Tampilkan postingan dengan label Tutorials. Tampilkan semua postingan
Tampilkan postingan dengan label Tutorials. Tampilkan semua postingan

Stock LG G2 Launcher for Nexus 5

Posted by Unknown Rabu, 22 Januari 2014 0 komentar

LG G2's stock launcher with settings works like a charm on Google Nexus 5 running Android 4.4.2.



Features: 

Launcher 

1) Transparent notification bar and Navigation UI.
2) 5X6 Grid.
3) Total 8 apps can be added in the Dock.
4) Pinch to zoom in zoom out.
5) Wallpaper Selection.
6) Adding widgets.
7) Screens can be removed.
8) Apps or Widgets can be removed from the homescreens.
9) Icons can be changed like real LG UI.
10) Widgets or app movements from screen to screen..

Settings

This Version will work only on the STOCK 4.4.2 ROM ONLY.

1) Modified the settings.xml to show all the options of the launcher.
2) Landscape mode added.
3) Added all the 7 Animations of the Launcher to choose.
4) Added Screen loop ON-OFF.
5) Landscape ON-OFF.
6) Themes can be chosen now.


Instructions:
  1. Download Launcher and Settings.
  2. Flash in Recovery
 This has been tested on Stock 4.4.2 ROM and OMNI ROM of Nexus 5. You can also try this on Nexus 4.

Disclaimer: I will not be responsible for anything that happens to your phone after following this post. You are doing this because you choose to and you alone are responsible for anything that may happen. Use at your own risk.

Baca Selengkapnya ....

Windows Media Player ရဲ့ Error ကို ဒီလိုဖြေရှင်းလိုက်ပါ

Posted by Unknown Rabu, 12 Juni 2013 0 komentar
ကွန်ပျူတာသုံးသူ တော်တော်များများမှာ အရေးမကြီးမပေမယ့် ကြုံနေလေ့ရှိတဲ့ ပြဿနာလေးတစ်ခုပါ

အဲဒါကတော့ ဗီဒီယိုဖိုင်တွေ သီချင်းဖိုင်တွေကို Windows Media Player နဲ့ ဖွင့်တဲ့အခါ Error Message တွေတက်လာပြီး Online နဲ့ ချိတ်ဆက်ဖြေရှင်းခိုင်းတတ်ပါတယ် ..

တကယ်တမ်း Online Help လုပ်လိုက်တော့လည်း ဘယ်လိုမှ အဆင်ပြေသွားတယ်ဆိုတာ မရှိပါဘူး ..


ကဲ .. ဒီပြဿနာကို ဒီလိုလေးရှင်းကြည့်လိုက်ပါ ...
အရင်ဆုံး Start က နေ Run ကိုသွားပါ ..
Run Box ထဲမှာ msdt.exe -id WindowsMediaPlayerConfigurationDiagnosti­c  ဆိုတဲ့ကုဒ်တွေကို ကော်ပီကူးထည့်ပြီး Enter နှိပ်လိုက်ပါ
အောက်ကပုံအတိုင်းတက်လာပါမယ်




အဲဒီထဲက Next ကို နှိပ်ပေးလိုက်ပါ .. ( ၀င်းဒိုး မတူလို့ Box ပုံစံမတူပေမယ့် .. Next ကို နှိပ်ပေးရုံပါပဲ ..)
နောက်ထပ်တက်လာတဲ့ Box တွေကိုလည်း Next တွေချည်းနှိပ်ပေးသွားပြီး နောက်ဆုံးမှာ Apply fix ဆိုတာလေးကို နှိပ်ပေးလိုက်ပါ ...
ပြီးရင်တော့ ပွင့်နေတဲ့ Box တွေကို ပိတ်လိုက်ပါ ..
Restart တောင်းလာခဲ့ရင်လည်း Restart ချပေးလိုက်ပါ ...
ပြီးရင် အောက်မှာ ပေးထားတဲ့ ဖိုင်ကို ဒေါင်းယူပါ ..





ဒေါင်းပြီးရင်တော့ ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပြီး Windows Media Player ဆိုတဲ့ ဖိုဒါထဲက ဖိုင်တွေအားလုံးကို ကော်ပီကူးယူပြီး C >> Program files >> Windows Media Player ဆိုတဲ့ဖိုဒါထဲကို Paste လုပ်လိုက်ပါ ..
တက်လာတဲ့ Box တွေထဲမှာ Replace ပါတဲ့ Box ဆိုရင် Replace ပါတာကို နှိပ်ပေးလိုက်ပါ
skip ပါတဲ့ Box ဆိုရင် skip ကိုနှိပ်ပေးလိုက်ပါ ..

64bit ၀င်းဒိုးပိုင်ရှင်တွေက program files ဆိုတဲ့ဖိုဒါထဲက Windows Media Player ဖိုဒါထဲကိုရော Program files ( x86) ဆိုတဲ့ဖိုဒါထဲက Windows Media Player ဖိုဒါထဲကိုရော ဖိုင်တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်
ဖိုင်အားလုံးကို အဲဒီလိုလုပ်ပြီးသွားပြီ ဆိုရင်တော့ .. ဗွီဒီယိုဖိုင် တစ်ဖိုင်လောက်ကို Open With ကနေ Windows Media Player ကိုရွေးပြီး ဖွင့်ကြည့်လိုက်ပါ
အားလုံး အိုကေသွားတာကို တွေ့ရပါလိမ့်မယ် ..
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး



How To Fix Windows Media Player Error

1. Go to Start >> Run
2. Copy and paste the below code in the run box and hit Enter or click on OK.

msdt.exe -id WindowsMediaPlayerConfigurationDiagnosti­c

3. Click on 'Next' .. 'Next" ... and 'Apply Fix' in the pop up boxes.

4. Then, download the file form below link.






5. Extract the downloaded file and copy the files of all in the Windows Media Player folder.
6. Paste the files you have copied into the below directory.

My computer\ C:\Program files\Windows Media Player

Click on ' Replace the ... " in some message boxex and click on 'skip' in some message boxes.

After you have done the steps above, you will be seen that Windows Media Player Problem in your computer could be fixed.
Be enjoy :)

Baca Selengkapnya ....

Internet Download Manager ကိုသုံးပြီး Website တစ်ခုလုံး ဒေါင်းယူနည်း

Posted by Unknown Sabtu, 08 Juni 2013 0 komentar
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ နည်းပညာဆိုဒ်တွေကို လှည့်ပတ်လေ့လာရင်း ကိုယ့်အတွက် တစ်ဆိုဒ်လုံးနည်းပါး အသုံးဝင်တဲ့ နည်းပညာဆိုဒ်တစ်ချို့ကို အင်တာနက်ကွန်နက်ရှင်မလိုပဲ Offline လေ့လာနိုင်ဖို့ အဲဒီ Website တစ်ခုလုံးကို download ဆွဲယူထားတတ်ကြပါတယ်


အဲဒီလို Website တစ်ခုလုံးကို ဒေါင်းယူဖို့အတွက် လိုအပ်တဲ့ ဆော့ဝဲတွေကို ရှာဖွေကြရပြန်ပါတယ်

ဒီိပို့စ်မှာတော့ အင်တာနက်အသုံးပြုသူ တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့
Internet Download Manager ကို အသုံးပြုပြီး Website တစ်ခုလုံးကို ဒေါင်းယူနိုင်မယ့်
နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ်




အရင်ဆုံး Internet Download Manager မရှိသေးဘူးဆိုရင် ဒီပို့စ် မှာတင်ပေးထားပါတယ်

ကဲ .. စက်ထဲမှာ Internet Download Manager ကို Install လုပ်ပြီးသွားပြီဆိုပါစို့

အရင်ဆုံး Internet Download Manager ပရိုဂရမ်ကို ဖွင့်လိုက်ပြီး
အပေါ်ဘားတန်းထဲက Grabber ကို နှိပ်လိုက်ပါ





ပြီးရင် Grabber project name အကွက်မှာ ကြိုက်တဲ့နံမည်ထည့်
Start page/address အကွက်မှာ ကိုယ်ဒေါင်းယူချင်တဲ့ဆိုဒ်ရဲ့ Home address ကိုထည့်
Custom setting မှာ the whole website ကိုရွေး
ပြီးရင် Next ကိုနှိပ်လိုက်ပါ





နောက်ထပ် Box ကိုလည်း Next ကိုနှိပ်ပေးပါ





ပြီးရင် Explore the whole site ရှေ့မှာ အမှတ်တပ် Ignore popup ရှေ့မှာ အမှတ်တပ်ပြီးရင်
Next ကိုနှိပ်လိုက်ပါ





နောက်ထပ် Box ကိုလည်း Next ကိုနှိပ်ပေးလိုက်ပါ





ဒါဆိုရင် နောက်တစ်ဆင့်မှာ အဲဒီ Website တစ်ခုလုံးကို Download ဆွဲနေတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်အားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Run မှာ gpedit.msc လို့ရိုက်ထည့်တာ Group Policy Editor ပွင့်မလာဘူးဆိုရင်

Posted by Unknown Sabtu, 01 Juni 2013 0 komentar
Run Box မှာ gpedit.msc လို့ရိုက်လိုက်တာဟာ Group Policy Editor ကို
ခေါ်လိုက်တာပါ ..

ဒါပေမယ့် တချို့ဝင်းဒိုးတွေမှာ Group Policy ဟာ ပါမလာတာမျိုးတွေ ရှိတဲ့အခါ
gpedit.msc လို့ Run မှာ ရိုထည့်လိုက်ပေမယ် .. Group Policy Editor ပွင့်မလာတော့ပါဘူး ..

များသေားအားဖြင့် ဒီပြဿနာဟာ Windows 7 ရဲ့  Edition အချို့မှာ ( အဖြစ်အများဆုံးကတော့ Home Premium မှာ ) ကြုံရလေ့ရှိပါတယ် ..


ဒါပေမယ့် တစ်ခါတစ်ခါ Windows 8 မှာတွေတောင် ကြုံရတတ်ပါသေးတယ် ..
တကယ်တော့ Group Policy Editor ဆိုတာ ၀င်းဒိုးထဲမှာ မဖြစ်မနေ ရထားသင့်တဲ့ Management အစိပ်အပိုင်းတစ်ခုဖြစ်ပါတယ် ..
ကဲ .. ဒီပို့စ်မှာတော့ Group Policy Editor မပွင့်တဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ဆော့ဝဲတစ်ခုကို မျှဝေပေးပါ့မယ် ..
လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ် ..





ဒေါင်းပြီးရင်တော့ ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပြီး အထဲက setup ဖိုင်လေးကို run လိုက်ပါ ..
Install လုပ်ပုံအဆင့်ဆင့်အတိုင်းသွားပြီး .. အားလုံးပြီးသွားတဲ့အဆင့်ရောက်တဲ့အခါမှာ
Finish နှိပ်လိုက်ပါ ..

ပြီးရင် စက်ကို Restart ချလိုက်ပါ ..

ဝင်းဒိုးပြန်တက်လာတဲ့အခါမှာ Run Box ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ
Group Policy Editor ပွင့်လာတယ်ဆိုရင် အဆင်ပြေသွားပါပြီ

အဲ .. အဲဒီမှပွင့်မလာသေးဘူးဆိုရင် ( ဖြစ်ခဲပါတယ် .. များသောအားဖြင့် 64bit ၀င်းဒိုးတွေမှာ ကြုံတတ်လို့  32bit အတွက်ရော 64bit အတွက် တစ်ခါတည်း ပြောပြထားလိုက်ပါ့မယ် )

နည်းနည်းလေး ၀င်းဒိုးပိုင်းဆိုင်ရာ Pro အဆင့် ပြင်ဆင်ရမှာမို့ သေသေချာချာဖတ်ပြီးမှ လုပ်ပါလို့ တိုက်တွန်းပါရစေဗျာ


64bit သမားတွေက C >> Windows >> SysWOW64  ဆိုတဲ့ဖိုဒါကိုဖွင့်ပြီး အထဲမှာရှိတဲ့ GroupPolicy
ဖိုဒါရယ် GroupPolicyUsers ဖိုဒါရယ် gpedit.msc ဆိုတဲ့ဖိုင်ရယ်ကို ကော်ပီကူးပြီး
C:\Windows\System32 ဆိုတဲ့ဖိုဒါထဲမှာ Paste သွားလုပ်လိုက်ပါ ( ဒီအဆင့်က 32bit သမားတွေအတွက်လုပ်စရာ မလိုပါဘူး)

ဒီအထိအဆင်ပြေသွားရင် ပြီးသွားပါပြီ ..

တစ်ကယ်လို့ အဲဒီလို ကော်ပီကူထည့်လိုက်တဲ့နေရာမှာ အဆင်မပြေပဲ "MMC could not create the snap-in " ဆိုတဲ့ Error Message တက်လာတယ်ဆိုရင် နောက်တစ်ဆင့်လုပ်ရပါဦးမယ် .. ( 32bit သမားတွေက ဆော့ဝဲကို Run လိုပြီး အဆင်မပြေခဲ့ရင် ဒီအောက်ကအဆင့်တွေအတိုင်းပြန်လုပ်ပေးရမှာပါ)

အဲဒီလို အဆင်မပြေဖြစ်လာခဲ့တယ်ဆိုရင် ..  အဲဒီ ဆော့ဝဲကို Uninstall လုပ်ပြီး Install ပြန်လုပ်ပေးလိုက်ပါ
အားလုံးပြီးသွားတဲ့အဆင့်ရောက်တဲ့အခါ

Finish ကို လုံးဝမနှိပ်ပါနဲ့ဦး

C:\Windows\Temp\gpedit ဆိုတဲ့ဖိုင်ဒါကို ဖွင့်လိုက်ပါ



ပွင့်လာတဲ့ထဲက 32bit သမားဆိုရင် x86.bat ဆိုတဲ့ဖိုင် 64bit သမားဆိုရင် x64.bat ဆိုတဲ့ဖိုင်ပေါ်မှာ Right Click နှိပ်ပါ ..



ပွင့်လာတဲ့ထဲမှာ Edit တွေ့ရင် Edit ဒါမှမဟုတ် Open with ဆိုပြီး Notepad ကိုရွေးပြီးဖွင့်လိုက်ပါ

ပွင့်လာတဲ့ကုဒ်လိုင်းတွေထဲမှာ %username%:f ဆိုတဲ့ကုဒ်လိုင်းတွေကို

"%username%":f   ဆိုပြီးပြောင်းပေးလိုက်ပါ ( မျက်တောင် အဖွင့်အပိတ်လေးတွေထည့်လိုက်တာပါ )

ဥပမာဗျာ ..  %WinDir%\SysWOW64\gpedit.dll /grant:r %username%:f  ဒါက မပြောင်းခင်ကုဒ်
%WinDir%\SysWOW64\gpedit.dll /grant:r "%username%":f  ဒါကပြောင်းပြီးသားကုဒ်

အဲဒီလို တွေ့သမျှ %username%:f တွေကို "%username%":f ဖြစ်အောင်ပြောင်းပြီးသွားပြီဆိုရင်တော့
အဲဒီဖိုင်ကို ပိတ်လိုက်ပါ .. Save မှာလားမေးလာတဲ့အခါ Yes ကိုနှိပ်ပေးလိုက်ပါ

ပြီးရင် အဲဒီဖိုင်ပေါ်မှာ Right Click နှိပ်ပြီး run as administrator ဆိုပြီး Run ပေးလိုက်ပါ
ဒါဆိုရင်တော့ အဆင်ပြေသွားမှာဖြစ်ပါတယ် ..

ကဲ .. ဆော့ဝဲကို Run လိုရုံနဲ့ အဆင်ပြေနိုင်ပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး







Baca Selengkapnya ....

အင်တာနက် Upload Speed ကို ဒီလိုမြှင့်လိုက်ပါ

Posted by Unknown Jumat, 31 Mei 2013 0 komentar
အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..

ဒါပေမယ့် .. အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့  Upload Speed မြင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...

ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..


ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ ..

ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ် .. ( ပုံတွေ မထင်ရှားရင် ပုံပေါ်မှာ မောစ်တင်ပေးလိုက်ပါ)



ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ
အောက်ပုံအတိုင်း ကျလာပါမယ်








အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်







အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်







အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ
အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0 ( သုည ) ပြောင်းလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ..
ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ

ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ
ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ ..
အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်







အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ကျလာပါမယ်





အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ် ..



ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး  Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ
Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ
နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါ
အားလုံးအတွက် ပြင်ပေးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ
ဝင်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက်  Upload တင်ကြည့်လိုက်ပါ
တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ကျွန်တော့်ကိုမေးကြတယ် Keygen တွေ ဘယ်လိုရှာသလဲတဲ့

Posted by Unknown 0 komentar
ကျွန်တော်ကို email ပို့ပြီး မေးကြတဲ့ထဲက အရေအတွက်တော်တော်များများ
မေးလေ့ရှိကြတဲ့ မေးခွန်းလေးပါ ...
“ကိုမုဆိုးက ဆော့ဝဲတွေရဲ့ Keygen တွေ Patch ဖိုင်တွေ Crack ဖိုင်တွေကို
အွန်လိုင်းပေါ်မှာ ဘယ်လိုရှာလို့ အခုလို ဆော့ဝဲတော်တော်များများအတွက်
Full Version အဖြစ် တင်နိုင်တာလဲ” တဲ့ ..
ဟုတ်ကဲ့ ဒီမေးခွန်းတွေအတွက် မကွယ်မ၀ှက်တမ်း ဖြေပေးပါ့မယ် ..




ပထမနည်းက Browser ရဲက Address bar မှာ ဖြစ်ဖြစ် Search Box မှာဖြစ်ဖြစ်
အခုလိုရိုက်ထည့်ပြီးရှာပါတယ် .. 94FBR  "ဆော့ဝဲရဲ့နံမည်အတိအကျ”
ဥပမာဗျာ - Adobe Photoshop CS6 အတွက် keygen/ patch file/ Crack file
တစ်ခုခုလိုချင်တယ်ပေါ့ .. အခုလိုရိုက်ထည့်ပြီး ရှာပါတယ်

94FBR  "Adobe Photoshop CS6"

ဒီနေရာမှာ 94FBR ပြီးရင် Space Bar နှစ်ချက်ခြားပါတယ်
အဲဒီလိုရှာလိုက်ရင် သက်ဆိုင်ရာဆော့ဝဲရဲ့ Crack/ Patch/ Keygen တွေနဲ့
အနီးစပ်ဆုံးပို့စ်တွေ ဘလော့တွေကို ရှာပေးပါတယ် ..
ဒီနည်းရဲ့အားနည်းချက်ကတော့ တစ်ခါတစ်ခါ တင်ပေးထားသူရဲ့ မသမာတဲ့စိတ်ဓာတ်ကြောင့်
Virus ဖိုင်ကြီးကိုလည်း ရလာတတ်ပါတယ် ..

နောက်တစ်နည်းကတော့ Craagle ဆိုတဲ့ဆော့ဝဲကို အသုံးပြုပြီး လိုအပ်တဲ့ဆော့ဝဲရဲ့ Serial တွေကို
ရှာပါတယ် ..
ဒီနည်းရဲ့အားနည်းချက်ကတော့ ကိုယ်ရလာတဲ့ Serial Key ဟာ Expire ဖြစ်နေတာတွေလည်း
ကြုံရတတ်ပါတယ်

နောက်တစ်နည်းကတော့ Universial Keygen Generator ဆိုတဲ့ ဆော့ဝဲတော်တော်များများရဲက
Keygen တွေကို ထုတ်ပေးနိုင်တဲ့ ဆော့ဝဲရဲ့အကူအညီနဲ့ Full Version ဖြစ်အောင်ရှာကြံပါတယ်

အဲ .. နောက်တစ်နည်းကတော့ ဆော့ဝဲတွေကို ကိုယ်တိုင် Crack ဖို့ကြိုးစားကြည့်ပါတယ်
ဒီနည်းရဲ့အားနည်းချက်ကတော့ ဆော့ဝဲတစ်ခုကို Crack နိုင်ဖို့ အချိန်ကာလ အကန့်အသတ်မရှိ
ကြာသွားနိုင်ပါတယ် ..
ဥပမာ Magic Vocal Remover ဆိုတဲ့ဆော့ဝဲလေးကိုဆိုရင် ရလေနိုးနဲ့ Crack လာတာ အခုဆိုရင်
ရှစ်လကျော်ခဲ့ပါပြီ အောင်မြင်မှုအရိပ်အယောင်လေးတောင် မမြင်ရသေးပါဘူး .. :D
အဲ .. နောက်ဆုံးတစ်နည်းနဲ့ အသေချာဆုံးနည်းကို ပြောပါမယ်

ဒါလေးကို မျှဝေပေးချင်လို့ အပေါ်မှာ ကိုယ့်အမည်ကိုယ်ဖေါ် ခဲ့တာပါ .. :P

ဒီနည်းက ဘာမှတော့မဟုတ်ပါဘူး .. ဆော့ဝဲတော်တော်များများရဲ့ Keygen တွေ Patch ဖိုင်တွေ
Crack ဖိုင်တွေနဲ့ Trail Restet ဖိုင်တွေကိုပဲ သီးသန့်တင်ပေးထားတဲ့ Blog တွေအများကြီးထဲက
တော်တော်လေးစုံတဲ့ Blog လေးတစ်ခုဆိုပါတော့ .. ကဲ .. စိတ်ဝင်စားရင် အောက်ကလင့်ကနေ
သွားနိုင်ပါတယ် ...




အဲဒီ Blog မှာ ဖိုင်တွေကို A, B, C, D .... ဆိုပြီး အက္ခရာစဉ်အလိုက် တင်ပေးထားပါတယ်
ကိုယ်လိုချင်တဲ့ Keygen ဖိုင်ကိုတွေ့လို့ သူပေးထားတဲ့ လင့်ကိုနှိပ်လိုက်ရင် Mega ဆိုတဲ့
Hosting ဆိုဒ်ကို ရောက်ပါမယ် .. အောက်ကပုံအတိုင်း Loading လုပ်နေတာကို
စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးနေရပါမယ် ..



Loading ပြီးသွားရင်တော့ အောက်ကပုံအတိုင်းပွင့်လာပါမယ်



အဲဒီထဲက I agree ရဲ့ရှေ့မှာ အမှန်ခြစ်လေးတပ်ပေးပြီး Download ကိုနှိပ်ပေးလိုက်ပါ
သူ့အလိုလိုဒေါင်းသွားပါလိမ့်မယ်
ကဲ .. ပညာကို သေရွာယူမသွားပါဘူး .. မလျှိုထားဘူးနော် .. ပြောပြပြီးပြီ
အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

စောင်းနေတဲ့ Video Clip တွေကို လိုချင်တဲ့ ဒီဂရီအတိုင်း လှည့်မယ် တည့်မယ်

Posted by Unknown Sabtu, 11 Mei 2013 0 komentar
Facebook Page မှာ မေးထားတာလေးပါ
တော်တော်များများအတွက်လည်း အသုံးဝင်မယ့်
နည်းပညာလေးမို့ ဘလော့မှာ တင်ပေးလိုက်တာပါ
Dear visitor,
I've shared a trick "To rotate a video clip by any degree".
If you are the one who doesn't know Burmese, watch the
tutorial video at the end of this article in which I've discribed in English.
Be enjoy!


To download the required program.

This Link is it website.(about 2 MB)

This Link is the file I uploaded ( added the required plug ins).(about 7 MB)


အကြောင်းကြောင်းကြောင့် မှတ်တမ်းတင်ရိုက်ကူးထားတဲ့
ဗွီဒီယိုဖိုင်တွေမှာ View စောင်းနေတာတွေကို ပြန်တည့်ပေးမယ့်နည်းလေးပါ
Video Rotater လို ဆော့ဝဲတော်တော်များများ ရှိပေမယ့် အဲဒီဆော့ဝဲတွေက
90 degrees ... 180 degrees ... Flip .. အဲဒီလို သတ်မှတ်ထားတဲ့ ဒီဂရီပမာဏအတိုင်းပဲ
ပြန်လှည့်လို့ ရတာဖြစ်တဲ့အတွက် ကြားခုလပ်က ပမာဏလောက် တိမ်းစောင်းနေတာမျိုးတွေကိုတော့
အဆင်ပြေအောင် လုပ်မပေးနိုင်ပါဘူး ..
အခု ကျွန်တော် တင်ပေးထားတဲ့ ဆော့ဝဲလေးကတော့ Free လည်း ရတဲ့အပြင် ကိုယ်လိုချင်တဲ့ Degree အတိုင်း ပြန်တည့်လို့ရပါတယ် ..

ကဲ .. ဆော့ဝဲကို ကိုယ့်စိတ်ကြိုက် Update ဒေါင်းချင်ရင် သူ့ရဲ့ မူရင်းဆိုက်ဖြစ်တဲ့ ဒီနေရာ မှာ ၀င်ရှာပြီး ဒေါင်းယူပါ ( 2 MB ကျော် ရှိပါတယ် )

အဲ .. သုံးလို့ အဆင်အပြေဆုံးဖြစ်အောင် လိုအပ်တဲ့ Plug In တော်တော်များများကို ထည့်သွင်းထားပြီးတဲ့ ရှယ်ဆော့ဝဲကို လိုချင်ရင်တော့ ဒီမှာ တင်ပေးထားပါတယ် .. ( 7 MB ကျော်ရှိပါတယ် )

Install လုပ်စရာမလိုပဲ အထဲမှာရှိတဲ့ VirtualDub ဆိုတဲ့ exe ဖိုင်လေးကို ဖွင့်သုံးရုံပါပဲ

ကဲ .. အသုံးပြုနည်း အကြမ်းဖျဉ်းလေး ပြောပြပါမယ် ..

VirtualDub  ဆိုတဲ့ Application ဖိုင်လေးကို Run လိုက်ပါ
ပထမဆုံး Run တဲ့အချိန်မှာ တက်လာတဲ့ ပထမ Box ကို Ok နှိပ်ပေးလိုက်ပါ
ဒုတိယ Box မှာတော့ Start VirtualDub ကို နှိပ်ပေးလိုက်ပါ
ပြီးရင်တော့ ပွင့်လာတဲ့ထဲက File ကနေ Open video file ကိုနှိပ်
ကိုယ်ပြင်ချင်တဲ့ ဗွီဒီယိုဖိုင်ကို ဖွင့်ပေးလိုက်ပါ
ပြီးရင် Video ဆိုတာကို နှိပ်လိုက်ပြီး ကျလာတဲ့ထဲက အပေါ်ဆုံးမှာရှိတဲ့ Filters ကိုနှိပ်ပါ ..
ပွင့်လာတဲ့ထဲက Add ဆိုတာကို နှိပ်လိုက်ပြီး ပွင့်လာတဲ့ထဲက rotate 2 ကိုရွေးပါ
ပြီးရင်တော့ ကိုယ် တည့်ချင်တဲ့ပမာဏကို တွက်ချက်ပြီးထည့်ပေးပါ
ဒီနေရာမှာ ဘယ်ဖက်ကို လှည့်ချင်တယ်ဆိုရင် သာမာန် ကိန်းဂဏန်းကိုပဲ ရိုက်ထည့်ရပြီး
ညာဖက်ကိုလှည့်မယ်ဆိုရင်တော့ ကိန်းဂဏန်းရှေ့မှာ အနှုတ်လက္ခဏာလေး ထည့်ပေးရမှာပါ
ပြီးရင် ကိုယ့်ဗွီဒီယိုဖိုင်ထဲက Background အရောင်နဲ့အနီးစပ်ဆုံးအရောင်ကို ရွေးပေးပြီး
Ok တွေကို နှိပ်ပေးလိုက်ရင် ဗွီဒီယိုဖိုင်ဟာ ကိုယ်သတ်မှတ်ပေးလိုက်တဲ့ ဒီဂရီအတိုင်း
လှည့်သွားပါလိမ့်မယ် ..
ကိုယ်မှန်းဆပြီးထည့်လိုက်တဲ့ ဒီဂရီက မမှန်လို့ ဗွီဒီယိုဖိုင်ဟာ ကွက်တိမဖြစ်သွားဘူးဆိုရင်
အရင်အဆင်အတိုင်းပဲ Video >> Filters >> Add >> rotate 2 လို့ အဆင့်ဆင့်ပြန်သွားပြီး
အရင်အဆင့်မှာထည့်ခဲ့တဲ့ Filter မှတ်ချက်ကို ကလစ်ပေးပြီး ညာဖက်ထဲက Delete ကိုနှိပ် Ok ကိုနှိပ်လိုက်ရင် အရင်အဆင့်တုန်းက ပြင်ခဲ့တာတွေ ပျက်သွားပါမယ် ..
အဲဒီတော့ Video >> Filters >> Add >> rotate 2 လို့ အဆင့်ဆင့်ပြန်သွားပြီး ဒီဂရီ အတိုးအလျှော့ နဲ့
Background အရောင်တွေကို ပြန်လည်ချိန်ညှိပေးရမှာ ဖြစ်ပါတယ် ...
အားလုံးကို သဘောကျတဲ့အနေအထား ရသွားပြီဆိုရင်တော့ File ကနေ Save as AVI ကိုနှိပ်ပြီး
ဖိုင်နံမည်ပေးပြီး Save လိုက်ရင် ပြုပြင်ထားပြီးသား ဗွီဒီယိုဖိုင်လေးဟာ My Videos ဆိုတဲ့ ဖိုဒါထဲမှာ .avi ဖိုင်အဖြစ်နဲ့ ရောက်ရှိသွားမှာဖြစ်ပါတယ် ...

ကဲ .. ပိုပြီး နားလည်အောင် အောက်က ဗွီဒီယိုဖိုင်လေးမှာ ဆက်ပြီး လေ့လာကြည့်နိုင်ပါတယ်





အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ကွန်ပျူတာမှာ ကိုယ် Cursor လေးတွေနဲ့ လန်းချင်သူတွေအတွက်

Posted by Unknown Selasa, 07 Mei 2013 0 komentar
ဒီ Tutorial လေးမှာတော့ ကိုယ့်ရဲ့ဝင်ဒိုးစနစ်ထဲမှာရှိတဲ့
Mouse Cursor တွေကို ကိုယ့်စိတ်ကြိုက် ဖန်တီးပြီး
အသုံးပြုနိုင်မယ့် နည်းပညာလေးကို မျှဝေပေးထားပါတယ်
Cursor အကြောင်းကို သိထားသင့်တာလေးတွေ
အရင်ဆုံး ပြောပြချင်ပါတယ် ..
Cursor ဆိုတာ ၀င်းဒိုးစနစ်ထဲက
C >> Windows >> Cursors ဆိုတဲ့ ဖိုဒါသီးသန့်နဲ့ တည်ရှိပါတယ် ..


နောက်ပြီး .. Cursor အဖြစ် အသုံးပြုနိုင်မယ့် ဖိုင်အမျိုးအစားက နှစ်မျိုးရှိပါတယ် ...

ရုပ်သေအဖြစ် ဖန်တီးထားတဲ့ Cursor တွေ့ရဲ့ file type ကတော့ .cur ဖြစ်ပြီး
အလှုပ်အရှားလေးတွေ Animate လုပ်ထားတဲ့ Cursor တွေရဲ့ file type ကတော့
.ani ဖြစ်ပါတယ် ..

Cursor အဖြစ်ဖန်တီးနိုင်တဲ့ ဆော့ဝဲတွေ တော်တော်များများရှိသလို Online မှာပဲ
ကိုယ်ပိုင် Cursor တွေ ဖန်တီးနိုင်တဲ့ Website တွေ တော်တော်များများရှိပါတယ်
အခု ကျွန်တော့်ရဲ့ နည်းလမ်းမှာတော့ .. RealWorld Cursor Editor ဆိုတဲ့ ဆော့ဝဲလေးကို
သုံးပြထားပါတယ် ..
အသုံးပြုရတာ ခက်ခဲမှုအရှိသလို ပန်းချီအမြင်ရှိရင် ရှိသလို ဖန်တီးနိုင်ပါတယ် ..

လောလောဆည် ဆော့ဝဲကို လိုချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ..

Windows 8 အထိ 32bit .. 64bit မရွေး အသုံးပြုနိုင်တဲ့ ဆော့ဝဲလေးလည်း ဖြစ်ပါတယ်
ဆော့ဝဲကို Install လုပ်ပြီးလို့ Run လိုတာနဲ့ .. Cursor ဖန်တီးရာမှာ အသုံးပြုနိုင်တဲ့ Tool ပေါင်းများစွာကို
တွေ့ရမှာ ဖြစ်ပါတယ် ...
ကိုယ်အသုံးပြုချင်တဲ့ Tool ကို အသုံးပြုပြီး .. ပုံပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက apply ကို နှိပ်ပြီး
အတည်ပြုပေးရုံပါပဲ ...
အားလုံး ဖန်တီးပြီးသွားရင်တော့ File >> Save as ဆိုပြီး ... သိမ်းပေးလိုက်တာနဲ့ ..
ပုံသေဆိုရင် .cur အဖြစ် သိမ်းပေးမှာဖြစ်ပြီး ပုံရှင်ဆိုရင် .ani အဖြစ် အလိုလို သိမ်းပေးသွားမှာဖြစ်ပါတယ် ..
ကိုယ်လုပ်ရမှာက ဖိုင်ရဲ့ နံမည်ကို ကိုယ်လိုချင်သလို ပြောင်းပေါ်လိုက်ရုံပါပဲ ..
ဖန်တီးပြီးသား Cursor ကို အသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံး အဲဒီ Cursor ကို
C >> Windows >> Cursors ဆိုတဲ့ ဖိုဒါထဲကို ကူးထည့်ပေးရပါမယ် ..
ပြီးရင် Desktop ပေါ်မှာ Right Click နှိပ်ပြီး .. Personalize ကို နှိပ် ..
ပြီးရင် Change mouse pointer ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Browse ကိုနှိပ်ပြီး .. ကိုယ့်ရဲ့ Cursor ကိုရွေးပေးပြီး Open ကိုနှိပ် ..
 နောက်ထပ် Apply ဆိုတာကိုနှိပ်ပေးလိုက်တာနဲ့ .. ကိုယ့်ရဲ့ Cursor လေးဟာ ချက်ချင်း ပြောင်းသွားတာကို
တွေ့ရပါလိမ့်မယ် ...
ကဲ .. အောက်က ဗွီဒီယိုဖိုင်လေးမှာ လေ့လာကြည့်လို့လည်း ရပါသေးတယ် ..
 




ကဲ .. အဆင်ပြေကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Portable ဆော့ဝဲလုပ်နည်း

Posted by Unknown Sabtu, 04 Mei 2013 0 komentar
ဒီနေ့တော့ ... တော်တော်များများ မေးမေးနေတဲ့
နည်းပညာလေးတစ်ခုကို မျှဝေပေးပါမယ် ..
ကိုယ့်အတွက်အသုံးဝင်တဲ့ ဆော့ဝဲလေးတွေကို
Portable အဖြစ်ဖန်တီးတဲ့နည်းလေးပါ ..
ဒီနည်းလေးကို အကြမ်းရေးထားတာ ကြာပါပြီ
အသုံးပြုရမယ့် ဆော့ဝဲကို တင်နေရတာက Public လုပ်ဖို့
အချိန် ကြန့်ကြာသွားတာပါ ..


Dear visitor,
This tutorial is written on about creating a portable application using VMware Thinapp.
If you don't understand Burmese, watch the tutorial video at the end of this post.

You can download the program used in this post HERE.

If the link above doesn't work, THIS is another link.

ကဲ ... အရင်ဆုံး Portable ဆော့ဝဲအကြောင်း နည်းနည်းလောက် ရှာရှည်ပါရစေ
Portable ဆော့ဝဲဆိုတာကတော့ ကွန်ပျူတာထဲမှာ Install လုပ်စရာမလိုပဲ အသင့်ဖွင့်သုံးနိုင်တဲ့
ဆော့ဝဲအမျိုးအစားပဲ ဖြစ်ပါတယ် ...
ခရီးသွားလာနေရတဲ့သူတွေအဖို့ ကိုယ့်အတွက် အသုံးဝင်တဲ့ ဆော့ဝဲလေးတွေကို
Portable အဖြစ် ဖန်တီးပြီး USB လို Flash Drive လေးနဲ့ ထည့်ထားပြီး .. တခြားကွန်ပျူတာမှာ
ကိုယ်သုံးနေကျဆော့ဝဲတွေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အလွယ်တကူလုပ်နိုင်မယ့်
ဆော့ဝဲအမျိုးအစားပဲ ဖြစ်ပါတယ် ...
ကဲ ... စကြစို့ ...

အရင်ဆုံး ဒီနည်းလမ်းမှာ သုံးထားတဲ့ VMware Thinapp ဆိုတဲ့ ဆော့ဝဲကို ဒီမှာ ဒေါင်းယူပါ

အပေါ်လင့်က အလုပ်မလုပ်တော့ရင် Sharebeast မှာ ဒီလင့် နဲ့ တင်ပေးထားပါတယ်

ကဲ .. ဆော့ဝဲလေးကို Install လုပ်လိုက်ပါ .. Full Version ဖြစ်ဖို့ Keygen ထည့်ပေးထားပါတယ် ..
အရင်ဆုံး Portable လုပ်ချင်တဲ့ ဆော့ဝဲဟာ ကိုယ့်စက်ထဲမှာ Install လုပ်ထားပြီးသား ဖြစ်နေတယ်ဆိုရင်
Uninstall ပြန်လုပ်ထားရပါမယ် ...
ဘာကြောင့်လဲဆိုတော့ Portable လုပ်မယ့် ဆော့ဝဲကို ကိုယ့်ရဲ့ စက်ထဲကို Install လုပ်ပြီးမှ ပြောင်းလဲသွားတဲ့
အခြေအနေတွေကို VMware Thinapp က ကူးယူမှတ်သားပြီး Portable အဖြစ် ပြန်ဖန်တီးမှာမို့ပါ ..
ကဲ .. ကျွန်တော်က Acebyte Utilities ဆိုတဲ့ ဆော့ဝဲကို Portable လုပ်ပြပါမယ် ..
ဒီလိုလုပ်ဖို့အတွက် ကျွန်တော့်စက်ထဲမှာ ရှိထားပြီးသားဖြစ်တဲ့ Acebyte Utilities ဆော့ဝဲကို ပြန်ဖြုတ်ထားပြီးပါပြီ
အရင်ဆုံး .. VMware Thinapp ကို ဖွင့်လိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Next ကိုနှိပ်လိုက်တဲ့အခါ . .အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Prescan ကိုနှိပ်လိုက်တဲ့အခါ ... စက်ထဲမှာရှိနေတဲ့ အခြေအနေအရပ်ရပ်ကို
အရင်ဆုံး မှတ်သားနေပါလိမ့်မယ် ..
အားလုံးမှတ်သားပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်းပွင့်လာပါမယ် ..



အဲဒီအဆင့်မှာ ဘာမှဆက်မလုပ်ပဲ .. Minize ကိုနှိပ်ပြီး အောက်မှာ ခဏချထားရပါမယ် ..
ပြီးရင်တော့ ... ကိုယ် Portable လုပ်ချင်တဲ့ ဆော့ဝဲကို Install လုပ်ပေးပါ ..
သူမာန် Install လုပ်သလိုပါပဲ .. Key ထည့်ရမယ့်အဆင့်တွေ .. Activator နဲ့ Run ပေးရမယ့်အဆင့်တွေကို အားလုံးလုပ်ပေးပါ ..
တချို့သော ဆော့ဝဲတွေကတော့ Install လုပ်ပြီးတဲ့အခါ Activate လုပ်ပြီးတဲ့အခါ Restart လုပ်ခိုင်းတတ်ပါတယ်
အဲဒီလို Restart လုပ်ခိုင်းရင်လည်း စိတ်ပူစရာမလိုပါဘူး .. Restart လုပ်ပြီးလို့ ၀င်းဒိုးပြန်တက်လာတဲ့အခါ
VMware Thinapp က ဆက်လက်ပြီး မှတ်တမ်းတင်ပေးနေမှာမို့ .. Restart ချပေးလိုက်လည်း လုပ်ငန်းစဉ်မပျက်ပါဘူး ..
ကဲ .. Portable လုပ်ချင်တဲ့ဆော့ဝဲကို စက်ထဲမှာ Install လုပ်ပြီးပြီ Activate လည်း လုပ်ပြီးပြီဆိုရင်တော့
Minize လုပ်ထားတဲ့ VMware Thinapp ကို ပြန်ပြီး Maxize လုပ်လိုက်ပါ



အဲဒီထဲက Postscan ကို နှိပ်ပေးလိုက်ရင် Install လုပ်ပြီးတဲ့အချိန်မှာ ပြောင်းလည်းသွားတဲ့ အခြေအနေအရပ်ရပ်ကို ထပ်ပြီး မှတ်သားပြန်ပါဦးမယ် ..
ပြီးရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲမှာ ကိုယ် Portable လုပ်ချင်တဲ့ ဆော့ဝဲရဲ့ နံမည်ပါတဲ့ exe ဖိုင်တစ်ခုတည်းကိုပဲ အမှန်ခြစ်ထားပေးရပါမယ် ..
( ကျွန်တော်က Acebyte Utilities ကို လုပ်တာမို့ Acebyte Utilities.exe ဆိုတဲ့ဖိုင်တစ်ခုကိုပဲ အမှတ်တပ်ပေးပြီး ကျန်တာတွေကို အမှန်ခြစ်ဖြုတ်ပစ်လိုက်ပါတယ် )
ကျန်တဲ့အဆင့်တွေကိုတော့ ပုံထဲမှာပြထားတဲ့အတိုင်း အမှတ်လေးတွေကို မှန်အောင်တပ်ပေးပြီး Next ... Next .... Save .. နဲ့ သွားပြီး
Build ဆိုတာကို နှိပ်တဲ့အဆင့်အထိ သွားလိုက်ပါ






Build လုပ်တာ ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Open .... ဆိုတဲ့ စာကြောင့်းရှေ့မှာ အမှတ်တပ်ပြီး Finish ကို နှိပ်လိုက်တာနဲ့ .. Portable အဖြစ်နဲ့ ဖန်တီးပြီးသား ဖြစ်နေတဲ့ ဆော့ဝဲလေး ပွင့်လာပါလိမ့်မယ် ..
အဲဒါလေးကတော့ ကိုယ့်ရဲ့ USB ထဲမှာ ကူးယူထားပြီး .. ကိုယ်ကြိုက်တဲ့ စက်မှာ Install လုပ်စရာမလိုပဲ အသုံးပြုနိုင်ပြီဖြစ်တဲ့အပြင် .. ကိုယ့်သူငယ်ချင်းတွေပါ မျှဝေပေးဖို့ အသင့်ဖြစ်နေတဲ့
Portable ဆော့ဝဲလေးပဲဖြစ်ပါတယ် ..
(တကယ်လို့ .. Open ..... ဆိုတဲ့စာကြောင်းရဲ့ရှေ့မှာ မေ့ပြီးအမှတ်မတပ်လိုက်မိရင် Finish ကိုနှိပ်လိုက်ပေမယ့် Portable ဆော့ဝဲဟာ
တက်လာမှာမဟုတ်ပါဘူး ... အဲဒီမျိုးဖြစ်သွားရင်တော့ .. C >> Program files >> VMware >> Vmware Thin >> Captures >> ကိုယ် Install လုပ်လိုက်တဲ့ဆော့ဝဲရဲ့နံမည် >> bin ဆိုတဲ့
ထဲမှာ သွားယူရမှာ ဖြစ်ပါတယ် ..)
ကျွန်တော်လုပ်ပြထားတဲ့အတိုင်း အမှတ်တွေတပ်တာ ဖြုတ်တာတွေကို အတိအကျမလုပ်မိရင် Portable ဆော့ဝဲအဖြစ် ရနိုင်ဖို့ မလွယ်တော့ဘူး ဆိုတာကိုလည်း အသိပေးထားပါရစေ
သိပ်နားမရှင်းသေးရင် အောက်က ဗွီဒီယိုဖိုင်မှာ လက်တွေ့လုပ်ပြထားပါတယ် ..
ဗွီဒီယိုဖိုင်တွေထဲမှာ အင်္ဂလိပ်လို ရေးသားပေးထားတာတွေကတော့ နိုင်ငံခြားသား ပရိတ်သတ်တွေအတွက် အဆင်ပြေအောင် လုပ်ပေးထားတာမို့ နားလည်ပေးပါလို့ တောင်းပန်ပါတယ်နော် ...



ကဲ .. အဆင်ပြေကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ဖိုင်ဆိုဒ်ကလည်းကြီး Resume ကလည်းမရလို့ စိတ်မညစ်ပါနဲ့

Posted by Unknown Selasa, 30 April 2013 0 komentar
ဖိုင်ဆိုဒ်ကြီးကြီးတွေကို ဒေါင်းယူတဲ့အခါ
Resume မရတဲ့ဆိုက်တွေက ဖိုင်တွေဆိုရင်
Time Out ဖြစ်သွားရင်ပဲဖြစ်ဖြစ် Error Downloading
ဖြစ်သွားရင်ပဲဖြစ်ဖြစ် စိတ်ညစ်စရာပါ ...
တစ်ခါတစ်ခါများဆိုရင် ရာခိုင်နှုန်း 90 ကျော်အထိ ဒေါင်းလာခဲ့ပြီးမှ
Error တက်သွားရင် တော်တော် အသည်းနာစရာကောင်းပါတယ်

Dear visitor, I have shared a technique on how to resume a broken download link in this post.
For the visitors who can only used English, can watch the technique in my video tutorial in which I've explained it in English.


ဒါကြောင့် .. Internet Download Manager ကို အသုံးပြုပြီး
Resume မပေးတဲ့ဖိုင်တွေကိုပဲဖြစ်ဖြစ် Error ဖြစ်သွားသွားတဲ့ Broken Download link တွေကိုပဲဖြစ်ဖြစ်
လက်ရှိဒေါင်းပြီးသားနေရာကနေပဲ ပြန်ပြီး Resume လုပ်နိုင်အောင် ... ဒါမှမဟုတ် .. အေးအေးဆေးဆေးနဲ့
Resume လေးလုပ်လုပ်ပြီး ဒေါင်းလို့ရနိုင် လုပ်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ...
Internet Download Manager မရှိသေးရင်တော့ နောက်ဆုံးထွက် ဗားရှင်းကို သူ့ရဲ့မူရင်း Website ဖြစ်တဲ့ ဒီနေရာ မှာ Trail Version အဖြစ် ရက် ၃၀ စာ ဒေါင်းယူနိုင်ပါတယ် ..

အဲဒီ ရလာတဲ့ Trail Version ကို Full Version ဖြစ်အောင် Crack ပေးနိုင်တဲ့
ဆော့ဝဲကိုတော့ ဒီနေရာ မှာ ဒေါင်းယူနိုင်ပါတယ်

ဘယ်လို Crack ရမလဲဆိုတဲ့ အသေးစိပ်ကိုတော့ ဒီမှာ သွားဖတ်နိုင်ပါတယ် ..

ကဲ .. Internet Download Manager လေး ရှိသွားပြီဆိုရင်တော့ ..
ကိုလိုချင်တဲ့ဆော့ဝဲတစ်ခုကို ဒေါင်းယူပြီ ဆိုပါတော့ ...
အကြောင်းတစ်ခုခုနဲ့ Error ဖြစ်သွားပြီဆိုရင် .... Resume လည်း မရတော့ဘူးဆိုရင်
Internet Download Manager ကို ဖွင့်လိုက်ပါ ...



အဲဒီထဲက Error တက်သွားတဲ့ ဆော့ဝဲပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Property ကို နှိပ်လိုက်ပါ



ပွင့်လာတဲ့ထဲက Address အကွက်မှာ ရှိတဲ့ လင့်ကို ကော်ပီကူးယူပါ ..



ပြီးရင် Browser ကိုဖွင့်ပြီး Browser ရဲ့ address bar မှာ ကော်ပီကူးယူခဲ့တဲ့လင့်ကို Paste လုပ်ပြီး Enter နှိပ်လိုက်ပါ



အဲဒါဆိုရင် အဲဒီဆော့ဝဲကို ဒေါင်းရမယ့် Page ကိုရောက်ပါမယ် .. အဲဒီ Page မှာရှိတဲ့ ဆော့ဝဲကို သာမာန်အတိုင်းပဲ Download လုပ်လိုက်ပါ .. Download လုပ်ဖို့ Internet Download Manager ရဲ့ Option Box တက်လာပြီဆိုရင် Start Download ကို မနှိပ်ပဲ URL ဆိုတဲ့အကွက်ထဲကလင့်ကို Select ပေးပြီး ကော်ပီကူးယူလိုက်ပြီး အဲဒီ Box ကို ပိတ်လိုက်ပါ



ပြီးရင် စောစောတုန်းက ဖွင့်ထားခဲ့တဲ့ Interner Download Manager ရဲ့ Property Box ထဲက Address အကွက်မှာ ကော်ပီကူးယူလာတဲ့လင့်ကို အစားထိုးပေးလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ..



ပြီးရင် အဲဒီလင့်ကို ကလစ်ပေးပြီး အပေါ်နားက Resume ကို နှိပ်ပေးလိုက်ရင် ... ရောက်နေတဲ့နေရာကနေ Resume ပြန်လုပ်ပြီးဒေါင်းနေတာကို တွေ့ရပါလိမ့်မယ် ... Resume capability မှာလည်း Yes ဖြစ်နေတာကို တွေ့ရပါလိမ့်မယ် ...



ကဲ .. Resume လေးရသွားပြီဆိုတော့ အေးအေးသာ ဒေါင်းယူကြပါတော့လို့ ...
ကျွန်တော်ရှင်းပြတာ ညံ့သွားလို့ နားရှုပ်သွားရင်  အောက်ကဗွီဒီယိုဖိုင်လေးမှာ လက်တွေလုပ်ပြထားပါသေးတယ်
အဲဒီထဲမှာ လက်တွေ့လုပ်ပြထားတာကတော့ ဖိုင်ဆိုဒ် 51Mb ပဲရှိပါတယ် .. ဒါပေမယ့် အဲဒီပမာဏဟာ
ကျွန်တော်သုံးနေရတဲ့ ကွန်နက်ရှင်မှာတော့ နှစ်ရက်ဒေါင်းယူရတဲ့ ပမာဏပါ ...
သူငယ်ချင်းတို့တွေကတော့ ဖိုင်ဆိုဒ် ဘယ်လောက်ကြီးကြီး Resume Link အဖြစ်နဲ့ပဲ ဒေါင်းနိုင်မှာဖြစ်ပါတယ်



နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.