Adobe Flash Player 11.8.800.88 Beta

Posted by Unknown Jumat, 21 Juni 2013 0 komentar
Adobe Flash Player 11.8.800.88 Beta ဗားရှင်းဖြစ်ပါတယ်
ဘရောက်ဇာတွေအနေနဲ့ အခုလို Flash player လေး သွင်းမထားရင်ပဲဖြစ်ဖြစ် Update ဗားရှင်း မဖြစ်ရင်ဖြစ်ဖြစ်
အင်တာနက်အမြန်နှုန်းထိခိုက်တာတွေ
ဗွီဒီဖိုင်အချို့ Flash ဖိုင်တွေနဲ့ ၀က်ဆိုက်အချို့ကို ဖွင့်မရတာမျိုးတွေ ကြုံရလေ့ရှိပါတယ်

ကဲ .. လိုချင်တဲ့သူငယ်ချင်းတွေနဲ့ Update ဗားရှင်းမရှိသေးတဲ့သူငယ်ချင်းတွေအနေနဲ့
အောက်မှာ ဒေါင်းယူနိုင်ပါတယ်





Mozilla Firefox ဘရောက်ဇာအတွက် အောက်မှာဒေါင်းပါ






Internet Explorer ဘရောက်ဇာအတွက် အောက်မှာဒေါင်းပါ







ဒေါင်းပြီးရင်တော့ သာမာန်အတိုင်းပဲ Install လုပ်လိုက်ရုံပါပဲ
Mozilla အတွက် Flash Player ကို Install လုပ်တဲ့အခါမှာ
Box တစ်ခုတက်လာပါမယ် Agree နဲ့စတဲ့ စာကြောင်းရဲ့ရှေ့မှာ အမှန်ခြစ်လေးတပ်ပေးပြီး
Ok ကိုနှိပ်ပေးလိုက်ပါ အဟောင်းသွင်းထားလည်း Upgrade လုပ်ပေးသွားပါလိမ့်မယ်
Internet Explorer အတွက် Flash Player ကို Install လုပ်တဲ့နေရာမှာတော့ ၀င်းဒိုးက အလိုအလျောက်
Update လုပ်ထားပြီးသားဆိုရင် Install လုပ်ထားပြီးဖြစ်ကြောင်း Box တစ်ခုတက်လာတတ်ပါတယ်
အဲဒါဆိုရင်တော့ Quit ကို နှိပ်ပေးလိုက်ပါ
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး




Adobe Flash Player 11.800.88 Beta


Adobe Flash Player – a free, widely used media player to view the file format Flash (files SWF).Flash has for a long enough period of time is an indispensable tool for creating presentations, games, websites, animations, and other add-ons that require rich multimedia content.

Typically browsers are automatically set the Flash player, but it is recommended to regularly update the program, because Adobe is constantly improving its development. After installing the plug-in add-on you will be able to view flash animation using the browser.

Flash Player 11 Features:

    Full screen keyboard input – This feature enables support for all keyboard keys available to an embedded SWF running inside of a page without full screen mode (except for ‘Esc’). It allows developers to determine if the app is in full screen, whether full keyboard input is allowed, and whether the app is able to request full screen (determined by the embed tag parameter).
    Low latency audio support for streaming audio through NetStream – This feature aims to reduce latency for high quality streaming audio playback. It addresses a very special use case of cloud gaming, where the game is rendered at a server and audio and video are streamed to the client.
    Protected Mode for Firefox – Flash Player Protected Mode is a new security enhancement designed to limit the impact of attacks launched from malicious SWF files against Adobe Flash Player when running in Firefox 4.0 + on Windows Vista and higher. This feature is comparable to the Flash Player Protected Mode in Google Chrome browser, Protected Mode in Adobe Reader, and Office 2010 Protected View.
    Flash Player background updates (Mac) – New versions of the runtimes can now be delivered more effectively to the end user with this enhanced updating mechanism (Background update is only available in the release versions of Flash Player).
    Low latency audio support (Sound API) – This enhancement reduces the latency for Sound.play method and changes to volume and pan on SoundTransform. The latency of SAMPLE_DATA event should also be reduced considerably.
    Texture Streaming for Stage3D – Provides an ability to upload coarser, lower quality textures on the GPU first and then progressively improve them as more data becomes available.

Download the program below.


For Mozilla Firefox HERE.



For Internet Explorer HERE.




Be enjoy! :)

Baca Selengkapnya ....

Uniblue Registry Booster 2013 6.1.1.2 + Activator

Posted by Unknown Kamis, 20 Juni 2013 0 komentar
ကျွန်ပျူတာစနစ်ထဲက Registry ပိုင်းရဲ့ Error တွေကို
အလိုအလျောက်ထောက်လှမ်းပြီး ပြုပြင်ပေးခြင်းအားဖြင့်
ဝင်ဒိုးရဲ့ မြန်ဆန်သွက်လက်ရေးနဲ့ ဗိုင်းရပ်အန္တရာယ်ကင်းစင်ရေးကို
အထောက်အပံ့ပေးတဲ့ဆော့ဝဲလေးပဲဖြစ်ပါတယ်

အသုံးပြုရတာ ပေါ့ပါးလွယ်ကူပြီး Registry ပိုင်းအတွက်
ထိထိရောက်ရောက်အလုပ်လုပ်ပေးနိုင်တာ တွေ့ရပါတယ်

Windows Vista နဲ့ Windows XP အတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပေမယ့်
စမ်းသုံးကြည့်ရသလောက်တော့ Windows 8 အထိ အဆင်ပြေတာကို တွေ့ရပါတယ်





လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်







ဒေါင်းပြီးရင် Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ
Install လုပ်ပြီးလို့ ပရိုဂရမ် Run လာတာကို ပိတ်ပေးလိုက်ပါ
အဲဒီလို Run နေတုန်းပိတ်ရတာ နည်းနည်းခက်ပါတယ်
အဲဒီအခါ Task bar ပေါ်က သူ့ရဲ့အိုင်ကွန်လေးပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Close Window ကိုနှိပ်ပေးလိုက်ရင် အလွယ်တကူပိတ်သွားပါမယ်
ပြီးရင်တော့ အင်တာနက်ကွန်နက်ရှင်ကို ပိတ်လိုက်ပါ
ပြီးရင် Activator ဆိုတဲ့ဖိုင်ကို Run လိုက်ပါ
ပွင့်လာတဲ့ Box ထဲမှာ ကိုယ်ကြိုက်တဲ့နံမည်ကို ထည့်ပေးလိုက်ပါ
အဲဒါကို လိုင်စင်မှာ အမည်ပေါက်ထည့်ဖို့အတွက်မို့ ကိုယ့်ရဲ့နံမည်ထည့်တာ ပိုပြီး ကြည့်ကောင်းပါတယ်
နံမည်ထည့်ပြီးရင်တော့ Ok ကို နှိပ်ပေးလိုက်ပါ
ဒါဆိုရင် Registered Version အဖြစ် အသုံးပြုလို့ရသွားပါပြီ
အသုံးပြုတာကတော့ လွယ်ပါတယ်
ပရိုဂရမ်ကို Run လိုက်ပြီး Scan လုပ်ပေးလိုက်တာနဲ့ Registry အမှားအယွင်းတွေကို ရှာဖွေပြီး
ဖော်ပြပေးလာမှာပါ
အဲဒီအခါ Delete တို့ Remove တို့ Fix တို့ကို တစ်ခုခုနှိပ်ပေးလိုက်ရုံပါပဲ
အကြီးအကျယ် Error တက်ထားတဲ့ Registry ကို ပြင်လိုက်ရတယ်ဆိုရင်တော့
ပြင်ဆင်အပြီးမှာ Restart တောင်းပါလိမ့်မယ် ..
အဲဒါဆိုရင်တော့ Restart ချပေးလိုက်ပါ
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကိုလေးစားခင်မင်လျှက်
အိုင်တီမုဆိုး



 Uniblue Registry Booster 2013 6.1.1.2 Multilanguage

RegistryBooster – proramma to optimize and clean registry Windows. With the technology of automatic error detection, this utility detects fragmented, corrupted or incorrect registry keys and corrects the detected errors, thereby enabling improved performance and overall system stability. This software is certified by Microsoft. Utility repair or remove unused, corrupted and harmful registry entries to optimize PC performance. You can use regular scans of your registry and your PC will work with maximum efficiency. With RegistryBooster you’ll see an increase in productivity and reduction in system conflicts.

Features:
– Clean Your System and Boost Performance. Boost system performance by cleaning out all missing, unwanted, obsolete and corrupt registry entries automatically with RegistryBooster.
– Repair Your PC and Keep It Tuned. Dramatically improve your computing experience by repairing all registry problems and minimizing application seizures and crashes.
– Exceptionally Simple to Use. Set in a highly intuitive, attractive, logical and user-friendly graphical user interface, Uniblue’s registry cleaner sets the standard for ease-of-use.
– More Scanning Options. Due to the improvements made to the scanning engine you are now able to scan for more sections within the registry.
– An Ignore List. This is quite an innovative feature and very useful for those users who are extra cautious with their registry. By specifying the registry section and path the user will be able to exclude registry parts from the scan.
– Log Generation. Displays a transcript of all the actions performed on the registry by a particular fix operation. Especially helpful for those users wanting to know what has been done to their registry.
– Windows Vista Compatible. RegistryBooster is now fully Windows Vista compatible and can still be run on Windows XP. The program automatically adapts itself according to the version of your operating system so you do not have to configure any manual settings.
– Safe and Trusted. Avoid crashes, seizures, slow downs and error messages with the safest and most trusted solution from a leading software vendor.
Download the program form the link below.




Be enjoy! :)

Baca Selengkapnya ....

နည်းပညာလေ့လာသူများ သတိထားရမယ့် pdf virus အန္တရာယ်

Posted by Unknown Rabu, 19 Juni 2013 0 komentar

post-image

ဒီပို့စ်ကတော့ ကျွန်တော် တော်တော်ညံ့ခဲ့ကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်ပို့စ်ပါ

ကျွန်တော်က နည်းပညာပိုင်းကို တော်တော်လေး အားသန်တဲ့အလျောက် အွန်လိုင်းပေါ်က
နည်းပညာနဲ့ပတ်သက်တဲ့ မြန်မာဝက်ဆိုဒ်တွေ
 နိုင်ငံခြားဝက်ဆိုဒ်တွေထဲမှာပဲ အချိန်ကုန်နေလေ့
ရှိတဲ့လူတစ်ယောက်ပါ

အဲဒီလို နည်းပညာဆိုဒ်တွေကနေ ဆော့ဝဲလေးတွေရလာတဲ့အခါ စမ်းသုံးကြည့်တယ်

အဆင်လည်းပြေ အသုံးလည်းဝင် Virus အန္တရယ်လည်းကင်းတယ်ဆိုတာသေချာရင် တခြားသူတွေရောသုံးဖို့ ကျွန်တော့်ဘလော့မှာ ပြန်တင်ပြီး




Share လုပ်ပေးပါတယ်နည်းပညာပိုင်းတွေထဲမှာ Programming Language အချို့နဲ့ ဆော့ဝဲ Cracking အပိုင်း HTML Template အပိုင်းတွေကို အလေးပြုပြီး လေ့လာပါတယ်

အဲဒီလို ကျွန်တော့်လေ့လာတဲ့အပိုင်းနဲ့ပတ်သက်တဲ့ ebook တွေကိုလည်း ကြုံရင်ကြုံသလို
Download ယူပြီး Offline လေ့လာပါတယ်

အဲ .. တစ်နေ့တော့ C++ စာအုပ်လေးတစ်အုပ် တွေ့တာနဲ့ Download ယူထားလိုက်ပါတယ်
အဲဒီစာအုပ်ကို ဖွင့်ဖတ်လိုက်တဲ့အခါမှာ ထူးထူးခြားခြား Message Box လေးပွင့်လာပါတယ်
Pdf ဖိုင်ကို အခုလို Message Box လေးနဲ့အတူ တွဲပွင့်လာတာကို အဲဒီတော့မှ ကြုံဖူးတာပါ
အဲဒီမှာပဲ နည်းပညာပိုင်းရူးသွပ်တဲ့ ကျွန်တော့်ရဲ့ဝမ်းတွင်းရူးစိတ်ကြောင့် အဲဒီစာအုပ်ကို သေသေချာချာ
လေ့လာကြည့်ဖြစ်ပါတယ်

အဲ ... အဲဒီစာအုပ်ကို သုံးကြိမ်မြောက်ဖွင့်ဖတ်တဲ့အချိန်မှာပဲ ၀င်းဒိုးဟာ Restart ဆိုပြီး ကျသွားလိုက်တာ
ပြန်တက်မလာတော့ပါဘူး ..
ဒါနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ၀င်းဒိုးကို ပြုပြင်ကြည့်ပါတယ်
နောက်ဆုံး Recovery Image သုံးပြီး ၀င်းဒိုးကို Repaire လုပ်ဖို့ကြိုးစားတာတောင်မှ ၀င်းဒိုးက ပြန်တက်မလာနိုင်တော့လို့ ၀င်းဒိုးအသစ်ပြန်တင်လိုက်ရပါတယ်

ဇာတ်လမ်းက ဒီမှာတင်မပြီးသေးပါဘူး ..
အဲဒီအသစ်တင်လိုက်တဲ့ ၀င်းဒိုးကလည်း တစ်ခေါက်ပဲ ဖွင့်သုံးလိုက်ရသေးတယ် နာရီဝက်လောက်အကြာမှာ Restart ဆိုပြီး ပိတ်သွားလိုက်တာ ပထမတစ်ကြိမ်လိုပဲ ပြန်မပွင့်ခဲ့တော့ပါဘူး ..
ဒါနဲ့ ကျွန်တော်က Hard disk ကြီးတစ်ခုလုံးကို format ရိုက်ပြီး Clean Install နည်းနဲ့ ၀င်းဒိုးအသစ်ကို ပြန်တင်လိုက်မှ ၀င်းဒိုးဟာ အရင်လိုပဲ အဆင်ပြေပြေနဲ့ ပြန်သုံးလို့ရသွားပါတယ်

ဒါနဲ့ ကျွန်တော်လည်း အဲဒီ ebook ကို အွန်လိုင်းကနေ ပြန်ဒေါင်းယူပါတယ်
ပြီးတော့ ၀င်းဒိုးကို Defreeze အရင်အုပ်ပါတယ်
ပြီးတော့ အဲဒီ ebook ကို ဖွင့်ဖတ်ပါတယ် ..
အရင်လိုပါပဲ .. Message Box လေးတက်လာပြီး Restart ကျသွားပါတယ်
Defreeze အုပ်ထားတာဖြစ်တဲ့အတွက် မူလအခြေအနေမပျက် ၀င်းဒိုးပြန်တက်လာနိုင်ပါတယ်
ဒါနဲ့ ကျွန်တော်က အဲဒီ ebook ကို Antivirus နဲ့ Scan လုပ်ကြည့်ပါတယ် ဗိုင်းရပ်မတွေ့ပါဘူး
Online Virus Scan တွေနဲ့ပါ ထပ်စစ်ပါတယ် .. ဗိုင်းရပ်မတွေ့ပါဘူး ..
ဒါနဲ့ အဲဒီ ebook ကို Resource Hacker ဆိုတဲ့ဆော့ဝဲနဲ့ဖွင့်ပြီး Coding တွေကို လိုက်စစ်လိုက်တဲ့အခါမှာတော့ သာမန် Data တွေကြားထဲမှာ Javascript ကုဒ်တွေကို တွေ့လိုက်ရပါတယ်

အဲဒီကုဒ်တွေကို သေချာလေ့လာကြည့်တော့မှ File format တူရာအချင်းချင်းဆီကို ကူးစက်အောင် Command ပေးထားတဲ့ ဗိုင်းရပ်ကုဒ်တွေဖြစ်နေတာကို တွေ့ရပါတယ်

ဒါကြောင့်လည်း ပထမတစ်ကြိမ်ဝင်းဒိုးတင်တုန်းက တခြား Partition တွေထဲမှာရှိတဲ့ ebook တွေဆီကို ဗိုင်းရပ်ကုဒ်တွေ ကူးစက်နေလို့ အဆင်မပြေခဲ့တာဖြစ်ပြီ Hard disk ကို Format ရိုက်ပြီးတင်လိုက်တဲ့ ၀င်းဒိုးကျမှ အဆင်ပြေသွားခဲ့တာဖြစ်ပါတယ်

ဒါနဲ့ ကျွန်တော်လည်း Google မှာ pdf virus ဆိုပြီး ရိုက်ရှာလိုက် ... အလိုလေး .. pdf ဗိုင်းရပ်ဟာ ကမ္ဘာနဲ့အ၀ှမ်း တော်တော်လေးပြန့်ပွားနေတဲ့ ကြောက်စရာဗိုင်းရပ်မျိုးဖြစ်ကြောင်း သိလာရပါတယ်

pdf ဗိုင်းရပ်ဟာ exe ဖိုင်မျိုးမဟုတ်လို့ Antivirus ဆော့ဝဲတွေရဲ့ စစ်ဆေးမှုကနေ လွတ်မြောက်နိုင်ပါတယ်

ကျွန်တော့်ကို အ တယ်လို့ပဲဆိုဆို pdf virus ရှိတယ်ဆိုတာကို အရင်ကတစ်ကယ် မသိခဲ့ပါဘူး ..
အခုသိလိုက်ရတဲ့အချိန်မှာ ချဲ့ထွင်စဉ်းစားကြည့်လိုက်တော့ pdf ဖိုင်ထဲမှာ Injection လုပ်မယ့် Java Script ကုဒ်တွေထဲမှာ keylogger လို အကောင့်တွေခိုးနိုင်တဲ့
ကုဒ်လိုမျိုးတွေများ Injection လုပ်လာခဲ့မယ်ဆိုရင် ......ဆိုတဲ့အတွေးနဲ့
 တော်တော်လေးတုန်လှုပ်သွားမိပြီး ကျွန်တော့်အကောင့်အားလုံးကိုတောင် Password တွေ
အမြန်လိုက် Change လိုက်မိတဲ့အထိပါပဲ

ကဲ .. ဒါနဲ့ .. အဲဒီ pdf ဗိုင်းရပ်ရန်ကနေ ကာကွယ်နိုင်မယ့်နည်းလမ်းကို ရှာလိုက်ဖွေလိုက် ကလိလိုက်နဲ့ အခုတော့ အဆင်ပြေတဲ့နည်းပညာလေးတစ်ခုကို တွေ့ပြီမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ..
ကျွန်တော်တို့ဟာ pdf ဖိုင်တွေကို ဖွင့်ကြည့်ဖို့ Adobe Reader ... Adobe Acrobat တို့လို ဆော့ဝဲမျိုးတွေကို သုံးလေ့ရှိပါတယ်
ဘယ်ဆော့ဝဲကိုပဲ သုံးသုံး အဲဒီ ပရိုဂရမ်ကိုဖွင့်လိုက်ပါ





ပြီးရင် Edit ကနေ Prefrence ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲက Java Script ကိုနှိပ်ပြီး ညာဖက်ကပွင့်လာတဲ့ထဲမှာရှိတဲ့ Enable Java Script ရဲ့ရှေ့က အမှန်ခြစ်လေးကို ကလစ်ပေးပြီး ဖြုတ်ပစ်လိုက်ပါ






ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် pdf ဗိုင်းရပ်ကို လုံးဝကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်
အခုလိုကာုကွယ်ထားပြီးပြီဆိုရင် Online က ရလာတဲ့ pdf ဖိုင်တွေထဲမှာ ဗိုင်းရပ်ကုဒ်ကို Injection လုပ်ထားတဲ့ pdf virus များပါလာရင် အဲဒီ pdf ဖိုင်ကိုဖွင့်လိုက်တဲ့အခါ အောက်ကပုံအတိုင်း java script ကို ပိတ်ထားတဲ့အတွက် အဆင်မပြေကြောင်း Message လေးပါ ကပ်ပွင့်လာပါလိမ့်မယ်






အဲဒီလိုဆိုရင်တော့ အဲဒီ pdf ဖိုင်မှာ ဗိုင်းရပ်မဟုတ်ခဲ့ရင်တောင် java script ကုဒ်တွေကို Injection လုပ်ထားပြီဖြစ်ပါတယ်

အစမ်းသဘောသိအောင်လို့ အောက်မှာ ဖိုင်လေးတစ်ခုတင်ပေးထားပါတယ်
အဲဒီထဲမှာ pdf ဖိုင်လေးပါပါတယ်
ဗိုင်းရပ်ကုဒ်တွေတော့မဟုတ်တော့ပါဘူး ကျွန်တော့်ဘလော့လင့်တွေနဲ့ ချိတ်ဆက်ထားတဲ့ကုဒ်တွေပါ
စဉ်းစားစေချင်တာက အဲဒီ pdf ဖိုင်လေးကိုဖွင့်လိုက်တာနဲ့ အဲဒီကုဒ်တွေ အလုပ်လုပ်သွားပါလား
ပိတ်တဲ့ခလုတ်မှာရော Ok ခလုတ်မှာပါ ဗိုင်းရပ်ကုဒ်တွေထည့်သွင်းထားမယ်ဆိုရင် ဘာဖြစ်သွားမလဲ
အဲဒီလိုပေါ့
အောက်က နမူနာ pdf ဖိုင်အတွက်တော့ ဘာမှထိခိုက်နစ်နာစရာမပါဘူးလို့ အာမခံပါတယ်
( အဲ .. ကျွန်တော်တင်ပေးထားတဲ့ဖိုင်ကိုပဲပြောတာနော် ..)
အော် .. အပေါ်မှာ ကျွန်တော်ပြောခဲ့သလို Setting တွေ ပြင်ထားပြီးရင်တော့ အခုကျွန်တော် နမူနာအဖြစ် တင်ပေးထားတဲ့
pdf ဖိုင်ထဲက ကုဒ်တွေဟာ အလုပ်မလုပ်နိုင်တော့ပါဘူး ..
ကဲ .. မြင်ဖူးချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်






ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Google Chrome 27.0.1453.116 Final

Posted by Unknown 0 komentar

post-image

Google Chrome Browser သုံးတဲ့ သူငယ်ချင်းတွေအတွက်
နောက်ဆုံးဗားရှင်းလေးရလာလို့ အလွယ်တကူဒေါင်းနိုင်အောင်
ပြန်တင်ပေးလိုက်ပါတယ်

Chrome ဆိုတဲ့ ဘရောက်ဇာဟာလည်း သုံးဖူးတဲ့သူငယ်ချင်းတွေတော့
Firefox ထက်ပိုပြီး မြန်ဆန်သွက်လက်တယ်ဆိုတာ သိထားပြီးဖြစ်မှာပါ

ဒီထက်ပိုကောင်းတဲ့ အားသာချက်ကတော့ Chrome Browser မှာ User တွေရဲ့ အကောင့်လုံခြုံရေးဆိုင်ရာ
စိတ်ချရမှုတွေ မြင့်မားပါတယ်



Mozilla Firefox တော့ အခုတလော keylogger တွေကိုတောင် Add-On
အဖြစ် လှည့်စားလာနိုင်ပြီဆိုတော့ သိပ်ပြီး မနှစ်သက်ချင်တော့ပါဘူး
(ဒါကတော့ ကျွန်တော့်အမြင်ပြောတာပါ)

Chrome နဲ့ပတ်သက်တဲ့ အားနည်းချက်ကတော့ တစ်ခါတစ်ခါ အချို့သောဗားရှင်းတွေမှာ
Setting ကိုဘယ်လိုချိန်ချိန် Zawgyi font အတွက်  အဆင်မပြေတာမျိုးတွေ ရှိတတ်တဲ့အချက်ပဲဖြစ်ပါတယ်

အဲဒီလိုပြဿနာမျိုးကြုံလာပြီဆိုရင် Chrome Browser ရဲ့ ဘယ်လိုဗားရှင်းမျိုးမှာမဆို ဇော်ဂျီဖောင့်ကို
အဆင်ပြေပြေသုံးနိုင်အောင် လုပ်တဲ့နည်းကို ဒီပို့စ် မှာ တင်ပေးထားပါတယ်
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်





ဒေါင်းပြီးရင်တော့ သာမာန်အတိုင်းပဲ Install လုပ်လိုက်ရုံပါပဲ ..
အဲ .. တစ်ခါတစ်ခါ အရင်ဗားရှင်းအဟောင်းရှိနေရင် Install လုပ်လို့ အဆင်မပြေတာမျိုးရှိပါတယ်
အဲဒီလိုဖြစ်ခဲ့ရင် ဗားရှင်းအဟောင်းကို Uninstall လုပ်ပြီးမှ အခုဗားရှင်းကို Install လုပ်လိုက်ပါ
အဆင်ပြေသွားတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး





Google Chrome 27.0.1453.116 Final


Google Chrome is a fast and easy to use web browser that combines a minimal design with sophisticated technology to make the web safer. It has one box for everything: Type in the address bar and get suggestions for both search and web pages. Will give you thumbnails of your top sites; Access your favorite pages instantly with lightning speed from any new tab. Google Chrome is an open source web browser developed by Google. Its software architecture was engineered from scratch (using components from other open source software including WebKit and Mozilla Firefox) to cater for the changing needs of users and acknowledging that today most web sites aren’t web pages but web applications. Design goals include stability, speed, security and a clean, simple and efficient user interface.

• Sandboxing. Every tab in Chrome is sandboxed, so that a tab can display contents of a web page and accept user input, but it will not be able to read the user’s desktop or personal files.
Google say they have “taken the existing process boundary and made it into a jail”. There is an exception to this rule; browser plugins such as Adobe Flash Player do not run within the boundaries of the tab jail, and so users will still be vulnerable to cross-browser exploits based on plugins, until plugins have been updated to work with the new Chrome security. Google has also developed a new phishing blacklist, which will be built into Chrome, as well as made available via a separate public API.
• Privacy. Google announces a so-called incognito mode claiming that it “lets you browse the web in complete privacy because it doesn’t record any of your activity”. No features of this, and no implications of the default mode with respect to Google’s database are given.
• Speed. Speed improvements are a primary design goal.

Stability
• Multiprocessing. The Gears team were considering a multithreaded browser (noting that a problem with existing web browser implementations was that they are inherently single-threaded) and Chrome implemented this concept with a multiprocessing architecture. A separate process is allocated to each task (eg tabs, plugins), as is the case with modern operating systems. This prevents tasks from interfering with each other which is good for both security and stability; an attacker successfully gaining access to one application does not give them access to all and failure in one application results in a “Sad Tab” screen of death. This strategy exacts a fixed per-process cost up front but results in less memory bloat overall as fragmentation is confined to each process and no longer results in further memory allocations. To complement this, Chrome will also feature a process manager which will allow the user to see how much memory and CPU each tab is using, as well as kill unresponsive tabs.

User interface
• Features. Chrome has added some commonly used plugin-specific features of other browsers into the default package, such as an Incognito tab mode, where no logs of the user activity are stored, and all cookies from the session are discarded. As a part of Chrome’s javascript virtual machine, pop-up javascript windows will not be shown by default, and will instead appear as a small bar at the bottom of the interface until the user wishes to display or hide the window. Chrome will include support for web applications running alongside other local applications on the computer. Tabs can be put in a web-app mode, where the omnibar and controls will be hidden with the goal of allowing the user to use the web-app without the browser “in the way”.
• Rendering Engine. Chrome uses the WebKit rendering engine on advice from the Gears team because it is simple, memory efficient, useful on embedded devices and easy to learn for new developers.
• Tabs. While all of the major tabbed web browsers (e.g. Internet Explorer, Firefox) have been designed with the window as the primary container, Chrome will put tabs first (similar to Opera). The most immediate way this will show is in the user interface: tabs will be at the top of the window, instead of below the controls, as in the other major tabbed browsers. In Chrome, each tab will be an individual process, and each will have its own browser controls and address bar (dubbed omnibox), a design that adds stability to the browser. If one tab fails only one process dies; the browser can still be used as normal with the exception of the dead tab. Chrome will also implement a New Tab Page which shows the nine most visited pages in thumbnails, along with the most searched on sites, most recently bookmarked sites, and most recently closed tabs, upon opening a new tab, similar to Opera’s “Speed Dial” page.

Download link is given below.






Be enjoy! :)

Baca Selengkapnya ....

NETGATE Spy Emergency 12.0.305.0 Full Version

Posted by Unknown Selasa, 18 Juni 2013 0 komentar
NETGATE Spy Energency ဆိုတာ အင်တာနက်သုံးနေသူတေအတွက်
တော်တော်လေးသင့်တော်တဲ့ Antivirus ပရိုဂရမ်တစ်ခုဖြစ်ပါတယ်

အမြဲတမ်းသုံးလာတဲ့ အခြားသော Antivirus ရှိထားရင်တော့ မလိုအပ်ပါဘူး

ဒီဆော့ဝဲလေးက အသုံးပြုသူရဲ့ကွန်ပျူတာကို ဗိုင်းရပ်အမျိုးမျိုးရဲ့ရန်ကနေ
ကာကွယ်တိုက်ထုတ်ပေးနိုင်တဲ့အပြင် အင်တာနက်အသုံးပြုရင်း အမှတ်မထင် တွယ်ကပ်လာတဲ့ Malware တွေ Adware တွေ Keylogger တွေကို ထောက်လှမ်းတားကာကွယ် ဖယ်ရှားပေးပါတယ်



အသစ်အသစ်သော ဗိုင်းရပ်ကုဒ်တွေရဲ့ Database တွေကို အလိုအလျောက် Update လုပ်ပေးမှာမို့အင်တာနက်အသုံးပြုသူတွေနဲ့ ပိုပြီးတော့ သင့်တော်တဲ့ ဆော့ဝဲလေးတစ်ခုပါ

Internet Explorer .. Mozilla Firefox နဲ့ Opera ဆိုတဲ့ အသုံးများတဲ့ Browser တွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ထိထိရောက်ရောက် အထောက်အပံ့ပေးနိုင်ပါတယ်

Memory .. Registry နဲ့တကွ ၀င်ဒိုးစနစ်ဆိုင်ရာ အခြားသော ဖိုဒါတွေကိုလည်း တစ်ခုချင်း ထိုးထိုးဖောက်ဖောက်နဲ့ Scan လုပ်ပေးနိုင်တာကြောင့် ၀င်ဒိုးရဲ့ကျန်းမာရေးကို တော်တော် အထောက်အပံ့ပေးနိုင်တဲ့ ပရိုဂရမ်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်

ကဲ .. လိုချင်တဲ့သူငယ်ချင်းများနဲ့ Update ဗားရှင်းရချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်






ဒေါင်းပြီးရင်တော့ အင်တာနက်ကွန်နက်ရှင်ကို ပိတ်လိုက်ပြီး Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ
ပြီးရင်တော့ ပရိုဂရမ် Run တဲ့အခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်





အဲဒီထဲက Buy ကိုနှိပ်လိုက်ပါ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်





အဲဒီထဲက Enter Serial ကိုနှိပ်လိုက်ပါ
နောက်ပွင့်လာတဲ့ Box ထဲမှာထည့်ရမယ့် အချက်အလက်တွေကိုတော့ Keygen ဖိုင်ဒါထဲက keygen ဖိုင်ကို Run လိုက်ရင် ရလာပါလိမ့်မယ် ..





ဖြည့်စရာရှိတာတွေ ဖြည့်ပြီးပြီဆိုရင်တော့ Ok ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင်တော့ Full Version အဖြစ် အသုံးပြုလို့ ရသွားပြီဖြစ်ပါတယ်
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်ကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး



NETGATE Spy Emergency 12.0.305.0 Full Version


Spy Emergency is software that quickly and safely detects and removes spyware,
adware and other malware from your computer. Are you afraid of hackers or spyware,
then install this program and be sure that you are protected against interference with your
personal computer cases. The program scans your memory, registry, individual folders, files,
cookies in search of malware and spyware. Real-time utility analyzes and protects computer memory.
The program also has support for Internet browsers Internet Explorer, Mozilla Firefox, Opera,
as well as support for the work with the Windows Vista operating system. The program interface is
simple and unintrusive, functionality and performance of striking imagination. A multilingual support.


Features:
• Support for browsers Internet Explorer, Mozilla Firefox, Opera
• Scan of system memory
• Scan registry
• Scanning of the hard disk and the system
•Built-in Antispam module
• Scanning system folders
• Tracking and scanning Cookies
• Scan items hacking
• Heuristic detection of unknown threats
• Detection of polymorphic malware
• Command line support
• Preventive protection blocks the installation of malware
• Browser Protection, including protection of the home (start) page
• Protection Of Cookies
• Protection of Host file
• Automatic database update
• Simple and easy setup
• Command line support
• User-friendly interface
• Support for skins
• Multi-language including English
• And much more …
Download the program from the below link.





Be enjoy! :)

Baca Selengkapnya ....

Microsoft .Net Framework 4.5 ( 32bit and 64bit)

Posted by Unknown Senin, 17 Juni 2013 0 komentar
.Net Framework ဆိုတာ ၀င်းဒိုးပရိုဂရမ်တွေ လည်ပတ်တဲ့နေရာမှာ
အရေးပါတဲ့ ပရိုဂရမ်ပတ်လမ်းတွေရဲ့ ထိန်းကျောင်းလမ်းညွှန်မှုဇုံဖြစ်ပါတယ်

ပရိုဂရမ်တွေရဲ့ အနိမ့်အမြင့်ပြောင်းလဲမှုနဲ့ စနစ်ရဲ့ လုံခြုံရေးဆိုင်ရာ Command တွေကြောင့် ကွန်ပျူတာတွေထဲမှာ .net framework ဗားရှင်းအမျိုးမျိုး လိုအပ်လာပါတယ်

လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်အထိ ဒီပြဿနာရဲ့ အရိုက်အခတ် သိပ်မရှိခဲ့ပေမယ့် ဒီနေ့ခေတ် ထွက်ပေါ်လာတဲ့
အသစ်အသစ်သော ဆော့ဝဲတွေမှာတော့ .net framework ရဲ့ ဗားရှင်းအနိမ့်အမြင့်ဆိုင်ရာ ပြဿနာဟာ တော်တော်လေး သိသာထင်ရှားတဲ့ ကောင်းကျိုးဆိုးကျိုးတွေအဖြစ် ကြုံတွေ့လာရပြီ ဖြစ်ပါတယ်



ဒါကြောင့်လည်း ဒီနှစ်ပိုင်းအတွင်းမှာ Update အဖြစ်ဆုံး ဆော့ဝဲတွေကို Install လုပ်တဲ့အခါ .Net Framework 4.5 မရှိတဲ့အတွက် ပရိုဂရမ်ဟာ Install လုပ်လို့မရတာတွေ Install လုပ်လို့ရပေမယ့်
အဆင်ပြေပြေသုံးလို့မရပဲ စက်ရဲ့မြန်ဆန်သွက်လက်မှုကို ပျက်စီးစေတာတွေ ကြုံလာရတာဖြစ်ပါတယ်
ကဲ .. ဒီပို့စ်မှာတော့ အဲဒီလိုပြဿနာမျိုးကြုံလာတဲ့ သူငယ်ချင်းတွေအတွက် အလွယ်တကူ ရှာဖွေနိုင်အောင်
.Net Framework 4.5 ကို တင်ပေးထားပါတယ်
မူရင်း Website မှာဒေါင်းယူမယ်ဆိုရင် IP သတ်မှတ်ချက်တွေ Download Limit ထိန်းချု့ပ်ထားမှုတွေကြောင့် အဆင်မပြေတာမျိုးတွေ ဖြစ်တတ်လို့ပါ
ဒီ Framework ကို Install လုပ်မယ်ဆိုရင် မဖြစ်မနေလိုအပ်တဲ့ စနစ်နဲ့ Hardware တွေကတော့
အောက်မှာ ရေးပေးထားပါတယ်

Processor - 1GHz နဲ့အထက် အမြန်နှုန်းရှိရပါမယ်
RAM ကတော့ 512Mb နဲ့အထက်ဆိုရင် ရပါတယ်
Hard disk ကတော့ 32bit ၀င်းဒိုးမှာဆိုရင် 850Mb နေရာလွတ်လိုအပ်ပြီး 64bit ၀င်းဒိုးအတွက်တော့
2G နဲ့အထက် နေရာလွတ် လိုအပ်ပါတယ်

အသုံးပြုနိုင်တဲ့ ၀င်းဒိုးအမျိုးအစားတွေကတော့

Windows 7 Service Pack 1, Windows Server 2008 R2 SP1, Windows Server 2008 Service Pack 2, Windows Vista Service Pack 2
Windows Vista SP2 (x86 and x64)
Windows 7 SP1 (x86 and x64)
Windows Server 2008 R2 SP1 (x64)
Windows Server 2008 SP2 (x86 and x64)

တွေ ဖြစ်ပါတယ်

Windows 8 မှာတော့ Built In ပါလာပြီးသားမို့ မလိုအပ်ပါဘူး
တကယ်လို့ .Net Framework 4.5 လိုတယ်လို့ Message တက်ခဲ့ရင်လည်း ဒီဆော့ဝဲကို Install လုပ်နိုင်ပါတယ်

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်




အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Microsoft .Net Framework 4.5 Full (x86) (x64)


The .NET Framework 4.5 is a highly compatible, in-place update to the .NET Framework 4.
By using the .NET Framework 4.5 together with the C#, Visual Basic, or F# programming language, you can write Windows apps. The .NET Framework 4.5
includes significant language and framework enhancements for C#, Visual Basic,
and F# (so that you can more easily write asynchronous code),
the blending of control flow in synchronous code, a responsive UI, and web app scalability .

The .NET Framework 4.5 adds substantial improvements to other functional areas such as ASP.NET, Managed Extensibility Framework, Windows Communication Foundation,
Windows Workflow Foundation,and Windows Identity Foundation. The .NET Framework 4.5 delivers better performance, reliability, and security.

For more information about these and other features of the .NET Framework 4.5, see the .NET Framework Developer Center website.

Note: The .NET Framework 4.5 redistributable was updated on 10/9/2012 to correct an issue related to an improper timestamp on a digital certificate which causes the digital signature on files produced and signed by Microsoft to expire prematurely.

We recommend customers that previously installed the .NET 4.5 redistributable package dated 8/16/2012 install this updated .NET 4.5 redistributable package.

More information about the issue can be found Microsoft Security Advisory 2749655.

System requirements:

Supported Operating Systems: Windows 7 Service Pack 1, Windows Server 2008 R2 SP1, Windows Server 2008 Service Pack 2, Windows Vista Service Pack 2
Windows Vista SP2 (x86 and x64)
Windows 7 SP1 (x86 and x64)
Windows Server 2008 R2 SP1 (x64)
Windows Server 2008 SP2 (x86 and x64)

Hardware Requirements:

1 GHz or faster processor
512 MB of RAM
850 MB of available hard disk space (x86)
2 GB hard drive (x64)

Download the program form the below link.





Be enjoy! :)

Baca Selengkapnya ....

Blog Post နဲ့တွဲတင်တဲ့ Thumbnail လေးတွေကို ယိမ်းကခိုင်းမယ်

Posted by Unknown Minggu, 16 Juni 2013 0 komentar
post-image



လောလောဆည် ကျွန်တော့်ဘလော့မှာ သုံးထားပါတယ်

Website တွေမှာသုံးတဲ့ကုဒ်တွေကို အကြံအဖန်လုပ်ထားတာပါ

ဘလော့ပို့စ်တွေနဲ့အတူတွဲတင်လိုက်တဲ့ ပုံလေးတွေကို ဘယ်ညာလှုပ်ရှားနေစေမယ့် နည်းလမ်းလေးပါ

အရင်ဆုံး Blogger ကို Log in ၀င်လိုက်ပါ

Dashboard ကနေ Template ကိုသွားပါ

Template ကို Edit လုပ်မှာမို့ အမှားအယွင်းအတွက် Backup Template လုပ်ထားပါ



အဆင်သင့်ဖြစ်ရင် Edit HTML ကိုနှိပ်ပါ

ပွင့်လာတဲ့ Template ကုဒ်တွေထဲက ]]></b:skin> ကို လိုက်ရှာပါ ( Template တိုင်းမှာ ရှိပါတယ်
ရှာရခက်ရင် Ctrl + F ကိုနှိပ်ပြီး ရှာပါ )

တွေပြီဆိုရင် အဲဒီ ]]></b:skin> ရဲ့ အပေါ်မှာ အောက်ကကုဒ်တွေကို ကော်ပီကူးပြီးထည့်လိုက်ပါ


.swing {
 transform-origin:50% 0;
 -moz-transform-origin:50% 0;
 -webkit-transform-origin:50% 0;
 animation:swinging 10s ease-in-out 0s infinite;
 -moz-animation:swinging 10s ease-in-out 0s infinite;
 -webkit-animation:swinging 10s ease-in-out 0s infinite;
}

@-webkit-keyframes swinging {
 0% { -webkit-transform: rotate(0);}
 5% {-webkit-transform: rotate(10deg);}
 10% {-webkit-transform: rotate(-9deg);}
 15% {-webkit-transform: rotate(8deg);}
 20% {-webkit-transform: rotate(-7deg);}
 25% {-webkit-transform: rotate(6deg);}
 30% {-webkit-transform: rotate(-5deg);}
 35% {-webkit-transform: rotate(4deg);}
 40% {-webkit-transform: rotate(-3deg);}
 45% {-webkit-transform: rotate(2deg);}
 50% {-webkit-transform: rotate(0);}
 100% {-webkit-transform: rotate(0);}
}

@-moz-keyframes swinging {
 0% {-moz-transform: rotate(0);}
 5% {-moz-transform: rotate(10deg);}
 10% {-moz-transform: rotate(-9deg);}
 15% {-moz-transform: rotate(8deg);}
 20% {-moz-transform: rotate(-7deg);}
 25% {-moz-transform: rotate(6deg);}
 30% {-moz-transform: rotate(-5deg);}
 35% {-moz-transform: rotate(4deg);}
 40% {-moz-transform: rotate(-3deg);}
 45% {-moz-transform: rotate(2deg);}
 50% {-moz-transform: rotate(0);}
 100% {-moz-transform: rotate(0);}
}

@keyframes swinging {
 0% {transform: rotate(0);}
 5% {transform: rotate(10deg);}
 10% {transform: rotate(-9deg);}
 15% {transform: rotate(8deg);}
 20% {transform: rotate(-7deg);}
 25% {transform: rotate(6deg);}
 30% {transform: rotate(-5deg);}
 35% {transform: rotate(4deg);}
 40% {transform: rotate(-3deg);}
 45% {transform: rotate(2deg);}
 50% {transform: rotate(0);}
 100% {transform: rotate(0);}
}


ပြီးရင်တော့ Save Template ကို နှိပ်လိုက်ပါ

ကဲ .. အဲဒီ Effect ကို သုံးပြပါမယ်
အရင်ဆုံး ကိုယ့်ရဲ့ပုံကို Blog post မှာ Upload တင်လိုက်ပါ
ပုံလေးတက်သွားပြီဆိုရင် HTML mode ကိုနှိပ်ပါ
HTML page ထဲက အဲဒီတင်လိုက်တဲ့ပုံရဲ့ လင့်ကို ကော်ပီကူးယူပါ
အောက်ကပုံကို ကြည့်ပါ







အဲဒီ ကော်ပီကူးယူလာတဲ့ ကုဒ်ကို အောက်ကပုံစံအတိုင်း ထည့်သွင်းပေးပါ


<img alt="post-image" class="swing" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvp3M5_Wdfoq7zJBAV_WY5ewoRvWl-XT_p9YeyaoVreucrpBpz3gY1UIf_KhVSrEUTJUsRePtU3Wxb2FXdlIFGTac-UkwbNx91QyIzmozYlQ5v9Qf_rNihrpCUxAA2EnG1JoctUbmyWNM/s1600/add.jpg" "style="animation-delay: 0.8s;-webkit-animation-delay: 0.8s;-moz-animation-delay: 0.8s;animation-delay: 0.8s;"/></center>


အဲဒီထဲက အ၀ါရောင်နဲ့ပြထားတာကတော့ ကော်ပီယူလာတဲ့ ပုံလင့်ပါ
0.8s ဆိုတာတွေကတော့ ဘယ်ညာယိမ်းတဲ့ အမြန်နှုန်းကို ချိန်ထားတာပါ
အဲဒီပမာဏကို လျှော့ချလိုက်ရင် ပိုပြီးမြန်မြန် ယိမ်းမှာပါ
အဲဒီလိုပြင်ဆင်ပြီးတဲ့ကုဒ်ကို HTML mode ထဲက <div .........  နဲ့ </div> အထိ အားလုံးနဲ့ အစားထိုးပေးပါ
ပြီးရင် Compose mode ဖက်ကိုပြန်လာပြီး အဲဒီပုံပေါ်မှာ ကလစ်နှိပ်လိုက်ပြီး ဘယ်, အလယ်, ညာ ဆိုပြီး ပုံကို နှစ်သက်တဲ့ဖက်မှာ ထားနိုင်ပါတယ်






အားလုံးပြီးရင်တော့ Publish ကိုနှိပ်လိုက်ရုံပါပဲ
ဘလော့တစ်ခုလုံးမှာရှိတဲ့ ဘယ်နေရာကပုံကိုမဆို ဒီကုဒ်နဲ့ပဲ ယိမ်းနွဲ့ခိုင်းရုံပါပဲ
ကဲ ... ပုံလေးကို ယိမ်းက ခိုင်းလိုက်ကြပါဦး

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.