Browser တစ်ခုထဲမှာ Facebook အကောင့်တစ်ခုမက ဖွင့်သုံးနည်းများ

Posted by Unknown Selasa, 12 Februari 2013 0 komentar
Facebook မှာ ခဏခဏမေးမေးနေလို့ နည်းပညာမှတ်တမ်းအဖြစ်နဲ့ မျှဝေပေးလိုက်ပါတယ် .. သိပြီးသားသူတွေအတွက်တော့ သိပ်ထူးခြားမှာမဟုတ်ပါဘူး ...
ကျွန်တော်တို့ မြန်မာနိုင်ငံသား Facebook User တွေဟာ များသောအားဖြင့် Facebook အကောင့် တစ်ခုမက ရှိနေတတ်ကြပါတယ် ..
အဲဒီတော့ အကောင့်တစ်ခုနဲ့ တစ်ယောက်ကို ကြူနေရင်း .. နောက်အကောင့်တစ်ခုမှာလည်း နောက်တစ်ယောက်ကို ကြူချင်တဲ့အခါမျိုး .. ( ဥပမာပြောတာနော် .. :D ) တွေမှာ Browser တစ်ခုအတွင်းမှာပဲ နောက်ထပ် သီးခြား အကောင့်တစ်ခုဖွင့်ဖို့ဆိုတာ နည်းပညာအချို့လိုအပ်လာပါပြီ ..

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ Browser တစ်ခုကိုသုံးပြီး အကောင့်တစ်ခုခုကို Log In ၀င်လိုက်ပြီဆိုတာနဲ့ အဲဒီအကောင့်နဲ့ဆိုင်တဲ့ Cookies တွေကို Browser က မှတ်သားထားလိုက်ပါတယ် ..
နောက်တစ်ခါ တူညီတဲ့ Web page တစ်ခုကို ဖွင့်လိုက်တဲ့အခါ .. အသစ်ပြန်ပြီး Loading မလုပ်တော့ပဲ Cookies ကိုသုံးပြီး Data တွေကို ပြန်ထည့်လိုက်တဲ့အတွက် .. Browser တစ်ခုထဲမှာ အကောင့်တစ်ခုကလွဲပြီး နောက်ထပ် အကောင့်တစ်မျိုးကို ဖွင့်ခွင့်မရတော့ပါဘူး ..
အဲဒါကြောင့် ဒီလို Browser တစ်ခုထဲမှာ အကောင့်နှစ်ခုဖွင့်ဖို့အတွက် စောနက ပြောခဲ့တဲ့ Cookies တွေကို နောက်ထပ်ဖွင့်တဲ့ Web page ဆီကို ပါမလာအောင် ကန့်သတ်ပေးမယ့် Third Party ဆော့ဝဲတစ်ခုခု ဒါမှမဟုတ် နည်းပညာတစ်ခုခု လိုအပ်လာပါပြီ ...
ကဲ .. စလိုက်ကြစို့ Browser တွေအများကြီးရှိတဲ့အတွက် လူသုံးအများဆုံး Browser တွေကိုပဲ ရွေးပြီး တင်ပြထားပါမယ် ..

(၁) Internet Explorer မှာ အကောင့်တစ်ခုမက ဖွင့်သုံးနည်း

ပထမဆုံး အကောင့်တစ်ခုကို Log in ၀င်လိုက်ပါ ..
Loading ငြိမ်သွားပြီဆိုရင် ကီးဘုဒ်ပေါ်က Alt ကီးလေးကိုနှိပ်ပါAddress bar ရဲ့ အောက်နားမှာ Option bar တစ်ခုကျလာပါမယ် ..
အဲဒီထဲက File ကိုနှိပ်ပြီး ကျလာတဲ့ထဲက New Session ကိုနှိပ်ပေးလိုက်ပါ ..



နောက်ထပ် Internet Explorer ရဲ့ Home page တစ်ခုပွင့်လာပါလိမ့်မယ် ..
www/facebook.com လို့ Search Box မှာရိုက်ထည့်ပြီး ရှာလိုက်တာနဲ့ နောက်ပွင့်လာတဲ့ထဲက
Welcome to facebook log in ...... ဆိုတာကိုနှိပ်လိုက်ရင် နောက်ထပ် Facebook အကောင့် တစ်မျိုးကို ဖွင့်ဝင်လို့ရသွားပါပြီ ...



(၂) Chrome မှာ အကောင့်တစ်ခုမက ဖွင့်သုံးနည်း

Google Chrome ကတော့ လွယ်ပါတယ် ..
ပထမဆုံး ကိုယ့်ရဲ့ အကောင့်တစ်ခုကို Log In ၀င်ပါ
Loading ငြိမ်သွားပြီဆိုရင် ကီးဘုဒ်ပေါ်က Ctrl ကီးရယ် Shift ကီးရယ် N ကီးရယ်ကို တွဲပြီး နှိပ်ပေးလိုက်ပါ
 နောက်တက်လာတဲ့ Box ကို Yes ...နှိပ်ပေးလိုက်ပါ ..
ပွင့်လာတဲ့ Page အသစ်မှာ www.facebook.com ကို ရိုက်ရှာပြီး နောက်အကောင့်တစ်ခုကို Log In ၀င်ရုံပါပဲ ..

(၃) Firefox မှာ အကောင့်တစ်ခုမက ဖွင့်သုံးနည်း

Firefox Browser အတွက်ကတော့ Add-on သုံးတာက အလွယ်ဆုံးပါ ..
Firefox အတွက် Add on နှစ်မျိုးရှိပေမယ့် .. Latest Version တွေအထိ Support လုပ်နိုင်တဲ့
Add-on ကိုပဲ ညွှန်းလိုက်ပါတော့မယ် ..
အဲဒါကတော့ Multifox ပါပဲ ...
သူ့ကို Install လုပ်ဖို့အတွက် ဒီကို သွားပါ ..


ပွင့်လာတဲ့ထဲက ညာဖက်အပေါ်ဒေါင့်နားက Download ဆိုတာပါတဲ့ အစိမ်းရောင်လေးကို နှိပ်ပေးလိုက်ပါ


နောက်ထပ်ပွင့်လာတာကိုတော့ Allow ကိုနှိပ်ပေးပါ ...
နောက်ပွင့်လာတာကိုတော့ Install ကိုနှိပ်ပေးပါ ... Install အဆင့်ပြီးသွားရင် Firefox ကို Restart ချခိုင်းပါလိမ့်မယ် .. Restart ချပေးလိုက်ပါ ..
သူ့ကိုသုံးတော့မယ်ဆိုရင် ကိုယ့်ရဲ့ပထမအကောင့်ကို Log in ၀င်လိုက်ပါ ..
Loading ငြိမ်သွားပြီဆိုရင် အပေါ်က ကြိုက်တဲ့ Tab ပေါ်မှာ Right Click နှိပ်ပြီး ကျလာတာထဲက
Open a New Identity Profile ကိုနှိပ်လိုက်ရင် Firefox Browser ရဲ့ Home Page အသစ်တစ်ခု ပွင့်လာပါမယ် ..



Address Bar မှာ www.facebook.com လို့ ရိုက်ထည့်ပြီး Enter နှိပ်ပေးလိုက်တာနဲ့ နောက်ထပ်အကောင့် တစ်ခုကို Log in ၀င်စရာနေရာကို ရောက်လာပါမယ် ...
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်မျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Browser တစ်ခုထဲမှာ Facebook အကောင့်တစ်ခုမက ဖွင့်သုံးနည်းများ
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke https://androidthemes7.blogspot.com/2013/02/browser-facebook.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.