HTML Tabel Techniques (1)

Posted by Unknown Rabu, 28 November 2012 0 komentar

ကျွန်တော် .. ဒီပို့စ်ကနေစပြီး Table နဲ့ဆိုင်တဲ့ HTML ကုဒ်တွေအကြောင်းကို မျှဝေတင်ပြသွားမှာပါ (ကျွန်တော် လေ့လာထားသလောက်ကို ကျွန်တော်လေ့လာခဲ့ရတဲ့ သင်ရိုးအတိုင်း မျှဝေပေးမှာဖြစ်ပြီး ကျွန်တော် စမ်းသပ်ထားသမျှတွေကိုတော့ သင်ရိုးနဲ့အတူ ထည့်သွင်းမျှဝေပေးသွားမှာပါ)

ကဲ .. စ လိုက်ကြစို့ ..


HTML နဲ့ပတ်သက်တဲ့ Table အမျိုးအစားတွေဟာ သိပ်ကို များပြားပါတယ် .. ဒါပေမယ့် .. Table ဆိုင်ရာ HTML ကုဒ်ကတော့ အခြေခံအားဖြင့် (၃) မျိုးပဲ ရှိပါတယ် .. အဲဒါတွေကတော့

  1. Table Tags
  2. Row Tags
  3. Cell Tags
အဲဒီ (၃) မျိုးပါ ..

(1) Table Tags ဆိုတာကတော့ Table ကြီးတစ်ခုလုံးကို Table အဖြစ်သတ်မှတ်ဖော်ပြဖို့ Command ပေးမယ့် ကုဒ်ပါ .. အဲဒီကုဒ်ကတော့ ဒီလိုပါ ..

<table> xxx </table>   (ကုဒ်တွေရဲ့ အဖွင့်သဘော[ <> ]နဲ့ အပိတ် [ </> ]သဘောကိုတော့ အရင်က ကျွန်တော်တင်ပြခဲ့တဲ့ Marquee Techniques နဲ့ဆိုင်တဲ့ Post တွေမှာ ပြန်ပြီး လေ့လာလိုက်ပါ ..

(2) Row Tags ကတော့ Table ထဲမှာ ရှိနေတဲ့ အတန်းအနေအထားအတွက် ဖြစ်ပါတယ် .. သူ့အတွက် ကုဒ်ကတော့ ဒီလိုပါ ..

<tr> xxx </tr>

(3) Cell Tags ဆိုတာကတော့ Table ထဲမှာရှိတဲ့ အခန်း (အကွက်) တွေအတွက် ကုဒ်ကိုပြောတာပါ .. အဲဒါအတွက် ကုဒ်ကတော့ ဒီလိုပါ ..

<td> xxx </td>

အောက်က နမူနာ ကုဒ်ကိုကြည့်ပါ

<table>
  <tr>
    <td>နမူနာ</td>
    <td>ဥပမာ</td>
 </tr>
 <tr>
    <td>သာဓက</td>
    <td>Example</td>
 </tr>
</table>

အဲဒီကုဒ်ရဲ့ ရလာဒ်က ဒီလိုထွက်လာပါမယ် ..


နမူနာ ဥပမာ
သာဓက Example


ကဲ .. သုံးသပ်ကြည့်ရအောင် ..
ရှေ့ဆုံးနဲ့ နောက်ဆုံးမှာရှိနေတဲ့ <table> နဲ့ </table> ဆိုတဲ့ ကုဒ်တွေက Table အဖြစ်သတ်မှတ်ခိုင်းတဲ့ အဖွင့်ကုဒ်နဲ့ အပိတ်ကုဒ်ပါ
<tr> နဲ့ </tr> အဖွင့်အပိတ် နှစ်စုံထားထားတာက Table ထဲမှာ အတန်း ( row ) နှစ်ခုပါမယ်လို့ သတ်မှတ်လိုက်တာပါ ..
<td> နဲ့ </td> ဆိုတဲ့ အဖွင့်အပိတ်လေးတွေကတော့ Table ထဲမှာ ရှိနေမယ့် အခန်းတွေကို ကိုယ်စားပြုတာပါ .. <tr> နှစ်စုံမို့ အတန်းနှစ်တန်းရှိမယ် .. <td> လေးစုံမို့ ဇယားကွက် စုစုပေါင်း လေးခုရှိမယ် .. ( ကုဒ်တွေကို သူ့အဆင့်နဲ့သူ နေရာ အတိုးအလျော့လေးတွေနဲ့ ထားထားတာကတော့ မြင်သာအောင် ရေးပြထားတာပါ .. ဒီအတိုင်းတစ်တန်းတည်းပဲ ဆက်ရေးသွားလည်း ရပါတယ် .. ရလာဒ်မပြောင်းပါဘူး .. တစ်ကယ်တမ်းရေးကြတော့မယ် ဆိုရင်လည်း အခုလိုလေး ခွဲခွဲခြားခြားလေး ရေးထားရင် လိုအပ်လို့ စစ်ဆေးပြုပြင်ရတော့မယ်ဆိုရင် အလွယ်တကူ ရှာဖွေနိုင်တာပေါ့ .. )

ဒါပေမယ့် .. ကျွန်တော်ရေးလိုက်တဲ့ Table က စာသားသက်သက် Table ပဲဖြစ်နေပြီး ဘောင်(border) တွေ မပါတော့ ကြည့်လို့ အဆင်မပြေပါဘူး .. အဲဒါကြောင့် .. border အတွက် အခုလို သတ်မှတ်ပေးလိုက်ပါမယ်

<table border=1>
  <tr>
    <td>နမူနာ</td>
    <td>ဥပမာ</td>
 </tr>
 <tr>
    <td>သာဓက</td>
    <td>Example</td>
 </tr>
</table>

သူ့အတွက် ရလာဒ်ကတော့ ဒီလိုဖြစ်သွားပါမယ် ..

နမူနာ ဥပမာ
သာဓက Example

ကဲ .. Table တစ်ခုတော့ ပီပီပြင်ပြင် ဖြစ်သွားပြိပေါ့ .. အဲဒီထဲကမှ border=1 ကိုပဲ .. ကိုယ်ကြိုက်တဲ့ ပမာဏထားပြီး ဇယားကို လိုသလို ပြင်ဆင်ရုံပါပဲ .. ဥပမာပေါ့ ..

<table border=10>
  <tr>
    <td>နမူနာ</td>
    <td>ဥပမာ</td>
 </tr>
 <tr>
    <td>သာဓက</td>
    <td>Example</td>
 </tr>
</table>

အဲဒီလိုလုပ်ပစ်လိုက်ရင် ရလာဒ်က ဒီလိုထွက်သွားရော ..

နမူနာ ဥပမာ
သာဓက Example

ကဲ . ဒီနေ့တော့ အမြည်းသဘောနဲ့ .. ဒီမှာတင် ရပ်လိုက်ပါရစေ ..

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Next Post For Table
Border Color Changing Codes
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: HTML Tabel Techniques (1)
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2012/11/html-tabel-techniques-1.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.