,
I've shared a trick "To rotate a video clip by any degree".
If you are the one who doesn't know Burmese, watch the
tutorial video at the end of this article in which I've discribed in English.
Be enjoy!


To download the required program.

This Link is it website.(about 2 MB)

This Link is the file I uploaded ( added the required plug ins).(about 7 MB)


အကြောင်းကြောင်းကြောင့် မှတ်တမ်းတင်ရိုက်ကူးထားတဲ့
ဗွီဒီယိုဖိုင်တွေမှာ View စောင်းနေတာတွေကို ပြန်တည့်ပေးမယ့်နည်းလေးပါ
Video Rotater လို ဆော့ဝဲတော်တော်များများ ရှိပေမယ့် အဲဒီဆော့ဝဲတွေက
90 degrees ... 180 degrees ... Flip .. အဲဒီလို သတ်မှတ်ထားတဲ့ ဒီဂရီပမာဏအတိုင်းပဲ
ပြန်လှည့်လို့ ရတာဖြစ်တဲ့အတွက် ကြားခုလပ်က ပမာဏလောက် တိမ်းစောင်းနေတာမျိုးတွေကိုတော့
အဆင်ပြေအောင် လုပ်မပေးနိုင်ပါဘူး ..
အခု ကျွန်တော် တင်ပေးထားတဲ့ ဆော့ဝဲလေးကတော့ Free လည်း ရတဲ့အပြင် ကိုယ်လိုချင်တဲ့ Degree အတိုင်း ပြန်တည့်လို့ရပါတယ် ..

ကဲ .. ဆော့ဝဲကို ကိုယ့်စိတ်ကြိုက် Update ဒေါင်းချင်ရင် သူ့ရဲ့ မူရင်းဆိုက်ဖြစ်တဲ့ ဒီနေရာ မှာ ၀င်ရှာပြီး ဒေါင်းယူပါ ( 2 MB ကျော် ရှိပါတယ် )

အဲ .. သုံးလို့ အဆင်အပြေဆုံးဖြစ်အောင် လိုအပ်တဲ့ Plug In တော်တော်များများကို ထည့်သွင်းထားပြီးတဲ့ ရှယ်ဆော့ဝဲကို လိုချင်ရင်တော့ ဒီမှာ တင်ပေးထားပါတယ် .. ( 7 MB ကျော်ရှိပါတယ် )

Install လုပ်စရာမလိုပဲ အထဲမှာရှိတဲ့ VirtualDub ဆိုတဲ့ exe ဖိုင်လေးကို ဖွင့်သုံးရုံပါပဲ

ကဲ .. အသုံးပြုနည်း အကြမ်းဖျဉ်းလေး ပြောပြပါမယ် ..

VirtualDub  ဆိုတဲ့ Application ဖိုင်လေးကို Run လိုက်ပါ
ပထမဆုံး Run တဲ့အချိန်မှာ တက်လာတဲ့ ပထမ Box ကို Ok နှိပ်ပေးလိုက်ပါ
ဒုတိယ Box မှာတော့ Start VirtualDub ကို နှိပ်ပေးလိုက်ပါ
ပြီးရင်တော့ ပွင့်လာတဲ့ထဲက File ကနေ Open video file ကိုနှိပ်
ကိုယ်ပြင်ချင်တဲ့ ဗွီဒီယိုဖိုင်ကို ဖွင့်ပေးလိုက်ပါ
ပြီးရင် Video ဆိုတာကို နှိပ်လိုက်ပြီး ကျလာတဲ့ထဲက အပေါ်ဆုံးမှာရှိတဲ့ Filters ကိုနှိပ်ပါ ..
ပွင့်လာတဲ့ထဲက Add ဆိုတာကို နှိပ်လိုက်ပြီး ပွင့်လာတဲ့ထဲက rotate 2 ကိုရွေးပါ
ပြီးရင်တော့ ကိုယ် တည့်ချင်တဲ့ပမာဏကို တွက်ချက်ပြီးထည့်ပေးပါ
ဒီနေရာမှာ ဘယ်ဖက်ကို လှည့်ချင်တယ်ဆိုရင် သာမာန် ကိန်းဂဏန်းကိုပဲ ရိုက်ထည့်ရပြီး
ညာဖက်ကိုလှည့်မယ်ဆိုရင်တော့ ကိန်းဂဏန်းရှေ့မှာ အနှုတ်လက္ခဏာလေး ထည့်ပေးရမှာပါ
ပြီးရင် ကိုယ့်ဗွီဒီယိုဖိုင်ထဲက Background အရောင်နဲ့အနီးစပ်ဆုံးအရောင်ကို ရွေးပေးပြီး
Ok တွေကို နှိပ်ပေးလိုက်ရင် ဗွီဒီယိုဖိုင်ဟာ ကိုယ်သတ်မှတ်ပေးလိုက်တဲ့ ဒီဂရီအတိုင်း
လှည့်သွားပါလိမ့်မယ် ..
ကိုယ်မှန်းဆပြီးထည့်လိုက်တဲ့ ဒီဂရီက မမှန်လို့ ဗွီဒီယိုဖိုင်ဟာ ကွက်တိမဖြစ်သွားဘူးဆိုရင်
အရင်အဆင်အတိုင်းပဲ Video >> Filters >> Add >> rotate 2 လို့ အဆင့်ဆင့်ပြန်သွားပြီး
အရင်အဆင့်မှာထည့်ခဲ့တဲ့ Filter မှတ်ချက်ကို ကလစ်ပေးပြီး ညာဖက်ထဲက Delete ကိုနှိပ် Ok ကိုနှိပ်လိုက်ရင် အရင်အဆင့်တုန်းက ပြင်ခဲ့တာတွေ ပျက်သွားပါမယ် ..
အဲဒီတော့ Video >> Filters >> Add >> rotate 2 လို့ အဆင့်ဆင့်ပြန်သွားပြီး ဒီဂရီ အတိုးအလျှော့ နဲ့
Background အရောင်တွေကို ပြန်လည်ချိန်ညှိပေးရမှာ ဖြစ်ပါတယ် ...
အားလုံးကို သဘောကျတဲ့အနေအထား ရသွားပြီဆိုရင်တော့ File ကနေ Save as AVI ကိုနှိပ်ပြီး
ဖိုင်နံမည်ပေးပြီး Save လိုက်ရင် ပြုပြင်ထားပြီးသား ဗွီဒီယိုဖိုင်လေးဟာ My Videos ဆိုတဲ့ ဖိုဒါထဲမှာ .avi ဖိုင်အဖြစ်နဲ့ ရောက်ရှိသွားမှာဖြစ်ပါတယ် ...

ကဲ .. ပိုပြီး နားလည်အောင် အောက်က ဗွီဒီယိုဖိုင်လေးမှာ ဆက်ပြီး လေ့လာကြည့်နိုင်ပါတယ်





အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 7 Manager v4.2.6 Final

Posted by Unknown 0 komentar
Windows 7 သုံးတဲ့ သူငယ်ချင်းတွေအတွက်
Windows 7 Manager နောက်ဆုံးဗားရှင်းလေး
တင်ပေးလိုက်ပါတယ်

Windows 7 Manager v4.2.6 Final ပဲ ဖြစ်ပါတယ်
Full Version အဖြစ် အသုံးပြုနိုင်အောင်
Keygen ဖိုင်ပါ ထည့်ပေးထားပါတယ် ..

ဘာအတွက်သုံးတာလဲဆိုရင်တော့ ..
ဘယ်အလုပ်မှာ မဆို မန်နေဂျာတစ်ယောက်ရဲ့ အလုပ်ဟာ
ဘာတွေလဲလို့ စဉ်းစားကြည့်လိုက်ပါ ...


ဒါဆိုရင်တော့ Windows 7 ရဲ့ မန်နေဂျာ ဆိုတာ ဘာလဲလို့
သိလာပါလိမ့်မယ် ...

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းပါ

အဆင်ပြေကြပါစေနော်

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ပရိုဂရမ်မာများအတွက် Advanced Installer Architect

Posted by Unknown Kamis, 09 Mei 2013 0 komentar
Programmer တွေ Programming Language တွေကို
လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် သိပ်ကို အဖိုးတန်တဲ့
ဆော့ဝဲလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..

ကျွန်တော်ကိုယ်တိုင်လည်း Project တွေ ရေးသားရတာကို
ဝါသနာအလျောက်လေ့လာနေတဲ့ လူတစ်ယောက်မို့
ဒီဆော့ဝဲလေးရဲ့ အသုံးဝင်မှုကို အနည်းအကျဉ်းလောက် သဘောပေါက်ပါတယ်

Advanced Installer Architect ဆိုတဲ့ ဆော့ဝဲလေးပါ ..


ဒီဆော့ဝဲလေးကို အသုံးပြုပြီး ၀င်းဒိုးဆိုင်ရာ Installer တွေ Mobile ဆိုင်ရာ Project တွေကို
အလွယ်တကူ ဖန်တီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ် ..
အသုံးပြုနည်းကတော့ ဆော့ဝဲကို Install လုပ်ပြီးတဲ့အခါ သိလာပါလိမ့်မယ် ..
ရှင်းပြပေးဖို့ဆိုတာကတော့ ကျွန်တော့်ရဲ့ သိမ်နုပ်နေသေးတဲ့ Programming Skill ကြောင့်
မ၀ံ့ရဲ့ပါဘူး ... တကယ်မသိပဲ ရမ်းသမ်းမရေးချင်တာကြောင့်လည်း ဖြစ်ပါတယ် ..

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

msi ဖိုင်ကို Install လုပ်ပြီးတာနဲ့ Crack ဆိုတဲ့ ဖိုဒါထဲက advinst.exe ဆိုတဲ့ဖိုင်ကို
C >> Program files >> Caphyon >> Advanced Installer 10.1 >> bin >> x86 ဆိုတဲ့
ဖိုဒါထဲကို ကူးထည့်ပေးလိုက်ပါ ..
တက်လာတဲ့ Box က Replace ပါတာကို ရွေးနှိပ်ပေးလိုက်ရင် Full Version အဖြစ် သုံးလို့ရသွားပါပြီ
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Advanced Installer Architect 10.1 Build 51253 With Crack


Advanced Installer is a Windows Installer authoring tool which enables developers and system administrators to easily build reliable MSI packages. Advanced Installer is a useful tool for administrators and developers which allows them to create reliable MSI packages.

Windows Installer is becoming the “de facto” software installation technology on Windows. Being preinstalled on the latest Microsoft operating systems, and also bundled with the most popular productivity packages (Office, etc.) this software installer provides a significant number of power features that improve application management and administration.

This power doesn’t come without pitfalls, and the most important of them all is the complexity. Creating an MSI file requires careful planning and editing of dozens of database tables.

Hundreds of pages of documentation must be read, countless lists of rules must be followed. Building a Windows Installer package may take days or even weeks. This is where a MSI creation tool comes to help.

*Advanced Installer makes MSI creation a snap
*Advanced Installer integrates in automated build tools
*Install and register the resources composing your application
*Search, download and install Prerequisites
*Organize your application in modules and components
*Secure and choose your package’s presentations
*Extend the installation process with Custom Actions
*Customize the installation User Interface

Click HERE to download for free.

Baca Selengkapnya ....

ကွန်ပျူတာမှာ ကိုယ် Cursor လေးတွေနဲ့ လန်းချင်သူတွေအတွက်

Posted by Unknown Selasa, 07 Mei 2013 0 komentar
ဒီ Tutorial လေးမှာတော့ ကိုယ့်ရဲ့ဝင်ဒိုးစနစ်ထဲမှာရှိတဲ့
Mouse Cursor တွေကို ကိုယ့်စိတ်ကြိုက် ဖန်တီးပြီး
အသုံးပြုနိုင်မယ့် နည်းပညာလေးကို မျှဝေပေးထားပါတယ်
Cursor အကြောင်းကို သိထားသင့်တာလေးတွေ
အရင်ဆုံး ပြောပြချင်ပါတယ် ..
Cursor ဆိုတာ ၀င်းဒိုးစနစ်ထဲက
C >> Windows >> Cursors ဆိုတဲ့ ဖိုဒါသီးသန့်နဲ့ တည်ရှိပါတယ် ..


နောက်ပြီး .. Cursor အဖြစ် အသုံးပြုနိုင်မယ့် ဖိုင်အမျိုးအစားက နှစ်မျိုးရှိပါတယ် ...

ရုပ်သေအဖြစ် ဖန်တီးထားတဲ့ Cursor တွေ့ရဲ့ file type ကတော့ .cur ဖြစ်ပြီး
အလှုပ်အရှားလေးတွေ Animate လုပ်ထားတဲ့ Cursor တွေရဲ့ file type ကတော့
.ani ဖြစ်ပါတယ် ..

Cursor အဖြစ်ဖန်တီးနိုင်တဲ့ ဆော့ဝဲတွေ တော်တော်များများရှိသလို Online မှာပဲ
ကိုယ်ပိုင် Cursor တွေ ဖန်တီးနိုင်တဲ့ Website တွေ တော်တော်များများရှိပါတယ်
အခု ကျွန်တော့်ရဲ့ နည်းလမ်းမှာတော့ .. RealWorld Cursor Editor ဆိုတဲ့ ဆော့ဝဲလေးကို
သုံးပြထားပါတယ် ..
အသုံးပြုရတာ ခက်ခဲမှုအရှိသလို ပန်းချီအမြင်ရှိရင် ရှိသလို ဖန်တီးနိုင်ပါတယ် ..

လောလောဆည် ဆော့ဝဲကို လိုချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ..

Windows 8 အထိ 32bit .. 64bit မရွေး အသုံးပြုနိုင်တဲ့ ဆော့ဝဲလေးလည်း ဖြစ်ပါတယ်
ဆော့ဝဲကို Install လုပ်ပြီးလို့ Run လိုတာနဲ့ .. Cursor ဖန်တီးရာမှာ အသုံးပြုနိုင်တဲ့ Tool ပေါင်းများစွာကို
တွေ့ရမှာ ဖြစ်ပါတယ် ...
ကိုယ်အသုံးပြုချင်တဲ့ Tool ကို အသုံးပြုပြီး .. ပုံပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက apply ကို နှိပ်ပြီး
အတည်ပြုပေးရုံပါပဲ ...
အားလုံး ဖန်တီးပြီးသွားရင်တော့ File >> Save as ဆိုပြီး ... သိမ်းပေးလိုက်တာနဲ့ ..
ပုံသေဆိုရင် .cur အဖြစ် သိမ်းပေးမှာဖြစ်ပြီး ပုံရှင်ဆိုရင် .ani အဖြစ် အလိုလို သိမ်းပေးသွားမှာဖြစ်ပါတယ် ..
ကိုယ်လုပ်ရမှာက ဖိုင်ရဲ့ နံမည်ကို ကိုယ်လိုချင်သလို ပြောင်းပေါ်လိုက်ရုံပါပဲ ..
ဖန်တီးပြီးသား Cursor ကို အသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံး အဲဒီ Cursor ကို
C >> Windows >> Cursors ဆိုတဲ့ ဖိုဒါထဲကို ကူးထည့်ပေးရပါမယ် ..
ပြီးရင် Desktop ပေါ်မှာ Right Click နှိပ်ပြီး .. Personalize ကို နှိပ် ..
ပြီးရင် Change mouse pointer ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Browse ကိုနှိပ်ပြီး .. ကိုယ့်ရဲ့ Cursor ကိုရွေးပေးပြီး Open ကိုနှိပ် ..
 နောက်ထပ် Apply ဆိုတာကိုနှိပ်ပေးလိုက်တာနဲ့ .. ကိုယ့်ရဲ့ Cursor လေးဟာ ချက်ချင်း ပြောင်းသွားတာကို
တွေ့ရပါလိမ့်မယ် ...
ကဲ .. အောက်က ဗွီဒီယိုဖိုင်လေးမှာ လေ့လာကြည့်လို့လည်း ရပါသေးတယ် ..
 




ကဲ .. အဆင်ပြေကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 Manager V 1.1.0 Final

Posted by Unknown Minggu, 05 Mei 2013 0 komentar
Windows 8 အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
Windows 8 Manager နောက်ဆုံးဗားရှင်းလေးတင်ပေးလိုက်ပါတယ်
Windows 8 တစ်မျိုးတည်းအတွက် သီးသန့်ထုတ်လုပ်ထားတာမို့
တခြားဝင်းဒိုးတွေမှာ အသုံးပြုလို့ မရပါဘူး ..
တခြားဝင်းဒိုးတွေအတွက် Manager ဆော့ဝဲတွေလည်း
အသီးသီးရှိပါတယ် ..
အခု Windows 8 Manager လေးကတော့ Windows 8 ရဲ့
မြန်ဆန်သွက်လက်မှုကို အရှိပိုမြှင့်ပေးနိုင်တာ ...



အမှိုက်ဖိုင်တွေကို ရှင်းလင်းပေးနိုင်တာတွေအပြင် ..
Windows Manager ဆိုတဲ့အတိုင်း Manager တစ်ယောက်ရဲ့
လုပ်ငန်းဆောင်တာတွေအားလုံးကို ထိထိရောက် ဆောင်ရွက်ပေးနိုင်ပါတယ် ..

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ..

Full Version အဖြစ် အသုံးပြုနိုင်အောင် Keygen ထည့်ပေးထားပါတယ် ..
Windows 8 Manager ကို Install လုပ်ပြီးသွားပြီဆိုရင် Keygen ဖိုဒါထဲက
keygen.exe မဟုတ်တဲ့ ဖိုင်သုံးဖိုင်ကို C >> Program files >> Windows 8 Manager
ဆိုတဲ့ဖိုဒါထဲကို ကူးထည့်လိုက်ပါ ..
ပြီးရင် keygen.exe ဖိုင်ကို Run ပေးလိုက်ပါ .. ကျန်တဲ့အဆင့်တွေကတော့
လုပ်ရကိုင်ရတာ လွယ်ပါတယ် ..
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Windows 8 Manager V 1.1.0 Final With Keygen

Windows 8 Manager is a system utility that helps you optimize, tweak, repair and clean up Windows 8. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.Windows 8 Manager is a system utility that helps you optimize, tweak, repair and clean up Windows 8. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.

Windows 8 Manager Features

ArrowWindows 8 Manager Features:
Information
Optimizer
Cleaner
Customization
Security
Network
Misc. Utilities

Why Should I use Windows 8 Manager?

Windows 8 is the newest Operating System for home users and professionals alike. Windows 8 brings clarity to your world, so you can more safely and easily accomplish everyday tasks and instantly find what you want on your PC.

Windows 8 Manager is the powerful software tool to tweak and optimize your Windows 8, it bundles more than 30 different utilities in one and help your system faster and more stable, secure and personal!

Features and Benefits of Windows 8 Manager

Information:
Get detailed system and all hardware information on your system; help you find out the installation key of Windows, Office products; show all detailed information of running processes and threads on your machine; Windows 8 Manager offers 1-clicking Cleaner cleans your system automatically; Repair Center helps you to fix various system problems.
Optimizer:
Tweak your system to improve windows startup and shutdown speed, tweak your hardware to increase system speed and performance; Control what is started on Windows startup, check and repair the advanced starup items to restore the malicious change by viruses; Tune up and optimize system services and Task Schedule, turn off smartly some unnecessary system services and tasks to improve system performance.
Cleaner:
Find out which files or folders engross your disk space and shown with chart; Smart Uninstaller can fully delete programs from your system without residual files and Registry entries; Find and clean junk files to increase Hard Disk space; Duplicate Files Finder can scan your computer for files with the same size, name and modification time; Registry Cleaner checks and repair incorrectly linked Registry entries; Registry Defrag rebuilds and re-indexes your Registry to reduce registry access time and therefore improve application responsiveness; Desktop Cleaner can clean useless icons and files on Desktop easily.
Customization:
Customize the look of your system by tweaking system Explorer, Desktop, Start Menu, Taskbar and notification area; Create the quick startup items on Taskbar with the Jump List launcher; Tune up Windows 7 boot menu; Edit context menus of mouse Right-Clicking; Edit easily the Win + X menu that shown when right-click on Desktop bottom-left corner or Win + X keyboard shortcut ; Create the shortcut that executed quick on run dialog box. Visual Customizer can change system and file type icons, custom the logon background.
Security:
Improve system security by tweaking system components, UAC and login settings; Tune up System Restore options; Hide and restrict to access drives and programs; Encrypt/decrypt files, move system folders to safe locations; Undelete the files that accidentally deleted or formatted on disk; Privacy Protector can maintain your personal privacy by eliminating the tracks that you leave behind; Hide, add or delete the Control Panel entries.
Network:
Optimize your Internet connection speed, manage all shares items; Tweak your Internet Explorer easily; IP Switcher can switch your IP address easily on different networks; Edits the Hosts file to speed up surfing internet and permit only to access the specified Hosts.
Misc. Utilities:
Optimize your Internet connection speed, manage all shares items; Tweak your Internet Explorer easily; IP Switcher can switch your IP address easily on different networks; Edits the Hosts file to speed up surfing internet and permit only to access the specified Hosts.

Windows 8 Manager – What is New

The updated details

05/02/2013:
Windows 8 Manager v1.1.0 released!
Add Lock System to improve system security
Optimization Wizard updated to v1.4
Repair Center updated to v1.4
File Security updated to v1.2
Startup Manager updated to v1.4

Click HERE to download for free.

Baca Selengkapnya ....

Portable ဆော့ဝဲလုပ်နည်း

Posted by Unknown Sabtu, 04 Mei 2013 0 komentar
ဒီနေ့တော့ ... တော်တော်များများ မေးမေးနေတဲ့
နည်းပညာလေးတစ်ခုကို မျှဝေပေးပါမယ် ..
ကိုယ့်အတွက်အသုံးဝင်တဲ့ ဆော့ဝဲလေးတွေကို
Portable အဖြစ်ဖန်တီးတဲ့နည်းလေးပါ ..
ဒီနည်းလေးကို အကြမ်းရေးထားတာ ကြာပါပြီ
အသုံးပြုရမယ့် ဆော့ဝဲကို တင်နေရတာက Public လုပ်ဖို့
အချိန် ကြန့်ကြာသွားတာပါ ..


Dear visitor,
This tutorial is written on about creating a portable application using VMware Thinapp.
If you don't understand Burmese, watch the tutorial video at the end of this post.

You can download the program used in this post HERE.

If the link above doesn't work, THIS is another link.

ကဲ ... အရင်ဆုံး Portable ဆော့ဝဲအကြောင်း နည်းနည်းလောက် ရှာရှည်ပါရစေ
Portable ဆော့ဝဲဆိုတာကတော့ ကွန်ပျူတာထဲမှာ Install လုပ်စရာမလိုပဲ အသင့်ဖွင့်သုံးနိုင်တဲ့
ဆော့ဝဲအမျိုးအစားပဲ ဖြစ်ပါတယ် ...
ခရီးသွားလာနေရတဲ့သူတွေအဖို့ ကိုယ့်အတွက် အသုံးဝင်တဲ့ ဆော့ဝဲလေးတွေကို
Portable အဖြစ် ဖန်တီးပြီး USB လို Flash Drive လေးနဲ့ ထည့်ထားပြီး .. တခြားကွန်ပျူတာမှာ
ကိုယ်သုံးနေကျဆော့ဝဲတွေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အလွယ်တကူလုပ်နိုင်မယ့်
ဆော့ဝဲအမျိုးအစားပဲ ဖြစ်ပါတယ် ...
ကဲ ... စကြစို့ ...

အရင်ဆုံး ဒီနည်းလမ်းမှာ သုံးထားတဲ့ VMware Thinapp ဆိုတဲ့ ဆော့ဝဲကို ဒီမှာ ဒေါင်းယူပါ

အပေါ်လင့်က အလုပ်မလုပ်တော့ရင် Sharebeast မှာ ဒီလင့် နဲ့ တင်ပေးထားပါတယ်

ကဲ .. ဆော့ဝဲလေးကို Install လုပ်လိုက်ပါ .. Full Version ဖြစ်ဖို့ Keygen ထည့်ပေးထားပါတယ် ..
အရင်ဆုံး Portable လုပ်ချင်တဲ့ ဆော့ဝဲဟာ ကိုယ့်စက်ထဲမှာ Install လုပ်ထားပြီးသား ဖြစ်နေတယ်ဆိုရင်
Uninstall ပြန်လုပ်ထားရပါမယ် ...
ဘာကြောင့်လဲဆိုတော့ Portable လုပ်မယ့် ဆော့ဝဲကို ကိုယ့်ရဲ့ စက်ထဲကို Install လုပ်ပြီးမှ ပြောင်းလဲသွားတဲ့
အခြေအနေတွေကို VMware Thinapp က ကူးယူမှတ်သားပြီး Portable အဖြစ် ပြန်ဖန်တီးမှာမို့ပါ ..
ကဲ .. ကျွန်တော်က Acebyte Utilities ဆိုတဲ့ ဆော့ဝဲကို Portable လုပ်ပြပါမယ် ..
ဒီလိုလုပ်ဖို့အတွက် ကျွန်တော့်စက်ထဲမှာ ရှိထားပြီးသားဖြစ်တဲ့ Acebyte Utilities ဆော့ဝဲကို ပြန်ဖြုတ်ထားပြီးပါပြီ
အရင်ဆုံး .. VMware Thinapp ကို ဖွင့်လိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Next ကိုနှိပ်လိုက်တဲ့အခါ . .အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Prescan ကိုနှိပ်လိုက်တဲ့အခါ ... စက်ထဲမှာရှိနေတဲ့ အခြေအနေအရပ်ရပ်ကို
အရင်ဆုံး မှတ်သားနေပါလိမ့်မယ် ..
အားလုံးမှတ်သားပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်းပွင့်လာပါမယ် ..



အဲဒီအဆင့်မှာ ဘာမှဆက်မလုပ်ပဲ .. Minize ကိုနှိပ်ပြီး အောက်မှာ ခဏချထားရပါမယ် ..
ပြီးရင်တော့ ... ကိုယ် Portable လုပ်ချင်တဲ့ ဆော့ဝဲကို Install လုပ်ပေးပါ ..
သူမာန် Install လုပ်သလိုပါပဲ .. Key ထည့်ရမယ့်အဆင့်တွေ .. Activator နဲ့ Run ပေးရမယ့်အဆင့်တွေကို အားလုံးလုပ်ပေးပါ ..
တချို့သော ဆော့ဝဲတွေကတော့ Install လုပ်ပြီးတဲ့အခါ Activate လုပ်ပြီးတဲ့အခါ Restart လုပ်ခိုင်းတတ်ပါတယ်
အဲဒီလို Restart လုပ်ခိုင်းရင်လည်း စိတ်ပူစရာမလိုပါဘူး .. Restart လုပ်ပြီးလို့ ၀င်းဒိုးပြန်တက်လာတဲ့အခါ
VMware Thinapp က ဆက်လက်ပြီး မှတ်တမ်းတင်ပေးနေမှာမို့ .. Restart ချပေးလိုက်လည်း လုပ်ငန်းစဉ်မပျက်ပါဘူး ..
ကဲ .. Portable လုပ်ချင်တဲ့ဆော့ဝဲကို စက်ထဲမှာ Install လုပ်ပြီးပြီ Activate လည်း လုပ်ပြီးပြီဆိုရင်တော့
Minize လုပ်ထားတဲ့ VMware Thinapp ကို ပြန်ပြီး Maxize လုပ်လိုက်ပါ



အဲဒီထဲက Postscan ကို နှိပ်ပေးလိုက်ရင် Install လုပ်ပြီးတဲ့အချိန်မှာ ပြောင်းလည်းသွားတဲ့ အခြေအနေအရပ်ရပ်ကို ထပ်ပြီး မှတ်သားပြန်ပါဦးမယ် ..
ပြီးရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲမှာ ကိုယ် Portable လုပ်ချင်တဲ့ ဆော့ဝဲရဲ့ နံမည်ပါတဲ့ exe ဖိုင်တစ်ခုတည်းကိုပဲ အမှန်ခြစ်ထားပေးရပါမယ် ..
( ကျွန်တော်က Acebyte Utilities ကို လုပ်တာမို့ Acebyte Utilities.exe ဆိုတဲ့ဖိုင်တစ်ခုကိုပဲ အမှတ်တပ်ပေးပြီး ကျန်တာတွေကို အမှန်ခြစ်ဖြုတ်ပစ်လိုက်ပါတယ် )
ကျန်တဲ့အဆင့်တွေကိုတော့ ပုံထဲမှာပြထားတဲ့အတိုင်း အမှတ်လေးတွေကို မှန်အောင်တပ်ပေးပြီး Next ... Next .... Save .. နဲ့ သွားပြီး
Build ဆိုတာကို နှိပ်တဲ့အဆင့်အထိ သွားလိုက်ပါ






Build လုပ်တာ ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Open .... ဆိုတဲ့ စာကြောင့်းရှေ့မှာ အမှတ်တပ်ပြီး Finish ကို နှိပ်လိုက်တာနဲ့ .. Portable အဖြစ်နဲ့ ဖန်တီးပြီးသား ဖြစ်နေတဲ့ ဆော့ဝဲလေး ပွင့်လာပါလိမ့်မယ် ..
အဲဒါလေးကတော့ ကိုယ့်ရဲ့ USB ထဲမှာ ကူးယူထားပြီး .. ကိုယ်ကြိုက်တဲ့ စက်မှာ Install လုပ်စရာမလိုပဲ အသုံးပြုနိုင်ပြီဖြစ်တဲ့အပြင် .. ကိုယ့်သူငယ်ချင်းတွေပါ မျှဝေပေးဖို့ အသင့်ဖြစ်နေတဲ့
Portable ဆော့ဝဲလေးပဲဖြစ်ပါတယ် ..
(တကယ်လို့ .. Open ..... ဆိုတဲ့စာကြောင်းရဲ့ရှေ့မှာ မေ့ပြီးအမှတ်မတပ်လိုက်မိရင် Finish ကိုနှိပ်လိုက်ပေမယ့် Portable ဆော့ဝဲဟာ
တက်လာမှာမဟုတ်ပါဘူး ... အဲဒီမျိုးဖြစ်သွားရင်တော့ .. C >> Program files >> VMware >> Vmware Thin >> Captures >> ကိုယ် Install လုပ်လိုက်တဲ့ဆော့ဝဲရဲ့နံမည် >> bin ဆိုတဲ့
ထဲမှာ သွားယူရမှာ ဖြစ်ပါတယ် ..)
ကျွန်တော်လုပ်ပြထားတဲ့အတိုင်း အမှတ်တွေတပ်တာ ဖြုတ်တာတွေကို အတိအကျမလုပ်မိရင် Portable ဆော့ဝဲအဖြစ် ရနိုင်ဖို့ မလွယ်တော့ဘူး ဆိုတာကိုလည်း အသိပေးထားပါရစေ
သိပ်နားမရှင်းသေးရင် အောက်က ဗွီဒီယိုဖိုင်မှာ လက်တွေ့လုပ်ပြထားပါတယ် ..
ဗွီဒီယိုဖိုင်တွေထဲမှာ အင်္ဂလိပ်လို ရေးသားပေးထားတာတွေကတော့ နိုင်ငံခြားသား ပရိတ်သတ်တွေအတွက် အဆင်ပြေအောင် လုပ်ပေးထားတာမို့ နားလည်ပေးပါလို့ တောင်းပန်ပါတယ်နော် ...



ကဲ .. အဆင်ပြေကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.