Tampilkan postingan dengan label Hosting. Tampilkan semua postingan
Tampilkan postingan dengan label Hosting. Tampilkan semua postingan

Dev-Host ဆိုက်မှာ အကောင့်လုပ်နည်းနှင့် ဖိုင်တင်နည်း Share လုပ်နည်း

Posted by Unknown Minggu, 07 April 2013 0 komentar
ဒီနေ့တော့ ကျွန်တော်သဘောကျနေတဲ့ Hosting Site လေးတစ်ခုမှာ အကောင့်ဖောက်နည်းနဲ့
ဖိုင်တင်နည်း Share လုပ်နည်းကို လက်တွေ့လုပ်ပြမှာ ဖြစ်ပါတယ် ..
ဘာကြောင့်ဒီဆိုက်လေးကို သဘောကျတာလဲဆိုတော့ ဖိုင်တင်ရတာရော Download လုပ်တဲ့လူအတွက်ပါ အဆင်ပြေတာရယ်
ဖိုင်တစ်ဖိုင်ကို အကြီးဆုံး 10Gb အထိ တင်ခွင့်ပေးတာရယ်
ကိုယ်တင်ထားတဲ့ဖိုင်ကို နောက်ဆုံးဒေါင်းယူတဲ့ရက်နဲ့ ရက်ပေါင်းတစ်ရာ ကြာမှ အဲဒီဖိုင်ကို ဖျက်တာရယ်တွေကြောင့်ပါ
Mediafire က ကျတော့ အကြီးဆုံးတင်ခွင့်ပြုတဲ့ဖိုင်ဆိုဒ်လည်း နည်းတဲ့အပြင်  နောက်ဆုံးဒေါင်းတဲ့ရက်ကနေ ၁၅ ရက်ပဲစောင့်တယ် .. ကြားထဲမှာ မဒေါင်းတော့ရင် ပျက်ရော ..


Sharebeast က တော့ ဘယ်နှရက်စောင့်မှန်း သိပ်နားမလည်သေးဘူး .. ၄၅ ရက်အထိတော့ စမ်းကြည့်ဖူးတယ် ..
Mediafire မှာတော့ မတင်ချင်တော့ဘူး .. တခြားဖိုင်တွေတင်ရင် ပြဿနာမရှိပေမယ့် ဆော့ဝဲတွေတင်ရင် သူက Copy Right လို့ သိရင် ဖိုင်တွေကို ဖျက်ပစ်တဲ့အပြင် အကောင့်ကိုပါ လော့ချပစ်လိုက်တာတွေ ရှိတော့ .. ကျွန်တော်ဆိုရင် ဆော့ဝဲတွေတင်ထားတာ အားလုံးပေါင်း 20Gb လောက် ပါသွားတယ် ...
ကဲ .. ထားပါတော့ ...
ဒီဆိုက်လေးအကြောင်း ဆက်လိုက်ကြစို့
ဆိုက်နံမည်က Dev-Host ပါ ..
အဲဒီမှာ အကောင်သစ်ဖွင့်ဖို့

http://d-h.st/    အဲဒီကို အရင်သွားရပါမယ် ..

အဲဒီမှာ Register ကိုနှိပ်လိုက်ရင်
Register လုပ်ဖို့ Form ကျလာပါမယ်
အဲဒီထဲမှာ ကိုယ့်ရဲ့ user name ကို ကြိုက်တာထည့်ပါ
email မှာတော့ ကိုယ်သုံးမယ့် email ကိုထည့်ပေါ့
password မှာလည်း ကိုယ်ကြိုက်တာထည့်ပါ..
ပြီးရင် သူရေးခိုင်းထားတဲ့ စာလုံးတွေကို မှန်အောင် ရိုက်ထည့်
ဘေးနားမှာ Donate ဆိုတာလေးရှိတယ် .. ကိုယ်က Free သုံးမှာမို့ Not right now ကိုရွေးပေးပါ
အားလုံးပြီးရင် အောက်နားက REGISTER ကို နှိပ်ပေးလိုက်ပါ
ပြီးရင်တော့ form ထဲမှာ ထည့်လိုက်တဲ့ gmail ကို ၀င်ပါ
အဲဒီမှာ Dev-Host က ပို့လိုက်တဲ့ မေးလ်တစ်စောင်ရောက်နေပါလိမ့်မယ်
အဲဒီ မေးလ်ကို ဖွင့်လိုက်ပြီး Click This Link ဆိုတာကို နှိပ်လိုက်ရင်
အကောင့်တစ်ခု Create လုပ်ခြင်း ပြီးဆုံးသွားပါပြီ
ကဲ .. ဖိုင်တင်ကြစို့
အကောင့်ထဲကို ကိုယ့်ရဲ့ email နဲ့ Password သုံးပြီး Log in ၀င်ပြီးပြီ ဆိုပါတော့
Click here to start uploading your files ဆိုတဲ့ အစိမ်းရောင်လေးကို နှိပ်လိုက်ပါ
ပွင့်လာတဲ့ထဲကနေ . .ကိုယ်တင်ချင်တဲ့ ဖိုင်ကို ရှာပြီး ကလစ်နှိပ် open ကိုနှိပ် ပြီးရင် အောက်က
UPLOAD ကိုနှိပ်
ဖိုင်တင်ပြီးတဲ့အခါမှာ link ကိုနှိပ်လိုက်ရင် ကိုယ်တင်တဲ့ဖိုင်ဆီရောက်မယ် .. Address Bar က လင့်ကို ကော်ပီကူးယူရင်လည်းရတယ် .. ဒါမှမဟုတ် copy ဆိုတာလေးကိုနှိပ်လိုက်ရင်လည်း
ကိုယ်တင်တဲ့ဖိုင်ရဲ့ လင့်ကို ကော်ပီယူပြီးသားဖြစ်မယ် ..
ကဲ .. ကိုယ့်မှာရှိတဲ့ အရာတွေထဲက တချို့ကို လိုအပ်နေသူတွေအတွက် ပြန်လည်မျှဝေနိုင်ကြပါစေဗျာ
ပိုရှင်းသွားအောင် အောက်မှာ ဗွီဒီယိုဖိုင်လေး တင်ပေးထားပါတယ် ..


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


Baca Selengkapnya ....

Sharebeast မှာ အကောင့်သစ်လုပ်နည်း နှင့် ဖိုင်တင်ပြီး ပြန်ရှယ်နည်း

Posted by Unknown Sabtu, 06 April 2013 0 komentar
ဒီနေ့တော့ Sharebeast မှာ အကောင့်သစ်လုပ်ပုံနဲ့ ဖိုင်တွေတင်ပုံ Share လုပ်ပုံကို
လက်တွေ့လုပ်ပြမှာပါ
သိထားပြီးသား သူငယ်ချင်းတွေကတော့ စိတ်ညစ်ချင်ညစ်နေမှာပေါ့နော် ..
ဒါပေမယ့် ဒီရက်ပိုင်းမှာ ကျွန်တော့် mail ထဲကို အများဆုံးမေးတဲ့ ကိစ္စက ဖိုင်တွေတင်ပြီး
ပြန် ရှယ်ဖို့ hosting site တွေမှာ အကောင့်သစ်လုပ်ပုံနဲ့ ဖိုင်တွေတင်ပြီး Share လုပ်ပုံတွေကို တတ်နိုင်သလောက် လက်တွေ့လေး ရှင်းပြပေးဖို့ မေးလာတာတွေလည်း နည်းနည်းများနေတဲ့အပြင်ကိုယ့်မှာရှိတဲ့ အရာတစ်ခုကို အများသုံးနိုင်အောင် ပြန်လည် မျှဝေပေးချင်တဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ကွန်နက်ရှင်မကောင်းတဲ့ကြားက ဗွီဒီယိုဖိုင်ကိုပါ ရအောင်တင်ပြီး
လက်တွေ့လုပ်ပြ နေတာပဲဖြစ်ပါတယ် ..


ကဲ .. စကြစို့
အရင်ဆုံး www.sharebeast.com ကိုသွားလိုက်ပါ
ရောက်သွားပြီဆိုရင် အပေါ်နားလေးက Register ကိုနှိပ်လိုက်ပါ
အချက်အလက်တွေဖြည့်ရမယ့် ပေ့ခ်ျ ပွင့်လာပါမယ်
အဲဒီထဲမှာ username အကွက်မှာ ကိုယ်နှစ်သက်တာထည့်ပါ
email အကွက်မှာတော့ ကိုယ်သုံးချင်တဲ့ email ကိုသုံးပါ
ဒီဆိုက်မှာ register လုပ်ရင် email confirm လုပ်စရာမလိုပါဘူး ..
ပြီးရင် password အကွက်နှစ်ခုမှာ ကိုယ့်စိတ်ကြိုက် password ကိုထည့်ပါ
ပြီးရင် သူပေးထားတဲ့ Codes ဆိုတဲ့ထဲက စာလုံးလေးတွေကို ဘေးကအကွက်လေးထဲမှာ
မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် အောက်နားလေးက CREATE ACCOUNT ကိုနှိပ်ပေးလိုက်တာနဲ့
အကောင့်တစ်ခုကို ရရှိသွားပြီဖြစ်ပါတယ် ..
ကဲ . ဖိုင်တင်ကြမယ် ..
လွယ်ပါတယ် .. Sharebeast ထဲကို Log in ၀င်ပြီးတာနဲ့ အပေါ်ဘားတန်းထဲက Upload files ကိုနှိပ်လိုက်တာနဲ့
တင်ချင်တဲ့ဖိုင်ကို ရွေးစရာ Browse ဆိုတာလေး တက်လာမယ် ..
အဲဒီ Browse ကိုနှိပ်ပြီး ကိုယ်တင်ချင်တဲ့ဖိုင်ကိုလိုက်ရှာ .. တွေ့ရင် ကလစ်တစ်ချက်ပေးပြီး
အောက်နားလေးက Open ကိုနှိပ်
Upload တင်မယ့် အကွက်ထဲမှာ ကိုယ်ရွေးလိုက်တဲ့ ဖိုင်လေး ပေါ်လာမယ်
ဖိုင်နံမည်ရဲ့အနောက်မှာ အနီရောင် ကြက်ခြေခပ်လေး ပေါ်လာအောင်
ခဏလောက်စောင့်ပေးပြီး အောက်နားကိ Upload ဆိုတာကို နှိပ်လိုက်တာနဲ့ ဖိုင်ကို
Uploading လုပ်နေပါလိမ့်မယ် ...
ဖိုင်တင်လို့ပြီးသွားတဲ့အခါမှာတော့ အဲဒီဖိုင်အတွက် Link လေးပေါ်လာပါလိမ့်မယ် ..
လင့်သုံးခုပေါ်လာတဲ့အနက်က အပေါ်ဆုံးက အကြီးဆုံးအကွက်ထဲက လင့်ဟာ
တခြားသူတွေကို ပြန်ပြီး Share ပေးရမယ့် လင့်ပဲ ဖြစ်ပါတယ် ..
ပိုပြီးရှင်းသွားအောင် အောက်မှာ ဗွီဒီယို ထပ်ကြည့်နိုင်ပါတယ်




ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ ..
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Mediafire မှာ အကောင့်သစ်လုပ်နည်းနှင့် ဖိုင်များတင်ပြီး Share နည်း

Posted by Unknown Kamis, 04 April 2013 0 komentar
Mediafire မှာ အကောင့်သစ်လုပ်ဖို့နဲ့ ဖိုင်တွေကို

Upload တင်ပြီး Share ပြန်လုပ်ဖို့ အတွက် လက်တွေ့လုပ်ပြပါလို့

mail ထဲကို စာပို့ထားတဲ့ သူငယ်ချင်းတွေအတွက် ဗွီဒီယိုဖိုင်လေး
တင်ပေးလိုက်ပါတယ် ..



 ပထမဆုံး www.mediafire.com ကို သွားပါ
အဲဒီမှာ Sign up ကိုနှိပ်ပါ
ပွင့်လာတဲ့ Form ထဲမှာ First name နဲ့ Last name မှာ
နှစ်သက်တာထည့်ပါ ..
email ထည့်ရမယ့် အကွက်နှစ်ခုမှာ ကိုယ့်ရဲ့ email လိပ်စာကိုထည့်ပါ
ပြီးရင် သူပေးထားတဲ့ စာလုံးနှစ်လုံးကို မှန်အောင်ရိုက်ထည့်ပါ
ပြီးရင် သူ့အောက်က စာကြောင်းလေးရဲ့ရှေ့မှာ အမှန်ခြစ်လေးတပ်ပေးပြီး
Create Account & Continue ကိုနှိပ်ပေးလိုက်
ပြီးတော့ ကိုယ်ထည့်လိုက်တဲ့ Gmail အကောင့်ကို Sign In ၀င်ပါ
အဲဒီမှာ Mediafire က ပို့လိုက်တဲ့ မေးတစ်စောင့်ရောက်နေပါမယ်
အဲဒီ မေးလ် ကိုဖွင့်ပြီး သူပေးထားတဲ့ လင့်တစ်ခုခုကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် mediafire အကောင့်တစ်ခုကို ပိုင်းသွားပါပြီ
ကဲ .. ဖိုင်တင်ကြစို့

www.mediafire.com မှာ ရထားပြီးတဲ့ အကောင့်နဲ့ Sing in ၀င်လိုက်ပြီးပြီ ဆိုပါစို့
ဘယ်ဖက် ပေါ်ဒေါင့်နားလေးက “ + ADD FILES ” ကိုနှိပ်လိုက်ပြီး
ကျလာတဲ့ထဲက From Computer ကို နှိပ်ပေးလိုက်ပါ
Loading uploader ပြီးအောင် စောင့်ပေးလိုက်ရင် ဖိုင်တင်ဖို့ အပေါင်းလက္ခဏာ
အကြီးကြီး ပေါ်လာပါမယ် ..
အဲဒီထဲကို ကလစ်ပေးလိုက်တာနဲ့ ကိုယ့်ကွန်ပျူတာထဲက တင်ချင်တဲ့ဖိုင်ကို ရွေးဖို့
ပွင့်လာပါမယ် ..
ကိုယ်တင်ချင်တဲ့ဖိုင်ကို ကလစ်ပေးပြီး Open ကိုနှိပ်လိုက်တာနဲ့
Uploader ထဲမှာ ကိုယ်တင်မယ့်ဖိုင်ရဲ့ နံမည်နဲ့ ဖိုင်ဆိုဒ်လေးပေါ်လာပါမယ် ..
အောက်နားလေးက Begin Uploade ဆိုတာကိုနှိပ်လိုက်ရင် ဖိုင်ကို စတင်ပြီး
Upload တင်နေပါလိမ့်မယ် .. ကွန်ကျနေတာတို့ အကြောင်းတစ်ခုခုကြောင့်တို့
Upload အဆင်မပြေခဲ့ရင် Return To My Files ကိုနှိပ်ပြီး အပေါ်ကအဆင့်တွေအတိုင်း
ပြန်လုပ်ပေးရပါတယ် ..
ဖိုင်တင်လို့ ပြီးသွားပြီဆိုရင်တော့ ကိုယ့်ဖိုင်ရဲ့နံမည်နဲ့ တည့်တည့် ညာဖက်မှာ
copy link ဆိုတာလေး ပေါ်လာပါလိမ့်မယ် .. အဲဒါလေးကို နှိပ်လိုက်ရင်
ကိုယ့်ဖိုင်ရဲ့ လင့်ကို ကော်ပီကူးပြီးသား ဖြစ်သွားပါမယ် ..
ကော်ပီရလာတဲ့ လင့်ကို Notepad ဒါမှမဟုတ်ရင်လည်း Text editor တစ်ခုခုမှာ
Paste လုပ်ပြီး သိမ်းထားလိုက်ရုံပါပဲ ..
ကိုယ်တင်ထားတဲ့ဖိုင်ကို သူငယ်ချင်းတွေကို Share ပေးမယ်ဆိုရင် အဲဒီလင့်လေးကို
ပေးလိုက်ရုံပါပဲ ..
ကဲ .. ပိုရှင်းသွားအောင် အောက်က ဗွီဒီယိုဖိုင်လေးကို ကြည့်နိုင်ပါတယ်
အဆင်ပြေကြပါစေဗျာ




နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.