ဝင်းဒိုးအားလုံးအတွက် အရေးပေါ်သုံး Program

Posted by Unknown Rabu, 13 Februari 2013 0 komentar
ဒီနေ့တော့ သူငယ်ချင်းတို့ကို ဆော့ဝဲသေးသေးလေးတစ်ခု မျှဝေပေးမှာပါ ..
ဒီဆော့ဝဲကိုတော့ ဘယ်သူမှ မမြင်ဖူးသေးမှာ သေချာပါတယ် ..
ဆော့ဝဲလေးက ဖိုင်ဆိုဒ်လည်းသေးသေးလေးပါ ...
ဘယ်နေရာမှာ သုံးရတာလဲဆိုတော့လည်း သူ့ကိုအသုံးပြုစရာနေရာကလည်း
ရံဖန်ရံခါမျိုးမှာပဲ ရှိလာမှာပါ ...
ဘယ်လိုအခါမျိုးတွေမှ ဒီဆော့ဝဲလေးကို သုံးရမှာလဲဆိုတော့ ကျွန်တော်တို့တွေဟာ
ကွန်ပြူတာသုံးနေရင်းနဲ့ အရေးတကြီးသွားစရာရှိလာတဲ့အခါမျိုးမှာ လောလောဆည်
ဖွင့်သုံးထားတဲ့ Program တွေကို တစ်ခုချင်းလိုက်ပိတ်နေရပြီး တစ်ချို့ Program ဆိုရင်
Run နေဆဲမှာပိတ်မိတဲ့အခါ Error Message တွေတက်ပြီး ကွန်ပြူတာကို Shutdown
ချဖို့ပါ ခက်သွားတဲ့အချိန်မျိုးတွေ ကြုံရတတ်ပါတယ် ..

နောက်ပြီး Flash Drive လေးတစ်ခု စက်မှာတပ်ပြီး ကူးစရာရှိတာကူး .. ထည့်စရာရှိတာထည့်ပေါ့
Flash Drive ကို ဖြုတ်မယ်လည်းလုပ်ရော .. In Use ဖြစ်နေလို့ ဖြုတ်လို့မရပါဘူးဆိုတဲ့
Message ကတက်လာပါလေရော .. အဲဒီတော့ ကိုယ်တွေကလည်း စိတ်က လက်တစ်ဆစ်ဆိုတော့
ဆွဲဖြုတ်ပစ်လိုက်ရော .. ဟော .. အဲဒီလို လုပ်ပါများလာတော့ Flash Drive ကြီးတစ်ခုလုံး
Die ဖြစ်သွားပါလေရော .. Flash Drive တွေ Write Protected ဖြစ်တာ .. Bad Sector ဖြစ်တာ
အဲဒီလိုပြဿနာ တော်တော်များများဟာ ဒီလိုဖြစ်ရပ်တွေကြောင့်ပဲ အများဆုံး ဖြစ်တတ်တာပါ
အဲဒါတွေက ပြောပလောက်တဲ့ ပြဿနာတွေတော့ မဟုတ်သေးပါဘူး ..
ပြဿနာအစစ်က .. ဒီလိုပါ ..
တစ်ခါတစ်ခါမှာ ကျွန်တော်တို့ဟာ ဆော့ဝဲတစ်ခုကို အွန်လိုင်းကနေရလာလို့ပဲဖြစ်ဖြစ်
တစ်နေရာရာကနေ ရလာလို့ပဲဖြစ်ဖြစ် .. စမ်းသုံးကြည့်ချင်တာနဲ့ Install / Run လိုက်မိပါရော
အဲဒီမှာ ကံမကောင်းလို့ပဲဖြစ်ဖြစ် တမင်ကြံစည်ထားတာကြောင့်ပဲဖြစ်ဖြစ် အဲဒီဆော့ဝဲနဲ့အတူ
ကပ်ပါလာတဲ့ ဗိုင်းရပ်လို ပရိုဂရမ်တွေက အလုပ်လုပ်ကုန်ပါလေရော ..
စက်ကြီးက ရုတ်တရက်ကြီး Hang သွားတယ် .. CPU ကလည်း ရာခိုင်နှုန်းအများကြီး
အခိုင်းခံနေရတယ် ...
ဗိုင်းရပ်ပဲလို့ သံသယရှိသွားတော့ Run နေတဲ့ ပရိုဂရမ်တွေကို ပိတ်ဖို့ကြိုးစားတယ် ..
ဒါပေမယ့် .. အချည်းနှီးပါပဲ ..
ဘာကြောင့်လဲဆိုတော့ Run စေချင်လို့ရေးထားတဲ့ Program ကုဒ်ဆိုမှတော့ ..
Run တာကို ရပ်စေမယ့် Function တွေတော်တော်များများကို လှည့်စားပြီး ရေးထားမှာပေါ့
အဲဒီတော့ .. ကျွန်တော်တို့ဘာလုပ်သလဲ .. ဟုတ်ကဲ့ .. UPS ကို ပိတ်ချပစ်လိုက်တယ်..
ဒါမှမဟုတ်ရင် ပါဝါကို တနည်းနည်းနဲ့ ပိတ်ပစ်လိုက်တယ် .. အေးရော
နောက်ဆက်တွဲပြဿနာက စနစ်တကျ Shutdown ချတာမဟုတ်တဲ့အတွက် ၀င်းဒိုးမှာ
Error ၀င်သွားပြီး နောက်တစ်ကြိမ် Boot တက်တဲ့အခါမှာ တိုင်တွေပတ်ကုန်ပါတယ် ..
အဲဒီတော့ ဘယ်လို ပရိုဂရမ်မျိုးတွေ Run နေတာပဲဖြစ်ဖြစ် .. လုံးဝ Stop ဖြစ်သွားအောင်
Command ပေးနိုင်မယ့် ဆော့ဝဲလေးတစ်ခုလောက်များ .. Desktop ပေါ်မျာ တင်ထားလိုက်ရင်
အလားတူပြဿနာမျိုးတွေ ကြုံလာလို့ Running ဖြစ်နေတဲ့ ပရိုဂရမ်တွေကို အရေးတကြီး
ပိတ်ပစ်ရတော့မယ်ဆိုရင် အဲဒီဆော့ဝဲလေးကို Double Click နှိပ်ပေးလိုက်တာနဲ့
Close All ဖြစ်သွားမှာပေါ့ ..
အဲဒီတော့မှ ၀င်းဒိုးကို စနစ်တကျ Shutdown ချပေးလိုက်တော့ ကိုယ့်ရဲ့ ၀င်းဒိုးလေး ကျန်းမာရေး
မဖောက်တော့ဘူးပေါ့ဗျာ ...
ကဲ .. အဲဒီလိုကြုံလာတဲ့အခါမှာ သုံးနိုင်ဖို့ ကျွန်တော်မျှဝေပေးမယ် ဆော့ဝဲလေးက Close All ပါတဲ့
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ



ဒေါင်းလို့ပြီးသွားရင် အထဲမှာ 32bit နဲ့ 64bit ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ် ..
ကိုယ်နဲ့သက်ဆိုင်တဲ့ ဆော့ဝဲကို Desktop ပေါ်မှာ ဆွဲတင်ထားလိုက်ရုံပါပဲ ...
Install လုပ်စရာမလိုပါဘူး .. Desktop ပေါ်ရောက်တဲ့အခါမှာ ကြက်ခြေခပ်ပုံ ပရိုဂရမ်လေးအဖြစ်
ပြောင်းသွားပါလိမ့်မယ် ..
ဒီဆော့ဝဲလေးရဲ့လုပ်ဆောင်ချက်ကတော့ လောလောဆည် Run နေသမျှ ပရိုဂရမ်မှန်သမျှကို
Windows system ကလွဲပြီး ရပ်သွားအောင် Command ပေးနိုင်ပါတယ် ...
ကဲ .. စက်ထဲမှာ မလိုလားအပ်တဲ့ ပရိုဂရမ်တွေ Run နေတာ ပိတ်လို့မရ ဖြစ်နေတယ်ဆိုင်ရင်
Desktop ပေါ်မှာ တင်ထားတဲ့ Close All ပရိုဂရမ်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ
သူကပဲ .. Running Program အားလုံးကို အမိန့်ပေးလိုက်ပါလိမ့်မယ် ..

“Close All ” လို့


နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: ၀င်းဒိုးအားလုံးအတွက် အရေးပေါ်သုံး Program
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke https://androidthemes7.blogspot.com/2013/02/program.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.