Tampilkan postingan dengan label Advanced Archive Password Recover. Tampilkan semua postingan
Tampilkan postingan dengan label Advanced Archive Password Recover. Tampilkan semua postingan

Advanced Archive Password Recovery 4.53 Professional

Posted by Unknown Senin, 13 Mei 2013 0 komentar
Advanced Archive Password Recovery ဆိုတဲ့
Password ခံထားတဲ့ ချုံ့ဖိုင်တွေကို Password Crack ပေးတဲ့ ဆော့ဝဲ Pro Edition လေးရလာလို့ တင်ပေးလိုက်ပါတယ်

Dear Visitor,
In this post, I've shared a program called "Advanced Archive Password Recovery Professional".
As you know, the program costs $99 for pro version if you order online.
This program can help you to crack password protected archive files such as RAR,ZIP,ACE, etc.



You can watch how to use the program in my tutorial video embed at the end of the post.


Click HERE to download the program included serial.

အွန်လိုင်းက ဒေါင်းလို့ရလာတဲ့ ဖိုင်တချို့မှာ Password ခံထားတာမျိုးတွေ
ကြုံလာတဲ့အခါ အချိန်ပေးပြီး ဒေါင်းယူထားရတာမို့ Password မရခဲ့ရင်
တော်တော်လေး စိတ်ညစ်စရာကောင်းပါတယ်
အဲဒီအခါ .. Password ခံထားတဲ့ ချုံဖိုင်တွေကို Delete လုပ်စရာမလိုပဲ
Password ရသည်အထိ စိတ်ရှည်ရှည် Crack နိုင်အောင် ကူညီပေးမယ့်
ဆော့ဝဲလေးပါ ..
အွန်လိုင်းမှာ လိုင်စင်နဲ့ ၀ယ်သုံးမယ်ဆိုရင် Pro Version ဆိုရင် 99 ဒေါ်လာ ပေးရတဲ့ ဆော့ဝဲလေးပါ

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

Install လုပ်နေရင်းနဲ့ပဲ Serial ထည့်ခိုင်းပါမယ် .. အဲဒီအခါ serial.txt ဆိုတဲ့ Notepad ထဲက Key ကိုကူးပြီး
ထည့်ပေးလိုက်တာနဲ့ Full Version ဖြစ်သွားပါပြီ ..
အသုံးပြုနည်းအသေးစိပ်ကိုတော့ အောက်က ဗွီဒီယိုဖိုင်လေးမှာ ကြည့်နိုင်ပါတယ်
တစ်ခုလေးပဲ ပြောထားချင်ပါတယ် ..
စိတ်ရှည်ပါလို့ ..
တချို့ဖိုင်တွေဆိုရင် အဖိုးတန်တဲ့ ဆော့ဝဲမျိုးဖြစ်နေရင် Crack လိုက် ရောက်နေရာကို Save ပြီးနားလိုက်နဲ့
ရက်ပေါင်းများစွာ Crack ရတာမျိုးတွေ ရှိပါတယ် ..
စိတ်ရှည်လက်ရှည်သာ Crack ပါ .. တစ်ကယ် ရပါတယ်လို့ အာမခံပါတယ် ..





အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

RAR Password ကို ဆော့ဝဲသုံးပြီး Crack မယ်

Posted by Unknown Selasa, 04 Desember 2012 0 komentar
ဖြစ်ပုံများကတော့ ပြောမပြောချင်ပါဘူး .. သူငယ်ချင်းတွေ ၀င်ဝင်ကလိလေ့ရှိတဲ့ ကျွန်တော့်စက်ထဲမှာ ကျွန်တော့်အတွက် အသုံးဝင်တဲ့ဆော့ဝဲလေးတွေကို RAR အဖြစ်ချုံ့ပြီး Password လေးတွေနဲ့ ထားတာလေ .. ဖြစ်ချင်တော့ ကိုယ်အသုံးလိုလို့ ပြန်ဖြည်မယ်လုပ်တော့ Password က မေ့နေလိုက်တာ ဘယ်လိုမှကို ပြန်စဉ်းစားလို့ မရတော့ဘူး ..
ဒါနဲ့ ကိုယ့် Password ကိုယ် ပြန် Crack ဖို့ နည်းလမ်းရှာရတော့တာပေါ့ ... RAR Password ကို ဟက်နိုင်တဲ့ ဆော့ဝဲတွေဆိုလည်း ဒေါင်းလိုက် စမ်းလိုက်နဲ့ စိတ်တိုင်းကျကို ဖြစ်မလာတတ်ဘူး ..
ဒီလိုနဲ့ ကျွန်တော့် အစ်ကိုကြီး ကိုပြည့်ဖြိုး ရဲ့ဆိုဒ်မှာတင်ထားတဲ့ ဆော့ဝဲလေးကို ဒေါင်းပြီး စမ်းလိုက်တာ တော်တော်လေးလွယ်ကူတဲ့အပြင် အဆင်လည်း ပြေသွားတယ် ..
အဲဒါနဲ့ ကိုယ့်လို ဒုက္ခရောက်နေတဲ့လူများရှိရင် အဆင်ပြေအောင်လို့ install လုပ်ပြီး patch ပေးပုံ RAR Password ကို Crack ပုံတွေကို အသေးစိတ် ပြန်လည်မျှဝေလိုက်ပါတယ် ..
လောလောဆည် ဆော့ဝဲမရှိသေးရင်တော့ အောက်မှာ ဒေါင်းယူလိုက်ပါ . (ကျွန်တော်လည်း ကိုပြည့်ဖြိုးရဲ့ ဆိုဒ်ကနေဒေါင်းယူပြီး ကြိုက်လို့ ပြန်တင်ပေးထားလိုက်တာပါ)




ကဲ .. ဒေါင်းပြီးပြီဆိုရင်တော့ ရလာတဲ့ ဖိုင်ကိုဖြည်လိုက်ရင် rar ဖိုင်တစ်ဖိုင်နဲ့ exe ဖိုင်တစ်ဖိုင်ထွက်လာပါမယ် ..
အဲဒီထဲက exe ဖိုင်ကို Double Click နှိပ်ပြီး run လိုက်တာနဲ့ Install လုပ်ငန်းစဉ်တွေအတိုင်း Next , Accept , continue စတာတွေကို အလိုက်သင့်ပေးလိုက်ရုံပါပဲ ..
အဲ .. နောက်ဆုံးအဆင့်ရောက်တော့ အောက်ကပုံအတိုင်း တက်လာပါမယ် ..


အဲဒီထဲက Lunch rar password recovery ဆိုတာလေးရဲ့ရှေ့က အမှန်ခြစ်လေးကို ဖြုတ်ပြီးမှ Finish ကို နှိပ်ပေးလိုက်ပါ .. ( Full Version ဖြစ်အောင် Patch ပေးရဦးမှာမို့ပါ)
ပြီးရင် .. Desktop ပေါ်က Rar Password Recovery ဆိုတဲ့အိုင်ကွန်လေးကို Right Click နှိပ်ပြီး ကျလာတဲ့ထဲက Open file location ကိုနှိပ်လိုက်ရင် RAR ရဲ့ ဖိုလ်ဒါပွင့်လာပါမယ် ..



အဲဒီထဲကို ဒေါင်းယူထားတဲ့ထဲက rar ဖိုင်ကိုဖြည်ပြီး ထွက်လာတဲ့ Patch ဖိုင်လေးကို ဆွဲထည့်ချင်ဆွဲထည့် Copy to paste လုပ်ပြီး ထည့်ချင်ထည့် .. အဲဒီလိုထည့်ရင် ဖိုင်နံမည်တူရှိနေလို့ သတိပေးတဲ့ Box တက်လာရင် Replace (ဒါမှမဟုတ်) Overwrite ကိုနှိပ်ပေးလိုက်ပါ .. နောက်ထပ် သတိပေးစာတမ်းတက်လာတာကိုတော့ Continue ကိုနှိပ်ပေးလိုက်ပါ ..
ပြီးရင် အခုထည့်လိုက်တဲ့ Patch ဖိုင်လေးကို Double Click နှိပ် (ဒါမှမဟုတ်) Right Click >> Run as administrator နဲ့ Run ပေလိုက်ရင် အောက်ကပုံအတိုင်း ကျွန်တော့်ကောင်မလေးရဲ့ပုံထည့်ထားတဲ့ Patch ပုံလေးတက်လာပါမယ် ..


:P
အဲဒီထဲက Patch ကိုနှိပ်လိုက်ရင် အောက်ကလို Box လေးတက်လာပါမယ် ..


Yes ကိုနှိပ်ပေးလိုက်ပါ .. ခဏလောက်ကြာတာနဲ့ Patch ပေးပြီးတဲ့အကြောင်း ပုံထဲက စာတမ်းလေး တစ်ချို့ ပြောင်းသွားပါမယ် ..
Exit ကိုနှိပ်ပေးလိုက်ပါ .. ဆော့ဝဲလေးဟာ Full Version ဖြစ်သွားပါပြီ .. (တခြားဆော့ဝဲတွေကို Patch ပေးရင်လည်း ဒီနည်းနဲ့ပေးတာ အလွယ်ဆုံးပါ .. )

ကဲ .. ဆော့ဝဲအသုံးပြုပုံကို ဆက်ပြီးပြောပြပါမယ် ..
Rar Password Recovery အိုင်ကွန်လေးကို Run လိုက်ရင် အောက်ကပုံအတိုင်း ကိုယ် crack မယ့် rar ဖိုင်ကိုရွေးချင်းတဲ့ ပုံလေးတက်လာပါမယ် .. အကွက်ရဲ့ဘေးက လေးထောင့်ကွက်လေးကိုနှိပ်လိုက်တာနဲ့ ဖိုင်ရှာစရာပွင့်လာပါမယ် .. ကိုယ် crack ချင်တဲ့ rar ဖိုင်ကိုရွေးပေးပြီး စာတမ်းသုံးခုအနက်က တစ်ခုခုရဲ့ရှေ့မှာ အမှတ်ထည့်ပေးပါ ..



  • Brute-force attack ဆိုတာကတော့ Password ကို လုံးဝစဉ်းစာလို့မရရင် ရွေးရမှာပါ
  • Mask attack ဆိုတာကတော့ Password တစ်စိတ်တစ်ပိုင်းသိရင်ရွေးရမှာပါ
  • Dictionary attack ဆိုတာကတော့ ကိုယ်ပေးထားတဲ့ Password ဟာ Dictionary ထဲက အဓိပ္ပါယ်တစ်ခုခုဆောင်နေတဲ့ word တစ်ခုခုလို့ သိထားတဲ့အခါမှာ ရွေးရမှာပါ .. 
ကဲ .. ကျွန်တော်က ဘာမှမမှတ်မိတဲ့ Password အတွက် Brute-force attack ကို ရွေးပြထားပါတယ်
ပြီးရင်တော့ Next ကိုနှိပ်လိုက်တာနဲ့ အောက်ကပုံလေးပွင့်လာပါမယ် ..


အဲဒီထဲက Minimal length ဆိုတာက Password ရဲ့ အနည်းဆုံးဖြစ်နိုင်တဲ့ အလုံးအရေအတွက်ပါ .. (ကိုယ်က လေးလုံးအထက်ပဲပေးလေ့ရှိတယ်လို့ သိထားရင် 4 လို့ပြောင်းပေးရမှာပေါ့ .. အဲဒါဆိုရင် Password အရေအတွက် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး အတွက် ရှာဖွေတဲ့အဆင့်တွေကို ဆော့ဝဲက အလိုလိုကျော်သွားပေးမှာပါ)
Maximal length ကတော့ အများဆုံးဖြစ်နိုင်တဲ့ Password အလုံးအရေအတွက်ပါ .. (15 လို့ သတ်မှတ်ပေးလိုက်ရင် စာလုံးအရေအတွက် ၁၅လုံးပါတဲ့ Password တွေအထိ ဦးစားပေးပြီး တွက်ချက်ဖော်ထုတ်မှာ ဖြစ်ပါတယ် .. Password အလုံးအရေအတွက်များလေ အလုပ်လုပ်တဲ့အချိန် ကြာလေလေပါပဲ .. )
အောက်က Character Sets တွေကတော့ Password တွေထဲမှာ သုံးထားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ စာလုံးအမျိုးအစားတွေကို ရွေးခြယ်ခိုင်းတာဖြစ်ပါတယ် .. (ကျွန်တော်ကတော့ Password တွေကို a,b,c,d တွေရော ဂဏာန်းတွေရော Special Symbol တွေ (!@#...) ပေးလေ့ရှိတဲ့အတွက် a-z ဆိုတာရယ် .. A-Z ဆိုတာရယ် Include Special Symbols ဆိုတာရယ်နဲ့ 0-9 ဆိုတာရယ်တွေရဲကရှေ့မှာ အမှန်ခြစ်တွေ တပ်ပေးလိုက်ပါတယ် ..
ပြီးရင်တော့ Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒါ .. သူ့ရဲ့ အလုပ်စလုပ်နေတဲ့ပုံပါ .. ဒီနေရာမှာ တခြား Program တွေကို ပိတ်ထားသင့်ပါတယ် .. ဘာကြောင့်လဲဆိုတော့ ဒီဆော့ဝဲက Password ကို crack လုပ်နေပြီဆိုရင် CPU အသုံးပြုနှုန်း သိပ်မြင့်ပါတယ် .. တွက်ချက်ရမယ့် Password ခက်ရင်ခက်သလို CPU အသုံးပြုမှုမြင့်မားသလို စောင့်ဆိုင်းရတဲ့အချိန်ကလည်း ပိုပြီးကြာပါတယ် ..
အားလုံးပြီးသွားရင်တော့ အောက်ကပုံအတိုင်း မှန်ကန်တဲ့ Password တစ်ခုပွင့်လာပါမယ် ..


အဲဒီထဲက Copy ကိုနှိပ်လိုက်တာနဲ့ ရလာတဲ့ Password ကို ကော်ပီယူပြီးသား ဖြစ်သွားပါမယ် ..

Password မေ့သွားတဲ့ RAR ဖိုင် ဖွင့်လိုက်ပြီး Password တောင်းပြီဆိုတာနဲ့ Password ထည့်ရမယ့်အကွက်ထဲက Right Click နှိပ်ပြီး Paste ကိုရွေးလိုက်ရင် .. ကူးယူထားတဲ့ Password လေး ရောက်လာပြီး Password ခံထားတယ်ဆိုတဲ့ RAR ဖိုင်ဟာ တင်းမခံနိုင်တော့ပဲ .. အပျိုရည်ပျက် ( .. အဲလေ ..) ပွင့်သွားပါလိမ့်မယ် ..
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး 



Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.