Partition တွေကို Software မပါပဲ ပေါင်းမယ်

Posted by Unknown Rabu, 28 November 2012 0 komentar

ကျွန်တော် အရင်က ဒီနေရာမှာ ဆော့ဝဲမပါပဲ Partition တွေခွဲထုတ်တဲ့နည်းကို တင်ပြခဲ့ပြီးပါပြီ ..
ဒီနေ့တော့ Partition တွေကို ဆော့ဝဲမသုံးပဲ ပေါင်းတဲ့နည်းကို ပြန်လည်တင်ပြပါမယ် ..
ပထမဆုံး ကိုယ်ပေါင်းချင်တဲ့ Partition ထဲက Data တွေကိုတော့ တစ်နေရာရာကို ရွှေ့ပြောင်းသိမ်းဆည်းထားရပါတယ် ..


ကဲ .. ပထမဆုံး Desktop ပေါ်က my computer ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲကြanage ကိုရွေးလိုက်ပါ ..



နောက်ထပ်ပွင့်လာတဲ့ထဲက Stroage ရဲ့အောက်က Disk Management ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက ပေါင်းချင်တဲ့ Partition တွေထဲက ဖျက်ပစ်မယ့် Partition ကို Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Delete Volume ကိုနှိပ်ပေးရပါမယ် ... အောက်ကပုံထဲမှာ ကျွန်တော်က G ဆိုတဲ့ Partition ကို C ဆိုတဲ့ Partition နဲ့သွားပေါင်းမှာမို့ G ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက Delete Volume ကိုနှိပ်လိုက်ပါတယ်


အဲဒီအခါ သတိပေး Box တစ်ခုတက်လာပါမယ် .. Yes ကိုနှိပ်ပေးလိုက်ပါ .. ပြီးရင်တော့ အောက်ကပုံအတိုင်း ကိုယ် Delete Volume လုပ်လိုက်တဲ့ Partition ဟာ
အစိမ်းရောင်လေးနဲ့ Free Space ဖြစ်သွားတာကို မြင်ရပါမယ် ..


အဲ .. နောက်တစ်ဆင့်မှာတော့ ပေါင်းထည့်ပေးချင်တဲ့ Partition ကို Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက Extend Volume ကိုနှိပ်ပေးရပါ .. ဒီနေရာမှာ တစ်ခုပြောချင်တာက ၀င်းဒိုးရှိတဲ့အပိုင်း (ကျွန်တော့်နမူနာပုံထဲမှာဆို C ပေါ့) အဲဒီ ၀င်းဒိုးရှိတဲ့အပိုင်းကို Right Click နှိပ်ရင် Expend Volume ပေးထားပေမယ့် ... တစ်ခြားအပိုင်း ( ဥပမာ - D လိုမျိုးပေါ့) အဲဒီလို ၀င်းဒိုးမရှိတဲ့အပိုင်းကို Right Click နှိပ်ရင် Extend Volume ပေးမထားပါဘူး .. အဲဒီအခါ Extend Volume ပေးမထားတဲ့ Partition ကိုပါ Delete Volume အရင်လုပ်ပေးရပါမယ် .. ( Data တွေကိုတော့ ကြိုတင်ပြီး နေရာရွှေ့ပြောင်းထားရမယ်ပေါ့) .. အဲဒါပြီးမှ New Sample Volume နဲ့ Partition နံမည်အသစ်ရွေးပေးရမှာပါ ..  အောက်မှာတော့ Partition C ကို Right Click နှိပ်ပြီး Extend Volume ပေးထားတာကို ပြထားပါတယ် ..



အဲဒီ Extend Volume ကိုနှိပ်လိုက်တာနဲ့ အောက်ကပုံအတိုင်းပွင့်လာပါမယ် ..


အဲဒါကတော့ အများဆုံးရနိုင်တဲ့ ပမာဏကို ဖေါ်ပြထားတာပါ .. Next ကိုသာ နှိပ်ပေးလိုက်ပါ ..
ခဏအကြာမှာတော့ ကျွန်တော်တို့ ဖျက်ချင်တဲ့ Partition လေးဟာ ကျွန်တော်တို့ ပေါင်းထည့်ချင်တဲ့ Partition လေးထဲမှာ ပေါင်းဖြည့်ထည့်ဝင်ပြီးသား ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ် ..

ကဲ .. အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Partition တွေကို Software မပါပဲ ပေါင်းမယ်
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2012/11/partition-software.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.