Tampilkan postingan dengan label Android Application. Tampilkan semua postingan
Tampilkan postingan dengan label Android Application. Tampilkan semua postingan

Facebook Chat Box မှာ Auto Reply ဖြစ်အောင် လုပ်နည်း

Posted by Unknown Senin, 27 Januari 2014 0 komentar
Facebook သုံးတဲ့ သူငယ်ချင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကိုယ့်အကောင့်ကို ၀င်မသုံး
နေပေမယ့် ကိုယ့်ကို အမြဲတမ်း Online အဖြစ်
မြင်တွေ့နေစေပြီး ( ဆန္ဒရှိရင် Offline , Busy,
Away စသည့်ဖြင့်လည်း ထားနိုင်ပါတယ်)
Chat Box မှာ တစ်ယောက်ယောက်က message
ပို့လာတဲ့အခါ Auto Reply ပြန်အောင် လုပ်ထားနိုင်တဲ့
နည်းပညာလေးတစ်ခုပါ ...
ဒီနည်းလေးကို ကျွန်တော့်ရဲ့ အိုင်တီ မုဆိုး အကောင့်မှာ ၅ လကျော်လောက် စမ်းသပ်ပြီး နောက်ဆက်တွဲ Error မရှိတာသေချာမှ တင်ပေးလိုက်တာပါ ..

Android ဖုန်း Internal Memory 2G နဲ့အထက်ရှိရပါမယ်
(ဒါပေမယ့် Huawei U9200 မှာ ကောင်းကောင်းကြီး အလုပ်လုပ်တာကိုလည်း တွေ့ရပါတယ်)
တကယ်လို့ Auto Reply အတွက် Support မလုပ်နိုင်တဲ့ ဖုန်းအနိမ့်တွေမှာတောင်
Ever Online ဖြစ်အောင်တော့ လုပ်ပေးနိုင်တာကို တွေ့ရပါတယ် ..
မော်ဒယ် တော်တော်နိမ့်တဲ့ ဖုန်းတွေမှာတော့ Run လို့ကို မရပါဘူး ...

ကဲ .. စမ်းသပ်ချင်တယ်ဆိုရင် စ လိုက်ကြစို့

အရင်ဆုံး ဒီဆော့ဝဲ ကို အရင်ဒေါင်းယူပါ ..

ပြီးရင် ဖုန်းထဲမှာ Install လုပ်လိုက်ပါ ..

ပြီးရင် အင်တာနက်ချိတ်ဆက်ပြီး ဆော့ဝဲကို Run လိုက်ပါ ( လိုင်းနည်းနည်းကောင်းတဲ့အချိန်မှာ လုပ်ပါ)
အောက်ကပုံအတိုင်း ပွင့်လာပါမယ်




Log in ကို နှိပ်ပေးလိုက်ပါ .. Loading ခဏလောက်လုပ်ပြီးရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်




ကိုယ့် Facebook အကောင့်ရဲ့ email နဲ့ Password ကို ထည့်ပြီး Log in ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..




OK ကို နှိပ်ပေးလိုက်ပါ ... တစ်ခါတစ်ခါ တခြား အဆင့်တွေဝင်လာတတ်ပါတယ် ..
အဲဒါဆိုရင်လည်း Agree, Allow , OK စတာတွေကို နှိပ်ပေးလိုက်ပါ
အောက်ကအဆင့်အတိုင်း ပွင့်လာပါမယ် ..



ဒီအဆင့်ရောက်ပြီဆိုရင် .. ဖုန်းရဲ့ Menu ကီးကို နှိပ်လိုက်ပါ ..





ပွင့်လာတဲ့ထဲက Setting ကို နှိပ်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ...



အဲဒီထဲက Push Settings ကို နှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



Auto Reply မှာ အမှန်ခြစ်လေးတပ်ပေးပြီး Message အကွက်ကို နှိပ်လိုက်ရင်
Auto Reply စာသားတွေကို ပြန်ပြင်လို့ရပါပြီ ..

ဒါဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Chat Box ကို တစ်ယောက်ယောက်က Message ပို့ခဲ့တာနဲ့ ..
သူငယ်ချင်းတို့ရဲ့ Auto Reply Message ဟာ အဲဒီသူငယ်ချင်းရဲ့ Chat Box ထဲကို ချက်ချင်း
ပြန်ပို့ပေးပါလိမ့်မယ် ...

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

ဓါတ်ပုံများကို စိတ်ကြိုက်ပြုပြင်နိုင်မယ့် - BeFunky Photo Editor Pro v4.0.1 APK

Posted by Unknown 0 komentar

Android Phone မှာ ဓါတ်ပုံတွေကို ပြုပြင်ချင်သူများအတွက် BeFunky Photo Editor Pro နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ အခုခေတ်နဲ့တော့ လိုက်ဖက်အညီဆုံး Application လေးပါဘဲ။ ဘာလို့လည်းဆိုတော့ မိမိပြုပြင်ပြီးသား Photo များကို Facebook ပေါ်သို့ တိုက်ရိုက်လှမ်းတင်နိုင်လို့ပါဘဲ။ အဲဒီ Feature လေးကတော့ မိုက်တယ်ဗျာ။ ဓါတ်ပုံပြုပြင်တဲ့ Feature တွေ Effect တွေကတော့ အများကြီးဘဲဗျာ။ ကိုယ်တိုင်သာစမ်းပြီးကလိကြပါနော်။ Android OS 2.2 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်ပါတယ်ဗျာ။

 
 
 




 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


Baca Selengkapnya ....

INSTANT HEART RATE - PRO APK V2.5.8

Posted by Unknown Minggu, 26 Januari 2014 0 komentar

မင်္ဂလာပါဗျာ ဒီနေ.ကျွန်တော်တင်ပေးမှာကတော့ Android ဖုန်းသမားတွေအတွက်မရှိမဖြစ်ဆောင်ထား သင့်တဲ့ instant heart rate (full version)လေးပဲဖြစ်ပါတယ် google play မှာဝယ်မယ်ဆိုရင်တော့ ဒီလင့် မှာသွားဝယ်နိုင်ပါတယ် .... :P  အလကားဒေါင်းယူချင်သူများကတော့
အောက်မှာပေးထားတဲ့လင့်တွေထဲ ကအဆင်ပြေမဲ့လင့်တစ်ခုမှာသာဒေါင်းယူနိုင်ပါတယ် ဒီကောင်လေးကို ဒေါင်းယူပြီး install လုပ်ဖွင့်လိုက်ပါ ဖုန်းမှာပါတဲ့ ကင်မရာပေါက်လေး မှာလက်ချောင်းလေးကိုဖိထားပြီး ဘေးနားက အပြာရောင် အ၀ိုင်းလေး တစ်ပတ်ပြည်.သွားတဲ့အထိစောင့်ပါ အပြာရောင်အ၀ိုင်းလေး ပြန်ဆက်သွားတာနဲ. ကင်မရာမီးလေးလဲပိတ် သွားပြီး ထောက်ထားတဲ့လက်ပိုင်ရှင်ရဲ. နှလုံးခုန် နှုန်းဘယ်လောက်ရှိလဲဆိုတာ ပြသပါလိမ့်မယ် ပုံမှန်နှလုံး ခုန်နှုန်း ဟာလဲ 60 နဲ. 90 ကြားမှာရှိရပါမယ်လို.လဲသူက ပြထားပါသေးတယ် ကိုယ်တိုင်သုံးချင်လို.ပဲဖြစ်ဖြစ် သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုအနေနဲ.ပဲ ဖြစ်ဖြစ် လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူနိုင်ပါပြီ  Android version 2.3 နဲ.အထက်အသုံးပြုနိုင်မှာဖြစ်လို.လူတိုင်းနီးပါးအသုံး ပြုနိုင်မှာလဲဖြစ်ပါတယ် .............အားလုံးပဲအဆင်ပြေပါစေဗျာာာာာာာ
                                                                                                         (မြန်မာပြည်လူငယ်)
                                               



                                
                                
 

 

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

Baca Selengkapnya ....

BIG! Full Screen Caller ID Pro v3.2 Apk

Posted by Unknown Jumat, 24 Januari 2014 0 komentar
Full Screen Caller ID - BIG! Pro  apk

မိမိဆီကို ၀င်လာတဲ့ အ၀င်ဖုန်းမှာ ဖုန်းခေါ်ဆိုသူရဲ့ပုံကို Screen အပြည့်ဖော်ပေးမယ့် Application လေးတစ် ခုတင်ပေးလိုက်ပါတယ်ဗျာ။ အရင်ကတော့ ကျွန်တော်တို့ ဖုန်းကို ဖုန်းဝင်လာပြီဆိုရင် ဖုန်းခေါ်တဲ့သူရဲ့ပုံ ကိုထည့်ထားရင်တော့ ခပ်သေးသေးလေးဘဲမြင်ရပါတယ်။ အခု Full Screen Caller ကတော့ အပြည့်ကို မြင် ရအောင်ဖော်ပြပေးမှာပါ။ ဒါလေးတင်ဘဲလားဆိုတော့လည်းမဟုတ်သေးပါဘူး ဖုန်းကိုင်တဲ့ / ဖုန်းချတဲ့ စတိုင်လေးပါပြောင်းသွားတယ်ဗျာ။ ဒါ့အပြင် အခြားသော Call နဲ့ပတ်သက်တဲ့ Style တော်တော်များများ ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ဗျာ။ အသေးစိတ်မရှင်းပြတော့ဘူးနော်။ ကိုတိုင်စမ်းပြီး ကလိကြည့်ရင် ဒီထက်ပိုတဲ့ Function တွေကို ရှာတွေ့မှာပါ။ အသုံးပြုရတာလွယ်ပါတယ်။ Android OS 2.1 နှင့်အထက်ဖုန်း များမှာ အသုံးပြုနိုင်ပါတယ်ဗျာ။ စတိုင်အလန်းလေးတွေကိုတော့အောက်မှာပြပေးလိုက်တယ်နော်။ အဲဒီ အတိုင်းဖုန်းဝင်ရင်ပေါ်မှာပါဗျာ။ အဲဒီကောင်မလေးတွေကတော့ ဖုန်းခေါ်မှာမဟုတ်ဘူးနော်။......ဟဲဟဲဟဲ
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။



Baca Selengkapnya ....

Viber မှာ Call & SMS Block ဆိုတဲ့ Feature အသစ်များနဲ့ - Viber v4.2.0.1656 (Latest Version)

Posted by Unknown Kamis, 23 Januari 2014 0 komentar
http://www.arabianbusiness.com/incoming/article504236.ece/BINARY/viber.jpg

Viber ဆိုတာကတော့ Android User တိုင်းသိထားပြီးသား Free Call Application တစ်မျိုးပါ။ အခု လည်း Viber ကနောက်ထပ် Version အသစ်ကို မနေ့ကထွက်လာပါပြီ။ အခုအသစ်ထွက်လာတဲ့ Version မှာတော့ ကျွန်တော်လေ့လာကြည့်ရလောက် ကို့ဆီကို မ၀င်စေချင်တဲ့ Contact နဲ့ Message တွေကို Block လုပ်ပေး နိုင်တဲ့ Feature တစ်ခုပါဝင်လာပါတယ်။ ဒါ့အပြင် ဓါတ်ပုံ 10ပုံကို တစ်ပြိုင်နက်ထဲ ပို့နိုင်လာပါပြီ။ Viber Incoming Call နဲ့ Message အသံတွေကိုပါ မိမိစိတ်ကြိုက်အသံပြောင်းလဲနိုင်ပါတယ်ဗျာ။ ဒါ့အပြင်အခြားသော Feature တွေလည်းပါဝင်လာတယ်လိုသိရပါတယ် ကျွန်တော်လည်း ရရချင်း ချက်ခြင်းတင်ပေးလိုက်တာ ဆိုတော့ အားလုံးတော့ မစမ်းရသေးပါဘူး။ ကျွန်တော်စမ်းကြည့်ရသလောက်လေးရှင်းပြပေးလိုက်တာပါဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။



Baca Selengkapnya ....

Android Application ရေးတဲ့ဆော့ဝဲ B4A ခေါ် Basic4Android

Posted by Unknown 0 komentar
ဒီဆော့ဝဲလေးကိုတော့
သူငယ်ချင်းတော်တော်များများ
ကြိုက်နှစ်သက်ကြလိမ့်မယ်လို့
ထင်ပါတယ် ..

ဘာကြောင့်လဲဆိုတော့
ဒီနေ့ခောတ်မှာ လူသုံးများလာတဲ့
Android Application တွေကို
အလွယ်တကူ ဖန်တီးရေးသားနိုင်တဲ့
ဆော့ဝဲလေးဖြစ်နေလို့ပါ

ဆော့ဝဲရဲ့ နံမည်ကတော့ Basic4Android ပါ
B4A လို့ လူသိများပါတယ် ..


ဒီဆော့ဝဲလေးကို သုံးပြီး Android Application တွေကို အလွယ်တကူဖန်တီးရေးသားနိုင်ပါတယ်
ဘယ်လိုတွေ ရေးသားရမယ်ဆိုတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေဆဲမို့
ပြန်လည်မျှဝေနိုင်တဲ့ အဆင့်မရောက်သေးတာ နားလည်ပေးစေချင်ပါတယ် ..

ကဲ .. ဆော့ဝဲလေးကို လိုချင်တဲ့ သူငယ်ချင်းတွေက ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ဒေါင်းပြီးရင် အထဲမှာ ဖိုင်နှစ်ဖိုင်ပါပါတယ် ..
အရင်ဆုံး b4a full.exe ဖိုင်ကို Run ပြီး Install လုပ်ပေးပါ ..
Install လုပ်ပြီးတဲ့ နောက်ဆုံးအဆင့်မှာ အောက်ကပုံအတိုင်း ဖြစ်နေပါမယ် ..




Launch Basic4Android ရှေ့ကအမှန်ခြစ်လေးကို ဖြုတ်ပြီးမှ Finish ကို နှိပ်ပါ
Full Version ဖြစ်အောင် Crack ရဦးမှာမို့ပါ

ပြီးရင် Antivirus တွေကို ခဏပိတ်ထားပါ
b4a gen.exe ဆိုတဲ့ keygen ဖိုင်လေးကို C >> Program files >> Anywhere Software >> Basic4Android ဆိုတဲ့ ဖိုဒါထဲကို အဆင့်ဆင့် ဖွင့်ဝင်ပြီး ကူးထည့်ပေးလိုက်ပါ
ပြီးရင် ကူးထည့်လိုက်တဲ့ b4a gen.exe ဖိုင်ကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..




email ထည့်ရမယ့် အကွက်ထဲမှာ ထည့်ချင်တဲ့ email ကို ထည့်ပေးလိုက်ပါ ( တကယ်ရှိစရာမလိုပါဘူး)
ပြီးရင် Generate license file ကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..






OK ကို နှိပ်ပေးလိုက်ပါ ..

ပြီးရင် Desktop ပေါ်က Basic4Android program ကို ဖွင့်လိုက်ပါ ..
တချို့စက်တွေမှာ email ထည့်ရမယ့် Box လေးတက်လာပါမယ် .. keygen တုန်းကထည့်ခဲ့တဲ့ email ကိုပဲ ပြန်ထည့်ပေးလိုက်ရင် Full Version ဖြစ်သွားပါပြီ
တချို့စက်တွေတော့ ဘာ Box မှ တက်မလာပဲ Full Version ဖြစ်သွားပါတယ် ..
Help ဆိုတဲ့ထဲက About ကိုနှိပ်ကြည့်လိုက်ရင် Registered Version ဆိုတာကို တွေ့ရပါလိမ့်မယ် ..

အဲ .. တစ်ခု ဖြည်စွက်ပြီး ပြောချင်တာက B4A ကို သုံးပြီး Android Application တွေ ဖန်တီးရေးသားမယ်ဆိုရင် SDK ဆိုတာလေးလည်း
စက်ထဲမှာ Install လုပ်ထားမှ အဆင်ပြေပါတယ် ..
အဲဒီ SDK ကို Install မလုပ်ရသေးဘူးဆိုရင်တော့ ဒီနေရာ ကို သွားလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



 Java Download ဆိုတဲ့နေရာကို နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



Accept Locense Agreement ရှေ့မှာ အမှတ်ကလေး ထည့်ပေးပြီး အောက်မှာ ကိုယ့်ဝင်းဒီးအမျိုးအစားကို လိုက်ပြီး ဒေါင်းယူ Install လုပ်ရမှာဖြစ်ပါတယ်


ကဲ ... အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Baca Selengkapnya ....

Sound Effect ပေါင်းများစွာပါဝင်တဲ့ - Equalizer + Pro (Music Player) v0.5 APK

Posted by Unknown 0 komentar

သီချင်းနားထောင်တာဝါသနာပါသူများအတွက် Sound Effect ပေါင်းများစွာကိုစိတ်ကြိုက် ချိန်ညှိ နိုင်တဲ့ Android Player လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Equalizer ဆိုတဲ့အတိုင်းပါဘဲ မိမိနားထောင်တဲ့ သီချင်း နဲ့လိုက်ဖက်ညီမယ့် Sound Effect 13မျိုးကိုစိတ်ကြိုက်ရွေးချယ်ပြီးနားထောင်နိုင်ပါတယ်ဗျာ။ Acoustic , Classical , Dance , Electro , Flat , Folk , Hip-Hop , Jazz , Latin , Metal , Pop , R&B , Rock စတဲ့ Sound Effect တွေဖြစ်ပါတယ်ဗျာ ။ ကျွန်တော် သီချင်းတစ်ပုဒ်ထဲကို အခြား Music Player တွေနဲ့ယှဉ်ပြီး နားထောင်ကြည့်ပြီးပါပြီ။ အခု တင်ပေးထားတဲ့ Equalizer + Pro နဲ့နားထောင်ရတဲ့သီချင်းအသံကပိုပြီး အရသာရှိပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Equalizer + Pro (Music Player) - screenshot


Equalizer + Pro (Music Player) - screenshot

Equalizer + Pro (Music Player) - screenshot


Equalizer + Pro (Music Player) - screenshot

Equalizer + Pro (Music Player) - screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


Baca Selengkapnya ....

ဖုန်းတစ်လုံးမှာမရှိမဖြစ် စွယ်စုံသုံး - Advanced Mobile Care v4.0 APK (နောက်ဆုံးထွက်)

Posted by Unknown Rabu, 22 Januari 2014 0 komentar
Cover art

ခေါင်းစဉ်ကိုတော့ ဖုန်းတစ်လုံးမှာမရှိမဖြစ် စွယ်စုံသုံး လို့နာမည်ပေးထားတာပိုတယ်မထင်ပါဘူးနော်။ တကယ့်ကို အသုံးတည့်စေမယ့် Tools ပေါင်းများစွာကိုစုစည်းပေးထားတဲ့ Application လေးဖြစ်ပါတယ်။ သူ့ရဲ့ Feature တွေကတော့ အောက်မှာ ကျွန်တော်အသေးစိတ်ရှင်းပြပေးထားပါတယ်။ Android OS 2.2 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

● One-Touch Scan
Touch တစ်ချက်နှိပ်ရုံဖြင့် ဖုန်းတစ်ခုလုံးကို Scan စစ်ပေးနိုင်ပါတယ် tasks, cache, junk files, big files, residual files စတာတွေကို Clean လုပ်ပေးနိုင်ပါတယ်။

● Antivirus
Virus Protection အနေနဲ့ ဖုန်းအတွင်းကို မလိုလားအပ်တဲ့ Virus , Malware , စတာတွေကိုလည်း ရှာဖွေပြီးရှင်းလင်းပေးနိုင်ပါတယ်။

● Task Killer
ဖုန်းရဲ့ နောက်ကွယ်ကနေ မလိုအပ်ဘဲ Run နေတဲ့ Application များကိုလည်း ပိတ်ပေးနိုင်ပါတယ်။

● Battery Saver
 ဖုန်းရဲ့ Battery Information ကိုလည်း ဖော်ပြပေးနိုင်တဲ့အပြင် Battery ကိုလည်း Save ဖြစ်အောင် လုပ်ဆာင်ပေးနိုင် ပါတယ်။

● Game Speeder
Game ကစားသူများအတွက်လည်း Game ကစားနေချိန်မှာ ဖုန်းရဲ့ Memory ကို Releases လုပ်ပေး နိုင်ပါတယ်။ Game Booster ရဲ့လုပ်ဆောင်ချက်အတိုင်းပါဘဲ။

● App Manager
Application များကိုလည်း Install / Uninstall လုပ်ပေးနိုင်ပြီး။ ဖုန်းရဲ့ Internal Space ကိုပိုမိုရရှိစေဖို့အတွက် Install လုပ်ပြီးသား Application များကို SC Card ထဲကို လွယ်ကူစွာ Click တစ်ချက် ထဲနဲ့နှိပ်ရုံ နဲ့ရွှေ့ပြောင်းပေးနိုင်ပါတယ်။

● Call/SMS Blocker
မိမိဆီဝင်မလာစေချင်တဲ့ Contact များရဲ့ Call နဲ့ SMS ကိုလည်း Block (Black List) လုပ်ပေးနိုင်ပါတယ်။

အထက်ပါလုပ်ဆောင်ချက်များက ဖုန်းတစ်လုံးမှာ ရေးပါတဲ့ ရှိထားသင့်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ် ဗျာ။ ဒါကြောင့် All in One Tools ဖြစ်တဲ့  Advanced Mobile Care ကိုတော့ မိမိရဲ့ဖုန်းထဲမှာဆောင်ထားစေချင် ပါတယ်ဗျာ။


Advanced Mobile Care - screenshotAdvanced Mobile Care - screenshot 


Advanced Mobile Care - screenshot
Advanced Mobile Care - screenshot 


Advanced Mobile Care - screenshotAdvanced Mobile Care - screenshot 


Advanced Mobile Care - screenshotAdvanced Mobile Care - screenshot 


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


Baca Selengkapnya ....

Facebook v7.0.0.0.1 APK (နောက်ဆုံးထွက် Version)

Posted by Unknown 0 komentar
http://www.tecnigen.com/wp-content/uploads/2013/08/Facebook-APK-for-Android-Download.jpg

Facebook နောက်ဆုံးထွက် Version လေးရထားလို့ အသစ်ကြိုက်သောသူငယ်ချင်းများအတွက် တင်ပေး လိုက်ပါတယ်ဗျာ။ အခုတလော ကျွန်တော်ကြားမိတာက Facebook Version အသစ်က Like & Comment မရဘူးလို့ကြားမိပါတယ်။ သူငယ်ချင်းတွေဆီမှာလည်း တွေ့ဖူးပါတယ်။ ဒါပေမယ့် အခု Version ကတော့ Like & Comment အဆင်ပြေပါတယ်ဗျာ။ Version အသစ်သုံးချင်သူများ အောက်က Link မှာသာဒေါင်းယူ သွားကြပါနော်။

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


Baca Selengkapnya ....

ဖုန်းရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်မယ့် - Smart RAM Booster Pro v2.2

Posted by Unknown Selasa, 21 Januari 2014 0 komentar

အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ဖုန်းမှာရှိနေတဲ့ RAM ရဲ့ Speed ကိုမြှင့်တင်ပေးနိုင်တဲ့ Application လေးဖြစ်ပါတယ်။ အခု Version အသစ်ထွက်လာလို့တင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးက ဖုန်းရဲ့နောက်ကွယ်က Auto Run နေတဲ့ မလိုအပ်တဲ့ Application တွေကို Click တစ်ချက်နှိပ်ရုံနဲ့ ပိတ်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းသုံးနေတုန်း လေးလံလာတဲ့အ ခါမှာလည်း One-Click to RAM Boost. ဆို တဲ့အတိုင်း ဖုန်းကို မြန်ဆန်လာအောင် စွမ်းဆောင်ပေးနိုင်မှာပါ။ ဒီထက်ပိုတဲ့ စွမ်းဆောင်ရည်တွေ ကိုတော့ အောက်မှာအသေးစိတ်ရေးပေးထားပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအ သုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


 
 


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.