ကျွန်တော်သုံးနေတဲ့ USB Disk Security

Posted by Unknown Jumat, 30 November 2012 0 komentar
USB နဲ့ပတ်သက်ပြီး ကွန်ပြူတာသမားတွေအတွက် ပြဿနာတွေ အမျိုးမျိုးရှိနေတတ်ကြပါတယ် ..
များသောအားဖြင့်တော့ USB ကနေတစ်ဆင့် ကွန်ပြူတာထဲကို ဗိုင်းရပ်စ်ကူးစက်တဲ့ ပြဿနာပါပဲ ..
အဲဒီလိုပြဿနာမျိုးတွေကို ကာကွယ်ဖို့အတွက် USB နဲ့ပတ်သက်တဲ့ ကာကွယ်ရေးဆော့ဝဲတွေအမျိုးမျိုးကို အဆင်ပြေသလို သုံးစွဲနေလေ့ရှိပါတယ် ..
ကွန်ပြူတာသမားတိုင်းမှာ မဖြစ်မနေ သုံးထားသင့်တဲ့ ဆော့ဝဲထဲမှာလည်း USB ဆိုင်ရာ ကာကွယ်ရေး ဆော့ဝဲဟာ တစ်ခုအပါအ၀င်ဖြစ်ပါတယ် ..

ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင်သုံးနေတဲ့ USB Disk Security ဆော့ဝဲလေးကို မျှဝေပေးချင်ပါတယ် ..
ဒီဆော့ဝဲလေးက နံမည်ကသာ USB လို့ညွှန်းထားပေမယ့် တစ်ကယ်တမ်းသုံးကြည့်တဲ့အခါမှာ USB တစ်မျိုးတည်းကိုပဲ ကာကွယ်ပေးတာမဟုတ်ပဲ .. ၀င်းဒိုးစနစ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Registry ပိုင်းတွေကို ရှင်းလင်းပြုပြင်ပေးတာ .. Memory ပိုင်းဆိုင်ရာ Error တွေကို ပြုပြင်ပေးတာ .. စက်ထဲမှာရှိတဲ့ Harddisk ကြီးတစ်ခုလုံးကို Virus Scan လုပ်ပေးတာတွေအပြင် တစ်ခြားသော Window ရဲ့ ကျန်းမာရေးပိုင်းတော်တော်များများကိုလည်း ဖြေရှင်းပေးတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နေတာတွေ့ရပါတယ် ..
ဒါကြောင့် ဒီဆော့ဝဲလေးကို မျှဝေပေးလိုက်တာပါ ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ


<<<Download>>>


ကဲ .. ဒေါင်းလို့ရလာပြီဆိုရင်တော့ အထဲမှာဖိုင်နှစ်ဖိုင်ပါပါတယ် ..
အဲဒီထဲက notepad ဖိုင်ထဲမှာ Full Version သုံးနိုင်အောင် User Name နဲ့ Serial Number ကို ထည့်ပေးထားပါတယ် ..
ဆော့ဝဲကို Install လုပ်ပြီးတဲ့အခါ Information ဆိုတဲ့နေရာကနေ၀င်လိုက်ရင် Registration လုပ်ရမယ့်နေရာကိုရောက်ပါမယ် .. အဲဒီထဲက Buy Registration Code ကိုမရွေးပဲ အောက် Have already ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် User Name နဲ့ Serial ဖြည့်စရာပေါ်လာပါမယ် ..
Notepad ထဲက User Name နဲ့ Serial ကို တစ်လှည့်စီကူးယူပြီး ဖြည့်ပေးလိုက်ရုံပါပဲ ..

ကဲ .. သူငယ်ချင်းအားလုံး အဆင်ပြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ကျွန်တော်သုံးနေတဲ့ USB Disk Security
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke http://androidthemes7.blogspot.com/2012/11/usb-disk-security.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.