Tampilkan postingan dengan label Windows 8. Tampilkan semua postingan
Tampilkan postingan dengan label Windows 8. Tampilkan semua postingan

Windows 8 ရဲ့ Log In Password ကို ကျော်ဖြတ်နည်း

Posted by Unknown Minggu, 07 Juli 2013 0 komentar
အားလုံးလည်း သိထားပြီးတဲ့အတိုင်း
Microsoft Windows တွေထဲမှာ
Windows 8 ဟာ လုံခြုံရေးပိုင်းဆိုင်ရာမှာ
စိတ်အချရဆုံးအဆင့်ဖြစ်ပါတယ် ..

User တွေအနေနဲ့ ကိုယ်ပိုင်အကောင့်တွေကို
Password လေးတွေနဲ့ထားတာမျိုးတွေရှိတတ်ပြီး
မတော်တဆ Windows Log in Password
မေ့သွားတဲ့အခါမျိုးဆိုရင်တော့ ကျန်တဲ့ဝင်းဒိုးတွေမှာ
အဆင်ပြေတဲ့နည်းလမ်းတွေ အများအပြားရှိပေမယ့်
Windows 8 ရဲ့ Log in Password ကို ကျော်ဖို့တော့ တော်တော်လေး ခက်ခဲတာကို တွေ့ရပါတယ် ..


ဒါကြောင့်အဲဒီလို Windows 8 ရဲ့ Log in password မေ့သွားခဲ့ရင် အခက်မကြုံရအောင်
ကျွန်တော်ကလိရင်း တွေ့ရှိခဲ့တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..

ဒီနည်းမှာ ကျွန်တော်က ဆော့တစ်ခုကို သုံးထားပါတယ် ..
အဲဒီဆော့ဝဲကလည်း Trail Version အဖြစ် အလွယ်တကူ ရယူနိုင်ပေမယ့် Trail Version မှာ
Windows ရဲ့ Log in password ကို ဖယ်ရှားလို့မရတဲ့အတွက် အဆင်မပြေပါဘူး ..
Enterprise Version နဲ့ Professional Version တွေမှာပဲ Windows Log in password ကို
ဖယ်ရှားခွင့်ပေးထားပါတယ် ..
Enterprise Version ကို ပိုက်ပိုက်ပေးပြီးဝယ်မယ်ဆိုရင် $19 ကျော်ကျော်လောက် ကုန်ကျမှာဖြစ်ပြီး
Professional Version အတွက်တော့ $29 ကျော်ကျော်ကုန်ကျမှာဖြစ်ပါတယ် ..
ကျွန်တော်ကတော့ ပိုက်ပိုက်ပေးစရာလည်း အဆင်မပြေတဲ့အတွက် အကျော်အခွနည်းလမ်းပေါင်းစုံနဲ့
Google မှာ ကလိမ်ကကျစ်ကျလိုက်တာ Enterprise Version ကို ရလာပါတယ် ..
Professional Version ကို ရလာခဲ့ရင်လည်း ပြန်ပြီး မျှဝေပေးပါဦးမယ် ..
ဘာကြောင့်လဲဆိုတော့ Enterprise Version မှာ Windows Log in password ကို ဖယ်ရှာခွင့်သာပေးထားပြီး Professional Version မှာတော့ ဖယ်ရှားခွင့်ရော ပြင်ဆင်ခွင့်ရော ပေးထားလို့ပါ ..
ကဲ .. ဘာပဲဖြစ်ဖြစ် Windows log in password ကို အလွယ်လေးနဲ့ ကျော်ဖြတ်နိုင်တာမို့ ရသလောက်နဲ့ပဲ
လောလောဆည် တင်းတိမ်လိုက်ရုံပေါ့
Windows 8 ရဲ့ Log In password ကို ဖောက်နိုင်ပြီဆိုမှတော့ ကျန်တဲ့ Windows xp, Vista နဲ့ Windows 7 တွေကို အလွယ်တကူ ဖောက်နိုင်သွားပါပြီ
ကဲ . .လိုအပ်တဲ့ဆော့ဝဲကိုတော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်

Download the program to bypass any Microsoft Windows Log In password.






ဒေါင်းပြီးရင်တော့ ဒီဆော့ဝဲကို အသုံးပြုပြီး Windows 8 ရဲ့ Log In password ကို ဘယ်လိုချိုးဖောက်ပြီး
ဝင်ရောက်သွားတယ်ဆိုတာကို အောက်ကဗွီဒီယိုဖိုင်လေးမှာ ကြည့်နိုင်ပါတယ်
Internet Download Manager သုံးတဲ့သူတွေကတော့ အဲဒီဗွီဒီယိုဖိုင်ရဲ့ Play ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ ခဏလောက်အကြာမှာ Download This Video ဆိုတဲ့ IDM ရဲ့ Option ဘားလေး အပေါ်နားမှာပေါ်လာပါလိမ့်မယ်

အဲဒါကိုနှိပ်ပြီး ကျလာတဲ့ထဲက ကိုယ်ကြိုက်တဲ့တစ်ခုကို ရွေးပေးလိုက်တာနဲ့ အဲဒီဗွီဒီယိုကို ဒေါင်းယူသွားပါလိမ့်မယ်
( ကျွန်တော့်ဘလော့ထဲက ဗွီဒီယိုတွေကို ဘယ်လိုဒေါင်းရမလဲလို့ မေးထားတဲ့ Bro အတွက်ပါ)

ကျွန်တော်တင်ပေးထားတဲ့ဆော့ဝဲဟာ Windows Password ကို Reset လုပ်မယ့် Image Disk ကို USB ထဲမှာလည်း
Burn နိုင်သလို CD ထဲကိုလည်း Burn နိုင်ပါတယ် ..
ဒါပေမယ့် Boot တက်တဲ့အခါ Windows 8 မှာ USB နဲ့ Boot တက်ရင် အဆင်မပြေတာမျိုးတွေ ကြုံရတဲ့အတွက် CD နဲ့ပဲ Burn ပြီး လုပ်ပြထားပါတယ်








ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 ခဏခဏ Shutdown ကျနေတုန်းပဲလား

Posted by Unknown Senin, 01 Juli 2013 0 komentar


Windows 8 သုံးတဲ့ User တွေမှာ အဖြစ်အများဆုံး
ပြဿနာကတော့ အသုံးပြုနေရင်းမှာပဲ Hang သွားတာ
ှShutdown ခဏခဏကျသွားတာနဲ့ တစ်ခါတစ်ခါ
Restart ပဲကျနေပြီး ဘာမှ ဆက်လုပ်လို့မရတော့တဲ့
ပြဿနာတွေပါ ...

ဒီပြဿနာတွေ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဒီပို့စ် မှာ
ရေးခဲ့ဖူးပါတယ် ..

အဲဒီပို့စ်မှာ ရေးထားခဲ့တဲ့ နည်းတွေအတိုင်း တစ်သွေမတိမ်းလုပ်ထားတာတောင်မှ
Shutdown က မကြာခဏကျနေတုန်းပဲဆိုပြီး ကျွန်တော့်ရဲက mail ထဲကို စာပို့လာတာတွေ
ရှိပါတယ် ..


အဲဒီအတွက် နည်းလမ်းရှာရင်း Reply ပြန်ဖို့ ကျန့်ကြာသွားတာကို နားလည်ပေးဖို့ တောင်းပန်ပါတယ်
အခုတော့ ရာခိုင်းနှုန်းတော်တော်များများ အဆင်ပြေတာတွေ့ရတဲ့ နည်းလမ်းလေးတစ်ခုကို
မျှဝေပေးပါမယ် ..
အရင်ဆုံး ဒီနည်းလေးကို မလုပ်ခင်မှာ အပေါ်ကဖော်ပြခဲ့တဲ့ ပို့စ်ထဲကနည်းတွေကိုလည်း လုပ်ထားဖို့
တိုက်တွန်းချင်ပါတယ် ...
ကဲ .. ဒီနည်းလေးကို စလိုက်ကြစို့
အရင်ဆုံး Run Box ထဲမှာ powercfg.cpl လို့ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ





အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်





အဲဒီထဲက Choose what the power buttons do ဆိုတာကိုနှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်






အဲဒီထဲက Turn on  fast startup (recommended) ဆိုတာရဲကရှေ့က အမှန်ခြစ်လေးကို ကလစ်ပေးပြီး
ဖြုတ်ပစ်လိုက်ပါ
ပြီးရင် Save changes ကိုနှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် သူငယ်ချင်းသုံးနေတဲ့ Windows 8 ဟာ ခဏခဏ Shutdown ကျနေတဲ့ ပြဿနာ ကင်းသွားပြီ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 Start Menu And Start Button

Posted by Unknown Senin, 24 Juni 2013 0 komentar

post-image

Windows 8 မှာ Start Menu နဲ့ Start Button ထည့်တဲ့
ဆော့ဝဲ ဗားရှင်းအသစ်လေးပါ

ဗားရှင်းအဟောင်းရဲ့ Download လင့် သေသွားတဲ့အကြောင်း

Facebook က သူငယ်ချင်းတစ်ယောက် မှာသွားတဲ့အတွက်
အခု ဗားရှင်း 3.0 ကို တင်ပေးလိုက်တာပါ

အသုံးပြုရတာကလည်း လွယ်ပါတယ်

Install လုပ်ပြီးတာနဲ့ Start Button တွေ Start Menu တွေကို
ကိုယ်ကြိုက်တာရွေးပေးလိုက်ရုံပါပဲ





Freeware လေးမို့ Crack စရာမလိုပဲ အဆင်ပြေပြေနဲ့ သုံးနိုင်ပါတယ်
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ





အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 Gadget Pack

Posted by Unknown Selasa, 11 Juni 2013 0 komentar
Windows 8 မှာ Gadget လေးတွေနဲ့ အလှဆင်ပေးမယ့် ဆော့ဝဲလေးပါ ..

အားလုံးလည်း သိကြတဲ့အတိုင်းပဲ .. Windows 8 မှာ
Gadget တွေမပါတော့ပါဘူး ..

တကယ်တော့ Gadget ဆိုတာကလည်း Windows ကို
အလှဆင်ပေးနိုင်ရုံမဟုတ်ပဲ User အတွက် အသုံးဝင်တဲ့ နာရီတွေ ပြက္ခဒိန်တွေ Clipboard တွေ .. အဲဒီလို Tool တွေကိုအဆင်သင့်သုံးနိုင်အောင် ပြုလုပ်ထားတဲ့ အလှဆင် Tool လေးတွေပဲ ဖြစ်ပါတယ်




ကဲ .. အခုတော့ Windows 8 အတွက် အမျိုးအစားစုံလင်တဲ့ Gadget လေးတွေနဲ့
အလှဆင်နိုင်ဖို့ လိုအပ်တဲ့ဆော့ဝဲကို အောက်မှာ ဒေါင်းယူနိုင်ပါတယ်


Windows 8 အတွက်နော်







ဒေါင်းပြီးရင်တော့ အထဲမှာပါတဲ့ Setup ဖိုင်ကို Install လုပ်လိုက်ပါ




Install လုပ်လို့ပြီးသွားပြီဆိုတာနဲ့ Desktop ပေါ်က လွတ်နေတဲ့တစ်နေရာရာမှာ
Right Click နှိပ်ပြီး ပွင့်လာတဲ့ Contex Menu ထဲက Gadgets ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ
အဲဒီအခါ အောက်ကပုံအတိုင်း Gadget တွေ တက်လာပါမယ်





အဲဒီထဲက ကိုယ်နှစ်သက်တဲ့ Gadget ကို Double Click နှိပ်ပေးလိုက်တာနဲ့ ၀င်းဒိုးရဲ့ ညာဖက်ဒေါင်လိုက်ဘားပေါ်မှာ အဲဒီ Gadget လေး ပေါ်လာပါလိမ့်မယ် ...
Gadget ရဲ့ ဘားတန်းအရောင်နဲ့ Desktop Background ရဲ့အရောင် မလိုက်ဖက်လို့ မနှစ်သက်ရင်လည်း
အဲဒီဘားတန်းပေါ်မှာ Right click နှိပ်ပြီး ပွင့်လာတဲ့ထဲက Option က Hide Sidebar ဆိုတာလေးကိုနှိပ်ပြီး
ဘားတန်းကိုဖျောက်ပြီး Gadget ချည်းသက်သက်ကိုပဲ တင်ထားလို့ရပါတယ် ..
Gadget တွေထဲမှာ ကျွန်တော်အနှစ်သက်ဆုံးကတော့ Clipboarder ပါပဲ ..
သူက ကိုယ် ကော်ပီကူးထားသမျှကိုကို မှတ်သားပေးထားပြီး ကိုယ်လိုအပ်တဲ့ အချက်အလက်ကို ကလစ်ပေးလိုက်ရုံနဲ့ Paste ပြန်လုပ်ပေးနိုင်တဲ့အတွက် အချက်အလက်တွေ မတော်တဆ ဆုံးရှုံးမှုကို ကာကွယ်ပေးထားနိုင်ပါတယ် ..
နောက်ပြီး အင်တာနက်ချိတ်ဆက်ထားတယ်ဆိုရင် Weather တွေ Currency တွေက ရာသီဥတုနဲ့
အပြည်ပြည်ဆိုင်ရာ ငွေကြေးဈေးနှုန်းတွေကို သိနိုင်ပါတယ် ..
ကဲ .. ကျန်တဲ့ Gadget တွေကိုလည်း စမ်းသုံးကြည့်ပေါ့ ..
တော်တော်များများကို နှစ်သက်ပါလိမ့်မယ်လို့ ပြောချင်ပါတယ် ..
ကဲ .. အဆင်ပြေပါစေဗျာ


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.