Youtube ကဗွီဒီယိုတွေကို အဆင်ပြေပြေနဲ့ ကြည့်နိုင်အောင်

Posted by Unknown Kamis, 04 Juli 2013 0 komentar
Youtube က ဗွီဒီယိုတွေဟာ
ဘယ်လောက်ပဲ ကွန်နက်ရှင်ကောင်းနေပါစေ
အနည်းနဲ့အများတော့ နှေးကွေးလေးလံတာ
သဘာဝပါပဲ ...

ဒါဟာဘာကြောင့်လဲဆိုတော့ ကမ္ဘာနဲ့ချီပြီး
လူကြိုက်များတဲ့ google လို youtube လို ၀က်ဆိုဒ်တွေမှာ
အကြိမ်ကြိမ်ရှာဖွေခြင်းခံထားရတဲ့ ဖိုင်တွေရဲ့
Temporary Cache တွေကို နောက်ထပ်ရှာဖွေသူတွေရဲ့
Streaming ထဲကို အတင်းသွပ်သွင်းပေးတာကြောင့်ဖြစ်ပါတယ်


ဒါဟာ တစ်ကယ်တော့ ရှာဖွေသူတွေအတွက် လျှင်မြန်တဲ့ Data
လက်ခံနိုင်မှုကို အထောက်အပံ့ဖြစ်စေဖို့နဲ့ သက်ဆိုင်ရာ ၀က်ဆိုဒ်ရဲ့
Banwidth လေလွင့်ခြင်းကို ကာကွယ်ပေးနိုင်တာဖြစ်ပေမယ့်
တစ်ကယ်တမ်း youtube မှာတင်ပဲ ဗွီဒီယိုဖိုင်ကို တိုက်ရိုက်ကြည့်နေတဲ့
User တွေအတွက်တော့ ပုံရိပ်နဲ့ အသံဖိုင်တွေရဲ့ စီးကြောင်း ( Streaming ) ကို
ဟန့်တားနှောက်ယှက်ရာ ရောက်စေပါတယ် ..

ဒါ့အပြင် ကိုယ်က Youtube မှာ ဗွီဒီယိုဖိုင်တစ်ဖိုင်ကို ဖွင့်လိုက်တဲ့အခါတိုင်း
အဲဒီ ဗွီဒီယိုဖိုင်ရဲ့ Temporary Cache တွေကို ကျွန်တော်တို့ရဲ့ Browser တွေကတစ်ဆင့်
Firewall ကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေထဲကို အတင်းအကြပ် စီးဆင်းစေတာကြောင့်
Youtube မှာ ဗွီဒီယိုကြည့်တာများတဲ့ ကွန်ပျူတာတွေဟာ အခြားသောကွန်ပျူတာတွေနဲ့ နိုင်းယှဉ်လိုက်ရင်
Data သိမ်းဆည်းနိုင်မှုပမာဏ လျော့နည်းတာ .. Browser တွေမှာ Crash ဖြစ်ခြင်းရာခိုင်နှုန်းများတာနဲ့
အခြားသောကွန်ပျူတာတွေထက် နှေးကွေးလေးလံတာမျိုးတွေ ဖြစ်နေလေ့ရှိပါတယ်

ဒါကြောင့်လည်း ဘယ်လောက်ပဲ အင်တာနက်ကွန်နက်ရှင်ကောင်းနေပါစေ
youtube ကဗွီဒီယိုဖိုင်တွေကို ဒေါင်းမယူပဲ တိုက်ရိုက်ကြည့်တဲ့အခါ အနည်းနဲ့အများဆိုသလို
Loading စောင့်ပေးရတာ လှိုင်းဂယက်ထတာ ထစ်အထစ်အ ဖြစ်တာမျိုးတွေ ကြုံနေရတာဖြစ်ပါတယ်

အဲဒီတော့ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Temporary Cache တွေကို ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေထဲ
အတင်းအဓမ္မ စီးဆင်းခြင်းကို ပိတ်ပင်ထားနိုင်မယ်ဆိုရင် Youtube ကဗွီဒီယိုတွေကို သာမာန်ထက်ပိုပြီး
အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် Temporary Cache တွေကြောင့် ကွန်ပျူတာကို
လေးလံစေတာမျိုးလည်း သက်သာသွားစေမှာဖြစ်ပါတယ် ..

ကဲ .. အဲဒီလို youtube ကိုဖွင့်လိုက်တိုင်း သက်ဆိုင်ရာ ဗွီဒီယိုဖိုင်တွေရဲ့ Temporary Cache တွေကို
ပိတ်ပင်ထားဖို့ အောက်က အဆင့်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ် ...

အရင်ဆုံး သက်ဆိုင်ရာဝင်းဒိုးရဲ့ Command Prompt ကို Administrator အဖြစ် ဖွင့်ရပါမယ်
Windows xp နဲ့ Windows 7 မှာတော့ Start ကနေ cmd ကို ရှာပြီးဖွင့်နိုင်သလို Start >> Run ဆိုပြီး
Run Box ထဲမှာ CMD လို့ ရိုက်ထည့်ပြီး Command Prompt ကို ဖွင့်နိုင်ပါတယ်
Windows 8 မှတော့ ဘယ်ဖက်အောက်ဒေါင်နားမှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက
Command Prompt ( Admin ) ကိုရွေးပြီး ဖွင့်ရပါမယ် ..





ကဲ .. Command Prompt ဖွင့်လာပြီဆိုပါတော့ ...
အောက်ကကုဒ်တွေကို ကော်ပီကူးယူပါ

netsh advfirewall firewall add rule name="YouTubeHack" dir=in action=block remoteip=173.194.55.0/24,206.111.0.0/16 enable=yes

ပြီးရင် Command Prompt ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲ Paste ကိုနှိပ်ပေးလိုက်ရင် ကော်ပီကူးယူထားတဲ့ကုဒ်တွေ ရောက်လာပါမယ်




Enter ကို နှိပ်လိုက်ပါ ..
အဆင်ပြေတယ်ဆိုရင် Ok ဆိုတဲ့ စာလုံးလေး ပေါ်လာပါမယ် ..





ပြီးရင်တော့ အဲဒီ Command Prompt ကို ပိတ်လိုက်ပါ
ဒါဆိုရင် Youtube ကဗွီဒီယိုတွေကို ဖွင့်ကြည့်တဲ့အခါ အရင်ကထက် ပိုမိုအဆင်ချောလာတာကို တွေ့ရပါလိမ့်မယ်

တစ်ကယ်လို့ အခုလို Firewall မှာ youtube ရဲ့ Temporary Cache တွေကို ပိတ်ထားလိုက်တာဟာ
အခြားသောဏ္ဍတွေမှာ အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်စေတာမျိုးရှိလာတယ်ဆိုရင် ( တစ်ကယ်တော့ မရှိပါဘူး )
အပေါ်မှာ ရိုက်သွင်းခဲ့တဲ့ကုဒ်တွေကို ပြန်ဖျက်နိုင်ပါတယ် ..
အဲဒီကုဒ်တွေကို ပြန်ဖျက်ချင်တယ်ဆိုရင်တော့ အရင်လိုပဲ Command Prompt ကို ပြန်ဖွင့်ပါ
အောက်ကကုဒ်တွေကို Command Prompt ထဲမှာ Copy to paste လုပ်ပြီး Enter ကို နှိပ်ပေးလိုက်ပါ ..

netsh advfirewall firewall delete rule name="YouTubeHack"

ဒါဆိုရင် စောစောပိုင်းက ကျွန်တော်တို့ ရိုက်သွင်းခဲ့တဲ့ Youtube ကို ပိတ်ခိုင်းထားတဲ့ Firewall ထဲက ကုဒ်တွေကို
ပြန်ဖျက်ပြီးသွားပြီ ဖြစ်ပါတယ် ...

ကဲ . .အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Malwarebytes Antimalware 1.75.0.1300

Posted by Unknown Rabu, 03 Juli 2013 0 komentar
Malwarebytes ဆိုတဲ့ ဆော့ဝဲလေးကို
ကျွန်တော် မကြာခဏဆိုသလို
တင်ပေးလေ့ရှိပါတယ် ...

ဘာကြောင့်လဲဆိုတော့ ဒီဆော့ဝဲလေးဟာ
ကျွန်တော် သုံးဖူးသမျှ Antivirus တွေထဲမှာ
အနှစ်သက်ဆုံး ဖြစ်နေလို့ပါ ..

နံမည်ကသာ Malware Byte ဖြစ်နေတာပါ ..သူ့ရဲ့ ဆောင်ရွက်နိုင်စွမ်းက အခြားသော ဗိုင်းရပ်
အမျိုးအစား အားလုံးနီးပါးကို ထောက်လှမ်းဖယ်ရှားနိုင်တာကို တွေ့ရပါတယ်



နောက်ပြီး Latest Virus Definition တွေကို Download ပုံမှန်လုပ်ပြီး Update ဖြစ်နေတာကြောင့်
အခုလို ဗိုင်းရပ် အားလုံးနီးပါးကို နိုင်နင်းနေတာ ဖြစ်ပါတယ်
ဒီဆော့ဝဲလေးကိုသုံးပြီး Recyclar ဗိုင်းရပ်၊ Shortcut ဗိုင်းရပ်၊ Chit Thu ဗိုင်းရပ် စတဲ့ အတွေ့အများဆုံး
ဗိုင်းရပ်တွေကိုတောင် နိုင်နိုင်နင်းနင်း ရှင်းခဲ့ဖူးပါတယ်
နောက်ပြီး စက်ထဲမှာ Install လုပ်ထားပြီးသား Antivirus ဆော့ဝဲတစ်မျိုးမျိုးနဲ့လည်း ပူးတွဲအသုံးပြုနိုင်ပါတယ်
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်

ဆော့ဝဲကို ဒီမှာ ဒေါင်းပါ

keygen ကိုတော့ ဒီမှာ ဒေါင်းပါ

ဆော့ဝဲကို Install လုပ်ပြီးရင် မ Run စေပဲ ပိတ်ပစ်လိုက်ပါ
ပြီးရင် Task Manager ထဲကနေ ဒီဆော့ဝဲနံမည်နဲ့ Program တွေကို ကလစ်ပေးပြီး End task လုပ်ပေးပါ
( task bar ပေါ်မှာ Right click နှိပ်ပြီး ပွင့်လာတဲ့ထဲက Task Manager ကိုနှိပ်ပြီး task manager ကို ဖွင့်နိုင်ပါတယ်)
အားလုံးပိတ်ပြီးရင်တော့ keygen ကို ဖွင့်ပြီး keygen ထဲက ID နဲ့ Serial ကို သုံးပြီး Activate လုပ်ပါ
မလုပ်တတ်ရင် ဒီပို့စ် မှာ အသေးစိပ်ရေးပြထားပါတယ်

ပြီးရင်တော့ ပရိုဂရမ်ကို Run လိုက်တာနဲ့ Virus Definition ဟာ ရက်ပေါင်းဘယ်လောက် Out of date ဖြစ်နေလို့ Download
လုပ်မှာလားဆိုတဲ့ Box လေးပွင့်လာပါမယ် ..
Yes ကို နှိပ်ပေးလိုက်ရင် Latest Virus Definition တွေကို ဒေါင်းယူပြီး Install လုပ်သွားပါလိမ့်မယ် ..
အဲဒီလို Update လုပ်ပြီးသွားပြီရင်တော့ Malware တွေသာမကပဲ ဗိုင်ရပ် အားလုံးနီးပါးကိုတောင်
ကာကွယ်ထောက်လှမ်း ဖယ်ရှားပေးနိုင်သွားပါလိမ့်မယ်
ကဲ . .အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Opera 15.0 Build 1147

Posted by Unknown 0 komentar

post-image

Opera ဘရောက်ဇာလေး ဗားရှင်းအသစ်
ရလာလို့ တင်ပေးလိုက်ပါတယ်

မူရင်း Website မှာ အရစ်ခံရလို့ စိတ်မညစ်ချင်တဲ့
သူငယ်ချင်းတွေအတွက်ပါ ..

ဝက်ဆိုဒ်တွေကို ဖွင့်တဲ့နေရာမှာ တော်တော်လေး
မြန်ဆန်သွက်လက်တဲ့ Browser လေးတစ်ခုဖြစ်တယ်ဆိုတာ
အသုံးပြုနေတဲ့ သူငယ်ချင်းတွေ သိပြီးသားဖြစ်မှာပါ

ပြဿနာလေးနည်းနည်းရှိတာက မြန်မာစာအတွက် Setting ချိန်လိုက်ပေမယ့်
တစ်ချို့စက်တွေမှာ အဆင်မပြေတာလေးတွေ ရှိပါတယ် ..
အဲဒီအတွက်တော့ စိတ်မညစ်ပါနဲ့ ..


အခု Opera နဲ့အတူ user ဆိုတဲ့ ဖိုင်လေးတစ်ဖိုင်ကို ထည့်ပေးထားပါတယ်
အဲဒီဖိုင်လေးကို C >> Program files >> Opera >> Styles ဆိုတဲ့ ဖိုဒါထဲကို
ဖွင့်ဝင်ပြီး ထည့်ပေးထားလိုက်တာနဲ့ ဘာ Setting မှ ပြင်စရာမလိုပဲ မြန်မာစာကို
အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ် ..
အရင် ဗားရှင်းအဟောင်းရှိထားရင်လည်း Uninstall လုပ်စရာမလိုပဲ သာမာန်အတိုင်း
Install လုပ်သွားလိုက်ရုံပါပဲ
ကဲ . .လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ





ကဲ . .အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး



Opera 15.0 Build 1147


A full-featured Internet browser, Opera includes pop-up blocking, tabbed browsing, integrated searches, and advanced functions like RSS Newsfeeds and IRC chat. And because we know that our users have different needs, you can customize the look and content of your Opera browser with a few clicks of the mouse.

• Speed Dial: Your favorite sites are just one click away at all times.
• Search Shortcuts: Faster search - type your queries directly into the address bar.
• Trash Can: Instantly reopen recently closed tabs.
• Mouse Gestures: With Opera you can navigate the Web with your mouse.
• Opera Link: Synchronize data of your choice online, or among different computers and devices.
• Quick Find: Opera remembers not only the titles and addresses, but also the actual content of the Web pages you visit.
• Feed Preview: Preview a Feed by clicking on the feed icon, and you will see it in clean and efficient multiple-column layout.
• Quick and customizable Web search: Get quick access to Google, eBay, Amazon and more with the search field in the upper right corner.

Download the browser from the below link.
( Note: the file named 'user' in the archived file is only for 'Zawgyi One font user' )





Be enjoy! :)

Baca Selengkapnya ....

Facebook အကောင့်သစ်ဖွင့်လိုက် Lock ကျလိုက်နဲ့မို့ စိတ်ညစ်မနေပါနဲ့တော့

Posted by Unknown 0 komentar
Facebook ကလည်း Policy တွေ
တစ်မျိုးပြီးတစ်မျိုး ပြောင်းနေလိုက်တာ

သူပြောင်းလိုက်သမျှ Policy တွေက
International SMS ကို ပိတ်ထားတဲ့
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကိုပဲ
Facebook အသုံးမပြုစေချင်တော့လို့လားတောင်
တစ်ခါတစ်ခါ စဉ်းစားမိတယ် ..

gmail ကိုတောင် ကလိမ်ကကျစ်နည်းတွေသုံးပြီး
ဖွင့်နေရတဲ့အထဲ .. အဲဒီ gmail နဲ့ Facebook အကောင့်သစ်
ဖွင့်ပစ်လိုက်တာ တစ်ခုဖွင့်လိုက် လော့ကျလိုက်
တစ်ခါတစ်ခါ ရတော့ရပါရဲ့ နောက်တစ်ကြိမ်ပြန်ဖွင့်တော့ Security
ကုဒ်တောင်းပါလေရော ..


ဒီလိုနဲ့ gmail အကောင့်တွေလည်း သမင်မွေးရင်းကျားစားရင်းဆိုသလို
သုံးမရတော့ပဲ ပုံလို့နေပြီ ..

ကျွန်တော်လည်း ဒီပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းကို အမျိုးမျိုးစမ်းသပ်လိုက်တာ
စုစုပေါင်း gmail ၂၅ ခုလောက် ပြုတ်ပြုတ်ပြုန်း သွားပါတယ် ..

အဲဒီလို စမ်းသပ်ကြည့်တဲ့ထဲက အခုတင်ပေးလိုက်တဲ့နည်းကတော့ ရာနှုန်းပြည့်နီးပါး
အဆင်ပြေတာကို တွေ့ရပါတယ် ..

ကွန်နက်ရှင်လည်း မကောင်းလို့ စာရှည်ရှည်ရေးမပြတော့ပါဘူး ..
ဗီဒီယိုဖိုင်လေး တင်ပေးထားပါတယ် ..

ဗီဒီယိုဖိုင်နဲ့ လုပ်ပြတော့ ပိုပြီး နားလည်လွယ်တာပေါ့ ..

လိုအပ်တဲ့နေရာတွေမှာလည်း အညွန်းလေးတွေထည့်ပေးထားတာကြောင့်
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ..

ဒီနည်းလေးကို မလုပ်ခင် gmail အကောင့်ကို ကြိုတင်လုပ်ထားပါ

gmail အကောင့်ကို Free ဖွင့်တဲ့နည်းကို ဒီပို့စ် မှာ တင်ပေးထားပါတယ်

gmail အကောင့်လေးရလာပြီဆိုရင်တော့ Browser မှာရှိတဲ့ History တွေ Cookies တွေကို
အဆင်ပြေတဲ့နည်းနဲ့ ရှင်းပစ်လိုက်ပါဦး ..

အကောင်းဆုံးကတော့ အဲဒီလို History တွေ Cookies တွေ ရှင်းပြီးရင် ၀င်းဒိုးကို Restart ချပြီးမှ
Facebook အကောင့်သစ်ကို လုပ်တာပါပဲ ..

( အဆင့်တိုင်း အဆင့်တိုင်းမှာ Loading ငြိမ်အောင်တော့ စိတ်ရှည်ရှည်ထားပြီးမှ စောင့်လုပ်စေချင်တယ်)
ကဲ .. မခက်ခဲပါဘူး .. အောက်ကဗီဒီယိုလေးမှာ လေ့လာကြည့်လိုက်ပါဗျာ






ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Computer တစ်လုံးအတွင်း Facebook ကို Block လုပ်ခြင်း Unblock လုပ်ခြင်း

Posted by Unknown Selasa, 02 Juli 2013 0 komentar

post-image

ကျွန်တော့်ရဲ့ mail ထဲကို စာလေးနှစ်စောင်
ရောက်လာပါတယ် ...

Blogger တစ်ယောက်ရဲ့ email ထဲကို
Visitor တွေရဲ့ စာရောက်တာ မဆန်းဘူး
ဆိုပေမယ့် ..
အခုရောက်လာတဲ့ စာလေးနှစ်စောင်က
အကြောင်းအရာတစ်ခုတည်းအပေါ်မှာပဲ နေရာနှစ်ခုရဲ့
ရည်ရွယ်ချက်အသီးသီးနဲ့ ရေးပို့ခဲ့တာဖြစ်ပါတယ်



ပထမစာက ဒီလိုပါ

“ မုဆိုးကြီးခင်ဗျာ .. ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့ပါ
ကျွန်တော့်ရဲ့ရုံးမှာ ကွန်ပျူတာတွေ ထားရှိပါတယ် ...
ရုံးသူရုံးသားတွေရဲ့ အသိအမြင်ကြွယ်ဝဖို့နဲ့ လိုအပ်တဲ့ အကိုးအကား အချက်အလက်တွေ
ရှာဖွေနိုင်အောင် အင်တာနက်လိုင်းတစ်ခုကို လစဉ်ကြေးနဲ့ ၀ယ်ယူပြီး အဲဒီကွန်ပျူတာတွေအတွက်
အင်တာနက်ချိတ်ဆက်ထားပေးပါတယ် ...
ပြဿနာက ကျွန်တော်မရှိတဲ့အချိန်မျိုးဆိုရင် ရုံးသူရုံးသားတွေဟာ အင်တာနက်ကနေ အလုပ်အတွက်
ကိုယ့်အတွက် လိုအပ်တဲ့ အချက်အလက်တွေ အကိုးအကားတွေ ရှာဖွေမယ့်အစား Facebook ပဲ သုံးနေကြတာကို
သတိထားမိလာပါတယ် ..
အဲဒီတော့ အင်တာနက်အသုံးပြုခကို မနှမြောပေမယ့် Facebook သုံးတယ်ဆိုတာလည်း မုဆိုးကြီးသိတဲ့အတိုင်းပဲ
အနည်းဆုံး နာရီနဲ့ချီပြီး အချိန်ကုန်လေ့ရှိတော့ အလုပ်ကိုထိခိုက်လာပါတယ် ..
ကျွန်တော်သိချင်တာက ကျွန်တော့်ရဲ့ ကွန်ပျူတာတွေမှာ Facebook တစ်ခုတည်းကိုပဲ သုံးလို့မရအောင် ပိတ်ထားလို့ ရသလားဆိုတာပါ ..
ရတယ်ဆိုရင်လည်း နည်းပညာအကူအညီလေး ပေးပါဦးလို့ .. အကူအညီတောင်းချင်ပါတယ် ... ”


အဲ .. ဒုတိယစာကျတော့ တစ်မျိုးပါ .. ဒီလိုပါ ..

“အစ်ကို အိုင်တီမုဆိုးရေ .. အစ်ကိုကူညီမှ ညီလေးတို့ရဲ့ ပြဿနာက ပြေလည်မယ်ထင်လို့
အားကိုးတကြီး အကူအညီတောင်းလိုက်ပါတယ် ..
ဒီလိုပါ .. ကျွန်တော်တို့က ဖုန်းဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ် ..
ကျွန်တော်တို့က နယ်ကနေ အဲဒီဖုန်းဆိုင်မှာ ပညာသင်ရင်း အလုပ်လာလုပ်နေကြတာပါ ..
အဲဒီဆိုင်မှာပဲ ညစောင့်လည်းဖြစ် ပညာသင် အလုပ်သမားတွေလည်း ဖြစ်ပါတယ် ..
ဆိုင်မှာ ကွန်ပျူတာနှစ်လုံးရှိပါတယ် ..
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းက ညပိုင်းဆိုရင် အဲဒီကွန်ပျူတာနှစ်လုံးကိုသုံးပြီး
Facebook မှာ ဟိုကြူဒီကြူနဲ့ အပမ်းဖြေကြပါတယ် ..
တစ်နေ့တော့ ကျွန်တော်တို့ရဲ့ ဆိုင်ရှင်က အဲဒီကွန်ပျူတာမှာ တစ်ခုခုလုပ်ထားလိုက်တယ်ထင်တာပါပဲ
ကွန်ပျူတာနှစ်လုံးစလုံး Facebook ဖွင့်လို့ မရတော့ပါဘူး .. တခြား ကြိုက်တဲ့ ၀က်ဆိုဒ်တွေ အကုန်ဖွင့်လို့
ရပေမယ့် Facebook ကတော့ လုံးဝဖွင့်လို့မရတော့ပါဘူး ...
ဒါကြောင့် .. အဲဒီကွန်ပျူတာတွေမှာ ညပိုင်းကို Facebook ဖွင့်သုံးနိုင်ပြီး ဆိုင်ရှင်ပြန်စစ်တဲ့အခါမှာ မရိပ်မိအောင်လုပ်လို့ရတဲ့နည်းလေးများရှိရင် ကူညီပါဦးလို့ အကူအညီတောင်းအပ်ပါတယ် ... ”


ကဲ .. တောင်းထားတဲ့ လမ်းကြောက နည်းပညာတစ်ခုတည်းပေါ်မှာပဲ မှီနေတယ် ..
အဲဒီတော့ .. ကျွန်တော်က စဉ်းစားတယ် .. တင်ပေးသင့် မတင်ပေးသင့်ပေါ့ ..
ဒါပေမယ့် နည်းပညာဆိုတာကလည်း အပြောကျယ်လွန်းတာကြောင့် နောက်ပြဿနာနောက်ရှင်းဆိုပြီး
ကွန်ပျူတာမှာ Facebook တစ်ခုတည်းကိုပဲ ဖွင့်မရအောင်လုပ်တဲ့နည်းရော အဲဒီလိုလုပ်ထားတာကို
ဖြေတဲ့နည်းရော ပေါင်းတင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ... ( နာ့လက်ကလွတ် ... ဗျွတ် ပဲ .. :D )
ဝင်းဒိုးစနစ်ထဲမှာ ၀က်ဆိုဒ်တွေကို ပိတ်ထားနိုင်တဲ့နေရာဟာ Hosts ဆိုတဲ့ ဖိုင်လေးတစ်ခုပါ ..
ဝက်ဆိုဒ်တွေကို Block လုပ်တဲ့ ဆော့ဝဲတွေ ဘယ်လောက်များများ .. နောက်ဆုံးတော့ အဲဒီ Hosts ဖိုင်ထဲမှာ Block လုပ်ချင်တဲ့ Website ရဲ့ သက်ဆိုင်ရာ address တွေ အားလုံး ကို ရေးထည့်ပေးလိုက်တာပါပဲ ..
ကဲ .. အဲဒီတော့ အဲဒီ Hosts ဖိုင်ကို Modify လုပ်တဲ့နည်းကို အရင်ဆုံး မျှဝေပေးပါ့မယ်

Hosts ဖိုင်ဟာ C >> Windows >> System 32 >> Drivers >> etc ဆိုတဲ့ ဖိုဒါထဲမှာ hosts ဆိုတဲ့နံမည်နဲ့ တည်ရှိပါတယ် အဲဒီ hosts ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး Open With ဆိုပြီး Notepad ကိုရွေးပြီးဖွင့်လိုက်ရင် Website အချို့ရဲ့ လိပ်စာတွေပါတဲ့ Notepad တစ်ခု ပွင့်လာပါမယ်
အဲဒီထဲမှာ Website တစ်ခုရဲ့ Address ကို ရေးထည့်ပေးပြီး အဲဒီ Notepad ကို ပိတ်ပေးလိုက်ပါ
သိမ်းမှာလားလို့မေးတဲ့ Box တစ်ခုတက်လာတဲ့အခါ Save ကိုနှိပ်ပေးလိုက်ပါ

ဒါဆိုရင် အင်တာနက်နဲ့ ချိတ်ဆက်တဲ့အခါ အဲဒီသက်ဆိုင်ရာ Website ကို လုံးဝချိတ်ဆက်လို့
မရတော့အောင် Block လုပ်ထားပြီးသား ဖြစ်သွားပါတယ်

အဲ ..အချို့သော ၀င်းဒိုးတွေနဲ့ Windows 8 မှာ hosts ဖိုင်ကို ပိတ်ပြီး save လုပ်လိုက်ပေမယ့် .. သီးခြား Text ဖိုင် တစ်ဖိုင်အဖြစ်နဲ့ပဲ သိမ်းခွင့်ပေးပြီး hosts ဖိုင်ကို ပြောင်းလဲခွင့်မပေးတာမျိုးတွေ ရှိပါတယ်
အဲဒါဆိုရင်တော့ အဲဒီ hosts ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက အောက်ဆုံးက Properties ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်





အဲဒီထဲက read only ဆိုတဲ့ရှေ့က အမှန်ခြစ်ကို ကလစ်ပေးပြီးဖြုတ်ပစ်လိုက်ပါ
ပြီးရင် Apply နှိပ်ပါ .. Box တစ်ခုတက်လာရင် Continue ကိုနှိပ်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ..
ပြီးရင် Right Click ကနေ Properties ကို ပြန်ဝင်ပြီး Security ကိုနှိပ် Edit ကိုနှိပ်ပြီး
အောက်ကပုံအတိုင်း Write မှာ အမှန်ခြစ်တပ်ပေးထားသလားဆိုတာကို စစ်ကြည့်ပါ





မတပ်ထားရသေးရင် တပ်ပေးပြီး Apply နှိပ် OK နှိပ် ပြန်လုပ်ပေးပါ
အဲဒီလိုလုပ်ပေးလိုက်ပြီးရင်တော့ အပေါ်မှာပြောခဲ့တဲ့ အဆင့်ကို အဆင်ပြေပြေ လုပ်ဆောင်လို့ ရသွားပါပြီ
ဒီနည်းလေးကို သူငယ်ချင်းတော်တော်များများကို သိထားစေချင်ပါတယ် ..
ဘာကြောင့်လဲဆိုတော့ တစ်ချို့သော Cracked ဆော့ဝဲတွေကို တင်ပေးတဲ့အခါ အမှန်တကယ် Full Version အဖြစ် အသုံးပြုနိုင်အောင်လုပ်ရမယ့်အဆင့်တွေထဲက အဲဒီ Hosts ဖိုင်ထဲမှာ
 ရေးထည့်ထားရမယ့် အဆင့်အချို့ကို လွဲချော်မှုတွေ ဖြစ်မှာစိုးလို့ ချန်လှပ်ထားခဲ့ရတာတွေ ရှိပါတယ်

ဥပမာ - Advanced System Care Pro ဆိုတဲ့ဆော့ဝဲလေး ဆိုပါတော့ ...

Full Version အဖြစ်သုံးနိုင်အောင် Serial ထည့်တဲ့အခါမှာ အင်တာနက်ကို ပိတ်ထားရပါတယ် ..
ကီးထည့်လိုက်တဲ့အခါ အင်တာနက်မချိတ်ထားတဲ့အကြောင်း Box တစ်ခု တက်လာပါတယ်
အဲဒီ Box ကို ပိတ်လိုက်တာနဲ့ Free ဆိုတဲ့နေရာမှာ Pro ဆိုပြီးပြောင်းသွားပါတယ် ..
အဲဒီလောက်ပဲ ကျွန်တော် ရေးပြခဲ့ပေမယ့် အင်တာနက်ချိတ်လိုက်ပြီး နောက်တစ်ကြိမ် အဲဒီဆော့ဝဲကို ပြန်ဖွင့်တဲ့အခါ Pro ကနေ Free ပြန်ဖြစ်သွားတာတွေ ရှိပါတယ် ..
အဲဒါဘာဖြစ်လို့လဲဆိုတော့ အင်တာနက်ချိတ်လိုက်တဲ့အခါ အဲဒီ Advanced System Care ဟာ သူ့ရဲ့ Website နဲ့ ချိတ်ဆက်ပြီး ကျွန်တော်တို့ထည့်လိုက်တဲ့ Serial ဟာ Cracked ကြီးမှန်းသိသွားပြီး Trail Version ပြန်ဖြစ်သွားတာပါ

အဲဒီတော့ အဲဒီလို Free ပြန်ဖြစ်မသွားအောင် hosts ဖိုင်ထဲမှာ 127.0.0.1 www.iobit.com  ဆိုတာလေးကို ထည့်ပေးပြီး Save လုပ်ထားလိုက်တာနဲ့ အဲဒီ Website နဲ့ ချိတ်ဆက်မှုမလုပ်နိုင်တော့ပဲ
အမြဲတမ်း Pro အဖြစ်နဲ့ပဲ အသုံးပြုနေနိုင်မှာ ဖြစ်ပါတယ်

ကဲ .. ဆက်ကြဦးစို့ ကွန်ပျူတာထဲမှာ Facebook ကို လုံးဝသုံးလို့မရအောင် Block လုပ်တဲ့နည်းလေး ..
အပေါ်မှာ ပြောခဲ့တဲ့အဆင့်တွေကို သဘောပေါက်ပြီဆိုရင် လွယ်သွားပါပြီ
Facebook သုံးလို့မရအောင် ပိတ်ထားချင်တဲ့ ကွန်ပျူတာထဲက hosts ဖိုင်ထဲမှာ အောက်က address တွေကို ထည့်ပေးပြီး Save လုပ်လိုက်တာနဲ့ အဲဒီ ကွန်ပျူတာမှာ Facebook ကို
လုံးဝချိတ်ဆက်လို့မရတော့ပါဘူး ..

 127.0.0.1 www.facebook.com
 127.0.0.1 facebook.com
 127.0.0.1 static.ak.fbcdn.net
 127.0.0.1 www.static.ak.fbcdn.net
 127.0.0.1 login.facebook.com
 127.0.0.1 www.login.facebook.com
 127.0.0.1 fbcdn.net
 127.0.0.1 www.fbcdn.net
 127.0.0.1 fbcdn.com
 127.0.0.1 www.fbcdn.com
 127.0.0.1 static.ak.connect.facebook.com
 127.0.0.1 www.static.ak.connect.facebook.com


ကဲ .. Facebook သုံးလို့မရအောင် ပိတ်ထားတဲ့ ကွန်ပျူတာကို လည်း hosts ဖိုင်က အပေါ်မှာပေးထားတဲ့ Address တွေကို ဖျက်ပြီး Save လုပ်ပေးလိုက်ရင် Facebook ပြန်သုံးလို့ရသွားပြန်ပါရော
ကိုယ်သုံးချင်သလိုသုံးပြီးရင်တော့ အဲဒီ Address တွေကို ပြန်ထည့်ပြီး Save လုပ်ပေးလိုက်ပေါ့ .. ဒါဆိုရင် ကွန်ပျူတာကို ပြန်စစ်လည်း မသိသာတော့ပါဘူး ..
အဲ .. လွယ်သုံးချင်တဲ့ သူငယ်ချင်းတွေအတွက် ကွန်ပျူတာမှာ Facebook ကိုပိတ်ထားလို့လည်းရ ပြန်ဖွင့်လို့လည်းရတဲ့
ဆော့ဝဲလေးတစ်ခု တင်ပေးထားပါတယ် .. ဖိုင် Size က 29Kb ပဲ ရှိပါတယ်
လိုချင်ရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်





ဒေါင်းပြီးရင်တော့ ချုံ့ဖိုင်ကိုဖြည်လိုက်ပြီး အထဲက facebook blocker ဆိုတဲ့ exe ဖိုင်လေးကို Run လိုက်ပါ
အောက်ကပုံအတိုင်း Command Prompt လေး တက်လာပါမယ်





1 ကိုရိုက်ထည့်ပြီး Enter ကိုနှိပ်ရင် hosts ဖိုင်ကို backup လုပ်ပေးပါမယ်
2 ကိုရိုက်ထည့်ပြီး Enter ကိုနှိပ်ရင် Facebook ကို သုံးလို့မရအောင် Block လုပ်ပေးပါမယ်
3 ကတော့ Facebook ကို သုံးလို့ရအောင် Unblock ပြန်လုပ်ပေးပါမယ်
4 ကတော့ hosts ဖိုင်ထဲမှာ Block လုပ်တဲ့ address တွေ ရောက်မရောက် စစ်နိုင်စေပါတယ်
5 ကတော့ Facebook ကို Block လုပ်ထားမထား စစ်ကြည့်နိုင်ပါတယ် ( 5 ကို သုံးဖို့ အင်တာနက် ချိတ်ထားရပါမယ်
Block လုပ်တာ အောင်မြင်ရင် Facebook ကို ဖွင့်သုံးလို့ မရတော့ပါဘူး )
6 ကတော့ ဒီဆော့ဝဲလေးရဲ့ အကြောင်းဖြစ်ပြီး
7 ကတော့ ဒီပို့စ်ကို လာဖတ်နိုင်အောင် ချိတ်ဆက်ပေးပါမယ်
ချွင်းချက်တစ်ခုအနေနဲ့ ဒီဆော့ဝဲလေးဟာ Windows 8 ရဲ့ Security ကို မကျော်လွှားနိုင်တဲ့အတွက်
Windows 8 သမားတွေက အပေါ်ဆုံးမှာ ပြောခဲ့တဲ နည်းလမ်းအတိုင်းပဲ hosts ဖိုင်ကို Modify လုပ်ပေးရမှာ
ဖြစ်ပါတယ် ..
ကဲ . .အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

IDM ရဲ့ Download Speed ကို မြှင့်တင်ပေးမယ့် IDM Optimizer v.01 ဗားရှင်းအသစ်လေးပါ

Posted by Unknown 0 komentar

post-image

IDM Optimizer ဆိုတဲ့ ဆော့ဝဲလေးတစ်ခုကို
အရင်က တင်ပေးခဲ့ဖူးပါတယ်

Internet Download Manager ရဲ့ Download
Speed ကို အမြင့်မားဆုံး အနေအထားအထိ
မြှင့်တင်ပေးတဲ့ဆော့ဝဲလေးပါ

အခုတော့ နောက်ထပ်ဗားရှင်းအသစ်
ထပ်ထွက်လာတာမို့ ပြန်တင်ပေးလိုက်ပါတယ်
အရင်ဗားရှင်းနဲ့ မတူတဲ့ အပြင်အဆင်နဲ့
လုပ်ဆောင်ချက်တွေကို တွေ့ရပါတယ်

ဒီဗားရှင်းလေးမှာတော့ Proxy Setting ပါထည့်သွင်းထားတာကြောင့် ကိုယ့်အတွက်
အဆင်အပြေဆုံး Proxy ကို ပြောင်းလည်းပြီး Download ယူနိုင်တာကြောင့်


ဆော့ဝဲကမြှင့်ပေးထားတဲ့ Download Speed အပြင် ကိုယ်သုံးထားတဲ့ Proxy ရဲ့
အင်တာနက်အမြန်နှုန်းကိုပါ ပေါင်းစပ်ခံစားနိုင်ခွင့် ရရှိမှာဖြစ်ပါတယ်
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်







ဒေါင်းပြီးရင်တော့ Install လုပ်စရာမလိုပဲ ဆော့ဝဲကို သာမာန်အတိုင်း Run ပေးလိုက်ရုံပါပဲ
Button သုံးခုပါဝင်ပြီး
Proxy Setting ကတော့ ကိုယ်အသုံးပြုချင်တဲ့ Proxy ကို ပြောင်းလဲအသုံးပြုဖို့ပါ
Optimize IDM ကတော့ IDM ရဲ့ Download Speed ကို အမြင့်ဆုံးအခြေအနေရောက်အောင်
ပြုပြုပေးပါမယ်
Default ကတော့ မူလအခြေအနေအတိုင်းပဲ ပြောင်းလဲအသုံးပြုဖို့ပါ
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....

Windows 8 ခဏခဏ Shutdown ကျနေတုန်းပဲလား

Posted by Unknown Senin, 01 Juli 2013 0 komentar


Windows 8 သုံးတဲ့ User တွေမှာ အဖြစ်အများဆုံး
ပြဿနာကတော့ အသုံးပြုနေရင်းမှာပဲ Hang သွားတာ
ှShutdown ခဏခဏကျသွားတာနဲ့ တစ်ခါတစ်ခါ
Restart ပဲကျနေပြီး ဘာမှ ဆက်လုပ်လို့မရတော့တဲ့
ပြဿနာတွေပါ ...

ဒီပြဿနာတွေ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဒီပို့စ် မှာ
ရေးခဲ့ဖူးပါတယ် ..

အဲဒီပို့စ်မှာ ရေးထားခဲ့တဲ့ နည်းတွေအတိုင်း တစ်သွေမတိမ်းလုပ်ထားတာတောင်မှ
Shutdown က မကြာခဏကျနေတုန်းပဲဆိုပြီး ကျွန်တော့်ရဲက mail ထဲကို စာပို့လာတာတွေ
ရှိပါတယ် ..


အဲဒီအတွက် နည်းလမ်းရှာရင်း Reply ပြန်ဖို့ ကျန့်ကြာသွားတာကို နားလည်ပေးဖို့ တောင်းပန်ပါတယ်
အခုတော့ ရာခိုင်းနှုန်းတော်တော်များများ အဆင်ပြေတာတွေ့ရတဲ့ နည်းလမ်းလေးတစ်ခုကို
မျှဝေပေးပါမယ် ..
အရင်ဆုံး ဒီနည်းလေးကို မလုပ်ခင်မှာ အပေါ်ကဖော်ပြခဲ့တဲ့ ပို့စ်ထဲကနည်းတွေကိုလည်း လုပ်ထားဖို့
တိုက်တွန်းချင်ပါတယ် ...
ကဲ .. ဒီနည်းလေးကို စလိုက်ကြစို့
အရင်ဆုံး Run Box ထဲမှာ powercfg.cpl လို့ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ





အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်





အဲဒီထဲက Choose what the power buttons do ဆိုတာကိုနှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်






အဲဒီထဲက Turn on  fast startup (recommended) ဆိုတာရဲကရှေ့က အမှန်ခြစ်လေးကို ကလစ်ပေးပြီး
ဖြုတ်ပစ်လိုက်ပါ
ပြီးရင် Save changes ကိုနှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် သူငယ်ချင်းသုံးနေတဲ့ Windows 8 ဟာ ခဏခဏ Shutdown ကျနေတဲ့ ပြဿနာ ကင်းသွားပြီ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Baca Selengkapnya ....
Trik SEO Terbaru support Online Shop Baju Wanita - Original design by Bamz | Copyright of android themes.