Tampilkan postingan dengan label photo editing. Tampilkan semua postingan
Tampilkan postingan dengan label photo editing. Tampilkan semua postingan

Lightzone - free, open source alternative to Lightroom

Posted by Unknown Kamis, 02 Januari 2014 0 komentar

Lightzone-logo.png


Lightzone is free, open source, software for editing photos. It is similar to Adobe Lightroom. You do have to create a free account on their site, but it is quick and easy. 

Lightzone is available for Windows, Mac, and Linuz. You can edit batches of photos with effects and styles, color masks, and more. It can make it appear as if you took the photo under different lighting conditions, clean up photos and more. 

There are help videos and forums on the site with an active community to help you use it. 








Baca Selengkapnya ....

Magic Photo Editor 6.1 + Crack

Posted by Unknown Kamis, 13 Juni 2013 0 komentar
Magic Phot Editor ဆိုတဲ့ဆော့ဝဲလေးကို Portable အဖြစ် အရင်က
တင်ပေးခဲ့ဖူးပါတယ် ..

Photoshop အကြောင်းလုံးဝမသိပေမယ့် ဓာတ်ပုံတွေကို ကိုယ့်စိတ်ကြိုက် ကလိနိုင်တဲ့ ဆော့ဝဲလေးပါ

ဓာတ်ပုံတွေကို ကာတွန်းပုံတွေနဲ့ တွဲပေးလို့လည်းရသလို ကိုယ်ပြောချင်တဲ့စကားတွေကိုလည်း စာသားတွေနဲ့ တွဲပြီး ဖော်ပြပေးလို့ရပါတယ်




Mediafire မှာ တင်ပေးခဲ့တာဖြစ်ပြီး ကျွန်တော်တင်ခဲ့သမျှတွေထဲမှာ
Download ဆွဲတဲ့ အရေအတွက် အများဆုံးဆော့ဝဲလည်း ဖြစ်ပါတယ်


အခုတော့ Portable မဟုတ်တော့ပဲ Install လုပ်ပြီး Full Version အဖြစ်
အမြဲအသုံးပြုနိုင်မယ့် ဆော့ဝဲအဖြစ် တင်ပေးလိုက်ပါတယ် ..

Portable ကိုပဲ အသုံးပြုချင်တဲ့ သူငယ်ချင်းတွေကတော့ တစ်ရက်လောက်
စောင့်ပေးပါဦး ..

Portable တော့လုပ်ပြီးထားပါပြီ .. မတင်နိုင်သေးလို့ပါ

နောက်ရက်မှာ ဒီပို့စ်ကို Update ပြန်လုပ်ပြီး
Portable အတွက် Download လင့်ကို ထပ်ထည့်ပေးထားပါမယ် ..

ကွန်နက်ရှင်တွေ မကောင်းတဲ့အတွက် အခုလို တစ်ဖြတ်ချင်း တင်နေရတာကို ကျွန်တော်လည်း
အားမလိုအားမရဖြစ်မိတာ အမှန်ပါပဲ ..
ကဲ .. ဆော့ဝဲကိုလိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ





ဒေါင်းလို့ပြီးပြီဆိုရင်တော့ အရင်ဆုံး Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ

Install လုပ်တဲ့အဆင့်ပြီးသွားပြီဆိုရင် Crack ဆိုတဲ့ဖိုဒါထဲကဖိုင်ကို ကော်ပီကူးပြီး
My computer >> C >> Program files >> Magic Photo Editor ဆိုတဲ့ ဖိုဒါထဲကို
ထည့်ပေးလိုက်ပါ ..

တက်လာတဲ့ Box ကို Replace .. ပါတာကို ရွေးပေးလိုက်ပါ

ဒါဆိုရင်တော့ Full Version အဖြစ် Crack ပြီးသွားပြီ ဖြစ်ပါတယ်

ဒီဆော့ဝဲကို အသုံးပြုတဲ့အခါ .. မြန်မာစာရိုက်ဖို့အတွက် ဇော်ဂျီဖောင့်ကိုတော့ Support မလုပ်ပါဘူး

တခြား မြန်မာဖောင့်တွေဖြစ်တဲ့ WinResearcher တို့လို ဖောင့်မျိုးတွေကိုပဲ သုံးနိုင်မှာဖြစ်ပါတယ်

Install မလုပ်ချင်ဘူး ဒီအတိုင်းပဲသုံးချင်တယ်ဆိုပြီး Portable အဖြစ် ပဲ သုံးချင်တဲ့သူငယ်ချင်းတွေကတော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်








ဒေါင်းလို့ရလာတဲ့ထဲက exe  ဖိုင်ကို Double Click နှိပ်ပြီး run လိုက်တာနဲ့ ဖိုဒါတစ်ခု
ပေါ်လာပြီး ပရိုဂရမ်ကို အသုံးပြုနိုင်သွားပြိ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

ဓာတ်ပုံတွေကို အသက်သွင်းမယ် Talking တွေလည်း ပွားခိုင်းမယ်

Posted by Unknown Jumat, 18 Januari 2013 0 komentar
Crazy Talk ဆိုတဲ့ ပရိုဂရမ်ဟာ ဓာတ်ပုံတွေကို အမူအရာအမျိုးမျိုး ပြောင်းလဲလို့ရတဲ့အပြင်
အဲဒီ ဓာတ်ပုံ တွေကိုပဲ စကားတွေ ပြောခိုင်းမယ် .. အသံတွေထွက်ခိုင်းမယ် ...
အဲဒီလို Editing လုပ်နိုင်တဲ့ ဆော့ဝဲလေးပါဖြစ်ပါတယ် ..
ကာတွန်းကားတွေကို ကြည့်ဖူးမှာပါ .. အရင်က ကာတွန်းကားတွေကတော့
ကာတွန်းကွက်တွေ အများကြီးဆွဲပြီး ဖလင်မှာ တွဲယှက်ခဲ့တာ ဖြစ်ပေမယ့်
အခုနောက်ပိုင်း ကာတွန်းကားတွေက အခုကျွန်တော်ပြောတဲ့ Crazy Talk လို
ဆော့ဝဲမျိုးတွေကို အသုံးပြုပြီး Edit လုပ်ထားတာပါ ..
တိရစ္ဆာန်တွေ စကားပြောတဲ့ ဇာတ်ကားတော်တော်များများကိုလည်း ဒီလိုပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ် ..
ဆော့ဝဲလေးလိုချင်ရင်တော့ အောက်မှာ ဒေါင်းယူလိုက်ပါ ..


ဖိုင်ဆိုဒ်က 121MB လောက်ရှိနေတာမို့ပါ .. ပထမ Box မှာတင်ထားတာ Monthly Bandwidth က နှစ်ရက်တည်းနဲ့ ပြည့်သွားလို့ Mediafire မှာ ပြန်တင်ပေးလိုက်ပါတယ်





ကဲ .. ဒေါင်းပြီးပြီဆိုရင်တော့ Install လုပ်ဖို့အတွက် အထဲမှာရှိတဲ့ဖိုင်တွေထဲက
Serial ဆိုတဲ့ text ဖိုင်ကို အရင်ဖွင့်ပြီး အဲဒီထဲက Serial key တွေကို ကော်ပီကူးယူထားလိုက်ပါ ..
ပြီးရင် အင်တာနက် ကွန်နက်ရှင်ကို ပိတ်ထားပါ ..
အားလုံးပြင်ဆင်ပြီးပြီဆိုရင် ဒေါင်းလို့ရလာတဲ့ထဲက Setup ဆိုတဲ့ Application ဖိုင်ကို Run ပြီး Install
လုပ်လိုက်ပါ .. ( Application ဖိုင်နော် .. Configyration settings ဆိုတဲ့ ဖိုင်မဟုတ်ဘူး )
Install လုပ်လို့ပြီးတာနဲ့ Serial ဖြည့်ခိုင်းပါလိမ့်မယ် ..
အစောပိုင်းက ကော်ပီကူးယူထားတဲ့ Serial ကို ဖြည့်ပေးလိုက်ရုံပါပဲ ..
အဲဒါဆိုရင် Full Version ဖြစ်သွားပါပြီ ..
နောက်ထပ်တက်လာတဲ့ Crazy Talk Member အဖြစ် Sign Up လုပ်ခိုင်းတဲ့ Box တွေကတော့
အလုပ်ရှုပ်ခံမနေနဲ့ .. ပိတ်သာပိတ်ပစ်လိုက်ပါ .. ( စိတ်ဝင်စားရင်လည်း နိုင်ငံခြားက Crazy Talk
ပညာရှင်တွေနဲ့ ဆွေးနွေးချင်စိတ်ရှိရင် Sign Up လုပ်နိုင်ပါသေးတယ် )
ကဲ .. ဆော့ဝဲကိုတော့ Install လုပ်ပြီးသွားပြီ ..
ဘယ်လိုသုံးရမလဲ သိချင်မှာပေါ့ ..
ဟုတ်ကဲ့ .. ရှင်းပြနေမယ်ဆိုရင် အများကြီးမို့ သူ့ကို အသုံးပြုတဲ့နည်းတွေကို
အသေးစိပ်ရေးပေးထားတဲ့ စာအုပ်လေး တင်ပေးထားတယ်ဗျ ..
အဲဒီစာအုပ်ကိုတော့ အောက်မှာ ဒေါင်းယူလိုက်ပါ ..




ကဲ .. ဒါဆို .. အဆင်ပြေပြီနော် ..
သက်ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေနဲ့အတူ သူငယ်ချင်းများ ပျော်ရွှင်နိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

PDF ဖိုင်တွေကို Image ဖိုင်အဖြစ် ပြန်ပြောင်းမယ်

Posted by Unknown Sabtu, 08 Desember 2012 0 komentar
ကျွန်တော် ဓာတ်ပုံဖိုင်တွေကို PDF ဖိုင်အဖြစ် ပြုလုပ်တဲ့နည်းကို တင်ပြခဲ့ဖူးပါတယ် ..
ဒီတစ်ခါတော့ PDF ဖိုင်တွေကို ဓာတ်ပုံဖိုင် (.jpg / .png / .tiff / .... ) အဖြစ် ပြန်ပြောင်းတဲ့နည်းကို ထပ်ပြီး မျှဝေပေးမှာပါ ..
ဒီနည်းကတော့ နည်းနည်းလေး လုပ်ရတာ အနုပညာဆန်သလို သူငယ်ချင်းတို့ရဲ့ စက်ထဲမှာလည်း Photoshop ဆော့ဝဲလေးတစ်ခုလောက်တော့ ရှိထားပြီးသားဖြစ်ရပါမယ် ..
ဒီပို့စ်မှာ ကျွန်တော်က Adobe reader X နဲ့ Photoshop CS 5 ကို ပေါင်းစပ်အသုံးပြုပြီး ရှင်းပြထားပါတယ် ..
ကဲ .. စလိုက်ကြစို့ ..
ပထမဆုံး ကျွန်တော် မှာရှိထားတဲ့ PDF ဖိုင်ကို Adobe reader X နဲ့ ဖွင့်လိုက်ပါတယ် ..



ပြီးရင် ကျွန်တော် Image ဖိုင်ပြောင်းချင်တဲ့ပုံကို မောက်လေးနဲ့ ဆွဲယူပြီး Select ပေးလိုက်ပါတယ် .. Select ပေးပြီးတဲ့အခါ အဲဒီပုံပေါ်မှာ Right Click နှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း Copy Image ဆိုတာလေးပေါ်လာပါတယ် ..


အဲဒီ Copy Image ဆိုတာလေးကိုနှိပ်ပြီး Photoshop ကိုဖွင့်လိုက်ပါတယ် ..



Photoshop ပွင့်လာတဲ့တဲ့အခါ File ကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက New ကိုနှိပ်လိုက်ပါတယ် .


New Doc အတွက် User Define လုပ်ရမယ့် Box လေးကျလာတဲ့အခါ သူပေးထားတဲ့အတိုင်းပဲ ဘာမှမပြောင်း Ok ကို နှိပ်ပေးလိုက်ပါတယ် .. အဲဒီထဲက Width နဲ့ Height တွေရဲ့ တန်ဘိုးတွေက ကျွန်တော်တို့ ကော်ပီယူထားတဲ့ Image ရဲ့ မူလအရည်အသွေးအတိုင်းပဲ ဖြစ်ပါတယ် .. တစ်ကယ်လို့ Photoshop ကို နိုင်နင်းတယ်ဆိုရင်တော့ Resolution တွေကအစ နှစ်သက်သလို ပြင်ပေးနိုင်ပါတယ် ..
အဲဒီလို Ok နှိပ်ပေးလိုက်တဲ့အခါ .. ကျွန်တော်တို့အတွက် Photo Doc လေးတစ်ခု ပွင့်လာပါမယ် ..


အပေါ်ဘားတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီး ကျလာတဲ့ထဲက Paste ကိုနှိပ်ပေးလိုက်တာနဲ့ အောက်မှာပြထားတဲ့အတိုင်း ကျွန်တော်တို့ ကော်ပီယူလာခဲ့တဲ့ PDF ထဲက ပုံလေးဟာ Photoshop Program ထဲမှာ User ပြုသမျှ   နုပေးရတော့မယ့်ပုံနဲ့   ရောက်လာတာကို   တွေ့ရပါလိမ့်မယ် ..


အဲဒီတော့မှ သူငယ်ချင်းတို့ တတ်စွမ်းသမျှ Photoshop Effect တွေကိုသုံးပြီး အလင်းအမှောင်ကအစ ဖြတ်ညှပ်ကပ်အဆုံး လိုသလို ပြောင်းလဲပြီး နောက်ဆုံး စိတ်တိုင်းကျပြီဆိုမှ ဘယ်ဖက်အပေါ်ဒေါင့်နားက File ဆိုတာလေးကိုနှိပ်ပြီး ကျလာတဲ့ထဲ Save as ကိုနှိပ် ..
ပွင့်လာတဲ့ထဲမှာ ဖိုင်နံမည်ကို ကြိုက်ရာပေး . File type မှာတော့ ကိုယ်ကြိုက်တဲ့ဖိုင်အမျိုးအစား(.fpg / .png / .tiff / ... ) စတာတွေကိုရွေးပြီး Save လုပ်လိုက်တာနဲ့ သူငယ်ချင်းတို့ရဲ့ PDF ဖိုင်တွေထဲက ပုံလေးတွေဟာ Image ဖိုင်အဖြစ် အသွင်ပြောင်းသွားမှာဖြစ်ပါတယ်ဗျာ ..
အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


  အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.