Portable ဆော့ဝဲတွေအများကြီး ဒေါင်းလိုက်ကြဦးစို့

Posted by Unknown Rabu, 20 Februari 2013 0 komentar
ဒီနေ့တော့ Portable ဆော့ဝဲတွေကိုမှ နှစ်သက်တတ်တဲ့ သူငယ်ချင်းတွေအတွက်
Portable ဆော့ဝဲတွေ အစုလိုက်အပြုံလိုက်ကို တစ်နေရာတည်းပါပဲ ထိုင်ရာမထ
ဒေါင်းယူနိုင်မယ့်နည်းလေးကို မျှဝေပေးပါ့မယ် ..
အမှန်က ကျွန်တော် တင်ပေးထားတာလည်း မဟုတ်ပါဘူး ..
ကျွန်တော်က Portable ဆော့ဝဲတွေအများကြီး Download ဆွဲနိုင်မယ့် နေရာလေးတစ်ခုကို
လက်တို့ပေးမလို့ပါ ..
သာမန်အတိုင်း Website ရဲ့ လင့်လေးကို ပေးလိုက်ရင် လိုချင်တဲ့သူတွေက အဲဒီလင့်လေးအတိုင်းသွားပြီး
ကိုယ်လိုချင်တာတွေကို ဒေါင်းယူလိုက်ရုံပါပဲ ..
ဒါပေမယ့် .. ကျွန်တော်က အဲဒီလိုလင့်လေးပဲ ပေးမှာမဟုတ်ပါဘူး ...
အဲဒီ Website ကို အမြဲတမ်းချိတ်ဆက်ပြီး အသစ်ထွက်လာတဲ့ Portable ဆော့ဝဲမှန်သမျှကို
အလွယ်တကူသိရှိ Download ယူနိုင်မယ့် ဆော့ဝဲလေးတစ်ခုကို မျှဝေပေးမှာပါ ..

တကယ်တော့ ကျွန်တော် ဒီပို့စ်ကိုရည်ရွယ်တာက Portable ဆော့ဝဲ ပေးဖို့မဟုတ်ပါဘူး
ကိုယ့်မှာရှိထားတဲ့ ဆော့ဝဲတွေကို Portable လုပ်တဲ့နည်းကို မျှဝေပေးဖို့ပါ ..
ဒါပေမယ့် .. အဲဒီအတွက် ပြင်ဆင်ထားတဲ့ ဆော့ဝဲက အခုထိ Upload တင်လို့
မရသေးတာကြောင့် တင်ထားပြီးသားဖြစ်တဲ့ ဆော့ဝဲလေးတစ်ခုနဲ့ သူ့နောက်ကွယ်က
အသုံးပြုပုံအကြမ်းဖျဉ်းကို အလွယ်တကူ မျှဝေပေးလိုက်တာပါ ...
ဒါပေမယ့် .. ဒီပို့စ်ထဲမှာ ထည့်ပေးထားတဲ့ ဆော့ဝဲလေးကလည်း ကိုယ်ပိုင်ဆော့ဝဲတွေကို
Portable ဖြစ်အောင်လုပ်တဲ့ ဆော့ဝဲလေးပါပဲ ..
လုပ်ပုံလုပ်နည်းကိုတော့ နောက်ပို့စ်တစ်ခုမှာ အသေးစိပ်ရှင်းပြပါ့မယ် ..
ကဲ .. ပထမဆုံး လိုအပ်တဲ့ ဆော့ဝဲကို အောက်မှာ ဒေါင်းယူပါ ..




ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက exe ဖိုင်ကို Double Click နှိပ်ပြီး Run လိုက်ပါ ..
Install မလုပ်ပါဘူး .. သူကိုယ်တိုင်ကလည်း Portable ဆော့ဝဲလေးမို့ပါ
( တစ်ကယ်လို့ Double Click နှိပ်တာ Error တက်လာရင် အဲဒီ exe ဖိုင်ကို အပြင်ဆွဲထုတ်ပြီးမှ
Run လိုက်ပါ .. RAR ဖိုက်ကို မြန်မာလိုနံမည်ပေးထားရင် တစ်ချို့ဖိုင်တွေမှာ Error ပေါ်တတ်ပါတယ်
Hosting ဆိုဒ်တွေမှာ ဆော့ဝဲတွေတင်တဲ့အခါ Copyright အဖြစ်သိသွားရင် ဖျက်ပစ်တတ်လို့
သူတို့မသိနိုင်အောင် မြန်မာလိုပြောင်းပြီး နံမည်ပေးထားတဲ့သဘောပါ )
အဲဒီလို Run လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက email နေရာမှာ ကိုယ့်ရဲ့ email လိပ်စာထည့် ..Password နဲ့ Confirm password အကွက်မှာ
ကိုယ်သုံးချင်တဲ့ Password ကို တူအောင်ထည့် Personal ရှေ့မှာ အမှတ်တပ် ( တခြားနေရာတွေမှာ အမှတ်တပ်လိုက်ရင် သူတို့သတ်မှတ်ထားတဲ့အချိန်ရောက်တဲ့အခါ ငွေတောင်းလာတာကြောင့်မို့ပါ ... ငွေမသွင်းနိုင်ရင် ကိုယ့်အကောင့်ကို Deactive လုပ်ပစ်လိုက်လို့ပါ )
ပြီးရင် Register ကိုနှိပ်လိုက်ပါ ..
အောက်ကပုံအတိုင်း Email confirm လုပ်ခိုင်းတဲ့ပုံ ဖြစ်သွားပါမယ်


အဲဒီတော့မှ ကိုယ့်ရဲ့ Email ကိုဖွင့်ပြီး Email ထဲရောက်နေတဲ့ သူတို့ဆီကစာဖွင့် အထဲမှာ ပေးထားတဲ့ to activate click here ဆိုတဲ့ အပြာရောင်လင့်လေးကို နှိပ်လိုက်ပါ .. သူတို့ရဲ့ Home Page ကို ရောက်သွားပါမယ် ..
အဲဒီ Home Page မှာလည်း ကိုယ်ထည့်ခဲ့တဲ့ Email နဲ့ Password ကိုထည့်ပြီး Log In ၀င်ရပါဦးမယ်



Log In ၀င်ပြီးသွားရင်တော့ Public apps ဆိုတဲ့ tab ကို နှိပ်လိုက်ရင် ကျလာသမျှ Portable ဆော့ဝဲတွေအကုန်လုံးကို
ကြိုက်တာရွေးပြီး ဒေါင်းနိုင်ပါပြီ
ဒီလိုဒေါင်းရုံလေးကတော့ Website ရဲ့ လင့်လေးပေးလိုက်ရင်လည်း ဖြစ်ပါမယ် ..
ဒါပေမယ့် .. ဒီဆော့ဝဲလေးကို သုံးပြီး အခုလို Register လုပ်ထားလိုက်ရင် ကိုယ့်ရဲ့ ဆော့ဝဲတွေကို Cloud Storage အဖြစ်လည်း Website က သိမ်းဆည်းပေးထားမှာဖြစ်လို့ .. ကိုယ်က တခြားတစ်နေရာရာရောက်လို့ ကိုယ်အသုံးပြုနေကျဆော့ဝဲ ပါမလာရင်တောင်
ဒီဆော့ဝဲလေးကိုပဲ ယူသွားပြီး run လိုက်တာနဲ့ Log In ၀င်ပြီးသွားရင် Website ရှိရာကို သွားနေစရာမလိုပဲ .. ကိုယ့်ရဲ့ ဆော့ဝဲထဲကို အောက်မှာပြထားတဲ့အတိုင်း ကိုယ့်ရဲ့ ဆော့ဝဲတွေအပြင် တခြားသောဆော့ဝဲတွေကိုပါ Loading ဖြည့်ပေးမှာဖြစ်ပါတယ် ..



ဒါ့အပြင် Register လုပ်ထားတဲ့ အကောင့်ပိုင်ရှင်တွေကို Website မှာရှိတဲ့ Online Portable စနစ်နဲ့ ကိုယ့်မှာရှိတဲ့ ဆော့ဝဲလေးကို
Upload တင်ပြီး Portable ဆော့ဝဲဖြစ်အောင် လှမ်းလုပ်လို့ရပါတယ် ... ဒါကတော့ Portable လုပ်ဖို့ အလွယ်ဆုံး Online Tool ပေါ့ဗျာ
သုံးကြည့်ပါ .. သူငယ်ချင်းတို့ တကယ်နှစ်သက်သွားမှာပါ ..
နောက်ပို့မှာတော့ သူငယ်ချင်းတို့ကိုယ်တိုင် Portable ဆော့ဝဲတစ်ခုကို အလွယ်တကူလုပ်တတ်အောင် အသေးစိပ် မျှဝေပေးပါ့မယ် ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
TERIMA KASIH ATAS KUNJUNGAN SAUDARA
Judul: Portable ဆော့ဝဲတွေအများကြီး ဒေါင်းလိုက်ကြဦးစို့
Ditulis oleh Unknown
Rating Blog 5 dari 5
Semoga artikel ini bermanfaat bagi saudara. Jika ingin mengutip, baik itu sebagian atau keseluruhan dari isi artikel ini harap menyertakan link dofollow ke https://androidthemes7.blogspot.com/2013/02/portable.html. Terima kasih sudah singgah membaca artikel ini.

0 komentar:

Posting Komentar

Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.