Marquee Techniques (6)

Posted by Unknown Senin, 26 November 2012 0 komentar
ကဲ .. ဆက်လိုက်ကြစို့ (မောက်စ်တင်လိုက်ရင် ရပ်ပေးမယ့် marquee)

အပေါ်မှာတွေ့တဲ့အတိုင်းပဲ marquee HTML ကြောင့် ရွေ့လျားနေတဲ့ စာတမ်းလေး (ဒါမှမဟုတ်) ပုံလေးတစ်ခုဟာ Mouse တင်လိုက်တာနဲ့ ရပ်ပေးမယ့် ကုဒ်လေးပါ ..
တစ်ကယ်တော့ Marquee Technique တွေက ဘာမှ များများစားစားရှိတာမဟုတ်ပါဘူး .. အဲဒီလို များများစားစားမရှိတဲ့ marquee ကုဒ်တွေကို တစ်ခြားသော HTML ကုဒ်တွေနဲ့ ဟန်ချက်ညီညီ ပေါင်းစပ်ပြီး စနစ်တကျအသုံးချတတ်မယ်ဆိုရင် အများနဲ့မတူတဲ့ အံ့သြစရာ Result တွေကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်
ဒါကြောင့် Marquee Technique တွေကို စိတ်ဝင်တစားလေ့လာနေရုံနဲ့ တစ်ခြားသော Programming Language တွေကိုပါ အတိုင်းအတာတစ်ခုအထိ ရင်းနှီးကျွမ်းဝင်လာမှာဖြစ်ပါတယ်


ကဲ .. အပေါ်ဆုံးက Marquee လေးအကြောင်း သုံးသပ်လိုက်ရအောင် ..

စာတမ်းလေးဟာ ဘယ်ဖက်ကို ပုံမှန်အတိုင်းပြေးနေတာဖြစ်လို့ ရိုးရိုး marquee ကို သုံးထားပါတယ်

<marquee>xxx</marquee> ပေါ့

ကဲ .. မောက်စ်တင်လိုက်ရင် ဆိုတဲ့ကုဒ်က onmouseover= ပါ .. ရပ်သွားစေမယ့်ကုဒ်ကတော့ this.stop() ပါ အဲဒီတော့ လောလောဆည်အခြေအနေထိ ဒီလိုဖြစ်လာမယ်

<marquee onmouseover="this.stop()">ကဲ ..... marquee)</marquee>

ကဲ .. Result က အောက်ကအတိုင်း ဖြစ်သွားမယ် ..

ကဲ ... marquee)

အဲဒီမှာ  မောက်ကနေ လွတ်သွားပေမယ့် ဆက်မသွားတော့ပဲ ရပ်မြဲရပ်နေတာကို တွေ့ရလိမ့်မယ် ..
အဲဒီတော့ မောက်စ်ကနေလွတ်သွားတဲ့ အခြေအနေအတွက် ကုဒ်ဖြည့်ပေးဖို့ လိုမယ်ပေါ့ ..
မောက်စ်လွတ်သွားတဲ့ အခြေအနေက onmouseout ဗျာ .. ဆက်သွားတဲ့ကိစ္စကို ပြန်စခိုင်းမှာမို့ တန်ဘိုးက this.start() ပေါ့ ... အဲဒီတော့ သူ့ကိုထပ်ဖြည့်ဖို့အတွက် ကုဒ်အချင်းချင်း ဆက်စပ်ပေးမယ့်
; ( semicolom ) လေးထည့်ပေးရမယ် .. အဲဒီတော့ ကုဒ်က ဒီလိုဖြစ်သွားမယ်

<marquee onmouseover="this.stop();" onmouseout="this.start()">ကဲ .. ....marquee)</marquee>

စာလုံးအရောင်တွေအတွက်တော့ ပြောစရာမလိုလောက်တော့ပါဘူး
ဒီကုဒ်တွေကိုပဲ အသုံးချပြီး direction တွေ behavior တွေကို တွဲစပ်အသုံးပြုလိုက်တာနဲ့ Result တွေ အမျိုးအမျိုး ထွက်လာမှာပါ ...


ကဲ .. ဒီနေ့တော့ ဒီလောက်ပါပဲ ..


နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Next Post (၅ ကြိမ်ပြေးပြီးရင် နားမယ်ဗျာ .. မောတယ် ..)
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Marquee Techniques (6)
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2012/11/marquee-techniques-6.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.