Tampilkan postingan dengan label Microsoft Word. Tampilkan semua postingan
Tampilkan postingan dengan label Microsoft Word. Tampilkan semua postingan

MS word မှာ သင်္ကေတများ ရေးနည်း

Posted by Unknown Sabtu, 23 Februari 2013 0 komentar
Cbox ထဲမှာ Office Word နဲ့ပတ်သက်ပြီး Tutorial ကို ဆက်ရေးဖို့ တောင်းထားပါတယ် ..
တိုက်တိုက်ဆိုင်ဆိုင်ပဲ Facebook က သူငယ်ချင်းတစ်ယောက်က သင်္ချာ သင်္ကေတတွေပါတဲ့
မေးခွန်းတစ်စုံကို အရေးတကြီးရိုက်စရာရှိလို့ Word မှာ ရိုက်ပုံရိုက်နည်းတင်ပေးမယ်ဆိုပြီး
ပြောလိုက်ပါတယ် ..
အဲဒီတော့ လောလောဆည် အရေးတကြီးဖြစ်နေတဲ့ သင်္ချာသင်္ကေတတွေ ရေးသားနည်းကို တင်ပေးလိုက်ပါတယ် ..
သင်္ချာသင်္ကေတမှ မဟုတ်ပါဘူး .. Office Word 2010 လောက်ကို သုံးရင် သင်္ကေတဆိုင်ရာ
ဘာသာရပ်တော်တော်များများကို ရေးသားရိုက်နှိပ်လို့ ရပါတယ် ..


ကဲ .. စလိုက်ကြစို့ ..
ပထမဆုံး သဘောတရားကို အရင်ပြောချင်ပါတယ် ..
Word ထဲမှာ စာရိုက်တဲ့အခါ စာလုံးတွေနဲ့ ပုံတွေ .. သင်္ကေတတွေဟာ အလွာမတူပါဘူး ..
ဒါကြောင့် အရင်ဆုံး စာတွေကို အရင်ဆုံး ပြီးအောင်ရိုက်ထားလိုက်ပါ .. သင်္ကေတတွေ
ထည့်ရမယ့်နေရာကို ချန်ထားခဲ့ပေါ့ ..
အားလုံးပြီးလို့ ချန်ထားခဲ့တဲ့ နေရာတွေမှာ သင်္ကေတတွေ ထည့်တော့မယ်ဆိုရင်လည်း
သာမန်အတိုင်းထည့်ရင် သူသတ်မှတ်ထားတဲ့ နေရာမှာပဲ ပေါ်လာမှာဖြစ်ပြီး ကိုယ်လိုချင်တဲ့နေရာကို
ရွှေ့ဖို့ ခဲရာခဲဆစ်လုပ်ယူရပါတယ် ..
အဲဒါကြောင့် .. ကိုယ်ရေးချင်တဲ့သင်္ကေတကို ကိုယ်ပေါ်ချင်တဲ့နေရာမှာပဲ ပေါ်လာအောင် နေရာကန့်သတ်ပြီး
သတ်မှပေးဖို့အတွက် အပေါ်မှာရှိတဲ့ထဲက Insert ကိုနှိပ် Shape ကိုနှိပ် ကျလာတဲ့ထဲက Text box ဆိုတာလေးကို နှိပ်လိုက်ပါတယ် ..







အဲဒီအခါ ကာဆာလေးဟာ အပေါင်းလက္ခဏာပုံပြောင်းသွားပါတယ် ..
အဲဒီတော့မှ ကိုယ်သင်္ကေတထည့်ချင်တဲ့နေရာမှာ Text Box လေးဖြစ်သွားအောင် အရင်ဆွဲလိုက်ပါတယ်
Text Box လေးရသွားပြီဆိုတော့မှ Insert ကို ပြန်နှိပ်
ပြီးရင် ညာဖက်နားမှရှိတဲ့ Equation ဆိုတဲ့ Button လေးရဲ့ အပေါ်ပိုင်းကို နှိပ်လိုက်ပါတယ်
( အောက်ပိုင်းကိုနှိပ်ရင် မလိုတာတွေပေါ်မယ် )





အဲဒီအခါ ဘားတန်းဟာ ပုံစံပြောင်းသွားပါမယ် ..





အဲဒီထဲက ကိုယ်ရေးချင်တဲ့ သင်္ကေတပုံစံကို ကလစ်ပေးလိုက်ရင် သူနဲ့ဆိုင်တဲ့ ပုံစံတွေ ကျလာပါမယ် ..
လိုချင်တဲ့ပုံစံကို ရွေးပြီး ကလစ်လိုက်တာနဲ့ အဲဒီပုံစံလေး Text Box ထဲမှာ ရောက်လာပါမယ် ..
ကဲ .. အပိုင်းကိန်းတစ်ခုလောက် ရေးပြပါမယ် ..
Insert >> Shape >> Text box လိုအဆင့်ဆင့်သွားပြီး Text Box လေးတစ်ခု ဆွဲ
နောက်ထပ် Insert >> Equation လို့ အဆင့်ဆင့်သွားပြီး အပိုင်းကိန်းပုံလေးကိုနှိပ်လိုက်ပြီ ဆိုပါတော့
ဒီလိုလေးကျလာတဲ့ထဲက ကျွန်တော်လိုချင်တဲ့ အပိုင်းကိန်းပုံစံကို ရွေးလိုက်ပါတယ် ..




Text Box ထဲမှာ ပေါ်လာတဲ့ အပိုင်းကိန်းပုံစံထဲမှာ ကိန်းဂဏန်းရိုက်မယ့်အကွက်ထဲကို ကလစ်ပေးပြီး
ရိုက်ချင်တဲ့ ဂဏန်းတွေကို ရိုက်ထည့်ရုံပါပဲ ..
ပိုင်းခြေက ဂဏန်းတွေကို ရိုက်တော့မယ်ဆိုရင်လည်း ပိုင်းခြေအကွက်ထဲမှာ ကလစ်ပေးပြီး ရိုက်ထည့်လိုက်တာပါပဲ




ရိုက်ထည့်ပြီးသွားပြီဆိုပေမယ့် ကျွန်တော်တို့ ဆွဲထားတဲ့ Text Box ကြီးကျန်နေသေးပါမယ် ..
အဲဒါကို ဖျောက်ပေးရပါဦးမယ် ..
အဲဒါကြောင့် အဲဒီ Text Box ရဲ့ ဘောင်တန်းလေးပေါ်ကို ကလစ်လိုက်ပြီး အပေါ်မှာ ပေါ်လာတဲ့ထဲက
Shape Fill ကိုနှိပ် ကျလာတဲ့ထဲက no fill ကိုနှိပ်
ပြီးရင် သူ့အောက်က Shape outline ကိုနှိပ် ကျလာတဲ့ထဲက no outline ကိုနှိပ်
ဒါဆိုရင် အဲဒီ Text Box ပျောက်သွားပါမယ် ..



နောက်ပိုင်း ကိုယ်ရိုက်ထားတဲ့ သင်္ကေတတွေကို နေရာရွှေ့ချင်ရင် အဲဒီပေါ်မှာ ကလစ်လိုက်တာနဲ့
Text Box လေးပေါ်လာပါမယ် ..
ပေါ်လာတဲ့ Text Box ကို ဆွဲယူပြီး ကိုယ်ရွှေ့ချင်တဲ့ နေရာကို ရွှေ့ပေးရုံပါပဲ ..
အဲဒီလို ဂဏန်းတွေရိုက်ထည့်မယ့် အကွက်သေးလေးထဲမှာ နောက်ထပ် ကိုယ်ကြိုက်တဲ့ သင်္ကေတပုံစံတွေကို
ကလစ်ပေးပြီး သင်္ကေတထဲမှာ သင်္ကေတပေါင်းများစွာ အဆင့်ဆင့် ပေါင်းစပ် ဖြည်သွင်းလို့ ရပါသေးတယ် .. အောက်ကလို ပုံစံမျိုးပေါ့ ..





ဒီပို့စ်ကို ရေးနေရင်းနဲ့ပဲ ဒီအပိုင်းဟာ စာတွေပုံတွေနဲ့ ရှင်းပြတာထက် ဗွီဒီယိုဖိုင်နဲ့ ရှင်းသင့်တဲ့အပိုင်းလို့
တွေးမိတာကြောင့် ဗွီဒီယိုဖိုင်လေးပါ တင်ပေးလိုက်ပါတယ် .. အောက်မှာ ကြည့်ပေတော့ဗျာ ..


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

PDF ဖိုင်တွေကို Image ဖိုင်အဖြစ် ပြန်ပြောင်းမယ်

Posted by Unknown Sabtu, 08 Desember 2012 0 komentar
ကျွန်တော် ဓာတ်ပုံဖိုင်တွေကို PDF ဖိုင်အဖြစ် ပြုလုပ်တဲ့နည်းကို တင်ပြခဲ့ဖူးပါတယ် ..
ဒီတစ်ခါတော့ PDF ဖိုင်တွေကို ဓာတ်ပုံဖိုင် (.jpg / .png / .tiff / .... ) အဖြစ် ပြန်ပြောင်းတဲ့နည်းကို ထပ်ပြီး မျှဝေပေးမှာပါ ..
ဒီနည်းကတော့ နည်းနည်းလေး လုပ်ရတာ အနုပညာဆန်သလို သူငယ်ချင်းတို့ရဲ့ စက်ထဲမှာလည်း Photoshop ဆော့ဝဲလေးတစ်ခုလောက်တော့ ရှိထားပြီးသားဖြစ်ရပါမယ် ..
ဒီပို့စ်မှာ ကျွန်တော်က Adobe reader X နဲ့ Photoshop CS 5 ကို ပေါင်းစပ်အသုံးပြုပြီး ရှင်းပြထားပါတယ် ..
ကဲ .. စလိုက်ကြစို့ ..
ပထမဆုံး ကျွန်တော် မှာရှိထားတဲ့ PDF ဖိုင်ကို Adobe reader X နဲ့ ဖွင့်လိုက်ပါတယ် ..



ပြီးရင် ကျွန်တော် Image ဖိုင်ပြောင်းချင်တဲ့ပုံကို မောက်လေးနဲ့ ဆွဲယူပြီး Select ပေးလိုက်ပါတယ် .. Select ပေးပြီးတဲ့အခါ အဲဒီပုံပေါ်မှာ Right Click နှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း Copy Image ဆိုတာလေးပေါ်လာပါတယ် ..


အဲဒီ Copy Image ဆိုတာလေးကိုနှိပ်ပြီး Photoshop ကိုဖွင့်လိုက်ပါတယ် ..



Photoshop ပွင့်လာတဲ့တဲ့အခါ File ကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက New ကိုနှိပ်လိုက်ပါတယ် .


New Doc အတွက် User Define လုပ်ရမယ့် Box လေးကျလာတဲ့အခါ သူပေးထားတဲ့အတိုင်းပဲ ဘာမှမပြောင်း Ok ကို နှိပ်ပေးလိုက်ပါတယ် .. အဲဒီထဲက Width နဲ့ Height တွေရဲ့ တန်ဘိုးတွေက ကျွန်တော်တို့ ကော်ပီယူထားတဲ့ Image ရဲ့ မူလအရည်အသွေးအတိုင်းပဲ ဖြစ်ပါတယ် .. တစ်ကယ်လို့ Photoshop ကို နိုင်နင်းတယ်ဆိုရင်တော့ Resolution တွေကအစ နှစ်သက်သလို ပြင်ပေးနိုင်ပါတယ် ..
အဲဒီလို Ok နှိပ်ပေးလိုက်တဲ့အခါ .. ကျွန်တော်တို့အတွက် Photo Doc လေးတစ်ခု ပွင့်လာပါမယ် ..


အပေါ်ဘားတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီး ကျလာတဲ့ထဲက Paste ကိုနှိပ်ပေးလိုက်တာနဲ့ အောက်မှာပြထားတဲ့အတိုင်း ကျွန်တော်တို့ ကော်ပီယူလာခဲ့တဲ့ PDF ထဲက ပုံလေးဟာ Photoshop Program ထဲမှာ User ပြုသမျှ   နုပေးရတော့မယ့်ပုံနဲ့   ရောက်လာတာကို   တွေ့ရပါလိမ့်မယ် ..


အဲဒီတော့မှ သူငယ်ချင်းတို့ တတ်စွမ်းသမျှ Photoshop Effect တွေကိုသုံးပြီး အလင်းအမှောင်ကအစ ဖြတ်ညှပ်ကပ်အဆုံး လိုသလို ပြောင်းလဲပြီး နောက်ဆုံး စိတ်တိုင်းကျပြီဆိုမှ ဘယ်ဖက်အပေါ်ဒေါင့်နားက File ဆိုတာလေးကိုနှိပ်ပြီး ကျလာတဲ့ထဲ Save as ကိုနှိပ် ..
ပွင့်လာတဲ့ထဲမှာ ဖိုင်နံမည်ကို ကြိုက်ရာပေး . File type မှာတော့ ကိုယ်ကြိုက်တဲ့ဖိုင်အမျိုးအစား(.fpg / .png / .tiff / ... ) စတာတွေကိုရွေးပြီး Save လုပ်လိုက်တာနဲ့ သူငယ်ချင်းတို့ရဲ့ PDF ဖိုင်တွေထဲက ပုံလေးတွေဟာ Image ဖိုင်အဖြစ် အသွင်ပြောင်းသွားမှာဖြစ်ပါတယ်ဗျာ ..
အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်


  အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.