Harddisk ကို Software မပါပဲ Partition အသစ်ပိုင်းမယ်

Posted by Unknown Minggu, 25 November 2012 0 komentar

ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာထဲမှာ ရှိနေတဲ့ Harddisk ရဲ့ Partition တွေကို အသစ်ထပ်ပြီး ပိုင်းချင်တဲ့အခါ Partition Magic လိုမျိုး Third Party ဆော့ဝဲမျိုးတွေကို အသုံးပြုလေ့ရှိပါတယ် ..
တစ်ကယ်လို့ အဲဒီလို Partition အသစ်လည်း ထပ်ပိုင်းချင်တယ် .. ဆော့ဝဲလည်း အဆင်သင့်ရှိမထားဘူးဆိုရင် ဒီနည်းလေးကိုသုံးပြီး အဆင်ပြေအောင် လုပ်လို့ရပါတယ် ..
ဒီနည်းလေးက Window 7, Vista နဲ့ Window 8 မှာတော့ အဆင်ပြေတာတွေ့ရပါတယ် .. Window XP မှာတော့ ရမရ မစမ်းရသေးပါဘူး .. ကဲ .. စလိုက်ကြစို့


ပထမဆုံး Desktop ပေါ်က my computer ပေါ်မှာ right click ထောက်လိုက်ပါ .. ပွင့်လာတဲ့ထဲက manage ကိုရွေးလိုက်ပါ


manage ကိုရွေးလိုက်ရင်ပွင့်လာတဲ့ထဲက Stroage ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ဖြစ်သွားပါမယ်



အဲဒီထဲက ကိုယ်ပိုင်းချင်တဲ့ Partition ကို right click နှိပ်ပြီးပေါ်လာတဲ့ထဲက Shrink Volumeကိုနှိပ်လိုက်ပါ



အဲဒီအခါ အောက်ကပုံအတိုင်း တက်လာပါမယ် ..


အဲဒီထဲမှာ အပေါ်ဆုံးက ကိုယ်ရွေးထားတဲ့ Partition ရဲ့ စုစုပေါင်း Size ပါ .. ဒုတိယစာကြောင်းကတော့ အသစ်ပိုင်းမယ် Partition အတွက် အများဆုံးရနိုင်မယ် Size ပါ .. တတိယစာကြောင်းကတော့ ကိုယ်ပိုင်းချင်သလောက် Size ကို ပြောင်းဖို့ပါ .. ဒုတိယစာကြောင်းမှာ ပြထားတဲ့ Size ထက်တော့ မများရပါဘူး .. ကိုယ်လိုသလောက် ပြောင်းပြီးရင်တော့ အောက်နားမှာရှိတဲ့ Shrink ဆိုတာလေးကို နှိပ်ပေးလိုက်ပါ ..

နောက်ပိုင်းတက်လာသမျှ Box တွေကို Next, Next, Finish အဲဒီလိုနှိပ်ပေးနေလိုက်ရုံပါပဲ ..   အဲဒါတွေအားလုံး ပြီးသွားပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်း ကျွန်တော်တို့ပိုင်းလိုက်တဲ့ Partition အသစ်လေးကို မြင်ရမှာဖြစ်ပါတယ် ..


ဒါပေမယ့် .. သူ့ကို အသုံးပြုလို့မရသေးပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ ၀င်းဒိုးက သူ့ကို မသိသေးလို့ပါ .. ၀င်းဒိုးက သူ့ကိုသိသွားအောင် ကျွန်တော်တို့က နောက်တစ်ဆင့်အနေနဲ့ အဲဒီ Partition အသစ်ကလေးကို အမည်ပေးကင်ပွန်းတပ်ပွဲ ကျင်းပပေးရပါမယ် :D

အဲဒီအတွက် အသစ်ပေါ်လာတဲ့ Partition ပေါ်မှာ right click ထောက်ပြီး ပေါ်လာတဲ့ထဲက New Simple Volume ကို နှိပ်ပေးလိုက်ပါ ..


အဲဒီအခါမှာ အောက်ကပုံအတိုင်း တက်လာပါမယ် ..


Next ကို နှိပ်ပေးလိုက်ရင် အောက်ကပုံလေးတက်လာပါမယ် (နောက်ထပ် box တွေတက်လာရင်လည်း Next ... Next .. Finish ဆိုပြီး သွားလိုက်ရုံပါပဲ)



အဲဒီထဲကမှ ကိုယ်ပေးချင်တဲ့နံမည်ကိုရွေးပြီး Next ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း တက်လာပါမယ်



အဲဒီထဲမှာမှ Volume Label ဆိုတဲ့နေရာမှာ ကိုယ်ပေးချင်တဲ့နံမည်ကို ပေးလိုက်ရပါသေးတယ် .. (ဥပမာ- ၁၈ နှစ်အထက်လူကြီးများသာကြည့်ရန် ဇာတ်လမ်းများပေါ့ .. ဟိဟိ .. :P) ..
ပြီးရင်တော့ Next ကိုနှိပ်ပေးလိုက်ပါ ..

ကဲ .. my computer ထဲမှာ ကျွန်တော်တို့ အသစ်ပိုင်းလိုက်တဲ့ Partition လေး ရောက်နေတာကို တွေ့ရပါလိမ့်မယ် ..

နောက်ပို့စ်မှာတော့ Partition တွေကို ပေါင်းတဲ့နည်းကို မျှဝေပေးသွားပါမယ်

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Harddisk ကို Software မပါပဲ Partition အသစ်ပိုင်းမယ်
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2012/11/harddisk-software-partition.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.