သီချင်းတစ်ပုဒ်ထဲမှာရှိတဲ့ အဆိုတော်ရဲ့ Vocal ကို ဒီလို ဖျောက်မယ်ဗျာ

Posted by Unknown Jumat, 12 April 2013 0 komentar
အရင်က ပို့စ်တစ်ခုမှာ ကျွန်တော်က သီချင်းတစ်ပုဒ်ထဲမှာ ရှိနေတဲ့ အဆိုတော်ရဲ့အသံကို
ဖျောက်တဲ့နည်းလေး မျှဝေပေးမယ်လို့ ပြောခဲ့ဖူးပါတယ် ..
အဲဒီလိုပြောပြီးတော့ ကြားထဲမှာ တခြားပို့စ်တွေ သုံးလေးခုလောက် ဆက်တင်လိုက်တဲ့အခါမှာ
ကျွန်တော့်ရဲ့ mail ထဲကို message တွေပို့လာပါတယ် ..


ဘာကြောင့်မတင်ပေးသေးတာလဲပေါ့ ..
ဟုတ်ကဲ့ .. မတင်ဖြစ်တဲ့အကြောင်းရင်းက ကျွန်တော် ဒီနည်းလမ်းမှာသုံးမယ့်ဆော့ဝဲကိုပါ
တစ်ပေါင်းတည်း တင်ပေးချင်တာကြောင့်ပါ ..
နောက်ပြီး ဆော့ဝဲကလည်း 140Mb ၀န်းကျင်ရှိနေတော့ ကျွန်တော့်အတွက် Upload တင်ဖို့
တော်တော်ကြီး ခက်ခဲနေတာဖြစ်ပါတယ် ..
ဒါပေမယ့် .. အခုတော့ ရအောင်တင်ပေးလိုက်ပါတယ် .. ဒီဆော့ဝဲလေး Upload ပြီးဖို့
ကျွန်တော် 18 နာရီကျော် တင်လိုက်ရပါတယ် ..
ဘာဆော့ဝဲလဲဆိုတော့ Adobe Audition CS 5.5 ပါ
ကျွန်တော် အခုလို အဆိုတော်ရဲ့အသံကိုဖျောက်ဖို့ နည်းလမ်းတွေကို တော်တော်များများ
စမ်းသပ်ကြည့်ခဲ့ပါတယ် ..
နောက်ဆုံး နံမည်ကြီးလှချည်ရဲ့ဆိုတဲ့ Magic Vocal Remover ဆိုတဲ့ဆော့ဝဲကိုတောင်
Full Version မဟုတ်တော့ သူကန့်သတ်ထားသလောက်လေး mp3 ဖိုင်ဖြတ်ပြီး
အဆိုတော်အသံကို ဖျောက်ကြည့်တဲ့အခါ .. အခု Adobe Audition ဆော့ဝဲလောက်
အဆင်မပြေတာကိုတွေ့ရပါတယ် ..
သူငယ်ချင်းတို့ရဲ့စက်ထဲမှာ Adobe Audition ဆော့ဝဲသွင်းထားပြီးသား ရှိတယ်ဆိုရင်
ဗားရှင်းဘယ်လောက်ပဲဖြစ်ဖြစ် ကျွန်တော်လုပ်ပြထားတဲ့ နည်းလေးကိုမှီးပြီး
လုပ်လို့ရပါတယ် ..

ကဲ .. ဆော့ဝဲမရှိသေးဘူးဆိုရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

အထဲမှာ Serial Key တွေနဲ့ Notepad တစ်ခုရယ် ဆော့ဝဲရယ်
Core ဖိုင်တစ်ဖိုင်ရယ်
Activator ရယ် လေးမျိုးထည့်ပေးထားပါတယ်
ပထမဆုံးဆော့ဝဲကို Install လုပ်ရင်း Key တောင်းတာကို Notepad ထဲက ကြိုက်တဲ့ကီးကို
ကော်ပီကူးပြီး ထည့်ပေးလိုက်ပါ ( အင်တာနက်ကွန်နက်ရှင်ကိုတော့ ပိတ်ထားပါ )
ပြီးရင် Activator ဆိုတဲ့ ဖိုလ်ဒါထဲက Adobe CS5 Activator.exe ဆိုတဲ့ဖိုင်လေးကို
C >> Program files >> Adobe >> Adobe Audition CS 5.5 ဆိုတဲ့ ဖိုလ်ဒါထဲကို
အဆင့်ဆင့် ဖွင့်ဝင်ပြီး ကူးထည့်ပါ ( Antivirus ပိတ်ထားမှ ကူးထည့်ဖို့ လွယ်ပါမယ်
ကူးထည့်လို့ မရရင်လည်း Desktop ပေါ်မှာပဲတင်ပြီး Run လို့ရပါတယ် )
ပြီးရင် အဲဒီဖိုင်ကို Run ရပါမယ် ( ရိုးရိုး Run လို့ အဆင်မပြေရင် Right Click နှိပ်ပြီး
Run as .. Administrator ကနေ Run ရပါမယ် )
အဲဒီ Activator က Adobe ကထုတ်တဲ့ CS5 ထုတ်ကုန်အားလုံးကို Activate လုပ်ပေးနိုင်တဲ့
Activator ပဲ ဖြစ်ပါတယ်
အဲဒီ Activator ကို Run လိုက်တာနဲ့ Command Prompt တစ်ခုပွင့်လာပြီး အလုပ်လုပ်ပါမယ်
ပြီးတာနဲ့ Press any key to .... ဆိုတဲ့ စာကြောင်းလေးတက်လာရင် ကြိုက်တဲ့ ကီးကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင်တော့ ဆော့ဝဲလေးကို Full Version အဖြစ် အမြဲသုံးလို့ ရသွားပါပြီ
ကဲ .. ဆော့ဝဲကိုတော့ Install လုပ်ပြီးပြီ .. သီချင်းဖိုင်ထဲမှာရှိနေတဲ့ အဆိုတော်ရဲ့ အသံကို ဘယ်လို
ဖျောက်ကြမလဲ ..
အရင်ဆုံးပြင်ဆင်ထားဖို့က ကိုယ် Edit လုပ်မယ့် သီချင်းဖိုင်ကို mp3 ဖြစ်အောင် ပြင်ဆင်ထားရပါမယ်
တစ်ခါတစ်ခါ မူရင်းဖိုင်က ညံ့တဲ့အတွက် Format ကို mp3 ပြောင်းတဲ့အခါမှာ အသံအရည်အသွေး
ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ် ..
အဲဒီလိုမျိုး ကြုံလာပြီဆိုရင် အဲဒီ မူရင်း သီချင်းဖိုင်ကိုဖွင့်ပြီး ကျွန်တော် အရင်က တင်ပေးခဲ့ဖူးတဲ့ Record Audio Wizard ဆိုတဲ့
ဆော့ဝဲလေးနဲ့ Level ကိုမြှင့်ပြီး အသံကူးထားလိုက်ရင် မူလအသံထက် အရည်အသွေးမြင့်တဲ့ mp3 ဖိုင်တစ်ခုကို
ရလာမှာဖြစ်ပါတယ်
ကဲ .. အဆိုတော်ရဲ့အသံကိုဖျောက်ချင်တဲ့ mp3 ဖိုင်လေး အဆင်သင့် ရှိထားပြီဆိုပါတော့ ..
လုပ်ပုံလုပ်နည်းကိုတော့ အောက်က ဗွီဒီယိုထဲမှာသာ ကြည့်လိုက်ကြပါတော့ ..
တစ်ခုတွေးထားဖို့က အနုပညာဆန်တဲ့ အလုပ်တွေမှန်သမျှဟာ စိတ်ရှည်ရှည်နဲ့ ဖန်တီးပြုပြင်နိုင်မှ
အရည်အသွေးမှီတဲ့ အနုပညာပစ္စည်း ဖြစ်လာမယ်ဆိုတာပါပဲ ...




ကဲ .. အဆင်ပြေကြပါစေဗျာ .
နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: သီချင်းတစ်ပုဒ်ထဲမှာရှိတဲ့ အဆိုတော်ရဲ့ Vocal ကို ဒီလို ဖျောက်မယ်ဗျာ
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke https://androidthemes7.blogspot.com/2013/04/vocal.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.