Marquee Techniques (4)

Posted by Unknown Sabtu, 24 November 2012 0 komentar
ကဲ .. ဆက်လိုက်ကြစို့

ဒီပေါ်ကလို marquee လေးဖြစ်သွားအောင်ကလည်း ဘာမှ အသစ်အဆန်းမပါသေးပါဘူး
အရင်ဆုံး သူ့ကိုသေချာကြည့်ပြီး စဉ်းစားကြည့်ရအောင် (ကုဒ်ရေးပြလိုက်ရင်ရပေမယ့် နောင် ကိုယ်ဖြစ်ချင်တဲ့ပုံစံမျိုးကို ဖန်တီးကြည့်နိုင်အောင် နည်းနည်း လေကြောရှည်နေတာပါ .. )

စာတမ်းလေးရဲ့လှုပ်ရှားနေပုံကို သေချာသုံးသပ်ကြည့်ပါ .. ကျွန်တော်တို့မျက်လုံးထဲမှာတော့ မြင်းတစ်ကောင်ပြေးနေသလိုပါပဲ ..
သူ့ရဲ့ပြေးနေဟန်ကို အစိပ်စိပ်ခွဲကြည့်ရင်ဒီလိုရပါတယ်


  1. ပထမ အမြင့်ကိုသွားတယ် (အမြင့်ကြီးမဟုတ်လို့ height ကို ကန့်သတ်တန်ဘိုး ပေးထားတယ်
  2. ပြီးတော့ ပြန်ကျလာတယ် (တက်ပြီးပြန်ကျလာအောင် behavior ကို alternate ပေးရမယ်)
  3. တက်ပြီး ပြန်ကျလာတာက နေရာမှန်မဟုတ်ပဲ ရှေ့ကိုရွေ့နေတဲ့အတွက် နောက်ထပ် ရှေ့ကိုသွားတဲ့ marquee တစ်ခု ထပ်ပေါင်းထားရမယ် သူကလည်း အနောက်ကိုပြန်လာရမှာမို့ alternate ပေးရမယ်
  4. ခုန်ပေါက်နေတာကို သွက်လက်ဆက်စပ်နေဖို့က scrollamount ကို ကန့်သတ်ပေးရမယ်
ကဲ ... အသုံးပြုမယ့်ကုဒ်တွေကို စုစည်းရအောင်

1 နဲ့ 2 အတွက် <marquee direction="up" behavior="alternate" scrollamount="10"
height="20">

နောက်ထပ် 3 နဲ့ 4 အတွက်က <marquee behavior="alternate" scrollamount="10">

အဲဒီလို ရလာမယ် အဲ .. marquee နှစ်ခုပေါင်းသုံးလိုက်တာမို့ အပတ်နေရာမှာ </marquee> နှစ်ခု ရှိနေရမယ့် နောက်ပြီး စာမျက်နှာရဲ့ အလယ်မှာပေါ်နေအောင် <center> နဲ့ </center> ကို ရှေ့နောက် ပိတ်ပေးလိုက်မယ် .. ကုဒ်အားလုံး ပေါင်းရေးလိုက်တော့ ဒီလိုဖြစ်သွားမယ် (စာလုံးအရောင် အပြာအတွက် <font color="blue"> ... </font> သုံးလိုက်တယ်)

<marquee behavior="alternate" direction="up" height="30" scrollamount="10"><marquee behavior="alternate" scrollamount="10"><font color="blue">ကဲ ... ဆက်လိုက်ကြစို့</font></marquee></marquee></center>

ဒါကိုလည်း အဲဒီလိုသုံးသပ်ကြည့်ပါ

သိပ်မရှည်တော့ပါဘူး .. ဒီထဲမှာ စာတမ်းဟာ အကန့်အသတ်မရှိသွားနေတဲ့အတွက် ဧရိယာ ကန့်သတ်ချက်မပေးထားပါဘူး .. အပေါ်ကိုတက်ဖို့ direction ကို သုံးတယ် ပြန်ကျလာဖို့အတွက် alternate ကိုသုံးတယ် ရှေ့ကိုလည်း အပြန်အလှန် သွားမှာဖြစ်လို့ နောက်ထပ် alternate ပါတဲ့ marquee တစ်ခု ထပ်ပေါင်းသုံးတယ် .. ရေးလိုက်တဲ့ကုဒ်တွေက ဒီလိုဖြစ်သွားတယ်

<marquee direction="up" behavior="alternate"><marquee behavior="alternate"><font color="red">ဒါကိုလည်း အဲဒီလိုသုံးသပ်ကြည့်ပါ</font></marquee></marquee>

ဒါပါပဲ .. တော်တော်လေး လွယ်တာကို သတိထားမိလောက်ပါတယ်

ကဲ .. ကျွန်တော်တို့ လောလောဆည် လေ့လာထားပြီးသား Marquee Technique တွေကို ပြန်ပြီး စုစည်းပေးလိုက်ပါတယ် .. (font color ပြောင်းတာကတော့ Marquee မှာ ပေါင်းစပ်သုံးတာမို့ သီးခြား မဖော်ပြတော့ပါဘူး..

အသုံးပြုသွားတဲ့ကုဒ်
ပေါ်လာတဲ့စတိုင်
ဒီလိုလေး
ဒီလိုလေး
ဒီလိုလေး
ဒီလိုလေး
ဒီလိုလေး
ဒီလိုလေး
ဒီလိုလေး

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး 

Next Post

Next Post
Next Post အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Marquee Techniques (4)
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2012/11/marquee-techniques-4.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.