Windows 8 ရဲ့ Log In Password ကို ကျော်ဖြတ်နည်း

Posted by Unknown Minggu, 07 Juli 2013 0 komentar
အားလုံးလည်း သိထားပြီးတဲ့အတိုင်း
Microsoft Windows တွေထဲမှာ
Windows 8 ဟာ လုံခြုံရေးပိုင်းဆိုင်ရာမှာ
စိတ်အချရဆုံးအဆင့်ဖြစ်ပါတယ် ..

User တွေအနေနဲ့ ကိုယ်ပိုင်အကောင့်တွေကို
Password လေးတွေနဲ့ထားတာမျိုးတွေရှိတတ်ပြီး
မတော်တဆ Windows Log in Password
မေ့သွားတဲ့အခါမျိုးဆိုရင်တော့ ကျန်တဲ့ဝင်းဒိုးတွေမှာ
အဆင်ပြေတဲ့နည်းလမ်းတွေ အများအပြားရှိပေမယ့်
Windows 8 ရဲ့ Log in Password ကို ကျော်ဖို့တော့ တော်တော်လေး ခက်ခဲတာကို တွေ့ရပါတယ် ..


ဒါကြောင့်အဲဒီလို Windows 8 ရဲ့ Log in password မေ့သွားခဲ့ရင် အခက်မကြုံရအောင်
ကျွန်တော်ကလိရင်း တွေ့ရှိခဲ့တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..

ဒီနည်းမှာ ကျွန်တော်က ဆော့တစ်ခုကို သုံးထားပါတယ် ..
အဲဒီဆော့ဝဲကလည်း Trail Version အဖြစ် အလွယ်တကူ ရယူနိုင်ပေမယ့် Trail Version မှာ
Windows ရဲ့ Log in password ကို ဖယ်ရှားလို့မရတဲ့အတွက် အဆင်မပြေပါဘူး ..
Enterprise Version နဲ့ Professional Version တွေမှာပဲ Windows Log in password ကို
ဖယ်ရှားခွင့်ပေးထားပါတယ် ..
Enterprise Version ကို ပိုက်ပိုက်ပေးပြီးဝယ်မယ်ဆိုရင် $19 ကျော်ကျော်လောက် ကုန်ကျမှာဖြစ်ပြီး
Professional Version အတွက်တော့ $29 ကျော်ကျော်ကုန်ကျမှာဖြစ်ပါတယ် ..
ကျွန်တော်ကတော့ ပိုက်ပိုက်ပေးစရာလည်း အဆင်မပြေတဲ့အတွက် အကျော်အခွနည်းလမ်းပေါင်းစုံနဲ့
Google မှာ ကလိမ်ကကျစ်ကျလိုက်တာ Enterprise Version ကို ရလာပါတယ် ..
Professional Version ကို ရလာခဲ့ရင်လည်း ပြန်ပြီး မျှဝေပေးပါဦးမယ် ..
ဘာကြောင့်လဲဆိုတော့ Enterprise Version မှာ Windows Log in password ကို ဖယ်ရှာခွင့်သာပေးထားပြီး Professional Version မှာတော့ ဖယ်ရှားခွင့်ရော ပြင်ဆင်ခွင့်ရော ပေးထားလို့ပါ ..
ကဲ .. ဘာပဲဖြစ်ဖြစ် Windows log in password ကို အလွယ်လေးနဲ့ ကျော်ဖြတ်နိုင်တာမို့ ရသလောက်နဲ့ပဲ
လောလောဆည် တင်းတိမ်လိုက်ရုံပေါ့
Windows 8 ရဲ့ Log In password ကို ဖောက်နိုင်ပြီဆိုမှတော့ ကျန်တဲ့ Windows xp, Vista နဲ့ Windows 7 တွေကို အလွယ်တကူ ဖောက်နိုင်သွားပါပြီ
ကဲ . .လိုအပ်တဲ့ဆော့ဝဲကိုတော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်

Download the program to bypass any Microsoft Windows Log In password.






ဒေါင်းပြီးရင်တော့ ဒီဆော့ဝဲကို အသုံးပြုပြီး Windows 8 ရဲ့ Log In password ကို ဘယ်လိုချိုးဖောက်ပြီး
ဝင်ရောက်သွားတယ်ဆိုတာကို အောက်ကဗွီဒီယိုဖိုင်လေးမှာ ကြည့်နိုင်ပါတယ်
Internet Download Manager သုံးတဲ့သူတွေကတော့ အဲဒီဗွီဒီယိုဖိုင်ရဲ့ Play ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ ခဏလောက်အကြာမှာ Download This Video ဆိုတဲ့ IDM ရဲ့ Option ဘားလေး အပေါ်နားမှာပေါ်လာပါလိမ့်မယ်

အဲဒါကိုနှိပ်ပြီး ကျလာတဲ့ထဲက ကိုယ်ကြိုက်တဲ့တစ်ခုကို ရွေးပေးလိုက်တာနဲ့ အဲဒီဗွီဒီယိုကို ဒေါင်းယူသွားပါလိမ့်မယ်
( ကျွန်တော့်ဘလော့ထဲက ဗွီဒီယိုတွေကို ဘယ်လိုဒေါင်းရမလဲလို့ မေးထားတဲ့ Bro အတွက်ပါ)

ကျွန်တော်တင်ပေးထားတဲ့ဆော့ဝဲဟာ Windows Password ကို Reset လုပ်မယ့် Image Disk ကို USB ထဲမှာလည်း
Burn နိုင်သလို CD ထဲကိုလည်း Burn နိုင်ပါတယ် ..
ဒါပေမယ့် Boot တက်တဲ့အခါ Windows 8 မှာ USB နဲ့ Boot တက်ရင် အဆင်မပြေတာမျိုးတွေ ကြုံရတဲ့အတွက် CD နဲ့ပဲ Burn ပြီး လုပ်ပြထားပါတယ်








ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Windows 8 ရဲ့ Log In Password ကို ကျော်ဖြတ်နည်း
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke https://androidthemes7.blogspot.com/2013/07/windows-8-log-in-password.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.