Tampilkan postingan dengan label Gmail. Tampilkan semua postingan
Tampilkan postingan dengan label Gmail. Tampilkan semua postingan

Gmail အကောင့်လား ဘယ်နှခု ရချင်သလဲ

Posted by Unknown Sabtu, 10 Agustus 2013 0 komentar
gmail အကောင့်သစ်ကို အလွယ်တကူဖွင့်နိုင်တဲ့နည်းလေး
ထပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ် ..

ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ် ..




ဒါပေမယ် .. Android ဖုန်းလေးတစ်လုံးတော့ ရှိရပါမယ် ...

Andriod ဖုန်းသုံးတဲ့သူကလည်း တော်တော်များများတော့ လုပ်နိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ် ...

Andriod ဆိုတဲ့နေရာမှာလည်း Android ဖုန်းတိုင်းမရပါဘူး ...

သူငယ်ချင်းတို့မှာရှိထားတဲ့ Android ဖုန်းထဲက Application တွေထဲမှာ
ရှာကြည့်လိုက်ပါ gmail ဆိုတဲ့ Application ကိုတွေ့ရင် အလုပ်ဖြစ်ပါပြီ
ဗားရှင်း 4 အောက် Android တွေမှာ သိပ်ပါလေ့မရှိသလို gmail apk ကို
Install လုပ်ပြီးစမ်းကြည့်တာလည်း ဗားရှင်း 4 အောက် Android ဖုန်းတွေမှာ
အဆင်မပြေတာကို တွေ့ရပါတယ် ...

ကျွန်တော်ကတော့ Huawei U8950 ကိုင်ပါတယ် Version 4.0.4 ဖြစ်ပြီး gmail application
ပါပါတယ် ...

စမ်းသပ်ပြီးလုပ်ကြည့်ရသလောက်ကတော့ Android OS မဟုတ်တဲ့ဖုန်းတွေမှာ အဆင်မပြေမှုလေးတွေ
ရှိပါတယ် .. ( Handset အမြင့်ကြီးတွေတော့ လက်လှမ်းမမှီလို့ မသိပါဘူး)

ကဲ .. ကိုယ့်ဖုန်းနဲ့ကိုယ်ပဲဖြစ်ဖြစ် gmail application ပါတဲ့ Android ဖုန်းကိုင်ထားတဲ့သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားပြီးပဲဖြစ်ဖြစ် gmail အကောင့်သစ်လေးတွေ ဖွင့်ကြည့်လိုက်ကြရအောင် ...

အရင်ဆုံး ဖုန်းရဲ့ Setting ထဲကနေ Accounts & sync ကိုသွားပါ ..





အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကိုနှိပ်လိုက်ပါ ...









sync ၀င်းဒိုးလေးတက်လာပြီဆိုရင် ဖုန်းရဲ့ menu လေးကိုနှိပ်ပြီး Remove account ကိုရွေးပါ






 နောက်တက်လာတဲ့ Box ထဲမှာလည်း Remove account ကိုပဲ ရွေးပေးပါ





ဖုန်းထဲမှာရှိနေတဲ့ gmail အကောင့်ကို remove မလုပ်ပဲ အကောင့်သစ်ဖွင့်ရင် error တက်ပြီး အကောင့်သစ် မရတာမျိုးဖြစ်တတ်လို့ပါ


ဖုန်းထဲက gmail အကောင့်ကို remove လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲက gmail application ကိုဖွင့်လိုက်ပါ




အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..




အဲဒီထဲက New ကိုရွေးပေးပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်




Fast name နဲ့ Last name မှာ ကိုယ်နှစ်သက်ရာထည့်ပြီး Next ကိုနှိပ်ပါ



 နောက်ပွင့်လာတဲ့ထဲမှာ ကိုယ်လိုချင်တဲ့ email လိပ်စာကိုထည့်ပြီး Next ကိုနှိပ်ပါ







ကိုယ်ပေးလိုက်တဲ့ email လိပ်စာဟာ ရနိုင်မရနိုင်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင် အောက်ကပုံအတိုင်း
ပွင့်လာပါမယ် ..





( ဒီနေရာမှာ ကိုယ်ထည့်လိုက်တဲ့ email လိပ်စာဟာ မရနိုင်ဘူးဆိုရင် ဒီအဆင့်မရောက်ခင် ၀င်းဒိုးတစ်ခုတက်လာပါဦးမယ် အဲဒီထဲမှာ သူ Suggest လုပ်ထားတဲ့ email ကိုရွေးပေးပြီး Try again ကိုနှိပ်လိုက်ရင် အခုအဆင့်ကို ရောက်လာပါလိမ့်မယ်)

အပေါ်ကအဆင့်မှာ Password နှစ်ခုတူအောင်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Choose a security question ဆိုတာရဲ့အပေါ်မှာ နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Security question ရွေးစရာပေါ်လာပါမယ်




ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးပြီး အဲဒီ Question ရဲ့အောက်မှာ ကိုယ်ကြိုက်တာထည့်ရေးပေးလိုက်ပါ ( အဲဒါကို မှတ်မိထားရင်တော့ ကောင်းတာပေါ့)
ဥပမာ ကျွန်တော်က Childhood best friend's name လို့ ရွေးလိုက်ပြီး Answer မှာတော့ itmsoe လို့ထည့်ပေးလိုက်ပါတယ်




ပြီးရင်တော့ Next ကို နှိပ်လိုက်ပေါ့ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်




အဲဒီထဲက I Accept ကိုနှိပ်လိုက်ပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်




အဲဒီထဲက သူပေးထားတဲ့ စာလုံးလေးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် Next ကိုနှိပ်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်




Next ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင်တော့ နောက်တစ်ဆင့်မှာ အကောင့်ကို ခဏလောက် Sync လုပ်ပြီး အောက်ကပုံအတိုင်း ကိုယ်ဖွင့်လိုက်တဲ့  gmail အကောင့်သစ်ကို ရသွားမှာဖြစ်ပါတယ် ..




ပြီးရင် အဲဒီဝင်းဒိုးကို နောက်ပြန်မထွက်ပဲ ဖုန်းပေါ်က Home ကိုနှိပ်လိုက်ပါ ..
ပြီးရင် အပေါ်ဆုံးပုံ ၅ ပုံမှာပြထားတဲ့အတိုင်း Setting >> Account & sync ကိုသွားပြီး အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကို Remove account လုပ်ပါ .. ပြီးရင် နောက်အဆင့်တွေအတိုင်းပဲ အစအဆုံးပြန်လုပ်ရင်း နောက်ထပ် အကောင့်သစ်တွေကို အလွယ်တကူဖွင့်ယူလိုက်ပါ ...

အကောင့်ပေါင်း ဘယ်လောက်အထိဖွင့်လို့ရသလဲတော့ မသိဘူး ကျွန်တော်တော့ အကောင့် ၁၆ ခုလောက်ဆက်တိုက်လုပ်ပြီးတော့ ဖုန်း Hang သွားလို့ ဖုန်းဓာတ်ခဲကိုဖြုတ် ဖုန်းကိုပြန်ဖွင့်ပြီး Cache တွေ Junk file တွေကို ပြန်ရှင်းပစ်လိုက်ရပါတယ် ...

ဒါကြောင့် ဒီနည်းကိုသုံးပြီး အဲဒီဖုန်းထဲမှာ gmail အကောင့်ဘယ်နှခုလောက် လုပ်လို့ရတယ်ဆိုတာကို မပြောနိုင်တာခွင့်လွှတ်ပါ

ဒီနည်းကိုစမ်းသပ်ရင်းနဲ့ သေချာတဲ့အထိကျွန်တော် အကောင့်သစ်လုပ်ကြည့်တာ ဒီပို့စ်ကိုရေးတင်တဲ့အထိ အကောင့်ပေါင်း ၇၀ ကျော်နေပြီဖြစ်ပါတယ်

ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

G-mail အကောင့် Free ဖွင့်တာကို လက်တွေ့လုပ်ပြပါဆိုလို့

Posted by Unknown Sabtu, 13 April 2013 0 komentar
တစ်ချို့က gmail အကောင့်သစ်ဖွင့်တဲ့နေရာမှာ ဖုန်းနံပါတ် အတွက် ရှေ့ဆက်ရခက်နေတတ်ကြပါတယ်

ဒါကြောင့်လည်း gmail အကောင့်ကို Free ဖွင့်လို့ရမယ့်နည်းလမ်းနှစ်ခုကို ရှေ့ပိုင်းမှာ တင်ပေးခဲ့ဖူးပါတယ်
ဒီကြားထဲကမှ တစ်ချို့အတွက် နားလည်ရခက်လို့ ဖြစ်နိုင်ရင် ဗွီဒီယိုဖိုင်လေးနဲ့ တင်ပေးပါဆိုပြီး mail ထဲမှာတစ်မျိုး Facebook မှာတစ်ဖုံ အကူအညီတောင်းလာလို့ ဒီပို့လေးကို တင်ပေးလိုက်တာပါ


ဒီပို့လေးမှာ Gmail အကောင့်အတွက် လိုအပ်တဲ့ ဖုန်းနံပါတ်ကို www.k7.net မှာ သွားယူတဲ့နည်းကို သုံးပြထားပါတယ် ..
ဒီနည်းကတော့ သေချာပေါက် ရနိုင်တဲ့နည်းလေးလည်း ဖြစ်လို့ပါ

လုပ်ပုံလုပ်နည်းအသေးစိပ်ကိုတော့ ဒီနေရာ မှာ သွားဖတ်နိုင်ပါတယ်

အဲဒီပို့စ်လေးနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာက
အဲဒီဖုန်းနံပါတ်ယူတဲ့နေရာမှာ Sign Up လုပ်ရင် ထည့်ပေးရမယ့် email ဟာ ကြိုက်တာထည့်လို့ ရပါတယ် .. ကျွန်တော်ဆိုရင် ကခဂ@gmail.com လို့ထည့်ပြီးတောင် လုပ်ကြည့်ဖူးပါတယ် . တကယ်လည်း ရတယ်ဆိုတာကို လက်တွေ့လုပ်ကြည့်ရင် သိလာမှာပါ
နောက်ပြီး .. ကွန်နက်ရှင်အရမ်းကျနေတဲ့အချိန်မျိုးမှာ မလုပ်ပါနဲ့လို့ အကြံပေးချင်ပါတယ်
Google က ပို့လိုက်တဲ့ Voice message ဟာ အနည်းဆုံး 40Mb နဲ့အထက်ရှိမှ ကုဒ်အပြည့်အ၀ကို ရနိုင်မှာဖြစ်ပါတယ် ..
တစ်ချို့သောဖုန်းနံပါတ်တွေဟာ email အကောင့်ဖွင့်တဲ့နေရာမှာ အသုံးပြုပြီးသားမျိုးတွေလည်း ရံဖန်ရံခါ ကြုံရတတ်ပါတယ် .. အဲဒီလို ဖြစ်ခဲ့ရင်လည်း k7 အကောင့်ကို နောက်ထပ်အသစ်ပြန်လုပ်ပြီး ဖုန်းနံပါတ်ပြောင်းယူနိုင်ပါတယ် .. ( email က ကိုယ့်မှာမရှိလည်း ကြိုက်တာထည့်လိုက် ရနေတာပဲကို)
နောက်တစ်ချက်က google က ကုဒ်ပို့ပေးတဲ့အခါ ချက်ခြင်းရောက်မလာရင် နည်းနည်းလောက် စိတ်ရှည်ရှည်ထားပြီး စောင့်ပေးစေချင်ပါတယ် ..

ကဲ .. ဒီတိုင်းပြောနေလို့တော့ သိပ်သဘောပေါက်မှာ မဟုတ်ဘူး ..
အောက်ကဗွီဒီယိုဖိုင်လေးကိုသာ ကြည့်ပြီး လုပ်ပေတော့ ...



အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.