Tampilkan postingan dengan label Microsoft Word Tutorials. Tampilkan semua postingan
Tampilkan postingan dengan label Microsoft Word Tutorials. Tampilkan semua postingan

Microsoft Office Word 2010 အသုံးပြုနည်းစာအုပ်

Posted by Unknown Selasa, 16 April 2013 0 komentar
mail ထဲကို message ပို့ပြီး တောင်းလို့ တင်ပေးလိုက်ပါတယ်

Microsoft office word 2010 အသုံးပြုနည်း စာအုပ်လေးပါ

ကွန်နက်ရှင်သိပ်မကောင်းလို့ စာမြည်းတွေ

အညွှန်းတွေ မရေးပေးနိုင်တော့ပါဘူး ..





လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Software မပါပဲ image ဖိုင်တွေကို pdf ဖိုင်ပြောင်းနည်း

Posted by Unknown Senin, 03 Desember 2012 0 komentar
ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. Image ဖိုင်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြစို့ ..

ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ..



ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ .. (ကျွန်တော်ကတော့ စတုဂံပုံကို ရွေးပြထားပါတယ် .. )


အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ  ပုံလေး  ဖြစ်သွားပါမယ် ..
စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့ အောက်မှာပြထားသလို စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)


ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..


အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. )

ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် ..
နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ ..
အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာ ပုံပြထားပါတယ် ..


အဲဒီထဲက File name မှာ ကြိုက်တဲ့နံမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..


ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး  Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် ..

အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.